ဗစ္တိုးရီးယားအမႈ - နစ္နာသူ မိသားစုကို ကူညီေနတဲ့ ေဒါက္တာဝင္းကိုကိုသိန္းနဲ႔ အင္တာဗ်ဴး

ကေလးရဲ႕ နစ္နာမႈႀကီးလို႔ အမွန္တရား ေပၚမွကို ရမယ္လို႔ မိသားစုကို ကူညီေနတဲ့ ေဒါက္တာဝင္းကိုကိုသိန္းေျပာ
(Zawgyi)⤵⤵⤵
ဗစ္တိုးရီးယားအမႈလို႔ လူအမ်ားေခၚေဝၚၾကတဲ့ အမႈမွာ ၁၃ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းအၿပီး သံသယ တရားခံကို တရား႐ုံးက တရားရွင္လႊတ္လိုက္အၿပီး အမႈကို မိသားစုက တုံ႔ျပန္ခ်က္နဲ႔ ေရွ႕ဆက္ ဘယ္လိုေဆာင္႐ြက္မလဲ ဆိုတာကို မိသားစုကို အကူအညီေပးေနတဲ့ ေဒါက္တာဝင္းကိုကိုသိန္းကို ဘီဘီစီက သီးသန္႔ေမးျမန္းထားတာကို ေဖာ္ျပလိုက္ပါတယ္။

ဘီဘီစီ - ေဒါက္တာ ဝင္းကိုကိုသိန္းအေနနဲ႔ မိသားစုဘက္မွာ အနီးကပ္ေနၿပီး ဒီအမႈ ျဖစ္စဥ္တစ္ခုလုံးမွာ ပါဝင္ခဲ့သူအေနနဲ႔ ဆိုရင္ တရားရွင္လႊတ္ၿပီး ေနာက္ပိုင္း အေျခအေန၊ မိသားစုဘက္က သေဘာထား တုံ႔ျပန္ခ်က္၊ ေရွ႕အလားအလာ ေဆာင္႐ြက္ခ်က္ေတြက ဘာေတြ ရွိပါလဲ။

ေဒါက္တာဝင္းကိုကိုသိန္း - တရားရွင္ လႊတ္လိုက္တယ္ ဆိုတာ ကြၽန္ေတာ္တို႔ မေမွ်ာ္လင့္ထားဘူးေပါ့ေနာ္၊ လုံးဝ ေရွာ့ခ္ရသြားတာ၊ ေရွာ့ခ္ရသြားတာ ဆိုတာ ကြၽန္ေတာ္တို႔က ကိုေအာင္ႀကီး လြတ္တာကို ဝမ္းမသာလို႔ မဟုတ္ဘူးေပါ့ေလ။

ဆိုလိုတာ ကြၽန္ေတာ္တို႔မွာက ဒီတရား႐ုံး လမ္းစဥ္ေပၚမွာ ေရာက္ေနတဲ့အတြက္ေၾကာင့္ တရား႐ုံးလမ္းစဥ္နဲ႔ ကြၽန္ေတာ္တို႔က ဆက္သြားေနရတာကိုး၊ တရား႐ုံးလမ္းစဥ္နဲ႔ ဆက္သြားေနတာ၊ တရားရွင္ လႊတ္လိုက္တဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔မွာ ဘာလုပ္ရမွန္းမသိေတာ့ဘူး။ လုပ္စရာ မရွိေတာ့ဘူး။ တင္စရာလည္း မရွိေတာ့ဘူး။ အဲလို ျဖစ္ေနတယ္။

အဲလို ျဖစ္တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ တိုင္ပင္ၾကတယ္ေပါ့ေနာ္။ ဆရာမ ေဒၚ႐ြက္ႏုေအာင္တို႔နဲ႔ တိုင္ပင္ၾကတယ္။ ဘာသေဘာရလဲ ဆိုရင္ ဒီျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ရဲ႕ သတင္းစာ ရွင္းလင္းပြဲကို အစအဆုံး ေစာင့္ၾကည့္မယ္။ သူတို႔ေတြ ဘယ္လိုမ်ား တာဝန္ယူမႈ တာဝန္ခံမႈ ရွိမလဲ ဆိုၿပီးေတာ့ ဒီလိုပဲ ဆုံးျဖတ္ခဲ့ၾကပါတယ္။

ဘီဘီစီ - ဒီဇင္ဘာ ၁၉ ရက္ ေန႔ခင္းပိုင္းမွာ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က သတင္းစာ ရွင္းလင္းပြဲ လုပ္တယ္ေပါ့ေလ။ သူတို႔ရဲ႕ တရားဝင္ page ျဖစ္တဲ့ ရဲဇာနည္ကလည္း ဒီဟာကို live တင္ဆက္တယ္ေပါ့။ ဒီေတာ့ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္ပဲ ေျပာပါေတာ့။ သတင္းစာ ရွင္းလင္းပြဲပါ အခ်က္ေတြနဲ႔ ဆိုရင္ မိသားစုဘက္က ဘယ္လို သေဘာထားရွိသလဲ။

ေဒါက္တာဝင္းကိုကိုသိန္း- ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္ကို ကြၽန္ေတာ္တို႔ နားလည္လိုက္တာက သူတို႔က ဥပေဒအတိုင္း ဆက္သြားမယ္ေပါ့ေနာ္။ ဥပေဒအတိုင္း ဆက္သြားမယ္ ဆိုတာက သူတို႔က ဒီခုနေျပာသလို ခ႐ိုင္တရား႐ုံးမွာ ကိုေအာင္ႀကီးကို တရားစြဲဆိုထားတာကို သူတို႔အေနနဲ႔ ေစာလြန္းတယ္ ထင္တယ္။

ဥပေဒအတိုင္း ဆက္သြားမယ္ ဆိုတာက ဒါကို တိုင္းတရား႐ုံးမွာ ဆက္ၿပီးေတာ့မွ ကိုေအာင္ႀကီးကို အျပစ္ခ်ဖို႔အတြက္ပဲ ဆက္သြားဖို႔ရာ အတြက္ သူတို႔ ေျပာတယ္လို႔ နားလည္တယ္။

တကယ္လို႔ တိုင္းတရား႐ုံးက ေနၿပီးကာမွ ဒါကို ေစာေစာကအတိုင္းပဲ ၄ ၊ ၅ ၊ ၇ လေလာက္ ၾကာၿပီးမွ ပယ္ခ်လိုက္ျပန္လို႔ ရွိရင္လည္း သူက ခုနေျပာသလို ဗဟိုထိ ဆက္ၿပီးကာမွ သြားမယ္ေပါ့ေနာ္။ ဗဟိုထိ ဆက္သြားတယ္ ဆိုတာက သူတို႔ အမွန္တရားအတြက္ သြားတာ မဟုတ္ဘူး။

သူတို႔ကေတာ့ ကိုေအာင္ႀကီးကို ဆက္လက္ အျပစ္ခ်ေရးအတြက္ပဲ ဆက္သြားၾကမယ္လို႔ ကြၽန္ေတာ္တို႔က ဒီလိုပဲ နားလည္တယ္။

ဘီဘီစီ - အဲေတာ့ အခ်ိန္ကာလနဲ႔ ဆိုရင္ေတာ့ ဒီေနာက္ထပ္ ၆ လ၊ ၇ လ ေလာက္ၾကာႏိုင္ေသးတဲ့ အေနအထား၊ ၿပီးခဲ့တုန္းကလည္း ၆ လေလာက္ ၾကာခဲ့ၿပီေပါ့ေလ။ အဲေတာ့ မိသားစုက ဒီ ၆ လေလာက္ ၾကာတာ ဆိုရင္ကို ဘယ္လိုမ်ိဳး ေက်ာ္ျဖတ္ခဲ့လဲ။ သူတို႔မိသားစုမွာ အခက္အခဲ ဘယ္ေလာက္ ႀကဳံေနရလဲ။

ေဒါက္တာဝင္းကိုကိုသိန္း- ဟာ အခက္အခဲကေတာ့ ႀကဳံတာေပါ့ဗ်ာ။ အခက္အခဲ ႀကဳံတယ္ ဆိုတာက အထူးသျဖင့္ေပါ့ေနာ္။ သမီးေလးရဲ႕ ေမေမက ေတာ္ေတာ္ေလး စိတ္ထား ႏူးညံ့တယ္ေပါ့ေနာ္။ သူက ေန႔တိုင္းဆိုသလို မ်က္ရည္နဲ႔ မ်က္ခြက္ ျဖစ္ေနတာ။

ဒီေန႔က ဒီလိုမ်ိဳး ျဖစ္သြားလဲ ဆိုေတာ့ ငါတို႔အတြက္ အမွန္တရား ေပၚပါေတာ့မလား။ ျဖစ္ၿပီးတဲ့အခါ ေတာက္ေလွ်ာက္ ငိုတယ္။ ငိုေနတဲ့အျပင္ ဒီေန႔က်ေတာ့လည္း ခုနက ရဲဇာနည္ page မွာ သူတို႔က လိုက္ဗ္လႊင့္ေတာ့လည္း သမီးေလး နာမည္ပါလာတယ္။ ေမေမ့နာမည္ ပါလာတယ္ေပါ့ေနာ္။ ေနာက္တစ္ခုက document ေတြ ထုတ္တဲ့ေနရာမွာလည္း မိသားစုရဲ႕ ဟိုဟာေတြပါ ပါလာတယ္။

ပါလာေတာ့ ကြၽန္ေတာ္တို႔မွာ ဒီမိသားစုေလးကို ဒီသမီးေလး အနာဂတ္အတြက္ စိုးရိမ္လို႔ ဆိုၿပီး ကြၽန္ေတာ္တို႔က ပိုးေမြးသလို ဥၿပီးကာမွ မီဒီယာကအစ ဒီဟာကို ကာကြယ္ၿပီး ျပည္သူေတြက ကာကြယ္ၿပီး ဥထားခဲ့တဲ့ နာမည္ေလးကို ခုနက ေျပာသလို သူ႔အနာဂတ္ေရွ႕ေရးကို သူက ဖ်က္ခ်လိုက္ၿပီး ေဖာ္ျပပစ္လိုက္တယ္။ ဒီဟာကိုက်ေတာ့ ကြၽန္ေတာ္တို႔မွာ ေတာ္ေတာ္ ခံစားရတယ္။

ခံစားရတယ္ ဆိုတာက ဒီ ၆ လ၊ ၇ လ ျဖတ္သန္းတဲ့ကိစၥေတာင္မွ ကြၽန္ေတာ္တို႔မွာေလ ေတာ္ေတာ္ႀကီးကို ခက္ခဲပါတယ္။ ခက္ခက္ခဲခဲ ျဖတ္သန္းခဲ့ရတာ။ မိသားစုဆို ေျပာမေနနဲ႔။

ဒီသာမန္ ႐ုံးဝန္ထမ္းေလး ႏွစ္ဦးဟာ လစာမဲ့ ခြင့္ယူၿပီးကာမွ ဒီတိုင္း ျဖတ္သန္းေနရတဲ့ အခ်ိန္မွာ ကြၽန္ေတာ္တို႔ ဒီသမီးေလးအတြက္ ဆိုၿပီး အလႉခံထားတဲ့ ပိုက္ဆံကိုလည္း ကြၽန္ေတာ္တို႔က ခုနေျပာသလို ဒီျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ကပဲ ကြၽန္ေတာ္ အလႉခံတာကို မသမာမႈ ရွိလို႔ရွိရင္ အေရးယူပါ့မယ္ ေျပာေတာ့ ကြၽန္ေတာ့္မွာ ဒီပိုက္ဆံကို မထုတ္ရဲဘဲ ဒီတိုင္းပဲ ငုံ႔ခံထားၿပီးကာမွ သူတို႔ကို ဒီတိုင္းပဲ ႐ုန္းကန္သြားလာၿပီးေတာ့ ေနရတဲ့အခ်ိန္မွာ ဒီ ၆ လေလာက္ကို ျဖတ္သန္းရတာက တကယ့္ကို သူတို႔အစား ကြၽန္ေတာ္ သိပါတယ္။

သူတို႔ ဒါအတြက္ ဒါ ငရဲတမွ်ေပါ့ေနာ္။ ဒါကို ေနာက္ထပ္ တိုင္းတက္ေတာ့ ေနာက္ထပ္ ၆ လ သြားဦးမယ္။ ဗဟို တက္ေတာ့လည္း ၇ လ၊ ၈ လ သြားဦးမယ္ ဆိုေတာ့ ဒါသူတို႔အတြက္ ခံႏိုင္ရည္ မရွိေအာင္ လုပ္ပစ္လိုက္တာ အဲလိုမ်ိဳး ခံစားရတယ္။
အသက္ ၃ ႏွစ္ေအာက္ မိန္းကေလးငယ္ အဓမၼ ျပဳက်င့္ခံရတယ္ဆိုတဲ့ အမႈမွာ တရားမွ်တမႈ ရွိဖို႔ အမ်ားျပည္သူဆႏၵျပ

ဘီဘီစီ - ဟုတ္ကဲ့ခင္ဗ် ေနာက္ဆုံးျဖစ္စဥ္ကေတာ့ ဒီရဲဇာနည္ page ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲ႕ တရားဝင္ ရဲဇာနည္ page ကေနၿပီးေတာ့ ဒီသက္ေသ အေထာက္အထားမ်ား ဆိုၿပီးေတာ့ တင္တဲ့ဟာေတြမွာ အလုပ္အကိုင္ေတြ၊ နာမည္ေတြေပါ့ေလ။ ဗစ္တိုးရီးယား မိသားစုရဲ႕ အလုပ္အကိုင္ေတြ၊ နာမည္ေတြ အတိအက် ပါခဲ့တဲ့ အေပၚမွာ ဆိုရင္ ဘယ္လို တုံ႔ျပန္သြားဖို႔ ရွိလဲဗ်။

ေဒါက္တာဝင္းကိုကိုသိန္း- ကြၽန္ေတာ္တို႔က ဒါလူ႔က်င့္ဝတ္ သိကၡာ အရ ျမန္မာႏိုင္ငံရဲ႕ ဆက္တင္ အေနအထားအရ ဒါေလးကို အနာဂတ္၊ ဒီ ၃ ႏွစ္ ကေလးမေလးအတြက္ အသာဖုံးအုပ္ထားတာ၊ ေၾကာက္လို႔ မဟုတ္ဘူး။ ဘာမွ ေၾကာက္စရာအေၾကာင္းမွ မရွိဘူး။

အခု ကြၽန္ေတာ္တို႔ကို ဖြင့္ၿပီး ဒီလိုလုပ္ခ်င္ရင္ ကြၽန္ေတာ္တို႔က ဖြင့္သြား႐ုံပဲ ရွိတယ္။ ဒါသည္ ခုနေျပာသလို တရားဥပေဒနဲ႔ ၿငိစြန္းမႈ ရွိသလား၊ အထူးသျဖင့္ ကေလးသူငယ္ အခြင့္အေရး ဥပေဒနဲ႔ ၿငိစြန္းမႈ ရွိသလား၊ ကြၽန္ေတာ္တို႔ တိုင္ပင္မယ္။ တိုင္ပင္ၿပီးကာမွ ဒါနဲ႔ပတ္သက္လို႔ ကြၽန္ေတာ္တို႔ ဆက္လုပ္စရာ ရွိတာကို ဆက္လုပ္သြားမယ္။

ဒီလိုမ်ိဳး လုပ္လို႔ ကြၽန္ေတာ္တို႔မွာ ေၾကာက္သြားၿပီး ေနာက္ဆုတ္သြားမယ္လို႔ ဘယ္ေတာ့မွ သည္းမခံႏိုင္ဘူး။ ဒါမ်ိဳး လုပ္လို႔ ကြၽန္ေတာ္တို႔ မရဘူး။ ကြၽန္ေတာ္တို႔သည္ ဘယ္မွာ ေနရ ေနရဗ်ာ။ ကြၽန္ေတာ္ပါ လိုက္ၿပီးကာမွ ေစာင့္ေရွာက္ရ ေစာင့္ေရွာက္ရ ဒီမိသားစုေလးကို ရသမွ် ကြၽန္ေတာ္ ကာကြယ္မယ္။

ကြၽန္ေတာ္ ဝင္လာခဲ့တာ ဒီမိသားစုေပၚမွာ ကြၽန္ေတာ္ ဒီသမီးေလးကို ေနာက္ထပ္ ထိခိုက္မႈ မျဖစ္ပါေစနဲ႔ ဆိုၿပီး ဝင္လာခဲ့တာ၊ တတ္ႏိုင္သမွ်လည္း ကြၽန္ေတာ္ မီဒီယာကို ကြၽန္ေတာ္ အုပ္ဆိုင္းခိုင္းတယ္။ ျပည္သူကလည္း အုပ္ဆိုင္းေပးတယ္။ ဒီလို အုပ္ဆိုင္းေပးထားတဲ့ ၾကားထဲက ဒီလိုမ်ိဳး လုပ္ခ်လိုက္တာသည္ ကြၽန္ေတာ္တို႔အတြက္ကေတာ့ ဘာဘဲေျပာေျပာ မင္းတို႔ ဆက္လုပ္ရင္ ဒီလိုမ်ိဳး ျဖစ္မယ္ ဆိုတာမ်ိဳး လုပ္လိုက္တာပဲလို႔ ခံစားရတယ္။

အဲေတာ့ ကြၽန္ေတာ္တို႔သည္ ဥပေဒကို ေက်ာ္ၿပီး ဘာမွ မလုပ္ဘူး။ ဥပေဒေဘာင္ထဲကပဲ ရေအာင္ လုပ္မယ္။ ကြၽန္ေတာ္ အဲလိုပဲ ခံယူတယ္။
 လူမႈကြန္ရက္ေပၚမွာ ေဝဖန္မႈေတြလည္း ျမင့္တက္ခဲ့တဲ့အမႈျဖစ္

ဘီဘီစီ - အမႈျဖစ္စဥ္ တစ္ခုလုံးကို ျပန္ၾကည့္မယ္ ဆိုရင္ တရားလိုျပ သက္ေသေတြ ထြက္သြားတာ ၁၉ ေယာက္ ရွိတယ္ေပါ့။ အဲဒီ ၁၉ ေယာက္ ထြက္သြားၿပီးတဲ့ ေနာက္ပိုင္းမွာ ဒီသံသယ တရားခံကို စြပ္စြဲေလာက္ေအာင္ မရွိဘူး ဆိုၿပီး လြတ္သြားတယ္ေပါ့ေလ။

ဒီအေနအထားကေရာ ဘယ္လိုေၾကာင့္ ဥပမာ တရားလိုဘက္က တင္ျပတာေတြရဲ႕ အားနည္းခ်က္ေၾကာင့္လား။ ဘယ္လို အေနအထားေတြေၾကာင့္ ပစၥည္း၊ လူ အဲဒီလို သက္ေသေတြ ဘယ္လို အားနည္းခ်က္ေတြ ရွိလို႔ အမႈ႐ုပ္လုံးက ေပၚမလာေသးတာလဲဗ်။

ေဒါက္တာဝင္းကိုကိုသိန္း- ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာက်ေတာ့ တရားလိုနဲ႔ တရားခံ ဆိုတာ ေတာ္ေတာ္ ေရာတယ္ေပါ့ေနာ္။ သမီးေလးသည္ တကယ္တန္းက်ေတာ့ သမီးေလးနဲ႔ သူ႔ရဲ႕ မိသားစုသည္ နစ္နာသူ၊ နစ္နာတဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔က ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ကို တိုင္ၾကားတယ္။

အဲေတာ့ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က ခုနေျပာသလို အစိုးရက တရားလို လုပ္ၿပီး တိုင္ၾကားတယ္။ အဲေတာ့ တရားလိုသည္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ျဖစ္သြားတာေပါ့ေနာ္။

အဲဒီလို အခ်ိန္မွာ ဆိုလို႔ရွိရင္ တရားလိုဘက္က တရားလိုျပ သက္ေသေတြ သြင္းရတယ္။ ပစၥည္းသက္ေသ၊ လူသက္ေသ သြင္းရတယ္။ အဲေတာ့ ပစၥည္းသက္ေသ ေနရာမွာလည္း ေျပာစရာေတြ ရွိတယ္။ လူသက္ေသေနရာမွာကို ေျပာစရာရွိတယ္။

ဥပမာ လူသက္ေသအားျဖင့္ဆိုရင္ သမီးေလး မိသားစု သက္ေသေခၚတာ ရွိတယ္။ ေနာက္ၿပီးေတာ့ သူတို႔က သက္ေသ ဆိုၿပီးေတာ့ Wisdom Hill ေက်ာင္းဘက္က လူေတြကို ထည့္တာ ရွိတယ္။

ဟုတ္ၿပီ။ သူတို႔က တရားလိုအတြက္က သက္ေသခံမယ့္သူေတြ ကိုယ္တိုင္က သူတို႔ေျပာထားတဲ့ ေအာင္ႀကီးနဲ႔ မကိုက္ညီေအာင္ သက္ေသ ထြက္ခ်က္ေတြ ေပးေနၾကတယ္။

ေက်ာင္းဘက္က ဆရာဆရာမေတြ အားလုံးက ေအာင္ႀကီး မျဖစ္ႏိုင္ပါဘူး၊ ေအာင္ႀကီးလည္း ဘယ္မွ မဝင္ပါဘူး ဆိုၿပီး ေျပာေနတယ္။ ဒါဆိုရင္ သူတို႔ကို တရားလိုျပ သက္ေသအျဖစ္ ဘာလို႔ ထည့္တာလဲ ဘာရည္႐ြယ္ခ်က္နဲ႔ ထည့္တာလဲ။ ဒါက လူသက္ေသေတြေပါ့။

ေနာက္တစ္ခုက ပစၥည္းသက္ေသေတြ ၾကည့္ရေအာင္၊ ပစၥည္း သက္ေသေတြမွာလည္း လိုအပ္ခ်က္ေတြ အမ်ားႀကီး ရွိတယ္။ ဥပမာအားျဖင့္ ကြၽန္ေတာ္တို႔က ဒီ memory stick နဲ႔ ထည့္ေပးလိုက္တဲ့ ဖိုင္ ၁၁ဖိုင္ ရွိတယ္။ အဲ ၁၁ ဖိုင္ထဲက file name ေတြ၊ ဖိုင္နံမည္ေတြက ၾကည့္လိုက္႐ုံနဲ႔ပဲ ဖိုင္ရဲ႕ အခ်ိန္ကာလ၊ file length ကို သိလို႔ ရတယ္။

အဲမွာ ဆိုလို႔ ရွိရင္ ၁၂ နာရီထိုးကာလမွာ file name အေနနဲ႔က တစ္နာရီစာ ရွိတယ္။ file length ကက်ေတာ့ ၄၉ မိနစ္ပဲ ရွိတယ္။ ဒီလိုမ်ိဳး သာမန္လူ တစ္ေယာက္ရဲ႕ မ်က္စိနဲ႔ ၾကည့္လိုက္ရင္ကို သိသာေနတဲ့ ဟာႀကီးကို သူတို႔က လႊတ္ေပးၿပီးကာမွ ဒါသည္ သက္ေသပါ ဆိုၿပီး တင္လိုက္တယ္။

CCTV မွတ္တမ္း အျပည့္အစုံ ရပါတယ္ ဆိုၿပီး တင္လိုက္တယ္။ ဒါတစ္ခ်က္ ရွိတယ္။ ေနာက္တစ္ခုက ကြၽန္ေတာ္တို႔ သမီးေလး၊ သမီးေလးကို လုပ္တာ ဒီကိုကိုပါ ဆိုၿပီးေတာ့ ေအာင္ႀကီးကို လက္ညႇိဳးထိုးျပတယ္။ မွန္တယ္။

ကြၽန္ေတာ္တို႔ ဘယ္တုန္းကမွ မျငင္းခဲ့ဘူးေနာ္။ ဒါေပမဲ့ အဲဒါကို ရဲခ်ဳပ္ ေအာင္ႏိုင္သူကေန ၿပီးကာမွ ဒါကို သက္ေသခံ တင္သြင္းမယ္ ဆိုၿပီးကာမွ အဲဒီဗီဒီယိုဖိုင္ ပါမလာဘူး။ ပါမလာဘဲနဲ႔ ဘာပဲ ပါလာလဲ ဆိုေတာ့ မီးမီးရဲ႕ ဖင္ဘု၊ ဒီေနရာကို ဆိတ္တာပါ ဆိုၿပီးေတာ့ သူ႔ကိုယ္သူ ၫႊန္ျပတဲ့ အပိုင္းကိုပဲ ေအာင္ႀကီးကို ၫႊန္ျပတဲ့ ဖိုင္ပါ ဆိုၿပီးတင္လိုက္တယ္။

ဆိုလိုတာက တကယ္တမ္း သက္ေသခံ ဝင္ၿပီးကာမွ တရား႐ုံးမွာ စစ္ေဆးၾကည့္လိုက္တဲ့ အခါက်ေတာ့ ဒီဖိုင္ဟာ ေအာင္ႀကီးက ဒီသမီးေလးကို လုပ္တာ။ ဒီ ကိုကိုပါ ဆိုၿပီးေတာ့ ေအာင္ႀကီးကို ၫႊန္ျပတဲ့ ဖိုင္မဟုတ္ေတာ့ဘူး။ အဲေတာ့ ေအာင္ႀကီးကို ၫႊန္ျပခ်က္သည္ သက္ေသခံထဲမွာ ဘာမွ ပါမလာဘူး။ မီးမီးရဲ႕ ဖင္ဘု ဒီေနရာကို ဆိတ္တာပါ ဆိုတဲ့ ဖိုင္ကိုပဲ သူတို႔က သက္ေသခံ ဆိုၿပီး ထည့္လႊတ္လိုက္တာ။

အဲေတာ့ ပစၥည္းသက္ေသ၊ လူသက္ေသ ေနရာေတြပါ၊ ပစၥည္းသက္ေသကလည္း လိုအပ္ခ်က္ေတြ အမ်ားႀကီး ရွိတယ္၊ Hard Disk ကို မသြင္းခဲ့တာေတြ ရွိတယ္။ အဲေတာ့ တရားရွင္ လႊတ္လိုက္တာသည္ ဘာပဲေျပာေျပာ မမွားဘူးလို႔ေတာင္ ေျပာလို႔ရတယ္။

ေအာင္ႀကီး အတြက္ ေအာင္ႀကီး ျဖစ္ႏိုင္ပါတယ္ ဆိုတဲ့ ခိုင္လုံေသာ အေထာက္အထားသည္ ေတာ္ေတာ့္ကို weak ျဖစ္သြားတယ္။ အဲလိုပဲ သြားတဲ့အတြက္ ေအာင္ႀကီးကို တရားရွင္ လႊတ္လိုက္တယ္လို႔ပဲ ယူဆပါတယ္။

ဘီဘီစီ - ဒါကိုပဲ ဆက္ၿပီးေတာ့ ဥပေဒ အရာရွိဘက္က ျဖစ္ျဖစ္ ရဲဘက္က ျဖစ္ျဖစ္ အထက္တရား႐ုံးကို တက္မယ္ဆိုတဲ့ သေဘာလားဗ်။

ေဒါက္တာဝင္းကိုကိုသိန္း - ဟုတ္ကဲ့။ အဲလို ဆက္တက္မယ္ဆိုလို႔ရွိရင္ သူက ဘာလဲ ဆိုေတာ့ အမွန္တရား ရွာဖို႔မဟုတ္ဘူး။ ေအာင္ႀကီးကို ဆက္လက္ၿပီးေတာ့ အျပစ္ေပးဖို႔အတြက္ သူတို႔က တိုင္း႐ုံးကို ဆက္တက္မယ္ဆိုတဲ့ ကြၽန္ေတာ္တို႔ ဒီလို နားလည္လိုက္တယ္။

ဘီဘီစီ - အဲဒီအခ်ိန္မွာေရာ ဒီမိသားစုဘက္က တစ္စုံတစ္ရာ ေတာင္းဆိုခြင့္ ေတာင္းဆိုမႈ ဟိုတစ္ေန႔က တင္တဲ့ ဒီအန္ေအ သက္ေသ ျပန္စစ္ေပးဖို႔တို႔ ဘာတို႔ မိသားစုဘက္က တင္ခဲ့တဲ့ဟာေတြကေရာ ဘယ္လို အေျခအေနရွိၿပီလဲ။ ဘယ္တရား႐ုံးမွာ ဆက္စစ္ၾကမလဲ။

ေဒါက္တာဝင္းကိုကိုသိန္း - ကြၽန္ေတာ္တို႔က အမွန္တရားေပၚဖို႔ ဆိုရင္ သူတို႔ဆက္သြားတယ္ဆိုလို႔ရွိရင္ ကြၽန္ေတာ္တို႔က ဒီအန္ေအ စစ္ဖို႔ ေတာင္းဆိုေပးမွာပဲ။ အဲဒါေအာင္ႀကီးကို အျပစ္က်ေစခ်င္လို႔ မဟုတ္ဘူး။ အမွန္တရားေပၚဖို႔အတြက္ ဘယ္လမ္းေၾကာင္းရွိမလဲ။ ရွိတဲ့ လမ္းေၾကာင္းက ကြၽန္ေတာ္တို႔လိုက္မယ္။

ဘီဘီစီ - အဲေတာ့ ဒကၡိဏ ခ႐ိုင္တရား႐ုံးမွာ တင္ထားတဲ့ ဒီအန္ေအ ကိစၥတို႔ကေရာ ဘယ္အဆင့္ကို ဆက္ေရာက္သြားမွာလဲ။ သူက အဲဒီမွာပဲ ဆက္ၾကားနာမွာလား။

ေဒါက္တာဝင္းကိုကိုသိန္း - အဲဒါေတာ့ ကြၽန္ေတာ္တို႔ မေျပာတတ္ဘူး။ ကြၽန္ေတာ္တို႔သိတာ ဒီအန္ေအ ရႏိုင္ေသာေနရာ ႏွစ္ေနရာ ရွိခဲ့တယ္။ သမီးေလးရဲ႕ ေဘာင္းဘီအျပာမွာ ရွိခဲ့တယ္။ ေနာက္တစ္ခုက သမီးေလးရဲ႕ ခႏၶာကိုယ္ထဲက အရည္ကို မွန္ျပားေပၚမွာ တင္စစ္တာမွာ ရွိခဲ့တယ္။ ေဘာင္းဘီကဟာသည္ ပ်က္သြားပါၿပီဆိုၿပီး သူတို႔ တရားဝင္ထြက္တယ္။

မွန္ျပားေပၚမွာ တင္ထားတဲ့ဟာသည္ သမီးေလးရဲ႕ ဒီအန္ေအေရာရွိတယ္။ က်ဴးလြန္သူရဲ႕ ဒီအန္ေအေရာရွိတယ္။ တကယ္လို႔ မွန္ျပားပ်က္သြားၿပီးဆိုလို႔ရွိရင္လည္း ကြၽန္ေတာ္တို႔ကို အပ်က္ေပး။ အဲဒီအပ်က္ထဲမွာ သမီးေလးရဲ႕ ဒီအန္ေအပါမပါ စစ္လိုက္မယ္။

စစ္လိုက္လို႔ရွိရင္ သမီးေလးရဲ႕ဒီအန္ေအ ပါတယ္ဆိုလို႔ရွိရင္ က်ဴးလြန္သူရဲ႕ ဒီအန္ေအကို ကြၽန္ေတာ္တို႔က ႏိုင္ငံျခားပို႔စစ္မယ္။ ဒါက ကြၽန္ေတာ္တို႔ လိုခ်င္တဲ့ ဆႏၵ။ ကြၽန္ေတာ္တို႔ လိုခ်င္တဲ့ ဆႏၵဆိုတာက ျပည္သူသိခ်င္တဲ့ဆႏၵ။ ကြၽန္ေတာ္တို႔သည္ ဘာကိုမွ ဥပေဒကို ေက်ာ္လုပ္တာမဟုတ္ဘူး။ အမွန္တရားေပၚဖို႔ ႏိုင္ငံျခားပို႔ရမယ္ဆိုလည္း ပို႔စစ္မယ္။

ဘီဘီစီ - လြန္ခဲ့တဲ့ရက္ပိုင္းက မိသားစုက တင္ခဲ့တဲ့ ဒီအန္ေအ ျပန္စစ္ဖို႔၊ ႏိုင္ငံျခားပို႔ဖို႔ ကိစၥေတြကေရာ ဥပေဒ အရာရွိကတဆင့္ ဘယ္လို ဆက္လက္ေဆာင္႐ြက္မယ္ဆိုတာေတြ သိထားတာရွိလား။

ေဒါက္တာဝင္းကိုကိုသိန္း - ကြၽန္ေတာ္တို႔ကို စေျပာကတည္းက ဥပေဒ အရာရွိက တုံ႔ျပန္မႈ မေပးခဲ့ဘူးေပါ့ေနာ္။ ေနာက္တစ္ခု လမ္းေပ်ာက္တယ္ဆိုတာ အဲဒါေျပာတာ။

ကြၽန္ေတာ္တို႔က အဲဒါကို မတင္လို႔ရွိရင္ ကြၽန္ေတာ္တို႔မွာက ေတာင္းဆိုပိုင္ခြင့္ ရွိေသးတယ္။ အခုဟာက တရားရွင္လႊတ္လိုက္တဲ့ေနာက္မွာ သူတို႔ဘာဆက္လုပ္မလဲ မသိေတာ့ဘူး။

အဲေတာ့ ဒီဟာႀကီးသည္ ဒီတိုင္းႀကီး တန္းလန္းႀကီး ျဖစ္သြားတာပဲ။

 ေမလ ၁၆ ရက္ ကေလး လိင္မတရားက်င့္ခံခဲ့ရတယ္ဆိုတာ စစ္ေဆးေတြ႕ခဲ့ရတယ္လို႔ တိုင္ၾကားထား
ဘီဘီစီ - အဲေတာ့ ဒီအန္ေအ စစ္ဖို႔ ဘာဖို႔ ရဲကေတာ့ ျပန္လုပ္ေကာင္းလုပ္မယ္။ ကိုယ့္ေတာင္းဆိုခ်က္ အေနနဲ႔ လုပ္တာေတာ့ မဟုတ္ဘူးေပါ့။

ေဒါက္တာဝင္းကိုကိုသိန္း - ကြၽန္ေတာ္တို႔က ဘာမွ ေတာင္းဆိုလို႔ မရေတာ့ဘူးေပါ့။ ဘာလို႔လဲဆိုေတာ့ တရားခြင္လည္း မရွိေတာ့ဘူး။ အဲလိုျဖစ္သြားတယ္။

ဘီဘီစီ - မိသားစုဘက္ကေတာ့ ကူညီေဆာင္႐ြက္ေပးေနတဲ့ အဖြဲ႕ေတာ့ ဆက္ရွိေနတယ္။ အဲဒီေရွ႕ေနနဲ႔ေတာ့ တိုင္ပင္မႈေတြ ဆက္ရွိေနတယ္။

ေဒါက္တာဝင္းကိုကိုသိန္း - ရွိေနပါတယ္။ ကြၽန္ေတာ္တို႔ ဆက္ရွိေနတယ္။

ဘီဘီစီ - တျခားေရွ႕အနာဂတ္မွာေပါ့ေလ၊ သမီးရဲ႕ ေရွ႕ေရးေရာ၊ အမွန္တရား ေဖာ္ထုတ္ေရးေရာ အၾကမ္းဖ်င္းျပင္ဆင္ထားတာ အခုခ်ိန္မွာ ေျပာႏိုင္သေလာက္ဆိုရင္ ဘာေတြရွိသလဲ။

ေဒါက္တာဝင္းကိုကိုသိန္း - ကြၽန္ေတာ္တို႔က အမွန္တရား ရဖို႔အတြက္ဆိုရင္ေတာ့ ရႏိုင္တဲ့ အင္အားယူမွာပဲ။ ကူညီႏိုင္တဲ့သူ ကူညီၾကပါလို႔ ေျပာတာပဲ။

ဘာလို႔တုန္းဆို ကြၽန္ေတာ္တို႔က သမီးေလးရဲ႕ နစ္နာမႈက ေတာ္ေတာ္ေလးႀကီးသြားတဲ့အတြက္ေၾကာင့္ ဒီဟာသည္ အမွန္တရား ေပၚမွကို ရမယ္။

မေပၚမခ်င္း ကြၽန္ေတာ္တို႔ ေရွ႕ဆက္သြားေနမွာပဲ။ ေရွ႕မွာ ျမင့္မိုရ္ေတာင္ရွိရွိ ဘာရွိရွိ ကြၽန္ေတာ္တို႔ သြားမွာ။

အမွန္တရား ေပၚၿပီးတဲ့ေနာက္မွ ဒီမိသားစုရဲ႕လုံၿခဳံေရး၊ ဒီမိသားစုရဲ႕ဘဝေရွ႕ေရး၊ ဒီမိသားစုရဲ႕ အနာဂတ္ေရးကို စဥ္းစားမယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဗစ်တိုးရီးယားအမှု - နစ်နာသူ မိသားစုကို ကူညီနေတဲ့ ဒေါက်တာဝင်းကိုကိုသိန်းနဲ့ အင်တာဗျူး

Image caption ကလေးရဲ့ နစ်နာမှုကြီးလို့ အမှန်တရား ပေါ်မှကို ရမယ်လို့ မိသားစုကို ကူညီနေတဲ့ ဒေါက်တာဝင်းကိုကိုသိန်းပြော

ဗစ်တိုးရီးယားအမှုလို့ လူအများခေါ်ဝေါ်ကြတဲ့ အမှုမှာ ၁၃ ကြိမ်မြောက် ရုံးချိန်းအပြီး သံသယ တရားခံကို တရားရုံးက တရားရှင်လွှတ်လိုက်အပြီး အမှုကို မိသားစုက တုံ့ပြန်ချက်နဲ့ ရှေ့ဆက် ဘယ်လိုဆောင်ရွက်မလဲ ဆိုတာကို မိသားစုကို အကူအညီပေးနေတဲ့ ဒေါက်တာဝင်းကိုကိုသိန်းကို ဘီဘီစီက သီးသန့်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

ဘီဘီစီ - ဒေါက်တာ ဝင်းကိုကိုသိန်းအနေနဲ့ မိသားစုဘက်မှာ အနီးကပ်နေပြီး ဒီအမှု ဖြစ်စဉ်တစ်ခုလုံးမှာ ပါဝင်ခဲ့သူအနေနဲ့ ဆိုရင် တရားရှင်လွှတ်ပြီး နောက်ပိုင်း အခြေအနေ၊ မိသားစုဘက်က သဘောထား တုံ့ပြန်ချက်၊ ရှေ့အလားအလာ ဆောင်ရွက်ချက်တွေက ဘာတွေ ရှိပါလဲ။

ဒေါက်တာဝင်းကိုကိုသိန်း - တရားရှင် လွှတ်လိုက်တယ် ဆိုတာ ကျွန်တော်တို့ မမျှော်လင့်ထားဘူးပေါ့နော်၊ လုံးဝ ရှော့ခ်ရသွားတာ၊ ရှော့ခ်ရသွားတာ ဆိုတာ ကျွန်တော်တို့က ကိုအောင်ကြီး လွတ်တာကို ဝမ်းမသာလို့ မဟုတ်ဘူးပေါ့လေ။

ဆိုလိုတာ ကျွန်တော်တို့မှာက ဒီတရားရုံး လမ်းစဉ်ပေါ်မှာ ရောက်နေတဲ့အတွက်ကြောင့် တရားရုံးလမ်းစဉ်နဲ့ ကျွန်တော်တို့က ဆက်သွားနေရတာကိုး၊ တရားရုံးလမ်းစဉ်နဲ့ ဆက်သွားနေတာ၊ တရားရှင် လွှတ်လိုက်တဲ့အခါကျတော့ ကျွန်တော်တို့မှာ ဘာလုပ်ရမှန်းမသိတော့ဘူး။ လုပ်စရာ မရှိတော့ဘူး။ တင်စရာလည်း မရှိတော့ဘူး။ အဲလို ဖြစ်နေတယ်။

အဲလို ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ တိုင်ပင်ကြတယ်ပေါ့နော်။ ဆရာမ ဒေါ်ရွက်နုအောင်တို့နဲ့ တိုင်ပင်ကြတယ်။ ဘာသဘောရလဲ ဆိုရင် ဒီမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲကို အစအဆုံး စောင့်ကြည့်မယ်။ သူတို့တွေ ဘယ်လိုများ တာဝန်ယူမှု တာဝန်ခံမှု ရှိမလဲ ဆိုပြီးတော့ ဒီလိုပဲ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဘီဘီစီ - ဒီဇင်ဘာ ၁၉ ရက် နေ့ခင်းပိုင်းမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်ပေါ့လေ။ သူတို့ရဲ့ တရားဝင် page ဖြစ်တဲ့ ရဲဇာနည်ကလည်း ဒီဟာကို live တင်ဆက်တယ်ပေါ့။ ဒီတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ပဲ ပြောပါတော့။ သတင်းစာ ရှင်းလင်းပွဲပါ အချက်တွေနဲ့ ဆိုရင် မိသားစုဘက်က ဘယ်လို သဘောထားရှိသလဲ။

ဒေါက်တာဝင်းကိုကိုသိန်း- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကျွန်တော်တို့ နားလည်လိုက်တာက သူတို့က ဥပဒေအတိုင်း ဆက်သွားမယ်ပေါ့နော်။ ဥပဒေအတိုင်း ဆက်သွားမယ် ဆိုတာက သူတို့က ဒီခုနပြောသလို ခရိုင်တရားရုံးမှာ ကိုအောင်ကြီးကို တရားစွဲဆိုထားတာကို သူတို့အနေနဲ့ စောလွန်းတယ် ထင်တယ်။

ဥပဒေအတိုင်း ဆက်သွားမယ် ဆိုတာက ဒါကို တိုင်းတရားရုံးမှာ ဆက်ပြီးတော့မှ ကိုအောင်ကြီးကို အပြစ်ချဖို့အတွက်ပဲ ဆက်သွားဖို့ရာ အတွက် သူတို့ ပြောတယ်လို့ နားလည်တယ်။

တကယ်လို့ တိုင်းတရားရုံးက နေပြီးကာမှ ဒါကို စောစောကအတိုင်းပဲ ၄ ၊ ၅ ၊ ၇ လလောက် ကြာပြီးမှ ပယ်ချလိုက်ပြန်လို့ ရှိရင်လည်း သူက ခုနပြောသလို ဗဟိုထိ ဆက်ပြီးကာမှ သွားမယ်ပေါ့နော်။ ဗဟိုထိ ဆက်သွားတယ် ဆိုတာက သူတို့ အမှန်တရားအတွက် သွားတာ မဟုတ်ဘူး။

သူတို့ကတော့ ကိုအောင်ကြီးကို ဆက်လက် အပြစ်ချရေးအတွက်ပဲ ဆက်သွားကြမယ်လို့ ကျွန်တော်တို့က ဒီလိုပဲ နားလည်တယ်။

ဘီဘီစီ - အဲတော့ အချိန်ကာလနဲ့ ဆိုရင်တော့ ဒီနောက်ထပ် ၆ လ၊ ၇ လ လောက်ကြာနိုင်သေးတဲ့ အနေအထား၊ ပြီးခဲ့တုန်းကလည်း ၆ လလောက် ကြာခဲ့ပြီပေါ့လေ။ အဲတော့ မိသားစုက ဒီ ၆ လလောက် ကြာတာ ဆိုရင်ကို ဘယ်လိုမျိုး ကျော်ဖြတ်ခဲ့လဲ။ သူတို့မိသားစုမှာ အခက်အခဲ ဘယ်လောက် ကြုံနေရလဲ။

ဒေါက်တာဝင်းကိုကိုသိန်း- ဟာ အခက်အခဲကတော့ ကြုံတာပေါ့ဗျာ။ အခက်အခဲ ကြုံတယ် ဆိုတာက အထူးသဖြင့်ပေါ့နော်။ သမီးလေးရဲ့ မေမေက တော်တော်လေး စိတ်ထား နူးညံ့တယ်ပေါ့နော်။ သူက နေ့တိုင်းဆိုသလို မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေတာ။

ဒီနေ့က ဒီလိုမျိုး ဖြစ်သွားလဲ ဆိုတော့ ငါတို့အတွက် အမှန်တရား ပေါ်ပါတော့မလား။ ဖြစ်ပြီးတဲ့အခါ တောက်လျှောက် ငိုတယ်။ ငိုနေတဲ့အပြင် ဒီနေ့ကျတော့လည်း ခုနက ရဲဇာနည် page မှာ သူတို့က လိုက်ဗ်လွှင့်တော့လည်း သမီးလေး နာမည်ပါလာတယ်။ မေမေ့နာမည် ပါလာတယ်ပေါ့နော်။ နောက်တစ်ခုက document တွေ ထုတ်တဲ့နေရာမှာလည်း မိသားစုရဲ့ ဟိုဟာတွေပါ ပါလာတယ်။

ပါလာတော့ ကျွန်တော်တို့မှာ ဒီမိသားစုလေးကို ဒီသမီးလေး အနာဂတ်အတွက် စိုးရိမ်လို့ ဆိုပြီး ကျွန်တော်တို့က ပိုးမွေးသလို ဥပြီးကာမှ မီဒီယာကအစ ဒီဟာကို ကာကွယ်ပြီး ပြည်သူတွေက ကာကွယ်ပြီး ဥထားခဲ့တဲ့ နာမည်လေးကို ခုနက ပြောသလို သူ့အနာဂတ်ရှေ့ရေးကို သူက ဖျက်ချလိုက်ပြီး ဖော်ပြပစ်လိုက်တယ်။ ဒီဟာကိုကျတော့ ကျွန်တော်တို့မှာ တော်တော် ခံစားရတယ်။

ခံစားရတယ် ဆိုတာက ဒီ ၆ လ၊ ၇ လ ဖြတ်သန်းတဲ့ကိစ္စတောင်မှ ကျွန်တော်တို့မှာလေ တော်တော်ကြီးကို ခက်ခဲပါတယ်။ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတာ။ မိသားစုဆို ပြောမနေနဲ့။

ဒီသာမန် ရုံးဝန်ထမ်းလေး နှစ်ဦးဟာ လစာမဲ့ ခွင့်ယူပြီးကာမှ ဒီတိုင်း ဖြတ်သန်းနေရတဲ့ အချိန်မှာ ကျွန်တော်တို့ ဒီသမီးလေးအတွက် ဆိုပြီး အလှူခံထားတဲ့ ပိုက်ဆံကိုလည်း ကျွန်တော်တို့က ခုနပြောသလို ဒီမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကပဲ ကျွန်တော် အလှူခံတာကို မသမာမှု ရှိလို့ရှိရင် အရေးယူပါ့မယ် ပြောတော့ ကျွန်တော့်မှာ ဒီပိုက်ဆံကို မထုတ်ရဲဘဲ ဒီတိုင်းပဲ ငုံ့ခံထားပြီးကာမှ သူတို့ကို ဒီတိုင်းပဲ ရုန်းကန်သွားလာပြီးတော့ နေရတဲ့အချိန်မှာ ဒီ ၆ လလောက်ကို ဖြတ်သန်းရတာက တကယ့်ကို သူတို့အစား ကျွန်တော် သိပါတယ်။

သူတို့ ဒါအတွက် ဒါ ငရဲတမျှပေါ့နော်။ ဒါကို နောက်ထပ် တိုင်းတက်တော့ နောက်ထပ် ၆ လ သွားဦးမယ်။ ဗဟို တက်တော့လည်း ၇ လ၊ ၈ လ သွားဦးမယ် ဆိုတော့ ဒါသူတို့အတွက် ခံနိုင်ရည် မရှိအောင် လုပ်ပစ်လိုက်တာ အဲလိုမျိုး ခံစားရတယ်။
Image caption အသက် ၃ နှစ်အောက် မိန်းကလေးငယ် အဓမ္မ ပြုကျင့်ခံရတယ်ဆိုတဲ့ အမှုမှာ တရားမျှတမှု ရှိဖို့ အများပြည်သူဆန္ဒပြ

ဘီဘီစီ - ဟုတ်ကဲ့ခင်ဗျ နောက်ဆုံးဖြစ်စဉ်ကတော့ ဒီရဲဇာနည် page မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ တရားဝင် ရဲဇာနည် page ကနေပြီးတော့ ဒီသက်သေ အထောက်အထားများ ဆိုပြီးတော့ တင်တဲ့ဟာတွေမှာ အလုပ်အကိုင်တွေ၊ နာမည်တွေပေါ့လေ။ ဗစ်တိုးရီးယား မိသားစုရဲ့ အလုပ်အကိုင်တွေ၊ နာမည်တွေ အတိအကျ ပါခဲ့တဲ့ အပေါ်မှာ ဆိုရင် ဘယ်လို တုံ့ပြန်သွားဖို့ ရှိလဲဗျ။

ဒေါက်တာဝင်းကိုကိုသိန်း- ကျွန်တော်တို့က ဒါလူ့ကျင့်ဝတ် သိက္ခာ အရ မြန်မာနိုင်ငံရဲ့ ဆက်တင် အနေအထားအရ ဒါလေးကို အနာဂတ်၊ ဒီ ၃ နှစ် ကလေးမလေးအတွက် အသာဖုံးအုပ်ထားတာ၊ ကြောက်လို့ မဟုတ်ဘူး။ ဘာမှ ကြောက်စရာအကြောင်းမှ မရှိဘူး။

အခု ကျွန်တော်တို့ကို ဖွင့်ပြီး ဒီလိုလုပ်ချင်ရင် ကျွန်တော်တို့က ဖွင့်သွားရုံပဲ ရှိတယ်။ ဒါသည် ခုနပြောသလို တရားဥပဒေနဲ့ ငြိစွန်းမှု ရှိသလား၊ အထူးသဖြင့် ကလေးသူငယ် အခွင့်အရေး ဥပဒေနဲ့ ငြိစွန်းမှု ရှိသလား၊ ကျွန်တော်တို့ တိုင်ပင်မယ်။ တိုင်ပင်ပြီးကာမှ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဆက်လုပ်စရာ ရှိတာကို ဆက်လုပ်သွားမယ်။

ဒီလိုမျိုး လုပ်လို့ ကျွန်တော်တို့မှာ ကြောက်သွားပြီး နောက်ဆုတ်သွားမယ်လို့ ဘယ်တော့မှ သည်းမခံနိုင်ဘူး။ ဒါမျိုး လုပ်လို့ ကျွန်တော်တို့ မရဘူး။ ကျွန်တော်တို့သည် ဘယ်မှာ နေရ နေရဗျာ။ ကျွန်တော်ပါ လိုက်ပြီးကာမှ စောင့်ရှောက်ရ စောင့်ရှောက်ရ ဒီမိသားစုလေးကို ရသမျှ ကျွန်တော် ကာကွယ်မယ်။

ကျွန်တော် ဝင်လာခဲ့တာ ဒီမိသားစုပေါ်မှာ ကျွန်တော် ဒီသမီးလေးကို နောက်ထပ် ထိခိုက်မှု မဖြစ်ပါစေနဲ့ ဆိုပြီး ဝင်လာခဲ့တာ၊ တတ်နိုင်သမျှလည်း ကျွန်တော် မီဒီယာကို ကျွန်တော် အုပ်ဆိုင်းခိုင်းတယ်။ ပြည်သူကလည်း အုပ်ဆိုင်းပေးတယ်။ ဒီလို အုပ်ဆိုင်းပေးထားတဲ့ ကြားထဲက ဒီလိုမျိုး လုပ်ချလိုက်တာသည် ကျွန်တော်တို့အတွက်ကတော့ ဘာဘဲပြောပြော မင်းတို့ ဆက်လုပ်ရင် ဒီလိုမျိုး ဖြစ်မယ် ဆိုတာမျိုး လုပ်လိုက်တာပဲလို့ ခံစားရတယ်။

အဲတော့ ကျွန်တော်တို့သည် ဥပဒေကို ကျော်ပြီး ဘာမှ မလုပ်ဘူး။ ဥပဒေဘောင်ထဲကပဲ ရအောင် လုပ်မယ်။ ကျွန်တော် အဲလိုပဲ ခံယူတယ်။
Image caption လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့တဲ့အမှုဖြစ်

ဘီဘီစီ - အမှုဖြစ်စဉ် တစ်ခုလုံးကို ပြန်ကြည့်မယ် ဆိုရင် တရားလိုပြ သက်သေတွေ ထွက်သွားတာ ၁၉ ယောက် ရှိတယ်ပေါ့။ အဲဒီ ၁၉ ယောက် ထွက်သွားပြီးတဲ့ နောက်ပိုင်းမှာ ဒီသံသယ တရားခံကို စွပ်စွဲလောက်အောင် မရှိဘူး ဆိုပြီး လွတ်သွားတယ်ပေါ့လေ။

ဒီအနေအထားကရော ဘယ်လိုကြောင့် ဥပမာ တရားလိုဘက်က တင်ပြတာတွေရဲ့ အားနည်းချက်ကြောင့်လား။ ဘယ်လို အနေအထားတွေကြောင့် ပစ္စည်း၊ လူ အဲဒီလို သက်သေတွေ ဘယ်လို အားနည်းချက်တွေ ရှိလို့ အမှုရုပ်လုံးက ပေါ်မလာသေးတာလဲဗျ။

ဒေါက်တာဝင်းကိုကိုသိန်း- ကျွန်တော်တို့ မြန်မာနိုင်ငံမှာကျတော့ တရားလိုနဲ့ တရားခံ ဆိုတာ တော်တော် ရောတယ်ပေါ့နော်။ သမီးလေးသည် တကယ်တန်းကျတော့ သမီးလေးနဲ့ သူ့ရဲ့ မိသားစုသည် နစ်နာသူ၊ နစ်နာတဲ့အတွက်ကြောင့် ကျွန်တော်တို့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို တိုင်ကြားတယ်။

အဲတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ခုနပြောသလို အစိုးရက တရားလို လုပ်ပြီး တိုင်ကြားတယ်။ အဲတော့ တရားလိုသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဖြစ်သွားတာပေါ့နော်။

အဲဒီလို အချိန်မှာ ဆိုလို့ရှိရင် တရားလိုဘက်က တရားလိုပြ သက်သေတွေ သွင်းရတယ်။ ပစ္စည်းသက်သေ၊ လူသက်သေ သွင်းရတယ်။ အဲတော့ ပစ္စည်းသက်သေ နေရာမှာလည်း ပြောစရာတွေ ရှိတယ်။ လူသက်သေနေရာမှာကို ပြောစရာရှိတယ်။

ဥပမာ လူသက်သေအားဖြင့်ဆိုရင် သမီးလေး မိသားစု သက်သေခေါ်တာ ရှိတယ်။ နောက်ပြီးတော့ သူတို့က သက်သေ ဆိုပြီးတော့ Wisdom Hill ကျောင်းဘက်က လူတွေကို ထည့်တာ ရှိတယ်။

ဟုတ်ပြီ။ သူတို့က တရားလိုအတွက်က သက်သေခံမယ့်သူတွေ ကိုယ်တိုင်က သူတို့ပြောထားတဲ့ အောင်ကြီးနဲ့ မကိုက်ညီအောင် သက်သေ ထွက်ချက်တွေ ပေးနေကြတယ်။

ကျောင်းဘက်က ဆရာဆရာမတွေ အားလုံးက အောင်ကြီး မဖြစ်နိုင်ပါဘူး၊ အောင်ကြီးလည်း ဘယ်မှ မဝင်ပါဘူး ဆိုပြီး ပြောနေတယ်။ ဒါဆိုရင် သူတို့ကို တရားလိုပြ သက်သေအဖြစ် ဘာလို့ ထည့်တာလဲ ဘာရည်ရွယ်ချက်နဲ့ ထည့်တာလဲ။ ဒါက လူသက်သေတွေပေါ့။

နောက်တစ်ခုက ပစ္စည်းသက်သေတွေ ကြည့်ရအောင်၊ ပစ္စည်း သက်သေတွေမှာလည်း လိုအပ်ချက်တွေ အများကြီး ရှိတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့က ဒီ memory stick နဲ့ ထည့်ပေးလိုက်တဲ့ ဖိုင် ၁၁ဖိုင် ရှိတယ်။ အဲ ၁၁ ဖိုင်ထဲက file name တွေ၊ ဖိုင်နံမည်တွေက ကြည့်လိုက်ရုံနဲ့ပဲ ဖိုင်ရဲ့ အချိန်ကာလ၊ file length ကို သိလို့ ရတယ်။

အဲမှာ ဆိုလို့ ရှိရင် ၁၂ နာရီထိုးကာလမှာ file name အနေနဲ့က တစ်နာရီစာ ရှိတယ်။ file length ကကျတော့ ၄၉ မိနစ်ပဲ ရှိတယ်။ ဒီလိုမျိုး သာမန်လူ တစ်ယောက်ရဲ့ မျက်စိနဲ့ ကြည့်လိုက်ရင်ကို သိသာနေတဲ့ ဟာကြီးကို သူတို့က လွှတ်ပေးပြီးကာမှ ဒါသည် သက်သေပါ ဆိုပြီး တင်လိုက်တယ်။

CCTV မှတ်တမ်း အပြည့်အစုံ ရပါတယ် ဆိုပြီး တင်လိုက်တယ်။ ဒါတစ်ချက် ရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့ သမီးလေး၊ သမီးလေးကို လုပ်တာ ဒီကိုကိုပါ ဆိုပြီးတော့ အောင်ကြီးကို လက်ညှိုးထိုးပြတယ်။ မှန်တယ်။

ကျွန်တော်တို့ ဘယ်တုန်းကမှ မငြင်းခဲ့ဘူးနော်။ ဒါပေမဲ့ အဲဒါကို ရဲချုပ် အောင်နိုင်သူကနေ ပြီးကာမှ ဒါကို သက်သေခံ တင်သွင်းမယ် ဆိုပြီးကာမှ အဲဒီဗီဒီယိုဖိုင် ပါမလာဘူး။ ပါမလာဘဲနဲ့ ဘာပဲ ပါလာလဲ ဆိုတော့ မီးမီးရဲ့ ဖင်ဘု၊ ဒီနေရာကို ဆိတ်တာပါ ဆိုပြီးတော့ သူ့ကိုယ်သူ ညွှန်ပြတဲ့ အပိုင်းကိုပဲ အောင်ကြီးကို ညွှန်ပြတဲ့ ဖိုင်ပါ ဆိုပြီးတင်လိုက်တယ်။

ဆိုလိုတာက တကယ်တမ်း သက်သေခံ ဝင်ပြီးကာမှ တရားရုံးမှာ စစ်ဆေးကြည့်လိုက်တဲ့ အခါကျတော့ ဒီဖိုင်ဟာ အောင်ကြီးက ဒီသမီးလေးကို လုပ်တာ။ ဒီ ကိုကိုပါ ဆိုပြီးတော့ အောင်ကြီးကို ညွှန်ပြတဲ့ ဖိုင်မဟုတ်တော့ဘူး။ အဲတော့ အောင်ကြီးကို ညွှန်ပြချက်သည် သက်သေခံထဲမှာ ဘာမှ ပါမလာဘူး။ မီးမီးရဲ့ ဖင်ဘု ဒီနေရာကို ဆိတ်တာပါ ဆိုတဲ့ ဖိုင်ကိုပဲ သူတို့က သက်သေခံ ဆိုပြီး ထည့်လွှတ်လိုက်တာ။

အဲတော့ ပစ္စည်းသက်သေ၊ လူသက်သေ နေရာတွေပါ၊ ပစ္စည်းသက်သေကလည်း လိုအပ်ချက်တွေ အများကြီး ရှိတယ်၊ Hard Disk ကို မသွင်းခဲ့တာတွေ ရှိတယ်။ အဲတော့ တရားရှင် လွှတ်လိုက်တာသည် ဘာပဲပြောပြော မမှားဘူးလို့တောင် ပြောလို့ရတယ်။

အောင်ကြီး အတွက် အောင်ကြီး ဖြစ်နိုင်ပါတယ် ဆိုတဲ့ ခိုင်လုံသော အထောက်အထားသည် တော်တော့်ကို weak ဖြစ်သွားတယ်။ အဲလိုပဲ သွားတဲ့အတွက် အောင်ကြီးကို တရားရှင် လွှတ်လိုက်တယ်လို့ပဲ ယူဆပါတယ်။

ဘီဘီစီ - ဒါကိုပဲ ဆက်ပြီးတော့ ဥပဒေ အရာရှိဘက်က ဖြစ်ဖြစ် ရဲဘက်က ဖြစ်ဖြစ် အထက်တရားရုံးကို တက်မယ်ဆိုတဲ့ သဘောလားဗျ။

ဒေါက်တာဝင်းကိုကိုသိန်း - ဟုတ်ကဲ့။ အဲလို ဆက်တက်မယ်ဆိုလို့ရှိရင် သူက ဘာလဲ ဆိုတော့ အမှန်တရား ရှာဖို့မဟုတ်ဘူး။ အောင်ကြီးကို ဆက်လက်ပြီးတော့ အပြစ်ပေးဖို့အတွက် သူတို့က တိုင်းရုံးကို ဆက်တက်မယ်ဆိုတဲ့ ကျွန်တော်တို့ ဒီလို နားလည်လိုက်တယ်။

ဘီဘီစီ - အဲဒီအချိန်မှာရော ဒီမိသားစုဘက်က တစ်စုံတစ်ရာ တောင်းဆိုခွင့် တောင်းဆိုမှု ဟိုတစ်နေ့က တင်တဲ့ ဒီအန်အေ သက်သေ ပြန်စစ်ပေးဖို့တို့ ဘာတို့ မိသားစုဘက်က တင်ခဲ့တဲ့ဟာတွေကရော ဘယ်လို အခြေအနေရှိပြီလဲ။ ဘယ်တရားရုံးမှာ ဆက်စစ်ကြမလဲ။

ဒေါက်တာဝင်းကိုကိုသိန်း - ကျွန်တော်တို့က အမှန်တရားပေါ်ဖို့ ဆိုရင် သူတို့ဆက်သွားတယ်ဆိုလို့ရှိရင် ကျွန်တော်တို့က ဒီအန်အေ စစ်ဖို့ တောင်းဆိုပေးမှာပဲ။ အဲဒါအောင်ကြီးကို အပြစ်ကျစေချင်လို့ မဟုတ်ဘူး။ အမှန်တရားပေါ်ဖို့အတွက် ဘယ်လမ်းကြောင်းရှိမလဲ။ ရှိတဲ့ လမ်းကြောင်းက ကျွန်တော်တို့လိုက်မယ်။

ဘီဘီစီ - အဲတော့ ဒက္ခိဏ ခရိုင်တရားရုံးမှာ တင်ထားတဲ့ ဒီအန်အေ ကိစ္စတို့ကရော ဘယ်အဆင့်ကို ဆက်ရောက်သွားမှာလဲ။ သူက အဲဒီမှာပဲ ဆက်ကြားနာမှာလား။

ဒေါက်တာဝင်းကိုကိုသိန်း - အဲဒါတော့ ကျွန်တော်တို့ မပြောတတ်ဘူး။ ကျွန်တော်တို့သိတာ ဒီအန်အေ ရနိုင်သောနေရာ နှစ်နေရာ ရှိခဲ့တယ်။ သမီးလေးရဲ့ ဘောင်းဘီအပြာမှာ ရှိခဲ့တယ်။ နောက်တစ်ခုက သမီးလေးရဲ့ ခန္ဓာကိုယ်ထဲက အရည်ကို မှန်ပြားပေါ်မှာ တင်စစ်တာမှာ ရှိခဲ့တယ်။ ဘောင်းဘီကဟာသည် ပျက်သွားပါပြီဆိုပြီး သူတို့ တရားဝင်ထွက်တယ်။

မှန်ပြားပေါ်မှာ တင်ထားတဲ့ဟာသည် သမီးလေးရဲ့ ဒီအန်အေရောရှိတယ်။ ကျူးလွန်သူရဲ့ ဒီအန်အေရောရှိတယ်။ တကယ်လို့ မှန်ပြားပျက်သွားပြီးဆိုလို့ရှိရင်လည်း ကျွန်တော်တို့ကို အပျက်ပေး။ အဲဒီအပျက်ထဲမှာ သမီးလေးရဲ့ ဒီအန်အေပါမပါ စစ်လိုက်မယ်။

စစ်လိုက်လို့ရှိရင် သမီးလေးရဲ့ဒီအန်အေ ပါတယ်ဆိုလို့ရှိရင် ကျူးလွန်သူရဲ့ ဒီအန်အေကို ကျွန်တော်တို့က နိုင်ငံခြားပို့စစ်မယ်။ ဒါက ကျွန်တော်တို့ လိုချင်တဲ့ ဆန္ဒ။ ကျွန်တော်တို့ လိုချင်တဲ့ ဆန္ဒဆိုတာက ပြည်သူသိချင်တဲ့ဆန္ဒ။ ကျွန်တော်တို့သည် ဘာကိုမှ ဥပဒေကို ကျော်လုပ်တာမဟုတ်ဘူး။ အမှန်တရားပေါ်ဖို့ နိုင်ငံခြားပို့ရမယ်ဆိုလည်း ပို့စစ်မယ်။

ဘီဘီစီ - လွန်ခဲ့တဲ့ရက်ပိုင်းက မိသားစုက တင်ခဲ့တဲ့ ဒီအန်အေ ပြန်စစ်ဖို့၊ နိုင်ငံခြားပို့ဖို့ ကိစ္စတွေကရော ဥပဒေ အရာရှိကတဆင့် ဘယ်လို ဆက်လက်ဆောင်ရွက်မယ်ဆိုတာတွေ သိထားတာရှိလား။

ဒေါက်တာဝင်းကိုကိုသိန်း - ကျွန်တော်တို့ကို စပြောကတည်းက ဥပဒေ အရာရှိက တုံ့ပြန်မှု မပေးခဲ့ဘူးပေါ့နော်။ နောက်တစ်ခု လမ်းပျောက်တယ်ဆိုတာ အဲဒါပြောတာ။

ကျွန်တော်တို့က အဲဒါကို မတင်လို့ရှိရင် ကျွန်တော်တို့မှာက တောင်းဆိုပိုင်ခွင့် ရှိသေးတယ်။ အခုဟာက တရားရှင်လွှတ်လိုက်တဲ့နောက်မှာ သူတို့ဘာဆက်လုပ်မလဲ မသိတော့ဘူး။

အဲတော့ ဒီဟာကြီးသည် ဒီတိုင်းကြီး တန်းလန်းကြီး ဖြစ်သွားတာပဲ။
Image caption မေလ ၁၆ ရက် ကလေး လိင်မတရားကျင့်ခံခဲ့ရတယ်ဆိုတာ စစ်ဆေးတွေ့ခဲ့ရတယ်လို့ တိုင်ကြားထား

ဘီဘီစီ - အဲတော့ ဒီအန်အေ စစ်ဖို့ ဘာဖို့ ရဲကတော့ ပြန်လုပ်ကောင်းလုပ်မယ်။ ကိုယ့်တောင်းဆိုချက် အနေနဲ့ လုပ်တာတော့ မဟုတ်ဘူးပေါ့။

ဒေါက်တာဝင်းကိုကိုသိန်း - ကျွန်တော်တို့က ဘာမှ တောင်းဆိုလို့ မရတော့ဘူးပေါ့။ ဘာလို့လဲဆိုတော့ တရားခွင်လည်း မရှိတော့ဘူး။ အဲလိုဖြစ်သွားတယ်။

ဘီဘီစီ - မိသားစုဘက်ကတော့ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တော့ ဆက်ရှိနေတယ်။ အဲဒီရှေ့နေနဲ့တော့ တိုင်ပင်မှုတွေ ဆက်ရှိနေတယ်။

ဒေါက်တာဝင်းကိုကိုသိန်း - ရှိနေပါတယ်။ ကျွန်တော်တို့ ဆက်ရှိနေတယ်။

ဘီဘီစီ - တခြားရှေ့အနာဂတ်မှာပေါ့လေ၊ သမီးရဲ့ ရှေ့ရေးရော၊ အမှန်တရား ဖော်ထုတ်ရေးရော အကြမ်းဖျင်းပြင်ဆင်ထားတာ အခုချိန်မှာ ပြောနိုင်သလောက်ဆိုရင် ဘာတွေရှိသလဲ။

ဒေါက်တာဝင်းကိုကိုသိန်း - ကျွန်တော်တို့က အမှန်တရား ရဖို့အတွက်ဆိုရင်တော့ ရနိုင်တဲ့ အင်အားယူမှာပဲ။ ကူညီနိုင်တဲ့သူ ကူညီကြပါလို့ ပြောတာပဲ။

ဘာလို့တုန်းဆို ကျွန်တော်တို့က သမီးလေးရဲ့ နစ်နာမှုက တော်တော်လေးကြီးသွားတဲ့အတွက်ကြောင့် ဒီဟာသည် အမှန်တရား ပေါ်မှကို ရမယ်။

မပေါ်မချင်း ကျွန်တော်တို့ ရှေ့ဆက်သွားနေမှာပဲ။ ရှေ့မှာ မြင့်မိုရ်တောင်ရှိရှိ ဘာရှိရှိ ကျွန်တော်တို့ သွားမှာ။

အမှန်တရား ပေါ်ပြီးတဲ့နောက်မှ ဒီမိသားစုရဲ့လုံခြုံရေး၊ ဒီမိသားစုရဲ့ဘဝရှေ့ရေး၊ ဒီမိသားစုရဲ့ အနာဂတ်ရေးကို စဉ်းစားမယ်။

BBC Burmese
https://www.bbc.com
ဗစ္တိုးရီးယားအမႈ - နစ္နာသူ မိသားစုကို ကူညီေနတဲ့ ေဒါက္တာဝင္းကိုကိုသိန္းနဲ႔ အင္တာဗ်ဴး ဗစ္တိုးရီးယားအမႈ - နစ္နာသူ မိသားစုကို ကူညီေနတဲ့ ေဒါက္တာဝင္းကိုကိုသိန္းနဲ႔ အင္တာဗ်ဴး Reviewed by THITHTOOLWIN on 02:06 Rating: 5
Powered by Blogger.