ပဲခူးမွာ ကေလးသူခိုးဆိုၿပီး အမ်ိဳးသားတစ္ဦး မွားယြင္းၿပီး ဝိုင္းဝန္း႐ိုက္ႏွက္တာခံရ

 ပဲခူးမွာ ကေလးသူခိုးဆိုၿပီး အမ်ိဳးသားတစ္ဦး မွားယြင္းၿပီး ဝိုင္းဝန္း႐ိုက္ႏွက္တာခံရ
(Zawgyi)⤵⤵⤵

ပဲခူးတိုင္းေဒသႀကီး ပဲခူးၿမိဳ႕ ႐ြာသစ္ရပ္ကြက္မွာ ႏိုဝင္ဘာ ၃၀ရက္ ညပိုင္းက အမ်ိဳးသားတစ္ဦးကို ကေလးသူခိုးဆိုၿပီး ရပ္ကြက္ေနျပည္သူအခ်ိဳ႕ရဲ႕ ဝိုင္းဝန္း႐ိုက္ႏွက္ခဲ့တာေၾကာင့္ ပဲခူးျပည္သူ႔ေဆး႐ုံမွာ ကုသေနရတယ္လို႔ သိရပါတယ္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာ ၃၀ရက္ေန႔ ညအေစာပိုင္းက ေက်ာက္ႀကီးစုရပ္ကြက္စီမံကိန္း ၅ လမ္းေန ကိုေငြၿဖိဳးေအာင္ဆိုသူအမ်ိဳးသားဟာ စီမံကိန္း၄လမ္းရွိ ေနအိမ္တစ္အိမ္ကို ဝင္ေရာက္ၿပီးေနာက္ သူခိုးလို႔ ေအာ္ဟစ္ခံရတဲ့အတြက္ ထြက္ေျပးရာက လိုက္လံဖမ္းဆီးၾကသူေတြၾကား တစ္ဆင့္တစ္ဆင့္ ကေလးသူခိုးလို႔ဆိုၿပီး ျဖစ္လာခဲ့တာလို႔ ေဒသခံအခ်ိဳ႕ကေျပာပါတယ္။

အဲဒီေနာက္မ႐ြာသစ္ရပ္ကြက္အေရာက္မွာ လူေတြအၾကား႐ုတ္႐ုတ္သဲသဲျဖစ္လာခဲ့ၿပီး ေက်ာက္ႀကီးစုရပ္ကြက္ေန ကိုေငြၿဖိဳးေအာင္ဟာ ကေလးသူခိုးဆိုၿပီး လူအခ်ိဳ႕ရဲ႕ဝိုင္းဝန္း႐ိုက္ႏွက္တာကို ခံခဲ့ရပါတယ္။

'' ျဖစ္တာက ညပိုင္းႀကီးျဖစ္တာ။ လူေတြကလည္း စိုးရိမ္ထိတ္လန႔္ေနၾကတာဆိုေတာ့ တစ္ခုခု ဆိုရင္ေတာ့ လူေတြက ဝိုင္းအုံလာမွာပဲ။ ကေလးခိုးတယ္ မခိုးဘူးဆိုေတာင္ သူမ်ားအိမ္ထဲဝင္တဲ့ သူကေတာ့မွားတာပဲ။ ''ပဲခူးၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးၫႊန႔္ေ႐ႊကေျပာပါတယ္။

ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး သမီးရည္းစားခ်ိန္းေတြ႕ရာကေန လူေအာ္လို႔ ထြက္ေျပးရာက အခုလို မွားယြင္းမႈျဖစ္ခဲ့တာလို႔ ေက်ာက္ႀကီးစုရပ္ကြက္မွာေနထိုင္သူအခ်ိဳ႕က လူမႈကြန္ရက္ေပၚမွာ ေျပာဆိုတာေတြလည္းရွိေနပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ကေလးခိုးခံရတယ္လို႔ အေျပာခံရတဲ့ ကာယကံရွင္ကို ပဲခူးၿမိဳ႕မ ရဲစခန္းမွာ ေခၚယူေမးျမန္းရာ ကာယကံရွင္ကမဟုတ္မွန္ေၾကာင္း ထြက္ဆိုခဲ့ၿပီး အခင္းျဖစ္ပြားခ်ိန္မွာ ကေလးျဖစ္သူဟာ မိခင္ျဖစ္သူ၊ အဖြားျဖစ္သူနဲ႔အတူ ရွိေနခဲ့တယ္လို႔ထြက္ဆိုခဲ့ေၾကာင္း ပဲခူးၿမိဳ႕မ ရဲစခန္း၊ စခန္းမႉးဒုရဲမႉး ႏိုင္စိုးက မီဒီယာအခ်ိဳ႕ကို ျပန္လည္ေျဖဆိုထားပါတယ္။

ဒီလိုမွားယြင္းမႈေတြမျဖစ္ေပၚေစဖို႔ လူမႈကြန္ရက္ေပၚက သတင္းစကားေတြကို ခ်င့္ခ်ိန္ယုံၾကဖို႔ လိုတယ္လို႔လည္း သူကဆိုပါတယ္။
ရန္ကုန္ၿမိဳ႕ ဆင္ေျခဖုံး ရပ္ကြက္တစ္ခုက ပ်ာ္႐ႊင္စြာ ကစားေနတဲ့ ကေလးငယ္အခ်ိဳ႕

ဒါ့အျပင္ လူမႈကြန္ရက္က ကေလးေတြခိုးေနတယ္ဆိုတဲ့ သတင္းစကားေတြေၾကာင့္ လူထုအၾကား စိုးရိမ္မႈေတြမ်ားေနတဲ့အခ်ိန္ျဖစ္တာေၾကာင့္ အခင္းျဖစ္စဥ္မွာ ေဒါသထြက္ေနတဲ့ လူအုပ္ၾကားက ကေလးသူခိုးလို႔ အစြပ္စြဲခံရသူကို ေခၚထုတ္ယူဖို႔ေတာင္ ခက္ခဲခဲ့တယ္ လို႔လည္းသိရပါတယ္။

ဝိုင္းဝန္း႐ိုက္ႏွက္ခံရတဲ့အတြက္ ကေလးသူခိုးလို႔ အစြပ္စြဲခံရသူ ကိုေငြၿဖိဳးေအာင္မွာ လက္ရွိ ပဲခူးျပည္သူ႔ ေဆး႐ုံမွာတက္ေရာက္ကုသေနတယ္ဆိုတာ ဟုတ္မွန္ေၾကာင္း ေဆး႐ုံအုပ္ျဖစ္သူ ေဒါက္တာရန္ႏိုင္ေမာင္က ဘီဘီစီကိုေျပာပါတယ္။

'' ကေလးခိုးတယ္၊ကေလးေတြဆီက အျမတ္ထုတ္ၿပီးေရာင္းစားေနတယ္ဆိုတာက သတင္းေတြပဲသိရ တယ္။ ဒါက တျပည္လုံးမွာ ျပန႔္ႏွံ႔ေနတာေတြလည္းရွိတယ္။ ဒါေပမယ့္ အဲ့လို ျဖစ္ေအာင္ ေနာက္ကြယ္က ႀကိဳးကိုင္လႈပ္ရွားသူေတြရွိလိမ့္မယ္ ။ ဒါေတြကို တိတိက်က်ေဖာ္ထုတ္ေပးဖို႔ ရဲေတြကို ေျပာထားတာ လည္းရွိပါတယ္။ ျပည္သူေတြ အထိတ္တလန႔္ျဖစ္ေအာင္ တမင္ဖန္တီးလုပ္ေဆာင္ေနတယ္လို႔ပဲ ျမင္တယ္''လို႔လည္း ကေလးခိုးတယ္ဆိုတဲ့သတင္းေတြပ်ံ႕ႏွံ႔ေနတဲ့အေပၚ ပဲခူးၿမိဳ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးၫႊန႔္ေ႐ႊကေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက ပခုကၠဴၿမိဳ႕နယ္အတြင္းကေက်ာင္းတစ္ေက်ာင္းမွာ ကေလးတစ္ဦးကို ဝင္ေရာက္ ခိုးယူတဲ့ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ၿပီးေနာက္ ေရနံေခ်ာင္း၊ ျမစ္ႀကီးနားစတဲ့ အျခားေသာ ၿမိဳ႕ေတြမွာလည္း ကေလးခိုးတာေတြရွိေနတယ္ဆိုတဲ့ သတင္းေတြဆက္တိုက္ဆိုသလို ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။ဒီလို သတင္းစကားေတြေၾကာင့္ လူထုၾကား စိုးရိမ္မႈေတြျမင့္တက္ခဲ့ၿပီး ၂၀၁၆ခုႏွစ္အတြင္းကလည္း ကေလးသူခိုးလို႔ဆိုကာ မွားယြင္း ႐ိုက္ႏွက္ခံရလို႔ မေကြးၿမိဳ႕မွာ အမ်ိဳးသမီး တစ္ဦး ဝိုင္း႐ိုက္ ခံရသလို မႏၲေလး မရမ္းၿခံသေဘၤာဆိပ္မွာ အမ်ိဳးသားတစ္ဦး လူဝိုင္း႐ိုက္ခံရလို႔ အသက္ဆုံးတဲ့ ထိျဖစ္ခဲ့ပါတယ္။

ဒီလို ကေလးေတြခိုးတယ္ဆိုတဲ့ ေကာလာဟလေတြပ်ံ႕ႏွံ႔ေနခ်ိန္ ကေလးသူခိုးလို႔ မွားယြင္း႐ိုက္ႏွက္ခံရလို႔ လူေသဆုံးရတဲ့ျဖစ္စဥ္ေတြဟာ ျမန္မာအပါအဝင္ အျခားေသာႏိုင္ငံေတြမွာလည္း ရွိခဲ့ပါတယ္။.

BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
ပဲခူးမှာ ကလေးသူခိုးဆိုပြီး အမျိုးသားတစ်ဦး မှားယွင်းပြီး ဝိုင်းဝန်းရိုက်နှက်တာခံရ
ဓာတ်ပုံ မူပိုင် @POLANDMYANMAR
Image caption ပဲခူးမှာ ကလေးသူခိုးဆိုပြီး အမျိုးသားတစ်ဦး မှားယွင်းပြီး ဝိုင်းဝန်းရိုက်နှက်တာခံရ

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ရွာသစ်ရပ်ကွက်မှာ နိုဝင်ဘာ ၃၀ရက် ညပိုင်းက အမျိုးသားတစ်ဦးကို ကလေးသူခိုးဆိုပြီး ရပ်ကွက်နေပြည်သူအချို့ရဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့တာကြောင့် ပဲခူးပြည်သူ့ဆေးရုံမှာ ကုသနေရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၃၀ရက်နေ့ ညအစောပိုင်းက ကျောက်ကြီးစုရပ်ကွက်စီမံကိန်း ၅ လမ်းနေ ကိုငွေဖြိုးအောင်ဆိုသူအမျိုးသားဟာ စီမံကိန်း၄လမ်းရှိ နေအိမ်တစ်အိမ်ကို ဝင်ရောက်ပြီးနောက် သူခိုးလို့ အော်ဟစ်ခံရတဲ့အတွက် ထွက်ပြေးရာက လိုက်လံဖမ်းဆီးကြသူတွေကြား တစ်ဆင့်တစ်ဆင့် ကလေးသူခိုးလို့ဆိုပြီး ဖြစ်လာခဲ့တာလို့ ဒေသခံအချို့ကပြောပါတယ်။

အဲဒီနောက်မရွာသစ်ရပ်ကွက်အရောက်မှာ လူတွေအကြားရုတ်ရုတ်သဲသဲဖြစ်လာခဲ့ပြီး ကျောက်ကြီးစုရပ်ကွက်နေ ကိုငွေဖြိုးအောင်ဟာ ကလေးသူခိုးဆိုပြီး လူအချို့ရဲ့ဝိုင်းဝန်းရိုက်နှက်တာကို ခံခဲ့ရပါတယ်။

'' ဖြစ်တာက ညပိုင်းကြီးဖြစ်တာ။ လူတွေကလည်း စိုးရိမ်ထိတ်လန့်နေကြတာဆိုတော့ တစ်ခုခု ဆိုရင်တော့ လူတွေက ဝိုင်းအုံလာမှာပဲ။ ကလေးခိုးတယ် မခိုးဘူးဆိုတောင် သူများအိမ်ထဲဝင်တဲ့ သူကတော့မှားတာပဲ။ ''ပဲခူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညွှန့်ရွှေကပြောပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး သမီးရည်းစားချိန်းတွေ့ရာကနေ လူအော်လို့ ထွက်ပြေးရာက အခုလို မှားယွင်းမှုဖြစ်ခဲ့တာလို့ ကျောက်ကြီးစုရပ်ကွက်မှာနေထိုင်သူအချို့က လူမှုကွန်ရက်ပေါ်မှာ ပြောဆိုတာတွေလည်းရှိနေပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကလေးခိုးခံရတယ်လို့ အပြောခံရတဲ့ ကာယကံရှင်ကို ပဲခူးမြို့မ ရဲစခန်းမှာ ခေါ်ယူမေးမြန်းရာ ကာယကံရှင်ကမဟုတ်မှန်ကြောင်း ထွက်ဆိုခဲ့ပြီး အခင်းဖြစ်ပွားချိန်မှာ ကလေးဖြစ်သူဟာ မိခင်ဖြစ်သူ၊ အဖွားဖြစ်သူနဲ့အတူ ရှိနေခဲ့တယ်လို့ထွက်ဆိုခဲ့ကြောင်း ပဲခူးမြို့မ ရဲစခန်း၊ စခန်းမှူးဒုရဲမှူး နိုင်စိုးက မီဒီယာအချို့ကို ပြန်လည်ဖြေဆိုထားပါတယ်။

ဒီလိုမှားယွင်းမှုတွေမဖြစ်ပေါ်စေဖို့ လူမှုကွန်ရက်ပေါ်က သတင်းစကားတွေကို ချင့်ချိန်ယုံကြဖို့ လိုတယ်လို့လည်း သူကဆိုပါတယ်။

ဓာတ်ပုံ မူပိုင် SAI AUNG MAIN/AFP via Getty Images
Image caption ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုက ပျာ်ရွှင်စွာ ကစားနေတဲ့ ကလေးငယ်အချို့

ဒါ့အပြင် လူမှုကွန်ရက်က ကလေးတွေခိုးနေတယ်ဆိုတဲ့ သတင်းစကားတွေကြောင့် လူထုအကြား စိုးရိမ်မှုတွေများနေတဲ့အချိန်ဖြစ်တာကြောင့် အခင်းဖြစ်စဉ်မှာ ဒေါသထွက်နေတဲ့ လူအုပ်ကြားက ကလေးသူခိုးလို့ အစွပ်စွဲခံရသူကို ခေါ်ထုတ်ယူဖို့တောင် ခက်ခဲခဲ့တယ် လို့လည်းသိရပါတယ်။

ဝိုင်းဝန်းရိုက်နှက်ခံရတဲ့အတွက် ကလေးသူခိုးလို့ အစွပ်စွဲခံရသူ ကိုငွေဖြိုးအောင်မှာ လက်ရှိ ပဲခူးပြည်သူ့ ဆေးရုံမှာတက်ရောက်ကုသနေတယ်ဆိုတာ ဟုတ်မှန်ကြောင်း ဆေးရုံအုပ်ဖြစ်သူ ဒေါက်တာရန်နိုင်မောင်က ဘီဘီစီကိုပြောပါတယ်။

'' ကလေးခိုးတယ်၊ကလေးတွေဆီက အမြတ်ထုတ်ပြီးရောင်းစားနေတယ်ဆိုတာက သတင်းတွေပဲသိရ တယ်။ ဒါက တပြည်လုံးမှာ ပြန့်နှံ့နေတာတွေလည်းရှိတယ်။ ဒါပေမယ့် အဲ့လို ဖြစ်အောင် နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားသူတွေရှိလိမ့်မယ် ။ ဒါတွေကို တိတိကျကျဖော်ထုတ်ပေးဖို့ ရဲတွေကို ပြောထားတာ လည်းရှိပါတယ်။ ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် တမင်ဖန်တီးလုပ်ဆောင်နေတယ်လို့ပဲ မြင်တယ်''လို့လည်း ကလေးခိုးတယ်ဆိုတဲ့သတင်းတွေပျံ့နှံ့နေတဲ့အပေါ် ပဲခူးမြို့လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပခုက္ကူမြို့နယ်အတွင်းကကျောင်းတစ်ကျောင်းမှာ ကလေးတစ်ဦးကို ဝင်ရောက် ခိုးယူတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီးနောက် ရေနံချောင်း၊ မြစ်ကြီးနားစတဲ့ အခြားသော မြို့တွေမှာလည်း ကလေးခိုးတာတွေရှိနေတယ်ဆိုတဲ့ သတင်းတွေဆက်တိုက်ဆိုသလို ပျံ့နှံ့လာခဲ့ပါတယ်။ဒီလို သတင်းစကားတွေကြောင့် လူထုကြား စိုးရိမ်မှုတွေမြင့်တက်ခဲ့ပြီး ၂၀၁၆ခုနှစ်အတွင်းကလည်း ကလေးသူခိုးလို့ဆိုကာ မှားယွင်း ရိုက်နှက်ခံရလို့ မကွေးမြို့မှာ အမျိုးသမီး တစ်ဦး ဝိုင်းရိုက် ခံရသလို မန္တလေး မရမ်းခြံသင်္ဘောဆိပ်မှာ အမျိုးသားတစ်ဦး လူဝိုင်းရိုက်ခံရလို့ အသက်ဆုံးတဲ့ ထိဖြစ်ခဲ့ပါတယ်။

ဒီလို ကလေးတွေခိုးတယ်ဆိုတဲ့ ကောလာဟလတွေပျံ့နှံ့နေချိန် ကလေးသူခိုးလို့ မှားယွင်းရိုက်နှက်ခံရလို့ လူသေဆုံးရတဲ့ဖြစ်စဉ်တွေဟာ မြန်မာအပါအဝင် အခြားသောနိုင်ငံတွေမှာလည်း ရှိခဲ့ပါတယ်။.

BBC Burmese
https://www.bbc.com
ပဲခူးမွာ ကေလးသူခိုးဆိုၿပီး အမ်ိဳးသားတစ္ဦး မွားယြင္းၿပီး ဝိုင္းဝန္း႐ိုက္ႏွက္တာခံရ ပဲခူးမွာ ကေလးသူခိုးဆိုၿပီး အမ်ိဳးသားတစ္ဦး မွားယြင္းၿပီး ဝိုင္းဝန္း႐ိုက္ႏွက္တာခံရ Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.