ဗစ္တိုးရီးယားအမႈ - ရဲက တရား႐ုံးတင္တဲ့အထဲမွာ DNA အေၾကာင္း မပါဘူးလို႔ဆို

 ဗစ္တိုးရီးယားအမႈ တရားမွ်တမႈရွိေရး ရန္ကုန္က ဆႏၵျပပြဲတစ္ခု
(Zawgyi)⤵⤵⤵
ဗစ္တိုးရီးယားအမႈအတြက္ ရဲတပ္ဖြဲ႕က တရား႐ုံးကို အမႈတြဲတင္တဲ့အထဲမွာ DNA အေၾကာင္း မပါဘူးလို႔ ဥပေဒ အရာရွိက မီဒီယာေတြကို ေျပာခဲ့ပါတယ္။

ဒါေပမဲ့ သက္ေသေတြကို စစ္တဲ့အခါ DNA ကို ကေလးရဲ႕ဖခင္၊ အိမ္အနီးအနားကလူ၊ ကေလးႏွစ္ေယာက္ စတဲ့ စစ္ေဆးထားမႈေတြကို ေတြ႕ရတယ္လို႔ ေျပာပါတယ္။

ေနျပည္ေတာ္ Wisdom Hill မူႀကိဳက အသက္သုံးႏွစ္မျပည့္ေသးတဲ့ မူႀကိဳေက်ာင္းသူ လိင္ေစာ္ကားခံရတယ္ဆိုတဲ့ ဗစ္တိုးရီးယားအမႈ ၁၂ ႀကိမ္ ေျမာက္႐ုံးခ်ိန္း ဒီဇင္ဘာ ၄ ရက္မွာ ဥပေဒ အရာရွိက အခုလို ေျပာခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ရဲကတင္တဲ့ အမႈတြဲမွာ ဗစ္တိုးရီးယားကို စစ္ေဆးထားတဲ့ ေဆးစာေပ်ာက္ဆုံးတဲ့ အေၾကာင္း မပါရွိဘူးလို႔လည္း ေျပာပါတယ္။

သူတို႔ အေနနဲ႔ ေဆးစာေပ်ာက္တဲ့ အေၾကာင္း ဆရာဝန္ႀကီးက တရား႐ုံးမွာ ထြက္ဆိုသြားမွ သိရတယ္လို႔လည္း ဥပေဒ အရာရွိက ေျပာပါတယ္။

ကြန္ပ်ဴတာ system ပုံးထဲက အခ်က္အလက္ေတြ ျပန္ရမရ ပညာရွင္ေတြနဲ႔ စစ္မယ္

စီစီတီဗီ Hard Disk ထဲက အခ်က္အလက္ေတြ ျပန္ရမရ

ေက်ာင္းက သက္ေသခံ ပစၥည္း အျဖစ္ စီစီတီဗီရဲ႕ Hard Disk အျဖစ္ တင္တဲ့ ကြန္ပ်ဴတာ system ပုံးထဲက အခ်က္အလက္ေတြ ေပ်ာက္ဆုံးေနတာနဲ႔ ပတ္သက္ၿပီး လူ ၄ ေယာက္က ဒီဇင္ဘာ ၁၇ ရက္မွာ စစ္ေဆးမယ္လို႔ ဥပေဒ အရာရွိက ေျပာပါတယ္။

စီစီတီဗီက ႐ိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ေတြ သိမ္းထားတဲ့ ကြန္ပ်ဴတာ system ပုံးထဲက အခ်က္အလက္ေတြ ျပန္ရမရကို ဒီလူေတြနဲ႔ တရား႐ုံးမွာ စစ္မယ္လို႔ ေျပာပါတယ္။

ဒီလို စစ္ေဆးတာမွာ ပါဝင္မယ့္သူေတြက စီစီတီဗီနဲ႔ ပတ္သက္ၿပီးကြၽမ္းက်င္တဲ့ ရဲမႉး၊ အရင္ တရား႐ုံးခ်ိန္းမွာ လာေရာက္ စစ္ေဆးေပးတဲ့ ကြန္ပ်ဴတာ ပညာရွင္၊ ျမန္မာ ကြန္ပ်ဴတာ ပညာရွင္အသင္း ဥကၠ႒ နဲ႔ ရန္ကုန္က စီစီတီဗီကုမၸဏီက လူတစ္ဦးတို႔ ျဖစ္ပါတယ္။

 Wisdom Hill ေက်ာင္းႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္
သူတို႔က Hard Disk ထဲက မွတ္တမ္း အခ်က္အလက္ေတြ ျပန္ရမရ၊ ဘယ္လို လုပ္ႏိုင္မလဲ စတာေတြကို စစ္ေဆးမွာ ျဖစ္ပါတယ္။ ၿပီးေတာ့ သူတို႔ မွတ္ခ်က္ေတြကို တရား႐ုံးကို တင္ျပမွာ ျဖစ္ပါတယ္။

ဒါေပမဲ့ ပညာရွင္ေတြ စစ္ေဆးၿပီးရင္ သူတို႔ေတြ႕ရွိခ်က္ေတြကို သူတို႔က အမ်ားျပည္သူကို ခ်ျပခြင့္မရွိပါဘူး။
ဒီေန႔ ႐ုံးခ်ိန္းမွာ ဘယ္သူေတြကို စစ္လဲ

ၿပီးခဲ့တဲ့ ႐ုံးခ်ိန္းတုန္းက မၿပီးျပတ္ခဲ့တဲ့ Wisdom Hill မူႀကိဳေက်ာင္းက ေက်ာင္းႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္၊ ဖယ္ရီကားေပၚက ဆရာမနဲ႔ ေက်ာင္းက ဆရာမ စုစုေပါင္း သုံးေယာက္ကို စစ္ေဆးခဲ့ပါတယ္။

ေဒၚဥမၼာလႈိင္က သံသယတရားခံ ကိုေအာင္ႀကီးက လိင္အၾကမ္းဖက္ က်ဴးလြန္ႏိုင္ဖို႔ အခြင့္အေရးမရခဲ့ဘူးလို႔ ထြက္ဆိုခဲ့ပါတယ္။

ဖယ္ရီက ဆရာမကေတာ့ ဆရာမႏွင္းႏုက ဗစ္တိုးရီးယားကို ဂ႐ုစိုက္လိုက္ဖို႔ မွာလိုက္တဲ့အေၾကာင္း ထြက္ဆိုပါတယ္။

ေက်ာင္းက ဆရာမက တစ္ဦးျဖစ္တဲ့ ေဒၚဆုသဲပိုင္ထြန္းကလည္း ကိုေအာင္ႀကီးက အခင္းျဖစ္တဲ့ေန႔မွာ ေက်ာင္းကို ေရာက္လာေပမဲ့ ဧည့္ခန္းမွာသာထိုင္တယ္၊ ကေလးေတြ ရွိတဲ့ အခန္းကို လုံးဝ ဝင္မလာဘူး၊ ကိုေအာင္ႀကီး ေက်ာင္းမွာ ရွိခ်ိန္မွာလည္း ဆရာမေတြက ကေလးေတြနဲ႔အတူ ရွိေနတယ္လို႔ ထြက္ဆိုခဲ့ပါတယ္။
ေနာက္တစ္ပတ္႐ုံးခ်ိန္း

၁၃ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းကို ဒီဇင္ဘာလ ၁၈ ရက္မွာ စစ္ေဆးမွာ ျဖစ္ပါတယ္။

ဒီ႐ုံးခ်ိန္းမွာ မူႀကိဳက ဆရာမ ေဒၚႏွင္းႏု နဲ႔ ေက်ာင္းက ေနာက္ထပ္ ဆရာမ ႏွစ္ေယာက္ စုစုေပါင္း သုံးေယာက္ ကိုစစ္ေဆးမွာပါ။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ဗစ်တိုးရီးယားအမှု - ရဲက တရားရုံးတင်တဲ့အထဲမှာ DNA အကြောင်း မပါဘူးလို့ဆို

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဗစ်တိုးရီးယားအမှု တရားမျှတမှုရှိရေး ရန်ကုန်က ဆန္ဒပြပွဲတစ်ခု

ဗစ်တိုးရီးယားအမှုအတွက် ရဲတပ်ဖွဲ့က တရားရုံးကို အမှုတွဲတင်တဲ့အထဲမှာ DNA အကြောင်း မပါဘူးလို့ ဥပဒေ အရာရှိက မီဒီယာတွေကို ပြောခဲ့ပါတယ်။

ဒါပေမဲ့ သက်သေတွေကို စစ်တဲ့အခါ DNA ကို ကလေးရဲ့ဖခင်၊ အိမ်အနီးအနားကလူ၊ ကလေးနှစ်ယောက် စတဲ့ စစ်ဆေးထားမှုတွေကို တွေ့ရတယ်လို့ ပြောပါတယ်။

နေပြည်တော် Wisdom Hill မူကြိုက အသက်သုံးနှစ်မပြည့်သေးတဲ့ မူကြိုကျောင်းသူ လိင်စော်ကားခံရတယ်ဆိုတဲ့ ဗစ်တိုးရီးယားအမှု ၁၂ ကြိမ် မြောက်ရုံးချိန်း ဒီဇင်ဘာ ၄ ရက်မှာ ဥပဒေ အရာရှိက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရဲကတင်တဲ့ အမှုတွဲမှာ ဗစ်တိုးရီးယားကို စစ်ဆေးထားတဲ့ ဆေးစာပျောက်ဆုံးတဲ့ အကြောင်း မပါရှိဘူးလို့လည်း ပြောပါတယ်။

သူတို့ အနေနဲ့ ဆေးစာပျောက်တဲ့ အကြောင်း ဆရာဝန်ကြီးက တရားရုံးမှာ ထွက်ဆိုသွားမှ သိရတယ်လို့လည်း ဥပဒေ အရာရှိက ပြောပါတယ်။
Image caption ကွန်ပျူတာ system ပုံးထဲက အချက်အလက်တွေ ပြန်ရမရ ပညာရှင်တွေနဲ့ စစ်မယ်
စီစီတီဗီ Hard Disk ထဲက အချက်အလက်တွေ ပြန်ရမရ

ကျောင်းက သက်သေခံ ပစ္စည်း အဖြစ် စီစီတီဗီရဲ့ Hard Disk အဖြစ် တင်တဲ့ ကွန်ပျူတာ system ပုံးထဲက အချက်အလက်တွေ ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး လူ ၄ ယောက်က ဒီဇင်ဘာ ၁၇ ရက်မှာ စစ်ဆေးမယ်လို့ ဥပဒေ အရာရှိက ပြောပါတယ်။

စီစီတီဗီက ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေ သိမ်းထားတဲ့ ကွန်ပျူတာ system ပုံးထဲက အချက်အလက်တွေ ပြန်ရမရကို ဒီလူတွေနဲ့ တရားရုံးမှာ စစ်မယ်လို့ ပြောပါတယ်။

ဒီလို စစ်ဆေးတာမှာ ပါဝင်မယ့်သူတွေက စီစီတီဗီနဲ့ ပတ်သက်ပြီးကျွမ်းကျင်တဲ့ ရဲမှူး၊ အရင် တရားရုံးချိန်းမှာ လာရောက် စစ်ဆေးပေးတဲ့ ကွန်ပျူတာ ပညာရှင်၊ မြန်မာ ကွန်ပျူတာ ပညာရှင်အသင်း ဥက္ကဋ္ဌ နဲ့ ရန်ကုန်က စီစီတီဗီကုမ္ပဏီက လူတစ်ဦးတို့ ဖြစ်ပါတယ်။
Image caption Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်

သူတို့က Hard Disk ထဲက မှတ်တမ်း အချက်အလက်တွေ ပြန်ရမရ၊ ဘယ်လို လုပ်နိုင်မလဲ စတာတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ မှတ်ချက်တွေကို တရားရုံးကို တင်ပြမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပညာရှင်တွေ စစ်ဆေးပြီးရင် သူတို့တွေ့ရှိချက်တွေကို သူတို့က အများပြည်သူကို ချပြခွင့်မရှိပါဘူး။
ဒီနေ့ ရုံးချိန်းမှာ ဘယ်သူတွေကို စစ်လဲ

ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက မပြီးပြတ်ခဲ့တဲ့ Wisdom Hill မူကြိုကျောင်းက ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်၊ ဖယ်ရီကားပေါ်က ဆရာမနဲ့ ကျောင်းက ဆရာမ စုစုပေါင်း သုံးယောက်ကို စစ်ဆေးခဲ့ပါတယ်။

ဒေါ်ဥမ္မာလှိုင်က သံသယတရားခံ ကိုအောင်ကြီးက လိင်အကြမ်းဖက် ကျူးလွန်နိုင်ဖို့ အခွင့်အရေးမရခဲ့ဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

ဖယ်ရီက ဆရာမကတော့ ဆရာမနှင်းနုက ဗစ်တိုးရီးယားကို ဂရုစိုက်လိုက်ဖို့ မှာလိုက်တဲ့အကြောင်း ထွက်ဆိုပါတယ်။
မူကြိုကျောင်းက ဆရာမ နှင်းနု နဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း

ကျောင်းက ဆရာမက တစ်ဦးဖြစ်တဲ့ ဒေါ်ဆုသဲပိုင်ထွန်းကလည်း ကိုအောင်ကြီးက အခင်းဖြစ်တဲ့နေ့မှာ ကျောင်းကို ရောက်လာပေမဲ့ ဧည့်ခန်းမှာသာထိုင်တယ်၊ ကလေးတွေ ရှိတဲ့ အခန်းကို လုံးဝ ဝင်မလာဘူး၊ ကိုအောင်ကြီး ကျောင်းမှာ ရှိချိန်မှာလည်း ဆရာမတွေက ကလေးတွေနဲ့အတူ ရှိနေတယ်လို့ ထွက်ဆိုခဲ့ပါတယ်။
နောက်တစ်ပတ်ရုံးချိန်း

၁၃ ကြိမ်မြောက် ရုံးချိန်းကို ဒီဇင်ဘာလ ၁၈ ရက်မှာ စစ်ဆေးမှာ ဖြစ်ပါတယ်။

ဒီရုံးချိန်းမှာ မူကြိုက ဆရာမ ဒေါ်နှင်းနု နဲ့ ကျောင်းက နောက်ထပ် ဆရာမ နှစ်ယောက် စုစုပေါင်း သုံးယောက် ကိုစစ်ဆေးမှာပါ။

BBC Burmese
https://www.bbc.com
ဗစ္တိုးရီးယားအမႈ - ရဲက တရား႐ုံးတင္တဲ့အထဲမွာ DNA အေၾကာင္း မပါဘူးလို႔ဆို ဗစ္တိုးရီးယားအမႈ - ရဲက တရား႐ုံးတင္တဲ့အထဲမွာ DNA အေၾကာင္း မပါဘူးလို႔ဆို Reviewed by THITHTOOLWIN on 03:45 Rating: 5
Powered by Blogger.