ANP ႏုတ္ထြက္ခြင့္မေပးလို႔ ရခိုင္အမတ္ေတြကိုယ္စားျပဳမႈ ရႈပ္ေထြး

Arakan National Party (ANP) ရခိုင္အမ်ိဳးသားပါတီ
(Zawgyi/ Unicode)

ရခိုင္ျပည္နယ္တြင္း အင္အားႀကီးပါတီျဖစ္တဲ့ ANP ရခိုင္အမ်ိဳးသားပါတီက လႊတ္ေတာ္အမတ္အခ်ိဳ႕ ပါတီသစ္ခြဲေထာင္တာေတြ ပါတီႏုတ္ထြက္စာတင္ထားတာေတြ ရွိေနေပမယ့္လို႔ ANP ပါတီကေတာ့ သူတို႔ကို ႏုတ္ထြက္ခြင့္မေပးေသးပါဘူး။ ဒါေၾကာင့္ ေရွ႕ႏွစ္ ၂၀၂၀ ထဲမွာ အေထြေထြေ႐ြးေကာက္ပြဲက်င္းပမယ္ဆိုရင္ ရခိုင္လႊတ္ေတာ္အမတ္ေတြအေနနဲ႔ ဘယ္ပါတီကိုယ္စားျပဳမလဲဆိုတာ ရႈပ္ေထြးမႈေတြႀကဳံေနရပါတယ္။ ရခိုင္ျပည္နယ္တြင္း အဓိက အင္အားႀကီးပါတီ ANP ရဲ႕ အေျခအေနနဲ႔ပတ္သက္လို႔ ကိုသက္ႏိုင္ သတင္းေပးပို႔ထားပါတယ္။

ANP ပါတီကို ရခိုင္ျပည္နယ္တြင္းက အဓိက ပါတီႀကီးႏွစ္ခုနဲ႔ ၂၀၁၄ ခုႏွစ္မွာ ဖြဲ႕စည္းခဲ့ၿပီး၊ ၂၀၁၅ ေ႐ြးေကာက္ပြဲရလဒ္အရ ရခိုင္ျပည္နယ္လႊတ္ေတာ္မွာ အမ်ားစုအႏိုင္ရထားတဲ့ ပါတီျဖစ္ပါတယ္။ ဒါေပမယ့္ ပါတီတြင္းမွာ ေခါင္းေဆာင္ပိုင္းေတြအတြင္း မညီၫြတ္တာ၊ အယူအဆ ကြဲျပားမႈေတြရွိတာေၾကာင့္ ပါတီစည္းလုံးေရးက အေတာ္ေလး ေလ်ာရဲေနတယ္လို႔ ေျပာရမွာပါ။ ပါတီကိုယ္စားျပဳ လႊတ္ေတာ္အမတ္အခ်ိဳ႕နဲ႔ ပါတီဝင္အခ်ိဳ႕ဟာ ပါတီသစ္ခြဲေထာင္သူ ရွိသလို ပါတီကေန ႏုတ္ထြက္ခြင့္ေတြ ေတာင္းခံ ထားတာလည္းရွိပါတယ္။ ဒါေပမယ့္ ႏုတ္ထြတ္စာတင္ထားတဲ့ လြတ္ေတာ္ကိုယ္စားလွယ္ေတြဟာ ANP ပါတီကေန ဝင္ေရာက္ ယွဥ္ၿပိဳင္ထားၾကတဲ့ လြတ္ေတာ္ကိုယ္စားလွယ္ေတြ ျဖစ္တာေၾကာင့္ ကိုယ္စားလွယ္သက္တမ္း ကုန္ဆုံးမွသာ ႏုတ္ထြက္ျပဳမွာ ျဖစ္တယ္လို႔ ရခိုင္အမ်ိဳးသားပါတီ (ANP) ေျပာခြင့္ရ ဦးခိုင္ျပည္စိုးရ ေျပာပါတယ္။

“ေဆြးေႏြးၾကတဲ့အခါမွာ ပါတီညီလာခံတက္တဲ့ ကိုယ္စားလွယ္ အကုန္လုံးက ရခိုင္အမ်ိဳးသား ပါတီကို ကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ လြတ္ေတာ္ကိုယ္စားလွယ္ေတြ ပါတီကို ကိုယ္စားျပဳလို႔ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ လြတ္ေတာ္ကိုယ္စားလွယ္ေတြ အေနနဲ႔ ပါတီက တစ္စုံတစ္ရာ ႏုတ္ထြက္ခြင့္ မေပးပဲနဲ႔ ႏုတ္ထြက္စာ တင္လို႔မရဘူး။ ေနာက္တစ္ခ်က္က လြတ္ေတာ္သက္တမ္းကုန္တဲ့ အထိပါတီမွာ တာဝန္ထမ္းေဆာင္ရမယ့္ဆိုၿပီးေတာ့ ဆုံးျဖတ္ခဲ့တယ္။ လြတ္ေတာ္သက္တမ္း ကုန္ရင္ေတာ့ သူတို႔ဟာ အလိုအေလ်ာက္ ပါတီကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာဟာ အလိုအေလ်ာက္ ပ်က္ပ်ယ္ သြားမွာျဖစ္တယ္။”

လက္ရွိအခ်ိန္မွာလည္း ရပ္ေက်းေကာ္မတီဝင္ေတြကို ေလာက္သာႏုတ္ထြက္ခြင့္ ေပးထားၿပီး လြတ္ေတာ္ကိုယ္စားေတြကိုေတာ့ ႏုတ္ခြင့္မေပး ေသးဘူးလို႔ ဦးခိုင္ျပည္စိုးကေျပာပါတယ္။ တဖက္မွာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲကလည္း ပါတီက ႏုတ္ထြက္စာတင္ထားတဲ့ ရခိုင္လႊတ္ေတာ္အမတ္အခ်ိဳ႕ကို ႏုတ္ထြက္တဲ့ မူရင္းပါတီရဲ႕စာမပါတာေၾကာင့္ဆိုၿပီး သူတို႔ကို မူရင္းပါတီအေနနဲ႔ပဲ ဆက္အသိအမွတ္ျပဳေနပါတယ္။

ANP ပါတီဟာ ရခိုင္ျပည္နယ္မွာ အားေကာင္းတဲ့ပါတီတရပ္အျဖစ္ ပါတီႀကီးႏွစ္ရပ္စုဖြဲ႕ခဲ့တယ္ဆိုေပမယ့္ ၂၀၁၅ ေ႐ြးေကာက္ပြဲေနာက္ပိုင္းမွာေတာ့ ပါတီခြဲထြက္မႈေတြ ျပန္ႀကဳံခဲ့ပါတယ္။ ပါတီေပါင္းစပ္ေရး သေဘာတူညီခ်က္ အတိုင္း မလုပ္ခဲ့ဘူးဆိုတဲ့ စြဲခ်က္နဲ႔ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳ႕ပ္ကို ပါတီျပန္မွတ္ပုံတင္ထားပါတယ္။ ANP ဥကၠဌေဟာင္းျဖစ္တဲ့ ေဒါက္တာေအးေမာင္ကလည္း ရခိုင္ဦးေဆာင္ပါတီအျဖစ္ ခြဲေထာင္ထားတာကိုလည္း ျပည္ေထာင္စုေကာ္မရွင္က အသိအမွတ္ျပဳ လက္ခံထားပါတယ္။ ဒါေပမယ့္ အဲဒီခြဲထြက္ပါတီေတြမွာ ပါဝင္တဲ့ လႊတ္ေတာ္အမတ္ေတြကို ANP က ႏုတ္ထြက္ခြင့္ေပးမထားတာေၾကာင့္ ပါတီကိုယ္စားျပဳမႈ ရႈပ္ေထြးေနသလို၊ ဒါဟာ လာမယ့္ ေ႐ြးေကာက္ပြဲအတြက္ပါ ရႈပ္ေထြးမႈေတြရွိလာႏိုင္ပါတယ္။

အခုလိုႏုတ္ထြက္စာတင္ထားတဲ့ ထဲမွာ ေက်ာက္ျဖဴၿမိဳ႕နယ္က ျပည္နယ္လြတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္လြင္တစ္ေယာက္ လည္းပါဝင္ပါတယ္။

ရခိုင္အမ်ိဳးသားပါတီ ANP မွာ ပါတီမႈဝါဒပိုင္းဆိုင္ရာေတြနဲ႔မကိုက္ညီတာေၾကာင့္ ႏုတ္ထြက္စာတင္ထားသူေတြ ဆယ္ေယာက္ရွိတယ္လို႔ သူက ေျပာပါတယ္။

“၁၀ေယာက္ရွိမယ္ထင္တယ္ အကုန္လုံးကေတာ့က်ေနာ္သိသေလာက္ဆိုရင္ ေဒၚထုေမတို႔ အမ္းၿမိဳ႕နယ္က လြတ္ေတာ္ကိုယ္စားလွယ္ေတြ ရမ္းၿဗဲက လြတ္ေတာ္ကိုယ္စားလွယ္ေတြ အဲဒီကိုယ္စားလွယ္ေတြလည္း ႏုတ္ထြက္ခြင့္တင္ထားတာထဲမွာပါတယ္။ေနာက္ၿပီးေတာ့ စစ္ေတြက ဦးေက်ာ္ေစာဦး၊ ေနာက္ ဦးေဝစိန္ေအာင္၊ ေနာက္ဦးေအာင္ေသာင္းေ႐ြ၊ ဦးခင္ေမာင္လတ္ က်ေနာ္ ဦးေက်ာ္လြင္ ေဒါက္တာေအးေမာင္၊ အဲဒီပုဂၢိဳလ္ေတြ အကုန္လုံးက ႏုတ္ထြက္ခြင့္ တင္ထားၾကတယ္။”

ဦးေက်ာ္လြင္ကေတာ့ ေဒါက္တာေအးေမာင္ ထူေထာင္တဲ့ ရခိုင္ဦးေဆာင္ပါတီမွာ ဒုဥကၠဌအျဖစ္ တာဝန္ယူထားတာပါ။ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေဒၚထုေမကေတာ့ ရခိုင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္အေနနဲ႔ ရပ္တည္ေပမယ့္၊ ေကာ္မရွင္ကေတာ့ ANP ကိုယ္စားလွယ္အျဖစ္ပဲ အသိအမွတ္ျပဳထားတုန္းပါ။ ျပည္ေထာင္စုေကာ္မရွင္အေနနဲ႔ ဒါဟာ လုပ္ပိုင္ခြင့္ကိုေက်ာ္လြန္ၿပီး ကိုယ္စားလွယ္ေတြရဲ႕ အခြင့္အေရးကို ခ်ိဳးေဖာက္ေနတာလို႔ ရခိုင္လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕က ျမင္ပါတယ္။

လက္ရွိရခိုင္ျပည္နယ္မွာစစ္ေရးပဍိပကၡေတြ အရွိန္ျမင့္ၿပီး ေတာ္လွန္ေရး အားေကာင္းလာတာေၾကာင့္ပါတီႏိုင္ငံေရးကို ျပည္သူေတြ ယုံၾကည္မႈအားနည္းလာတယ္လို႔လည္းေက်ာက္ျဖဴၿမိဳ႕နယ္ ျပည္နယ္လြတ္ေတာ္အမတ္ ဦးေက်ာ္လြင္ ကေျပာပါတယ္။

“ေတာ္လွန္ေရး အင္အားႀကီးလာရင္ ပါတီႏိုင္ငံေရး ဆိုတာက ဘယ္အခ်ိန္မွာပဲ ျဖစ္ျဖစ္ ေတာ္လွန္ေရးရဲ႕ ေအာက္ကို ေရာက္သြားမွာပဲ။ ဆိုးတာက ေဒါက္တာေအးေမာင္လို ေခါင္းေဆာင္ကို ဖမ္းၿပီးေထာင္ ခ်ထားလိုက္ေတာ့ ေနာက္ထပ္ ေဒါက္တာေအးေမာင္လို လူေတြ မေပၚလာေတာ့ဘူး မေပၚလာတဲ့ အခါက်ေတာ့ ရခိုင္လူမ်ိဳးေတြ အားလုံးကလည္း အားကိုးရာေမ့ေနၿပီ။ လက္ရွိမွာေတာ့ ပါတီႏိုင္ငံေရးက ျပည္သူက မယုံၾကည္ရတဲ့ အဆင့္မ်ိဳးကို ေရာက္သြားၿပီလို႔ ျမင္တယ္ဗ်ာ။”

လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အာဏာရွ NLD ပါတီအေနနဲ႔ အႏိုင္ရဖို႔ ခက္တယ္လို႔ မွန္းဆထားတဲ့ ျပည္နယ္ေတြထဲမွာ ရခိုင္ျပည္နယ္လည္း ပါဝင္ပါတယ္။ လက္ရွိ ရခိုင္ျပည္နယ္လႊတ္ေတာ္ဟာ ANP ပါတီကိုယ္စားျပဳအမတ္ေတြ အမ်ားစုျဖစ္ပါတယ္။ ဒါေပမယ့္လည္း အခုလို ANP ပါတီတြင္း အေျခအေနေတြနဲ႔ ရခိုင္ပါတီခြဲေတြ ထြက္ေပၚလာတာ ေ႐ြးေကာက္ပြဲ အေပၚသက္ေရာက္မႈေတြ ရွိလာႏိုင္တယ္လို႔ တြက္ဆမႈေတြလည္း ရွိေနပါတယ္။
ANP ႏုတ္ထြက္ခြင့္မေပးလို႔ ရခိုင္အမတ္ေတြကိုယ္စားျပဳမႈ ရႈပ္ေထြး

............................

ANP နုတ်ထွက်ခွင့်မပေးလို့ ရခိုင်အမတ်တွေကိုယ်စားပြုမှု ရှုပ်ထွေး

( Unicode)

ရခိုင်ပြည်နယ်တွင်း အင်အားကြီးပါတီဖြစ်တဲ့ ANP ရခိုင်အမျိုးသားပါတီက လွှတ်တော်အမတ်အချို့ ပါတီသစ်ခွဲထောင်တာတွေ ပါတီနုတ်ထွက်စာတင်ထားတာတွေ ရှိနေပေမယ့်လို့ ANP ပါတီကတော့ သူတို့ကို နုတ်ထွက်ခွင့်မပေးသေးပါဘူး။ ဒါကြောင့် ရှေ့နှစ် ၂၀၂၀ ထဲမှာ အထွေထွေရွေးကောက်ပွဲကျင်းပမယ်ဆိုရင် ရခိုင်လွှတ်တော်အမတ်တွေအနေနဲ့ ဘယ်ပါတီကိုယ်စားပြုမလဲဆိုတာ ရှုပ်ထွေးမှုတွေကြုံနေရပါတယ်။ ရခိုင်ပြည်နယ်တွင်း အဓိက အင်အားကြီးပါတီ ANP ရဲ့ အခြေအနေနဲ့ပတ်သက်လို့ ကိုသက်နိုင် သတင်းပေးပို့ထားပါတယ်။

ANP ပါတီကို ရခိုင်ပြည်နယ်တွင်းက အဓိက ပါတီကြီးနှစ်ခုနဲ့ ၂၀၁၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး၊ ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ရခိုင်ပြည်နယ်လွှတ်တော်မှာ အများစုအနိုင်ရထားတဲ့ ပါတီဖြစ်ပါတယ်။ ဒါပေမယ့် ပါတီတွင်းမှာ ခေါင်းဆောင်ပိုင်းတွေအတွင်း မညီညွတ်တာ၊ အယူအဆ ကွဲပြားမှုတွေရှိတာကြောင့် ပါတီစည်းလုံးရေးက အတော်လေး လျောရဲနေတယ်လို့ ပြောရမှာပါ။ ပါတီကိုယ်စားပြု လွှတ်တော်အမတ်အချို့နဲ့ ပါတီဝင်အချို့ဟာ ပါတီသစ်ခွဲထောင်သူ ရှိသလို ပါတီကနေ နုတ်ထွက်ခွင့်တွေ တောင်းခံ ထားတာလည်းရှိပါတယ်။ ဒါပေမယ့် နုတ်ထွတ်စာတင်ထားတဲ့ လွတ်တော်ကိုယ်စားလှယ်တွေဟာ ANP ပါတီကနေ ဝင်ရောက် ယှဉ်ပြိုင်ထားကြတဲ့ လွတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တာကြောင့် ကိုယ်စားလှယ်သက်တမ်း ကုန်ဆုံးမှသာ နုတ်ထွက်ပြုမှာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ (ANP)ပြောခွင့်ရ ဦးခိုင်ပြည်စိုးရ ပြောပါတယ်။

“ဆွေးနွေးကြတဲ့အခါမှာ ပါတီညီလာခံတက်တဲ့ ကိုယ်စားလှယ်အကုန်လုံးက ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွတ်တော်ကိုယ်စားလှယ်တွေ ပါတီကို ကိုယ်စားပြုလို့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ပါတီက တစ်စုံတစ်ရာ နုတ်ထွက်ခွင့် မပေးပဲနဲ့ နုတ်ထွက်စာ တင်လို့မရဘူး။ နောက်တစ်ချက်က လွတ်တော်သက်တမ်းကုန်တဲ့ အထိပါတီမှာ တာဝန်ထမ်းဆောင်ရမယ့်ဆိုပြီးတော့ ဆုံးဖြတ်ခဲ့တယ်။ လွတ်တော်သက်တမ်း ကုန်ရင်တော့ သူတို့ဟာ အလိုအလျောက် ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဟာ အလိုအလျောက် ပျက်ပျယ် သွားမှာဖြစ်တယ်။”

လက်ရှိအချိန်မှာလည်း ရပ်ကျေးကော်မတီဝင်တွေကို လောက်သာနုတ်ထွက်ခွင့် ပေးထားပြီး လွတ်တော်ကိုယ်စားတွေကိုတော့ နုတ်ခွင့်မပေး သေးဘူးလို့ ဦးခိုင်ပြည်စိုးကပြောပါတယ်။ တဖက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကလည်း ပါတီက နုတ်ထွက်စာတင်ထားတဲ့ ရခိုင်လွှတ်တော်အမတ်အချို့ကို နုတ်ထွက်တဲ့ မူရင်းပါတီရဲ့စာမပါတာကြောင့်ဆိုပြီး သူတို့ကို မူရင်းပါတီအနေနဲ့ပဲ ဆက်အသိအမှတ်ပြုနေပါတယ်။

ANP ပါတီဟာ ရခိုင်ပြည်နယ်မှာ အားကောင်းတဲ့ပါတီတရပ်အဖြစ် ပါတီကြီးနှစ်ရပ်စုဖွဲ့ခဲ့တယ်ဆိုပေမယ့် ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာတော့ ပါတီခွဲထွက်မှုတွေ ပြန်ကြုံခဲ့ပါတယ်။ ပါတီပေါင်းစပ်ရေး သဘောတူညီချက် အတိုင်း မလုပ်ခဲ့ဘူးဆိုတဲ့ စွဲချက်နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချု့ပ်ကို ပါတီပြန်မှတ်ပုံတင်ထားပါတယ်။ ANP ဥက္ကဌဟောင်းဖြစ်တဲ့ ဒေါက်တာအေးမောင်ကလည်း ရခိုင်ဦးဆောင်ပါတီအဖြစ် ခွဲထောင်ထားတာကိုလည်း ပြည်ထောင်စုကော်မရှင်က အသိအမှတ်ပြု လက်ခံထားပါတယ်။ ဒါပေမယ့် အဲဒီခွဲထွက်ပါတီတွေမှာ ပါဝင်တဲ့ လွှတ်တော်အမတ်တွေကို ANP က နုတ်ထွက်ခွင့်ပေးမထားတာကြောင့် ပါတီကိုယ်စားပြုမှု ရှုပ်ထွေးနေသလို၊ ဒါဟာ လာမယ့် ရွေးကောက်ပွဲအတွက်ပါ ရှုပ်ထွေးမှုတွေရှိလာနိုင်ပါတယ်။

အခုလိုနုတ်ထွက်စာတင်ထားတဲ့ ထဲမှာ ကျောက်ဖြူမြို့နယ်က ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်တစ်ယောက် လည်းပါဝင်ပါတယ်။

ရခိုင်အမျိုးသားပါတီ ANPမှာ ပါတီမှုဝါဒပိုင်းဆိုင်ရာတွေနဲ့မကိုက်ညီတာကြောင့် နုတ်ထွက်စာတင်ထားသူတွေ ဆယ်ယောက်ရှိတယ်လို့ သူက ပြောပါတယ်။

“၁၀ယောက်ရှိမယ်ထင်တယ် အကုန်လုံးကတော့ကျနော်သိသလောက်ဆိုရင် ဒေါ်ထုမေတို့ အမ်းမြို့နယ်က လွတ်တော်ကိုယ်စားလှယ်တွေ ရမ်းဗြဲက လွတ်တော်ကိုယ်စားလှယ်တွေ အဲဒီကိုယ်စားလှယ်တွေလည်း နုတ်ထွက်ခွင့်တင်ထားတာထဲမှာပါတယ်။နောက်ပြီးတော့ စစ်တွေက ဦးကျော်စောဦး၊ နောက် ဦးဝေစိန်အောင်၊ နောက်ဦးအောင်သောင်းရွေ၊ ဦးခင်မောင်လတ် ကျနော် ဦးကျော်လွင် ဒေါက်တာအေးမောင်၊ အဲဒီပုဂ္ဂိုလ်တွေ အကုန်လုံးက နုတ်ထွက်ခွင့် တင်ထားကြတယ်။”

ဦးကျော်လွင်ကတော့ ဒေါက်တာအေးမောင် ထူထောင်တဲ့ ရခိုင်ဦးဆောင်ပါတီမှာ ဒုဥက္ကဌအဖြစ် တာဝန်ယူထားတာပါ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေကတော့ ရခိုင်အမျိုးသားအဖွဲ့ချုပ်အနေနဲ့ ရပ်တည်ပေမယ့်၊ ကော်မရှင်ကတော့ ANP ကိုယ်စားလှယ်အဖြစ်ပဲ အသိအမှတ်ပြုထားတုန်းပါ။ ပြည်ထောင်စုကော်မရှင်အနေနဲ့ ဒါဟာ လုပ်ပိုင်ခွင့်ကိုကျော်လွန်ပြီး ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးကို ချိုးဖောက်နေတာလို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်အချို့က မြင်ပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာစစ်ရေးပဍိပက္ခတွေ အရှိန်မြင့်ပြီး တော်လှန်ရေး အားကောင်းလာတာကြောင့်ပါတီနိုင်ငံရေးကို ပြည်သူတွေ ယုံကြည်မှုအားနည်းလာတယ်လို့လည်းကျောက်ဖြူမြို့နယ် ပြည်နယ်လွတ်တော်အမတ် ဦးကျော်လွင် ကပြောပါတယ်။

“တော်လှန်ရေး အင်အားကြီးလာရင် ပါတီနိုင်ငံရေး ဆိုတာက ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် တော်လှန်ရေးရဲ့ အောက်ကို ရောက်သွားမှာပဲ။ ဆိုးတာက ဒေါက်တာအေးမောင်လို ခေါင်းဆောင်ကို ဖမ်းပြီးထောင် ချထားလိုက်တော့ နောက်ထပ် ဒေါက်တာအေးမောင်လို လူတွေ မပေါ်လာတော့ဘူး မပေါ်လာတဲ့ အခါကျတော့ ရခိုင်လူမျိုးတွေ အားလုံးကလည်း အားကိုးရာမေ့နေပြီ။ လက်ရှိမှာတော့ ပါတီနိုင်ငံရေးက ပြည်သူက မယုံကြည်ရတဲ့ အဆင့်မျိုးကို ရောက်သွားပြီလို့ မြင်တယ်ဗျာ။”

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အာဏာရှ NLD ပါတီအနေနဲ့ အနိုင်ရဖို့ ခက်တယ်လို့ မှန်းဆထားတဲ့ ပြည်နယ်တွေထဲမှာ ရခိုင်ပြည်နယ်လည်း ပါဝင်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်လွှတ်တော်ဟာ ANP ပါတီကိုယ်စားပြုအမတ်တွေ အများစုဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုလို ANP ပါတီတွင်း အခြေအနေတွေနဲ့ ရခိုင်ပါတီခွဲတွေ ထွက်ပေါ်လာတာ ရွေးကောက်ပွဲ အပေါ်သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ တွက်ဆမှုတွေလည်း ရှိနေပါတယ်။

သက္ႏိုင္/ VOA Burmese
https://burmese.voanews.com
ANP ႏုတ္ထြက္ခြင့္မေပးလို႔ ရခိုင္အမတ္ေတြကိုယ္စားျပဳမႈ ရႈပ္ေထြး ANP ႏုတ္ထြက္ခြင့္မေပးလို႔ ရခိုင္အမတ္ေတြကိုယ္စားျပဳမႈ ရႈပ္ေထြး Reviewed by THITHTOOLWIN on 01:02 Rating: 5
Powered by Blogger.