ရန္ကုန္ ေအာ္တင္ဇင္ေက်ာင္းက ကေလး ႏွိက္စက္ခံရမႈ

 စီစီတီဗီကို ျပန္ၾကည့္ရာကေန ေတြ႕ခဲ့တဲ့ႏွိက္စက္မႈ
(Zawgyi)⤵⤵⤵
ရန္ကုန္ၿမိဳ႕က အထူး‌ေစာင့္‌ေရွာက္မႈ လိုအပ္‌တဲ့က‌ေလးမ်ား ပုဂၢလိက ေလ့က်င့္ေရး ေက်ာင္းတစ္ေက်ာင္းမွာ စကားမေျပာႏိုင္တဲ့ ၁၀ ႏွစ္အ႐ြယ္ ေအာ္တစ္ဇင္ ကေလးငယ္တစ္ဦးကို ႐ိုက္ႏွက္ႏွိက္စက္မႈနဲ႔ အဲဒီ့ ေက်ာင္းက ဆရာ ႏွစ္ေယာက္ကို ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕မရဲစခန္းမွာ မသန္စြမ္းသူမ်ား အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပုဒ္မနဲ႔ အမႈဖြင့္ ထားတယ္လို႔ ကေလးရဲ႕မိခင္ ေဒၚခန႔္ခန႔္ဝင္းေ႐ႊက ဘီဘီစီကို ေျပာပါတယ္။

ရဲစခန္းမွာ မသန္စြမ္းသူမ်ား အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၀၃ (က) နဲ႔ အမႈဖြင့္ထားတာျဖစ္ၿပီး အဲဒီဆရာႏွစ္ေယာက္ကို ဒီဇင္ဘာလ ၂ရက္ေန႔မွာ ရဲတပ္ဖြဲ႕ က အာမခံနဲ႔ ျပန္လႊတ္ေပးလိုက္တယ္လို႔လည္း သူက ေျပာပါတယ္။

ဒါ့အျပင္ ဒီအမႈကို လူ႔အခြင္ေရးေကာ္မရွင္ကိုလည္း တိုင္ၾကားထားလို႔ လူ႔အခြင့္ေရးေကာ္မရွင္က စစ္ေဆးၿပီး သက္ဆိုင္ရာ ဝန္ႀကီးဌာနေတြ ကို အစီရင္ခံစာပို႔ ထားလိုက္ၿပီလို႔လည္း အမ်ိဳးသားလူ႔အခြင့္ေရးေကာ္မရွင္က အတည္ျပဳပါတယ္။

ကေလးရဲ႕မိခင္ဟာ အဲဒီ့ေက်ာင္းမွာ ေအာ္တစ္ဇင္ ကေလးငယ္ကို လြန္ခဲ့တဲ့ ၇ ႏွစ္ေလာက္ ကတည္းက ေက်ာင္းထားခဲ့တာျဖစ္ၿပီး ေက်ာင္းလခ တစ္လကို ႏွစ္သိန္း ရွစ္ေသာင္း က်ပ္ ဝန္းက်င္ ေပးရတယ္လို႔ သူက ေျပာပါတယ္။

 ေလ့က်င့္ေရးေက်ာင္း
ကေလးကို ႐ိုက္ႏွက္ထိုးႀကိတ္မႈဟာ ေအာက္တိုဘာလ ၃၀ ရက္ေန႔မွာ စတင္ျဖစ္ပြားခဲ့တယ္၊ ေက်ာင္းက အျပန္ မ်က္လုံးတစ္ဝိုက္မွာ ညိဳမည္း ဒဏ္ရာ ရလာတာေၾကာင့္ သိရွိခဲ့ၿပီး ေနာက္တေန႔ မွာ စီစီတီဗီကို ျပန္ၾကည့္ရာကေန ေတြ႕ခဲ့တာလို႔လည္း ကေလးရဲ႕မိခင္ ေဒၚခန႔္ခန႔္ဝင္းေ႐ႊက ေျပာပါတယ္။

ကေလးရဲ႕မိခင္ရဲ႕ အေျပာအရ ေက်ာင္းစာသင္ခ်ိန္အတြင္းမွာ ထမင္းပန္းကန္ေမွာက္တာကေန စၿပီး သင္တန္းေက်ာင္းက ဆရာက ထိုးႀကိတ္တာကို ေက်ာင္းရဲ႕ စီစီတီဗီကေန ေတြ႕ရတယ္လို႔လည္း သူက ေျပာပါတယ္။

ကေလးဟာ အခုအခါ အသက္ ၁၀ ႏွစ္အ႐ြယ္ရွိၿပီး အဲဒီ ေလ့က်င့္သင္ၾကား‌‌ေရးေက်ာင္း(Therapeutic Training Center) မွာ၂ ႏွစ္အ႐ြယ္က စတင္ၿပီး ေလ့က်င့္ခဲ့တယ္၊ အဲဒီေက်ာင္းမွာ ေက်ာင္းသားအျဖစ္ ၈ ႏွစ္ နီးပါး ေလ့က်င့္သင္ၾကားခဲ့သူတစ္ဦး ျဖစ္တယ္လို႔ သူ႔မိခင္က ေျပာပါတယ္။

ဆရာေတြဟာ ကေလးကို ရည္႐ြယ္ခ်က္ရွိရွိ CCTV camera ျမင္ကြင္းကြယ္ရာကို ေခၚၿပီးမွ စကားမေျပာဆိုႏိုင္သူ( Non - Verbal Autism)ကေလးကို အႀကိမ္ႀကိမ္ ထိုးႏွက္ ကန္ေက်ာက္ခဲ့တယ္လို႔လည္း ကေလးမိခင္က ေျပာပါတယ္။

ေလ့က်င့္သင္ၾကား‌‌ေရးေက်ာင္း(Therapeutic Training Center)ဘက္ကို ဘီဘီစီက ဆက္သြယ္ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး ။

ဘီဘီစီက ၾကည့္ရတဲ့ စီစီတီဗီမွာေတာ့ ဆရာလို႔ ယူဆရတဲ့ ယူႏွီေဖာင္းဝတ္ တစ္ေယာက္က ကေလးကို ဒူးနဲ႔ ေျပးတိုက္တာကို ေတြ႕ခဲ့ရပါတယ္။

ဒီေက်ာင္းဟာ ေအာ္တစ္ဇင္ ကေလးေတြ လာတက္ ၾကတဲ့ ေက်ာင္းျဖစ္ေတာ့ ေအာ္တက္ဇင္ ကေလးေတြ ရဲ႕ မိခင္ေတြကလည္း စိုးရိမ္မႈေတြ ရွိပါတယ္။

ေက်ာင္းဘက္ကေတာ့ ဒီဆရာေတြကို အလုပ္ထုတ္ထားတယ္လို႔ ေျပာၿပီး ကေလးမိခင္ေက်နပ္ေအာင္ ေဆာင္႐ြက္ေပးပါမယ္လို႔ ေျပာတယ္လို႔ လည္း ေဒၚခန႔္ခန႔္ဝင္းေ႐ႊက ေျပာပါတယ္။

ဒါေပမယ့္ ကေလးမိခင္ေတာင္းထားတဲ့ စီစီတီဗီ မွတ္တမ္း တစ္လစာ ကိုေတာ့ ေက်ာင္းဘက္ က မေပးေသးဘူးလို႔လည္း သူက ေျပာပါတယ္။

ကေလးမိခင္ကေတာ့ သူကေလးဟာ စကားမေျပာႏိုင္တဲ့ ေအာ္တစ္ဇင္ ကေလးျဖစ္ၿပီး အဲဒီလိုကေလးေတြဟာ ဆက္သြယ္ဖို႔ ခက္ခဲသူ၊ အမိန႔္ေပးဖို႔ခက္ခဲတဲ့ ကေလးေတြ ျဖစ္လို႔ အထူးေလ့က်င့္ေပးတဲ့ေက်ာင္းကို ပို႔ခဲ့တာလို႔လည္း ေျပာပါတယ္။

အႏိုင္က်င့္မႈဟာ အခုမွ ျဖစ္တဲ့ပုံမဟုတ္ဘဲ အရင္ကတည္းက ျဖစ္ေနတယ္လို႔ ကေလးမိခင္က ယူဆမႈေတြရွိလို႔ စီစီတီဗီ မွတ္တမ္း တစ္လစာကို စာနဲ႔တင္ျပၿပီး ေတာင္းတာ ျဖစ္တယ္လို႔လည္း သူကရွင္းျပပါတယ္။

ကေလးမိခင္ ကေတာ့ သူကေလးဟာ ၂၀၁၂ ကေန ၂၀၁၇ ထိ ကာလမွာ တိုးတက္မႈေတြရွိခဲ့ၿပီး ၂၀၁၈-၂၀၁၉ ကာလေတြမွာ အမူအယာေတြေျပာင္းၿပီး ရန္လိုလာတာေၾကာင့္ ေက်ာင္းမွာ ဘယ္အခ်ိန္ထဲကစၿပီး ႏွိပ္စက္ခံေန ရသလဲဆိုတာ သိလိုတဲ့ အတြက္ အခုလို ေတာင္းတာလို႔လည္း ေျပာပါတယ္။

ရဲစခန္းကေတာ့ ဒီအမႈနဲ႔ ပတ္သက္ၿပီး သက္ေသ ဓာတ္ပုံေတြ ေတာင္းထားတယ္၊ ကေလးကို ေအာ္တစ္ဇင္ျဖစ္ေၾကာင္း စိတ္ေရာဂါ အထူးကုေဆး႐ုံကေန ေထာက္ခံစာေတာင္းထားလို႔ အဲဒါ ေဆာင္႐ြက္ေနတယ္လို႔လည္း ေဒၚခန႔္ခန႔္ဝင္းေ႐ႊက ေျပာပါတယ္။

အခုအမႈဖြင့္ထားတဲ့ပုဒ္မ ၁၀၃ ဟာ မသန္စြမ္းကေလးငယ္ေတြကို ႏိုင္ထက္စီးနင္း အလြဲသုံးျခင္း၊ အၾကမ္းဖက္ျခင္း တို႔နဲ႔စြဲဆိုတာျဖစ္ၿပီး ျပစ္မႈထင္ရွားရင္ အနည္းဆုံး ေထာင္ဒဏ္ရွစ္လကေန ၅ႏွစ္အထိက်ခံရႏိုင္ပါတယ္။

BBC Burmese
https://www.bbc.com
-----------------
(Unicode)⤵⤵⤵
ရန်ကုန် အော်တင်ဇင်ကျောင်းက ကလေး နှိက်စက်ခံရမှု

ဓာတ်ပုံ မူပိုင် Daw Khant Khant Win Shwe
Image caption စီစီတီဗီကို ပြန်ကြည့်ရာကနေ တွေ့ခဲ့တဲ့နှိက်စက်မှု

ရန်ကုန်မြို့က အထူး‌စောင့်‌ရှောက်မှု လိုအပ်‌တဲ့က‌လေးများ ပုဂ္ဂလိက လေ့ကျင့်ရေး ကျောင်းတစ်ကျောင်းမှာ စကားမပြောနိုင်တဲ့ ၁၀ နှစ်အရွယ် အော်တစ်ဇင် ကလေးငယ်တစ်ဦးကို ရိုက်နှက်နှိက်စက်မှုနဲ့ အဲဒီ့ ကျောင်းက ဆရာ နှစ်ယောက်ကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းမှာ မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မနဲ့ အမှုဖွင့် ထားတယ်လို့ ကလေးရဲ့မိခင် ဒေါ်ခန့်ခန့်ဝင်းရွှေက ဘီဘီစီကို ပြောပါတယ်။

ရဲစခန်းမှာ မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၃ (က) နဲ့ အမှုဖွင့်ထားတာဖြစ်ပြီး အဲဒီဆရာနှစ်ယောက်ကို ဒီဇင်ဘာလ ၂ရက်နေ့မှာ ရဲတပ်ဖွဲ့ က အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် ဒီအမှုကို လူ့အခွင်ရေးကော်မရှင်ကိုလည်း တိုင်ကြားထားလို့ လူ့အခွင့်ရေးကော်မရှင်က စစ်ဆေးပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ကို အစီရင်ခံစာပို့ ထားလိုက်ပြီလို့လည်း အမျိုးသားလူ့အခွင့်ရေးကော်မရှင်က အတည်ပြုပါတယ်။

ကလေးရဲ့မိခင်ဟာ အဲဒီ့ကျောင်းမှာ အော်တစ်ဇင် ကလေးငယ်ကို လွန်ခဲ့တဲ့ ၇ နှစ်လောက် ကတည်းက ကျောင်းထားခဲ့တာဖြစ်ပြီး ကျောင်းလခ တစ်လကို နှစ်သိန်း ရှစ်သောင်း ကျပ် ဝန်းကျင် ပေးရတယ်လို့ သူက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Daw Khant Khat Win Shwe
Image caption လေ့ကျင့်ရေးကျောင်း

ကလေးကို ရိုက်နှက်ထိုးကြိတ်မှုဟာ အောက်တိုဘာလ ၃၀ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တယ်၊ ကျောင်းက အပြန် မျက်လုံးတစ်ဝိုက်မှာ ညိုမည်း ဒဏ်ရာ ရလာတာကြောင့် သိရှိခဲ့ပြီး နောက်တနေ့ မှာ စီစီတီဗီကို ပြန်ကြည့်ရာကနေ တွေ့ခဲ့တာလို့လည်း ကလေးရဲ့မိခင် ဒေါ်ခန့်ခန့်ဝင်းရွှေက ပြောပါတယ်။

ကလေးရဲ့မိခင်ရဲ့ အပြောအရ ကျောင်းစာသင်ချိန်အတွင်းမှာ ထမင်းပန်းကန်မှောက်တာကနေ စပြီး သင်တန်းကျောင်းက ဆရာက ထိုးကြိတ်တာကို ကျောင်းရဲ့ စီစီတီဗီကနေ တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

ကလေးဟာ အခုအခါ အသက် ၁၀ နှစ်အရွယ်ရှိပြီး အဲဒီ လေ့ကျင့်သင်ကြား‌‌ရေးကျောင်း(Therapeutic Training Center) မှာ၂ နှစ်အရွယ်က စတင်ပြီး လေ့ကျင့်ခဲ့တယ်၊ အဲဒီကျောင်းမှာ ကျောင်းသားအဖြစ် ၈ နှစ် နီးပါး လေ့ကျင့်သင်ကြားခဲ့သူတစ်ဦး ဖြစ်တယ်လို့ သူ့မိခင်က ပြောပါတယ်။

ဆရာတွေဟာ ကလေးကို ရည်ရွယ်ချက်ရှိရှိ CCTV camera မြင်ကွင်းကွယ်ရာကို ခေါ်ပြီးမှ စကားမပြောဆိုနိုင်သူ( Non - Verbal Autism)ကလေးကို အကြိမ်ကြိမ် ထိုးနှက် ကန်ကျောက်ခဲ့တယ်လို့လည်း ကလေးမိခင်က ပြောပါတယ်။

လေ့ကျင့်သင်ကြား‌‌ရေးကျောင်း(Therapeutic Training Center)ဘက်ကို ဘီဘီစီက ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး ။

ဘီဘီစီက ကြည့်ရတဲ့ စီစီတီဗီမှာတော့ ဆရာလို့ ယူဆရတဲ့ ယူနှီဖောင်းဝတ် တစ်ယောက်က ကလေးကို ဒူးနဲ့ ပြေးတိုက်တာကို တွေ့ခဲ့ရပါတယ်။

ဒီကျောင်းဟာ အော်တစ်ဇင် ကလေးတွေ လာတက် ကြတဲ့ ကျောင်းဖြစ်တော့ အော်တက်ဇင် ကလေးတွေ ရဲ့ မိခင်တွေကလည်း စိုးရိမ်မှုတွေ ရှိပါတယ်။

ကျောင်းဘက်ကတော့ ဒီဆရာတွေကို အလုပ်ထုတ်ထားတယ်လို့ ပြောပြီး ကလေးမိခင်ကျေနပ်အောင် ဆောင်ရွက်ပေးပါမယ်လို့ ပြောတယ်လို့ လည်း ဒေါ်ခန့်ခန့်ဝင်းရွှေက ပြောပါတယ်။

ဒါပေမယ့် ကလေးမိခင်တောင်းထားတဲ့ စီစီတီဗီ မှတ်တမ်း တစ်လစာ ကိုတော့ ကျောင်းဘက် က မပေးသေးဘူးလို့လည်း သူက ပြောပါတယ်။

ကလေးမိခင်ကတော့ သူကလေးဟာ စကားမပြောနိုင်တဲ့ အော်တစ်ဇင် ကလေးဖြစ်ပြီး အဲဒီလိုကလေးတွေဟာ ဆက်သွယ်ဖို့ ခက်ခဲသူ၊ အမိန့်ပေးဖို့ခက်ခဲတဲ့ ကလေးတွေ ဖြစ်လို့ အထူးလေ့ကျင့်ပေးတဲ့ကျောင်းကို ပို့ခဲ့တာလို့လည်း ပြောပါတယ်။

အနိုင်ကျင့်မှုဟာ အခုမှ ဖြစ်တဲ့ပုံမဟုတ်ဘဲ အရင်ကတည်းက ဖြစ်နေတယ်လို့ ကလေးမိခင်က ယူဆမှုတွေရှိလို့ စီစီတီဗီ မှတ်တမ်း တစ်လစာကို စာနဲ့တင်ပြပြီး တောင်းတာ ဖြစ်တယ်လို့လည်း သူကရှင်းပြပါတယ်။

ကလေးမိခင် ကတော့ သူကလေးဟာ ၂၀၁၂ ကနေ ၂၀၁၇ ထိ ကာလမှာ တိုးတက်မှုတွေရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ကာလတွေမှာ အမူအယာတွေပြောင်းပြီး ရန်လိုလာတာကြောင့် ကျောင်းမှာ ဘယ်အချိန်ထဲကစပြီး နှိပ်စက်ခံနေ ရသလဲဆိုတာ သိလိုတဲ့ အတွက် အခုလို တောင်းတာလို့လည်း ပြောပါတယ်။

ရဲစခန်းကတော့ ဒီအမှုနဲ့ ပတ်သက်ပြီး သက်သေ ဓာတ်ပုံတွေ တောင်းထားတယ်၊ ကလေးကို အော်တစ်ဇင်ဖြစ်ကြောင်း စိတ်ရောဂါ အထူးကုဆေးရုံကနေ ထောက်ခံစာတောင်းထားလို့ အဲဒါ ဆောင်ရွက်နေတယ်လို့လည်း ဒေါ်ခန့်ခန့်ဝင်းရွှေက ပြောပါတယ်။

အခုအမှုဖွင့်ထားတဲ့ပုဒ်မ ၁၀၃ ဟာ မသန်စွမ်းကလေးငယ်တွေကို နိုင်ထက်စီးနင်း အလွဲသုံးခြင်း၊ အကြမ်းဖက်ခြင်း တို့နဲ့စွဲဆိုတာဖြစ်ပြီး ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင်ဒဏ်ရှစ်လကနေ ၅နှစ်အထိကျခံရနိုင်ပါတယ်။

BBC Burmese
https://www.bbc.com
ရန္ကုန္ ေအာ္တင္ဇင္ေက်ာင္းက ကေလး ႏွိက္စက္ခံရမႈ ရန္ကုန္ ေအာ္တင္ဇင္ေက်ာင္းက ကေလး ႏွိက္စက္ခံရမႈ Reviewed by THITHTOOLWIN on 03:48 Rating: 5
Powered by Blogger.