တရားမဝင္ တ႐ုတ္ႏိုင္ငံသား ဝင္ေရာက္မႈ မ်ားလာ

တ႐ုတ္- ျမန္မာ နယ္စပ္ဂိတ္ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
နယ္စပ္ၿမိဳ႕ကေန တရားမဝင္ ဝင္ေရာက္လာၿပီး မူဆယ္၊ တာခ်ီလိတ္၊ လားရႈိးၿမိဳ႕ေတြမွာ ေလာင္းကစားဂိမ္းဆိုင္ လုပ္ငန္းအပါအဝင္ တျခားလုပ္ငန္း အမ်ားအျပားမွာ ဝင္ေရာက္လုပ္ကိုင္ေနၾကတာ ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္အတြင္း တရားမဝင္ ဝင္ေရာက္လာတဲ့ တ႐ုတ္ႏိုင္ငံသား ၁၇၇ ဦးကို ဖမ္းဆီးခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ ၆ လအတြင္းမွာတင္ ၂၄၁ ဦးအထိ ရွိေနၿပီျဖစ္တဲ့အတြက္ မႏွစ္ကထက္ ပိုမ်ားေနတာပါ။

တရားမဝင္ ဝင္ေရာက္ေနထိုင္ေနတဲ့ တ႐ုတ္ႏိုင္ငံသားေတြကို ရွမ္းျပည္နယ္ေျမာက္ပိုင္း နယ္စပ္တေလွ်ာက္က ၿမိဳ႕နယ္ေတြမွာ အမ်ားဆုံးဖမ္းမိတာလို႔ ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉး ဦးဝင္းလြင္ က ေျပာပါတယ္။

"ကြၽန္ေတာ္တို႔ဆီမွာက အထူးသျဖင့္ နယ္စပ္ေဒသနဲ႔ ထိစပ္ေနတယ္။ အထူးသျဖင့္ထိုင္း၊ တ႐ုတ္၊ လာအိုနဲ႔ ထိစပ္ ေနတဲ့ေနရာပါ။ တ႐ုတ္ႏိုင္ငံသားေတြဟာပညာရွင္နဲ႔ ပတ္သက္လို႔ ေ႐ႊတို႔သတၱဳနဲ႔ ပတ္သက္လို႔ ခိုးဝင္မႈေတြ ရွိတယ္။ ခိုးဝင္တဲ့ေနရာေတြမွာ နယ္ေျမလုံၿခဳံေရးအရ ကန႔္သတ္ခ်က္ရွိလို႔ ကြၽန္ေတာ္တို႔လည္း တိတိက်က် ဖမ္းဆီးတာေတြ မလုပ္ႏိုင္ဘူး။ဒါေပမဲ့ ကြၽန္ေတာ္တို႔ရဲ႕ လုံၿခဳံေရးေနရာေတြမွာ ဝင္လာတဲ့တ႐ုတ္ေတြကိုေတာ့ ဖမ္းဆီးအေရးယူတာေတြေတာ့ရွိတယ္။"

အဲဒီတ႐ုတ္ႏိုင္ငံသားေတြကို လဝကအက္ဥပေဒပုဒ္ ၁၃(၁) နဲ႔ အေရးယူေဆာင္႐ြက္ခဲ့တယ္လို႔ ဦးဝင္းလြင္ရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။ ၁၉၄၇ ခုႏွစ္ လဝကအက္ဥပေဒပုဒ္မ ၁၃ (၁) အရ အနည္းဆုံးေထာင္ဒဏ္ ၆ လ ကေန အမ်ားဆုံးေထာင္ဒဏ္ ၅ ႏွစ္အထိ ခ်မွတ္ႏိုင္သလို အနည္းဆုံးေငြဒဏ္ က်ပ္ ၁၅၀၀ ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္ လုံးျဖစ္ေစ ခ်မွတ္ႏိုင္ပါတယ္။

တ႐ုတ္ အပါအဝင္ ႏိုင္ငံျခားသား ရာဇဝတ္သား အမ်ားအျပားကို ျမန္မာျပည္က ေထာင္ေတြထဲမွာ ကာလၾကာရွည္ ထိန္းသိမ္းထားေလ့မရွိပါဘူး။ လြတ္ရက္မေစ့ခင္ ျပန္လႊတ္ေပးတာမ်ိဳးကို မၾကာခဏ ေတြ႕ခဲ့ရပါတယ္။

၂၀၁၅ ခုႏွစ္က ကခ်င္ျပည္နယ္အတြင္း တရားမဝင္သစ္ခိုးထုတ္မႈနဲ႔ ဖမ္းဆီးခံရတဲ့ တ႐ုတ္ႏိုင္ငံသား အေယာက္ ၁၅ဝ ေက်ာ္ကို  ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္း ခ်မွတ္ခဲ့ပါတယ္။

တ႐ုတ္အစိုးရက သူတို႔ရဲ႕ ျပစ္ဒဏ္ကို ျပန္သုံးသပ္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ဖိအားေပးခံရတဲ့ ျမန္မာအစိုးရက သူတို႔ကို စီရင္ခ်က္ခ်မွတ္ၿပီး ရက္ပိုင္းအတြင္းမွာပဲ ျပည္ႏွင္ဒဏ္ေပးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၇ရက္ေန႔က ရွမ္းျပည္နယ္လႊတ္ေတာ္ အစည္းအေဝးမွာ မိုင္းတုံၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဆန္းဝင္းေအာင္က ရွမ္းျပည္နယ္မွာ တရားမဝင္ ဝင္ေရာက္လာတဲ့ တ႐ုတ္ႏိုင္ငံသားေတြကို အေရးယူေပးဖို႔နဲ႔ ျပည္နယ္အတြင္း ေလာင္းကစားဝိုင္းေတြကို အေရးယူေပးဖို႔ အစီအစဥ္ရွိ၊ မရွိ ေမးျမန္းခဲ့ပါတယ္။

အဲဒီေမးခြန္းအေပၚ ျပည္နယ္အစိုးရအဖြဲ႕ လုံၿခဳံေရးနဲ႔နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး လွဦးက တရားမဝင္ ဝင္ေရာက္လာတဲ့ တ႐ုတ္ႏိုင္ငံသားေတြကို တည္ဆဲဥပေဒနဲ႔အညီ စီစစ္ေဖာ္ထုတ္ အေရးယူတာေတြကို အရွိန္အဟုန္ျမႇင့္လုပ္ေဆာင္ေနတယ္လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

အဲဒီလိုေျဖၾကားမႈအေပၚ ကိုယ္စားလွယ္ ဦးဆန္းဝင္းေအာင္ကေတာ့ ေက်နပ္အားရမႈမရွိဘူးလို႔ ေျပာပါတယ္။

"နယ္လုံဝန္ႀကီးေျဖၾကားတာက ဥပေဒနဲ႔မညီတဲ့ ဝင္ေရာက္မႈေတြကို လိုက္စီစစ္တယ္ေပါ့။ စီစစ္လို႔ေတြ႕ရင္ေတာ့ ဖမ္းတယ္ေပါ့။ မစီစစ္ဘဲနဲ႔ မေတြ႕ရင္ေတာ့ မဖမ္းဘူးဆိုတဲ့ပုံစံမ်ိဳးေပါ့။ နယ္စပ္ဂိတ္ေတြမွာလည္း ဧည့္စာရင္း ပယ္ဖ်က္တဲ့အတြက္ တ႐ုတ္ႏိုင္ငံသားေတြ နယ္စပ္က လြယ္လြယ္ကူကူဝင္လာႏိုင္တယ္ေပါ့။ ဒီလိုဝင္လာတာေတြ ကို သူတို႔ကအေၾကာင္းျပတာေပါ့။ အဓိကေတာ့ လုံၿခဳံေရးက လုံၿခဳံေရးတာဝန္ယူရမွာေပါ့"

တ႐ုတ္-ျမန္မာနယ္စပ္ၿမိဳ႕ျဖစ္တယ္ မူဆယ္ၿမိဳ႕မွာ ေနထိုင္တဲ့ က႐ုဏာလူမႈကူညီေရးအသင္းက ဦးေသာင္းထြန္း ေျပာတာက

“စိုးရိမ္စရာေတာ့ အမ်ားႀကီးရွိတယ္။ တရားမဝင္တဲ့လုပ္ငန္းမွန္သမွ် သူတို႔ဝင္ေရာက္လုပ္ကိုင္ေနတာေတြ အမ်ားႀကီးရွိပါတယ္။ တရားမဝင္တဲ့ဂိမ္းဆိုင္ေတြမွာလည္း သူတို႔ဝင္လုပ္ေနတယ္။ မူးယစ္ေဆးဝါးေတြလည္း သူတို႔လုပ္ေနတာေတြ အမ်ားႀကီးရွိတယ္။ သူတို႔ႏိုင္ငံကဥပေဒအရ မူးယစ္ေဆးဝါးလုပ္ရင္ ျပစ္ဒဏ္ေတြက ႀကီးမားတဲ့အတြက္ ကြၽန္ေတာ္တို႔ဘက္မွာက အေၾကာင္းအရာအမ်ိဳးမ်ိဳးအရ၊ ဥပေဒအမ်ိဳးမ်ိဳးအရ လြတ္တာေတြ ရွိေနေတာ့ သူတို႔ဒီဘက္မွာ ပိုလုပ္ေနၾကတာလို႔ ကြၽန္ေတာ္ထင္တယ္။"

တ႐ုတ္ႏိုင္ငံသားေတြဟာ တရားဝင္အလုပ္ လုပ္ကိုင္ခြင့္မရွိဘဲ သတၱဳ၊ ေ႐ႊနဲ႔ ေက်ာက္စိမ္းလုပ္ကြက္ေတြမွာလည္း ဝင္ေရာက္အလုပ္လုပ္ကိုင္ေနတဲ့အျပင္ ဖရဲ၊ တစ္သွ်ဴးငွက္ေပ်ာစိုက္ခင္းေတြမွာလည္း လုပ္ကိုင္ေနတာေတြ ရွိေနတယ္လို႔သိရပါတယ္။

ထိုင္းနယ္နိမိတ္နဲ႔ ထိစပ္ေနတဲ့ ျမဝတီၿမိဳ႕မွာလည္း တ႐ုတ္ႏိုင္ငံသားေတြက ကာစီႏိုေလာင္းကစား႐ုံေတြမွာ ပါဝင္ပတ္သက္တာ၊ တ႐ုတ္ေတြ ဝင္ေရာက္ေနထိုင္မႈမ်ားလာၿပီး စားေသာက္ဆိုင္ေတြ ဖြင့္လွစ္ထားတာ၊ မူးယစ္ ရမ္းကားတာေတြရွိလာတာေၾကာင့္ ျမဝတီၿမိဳ႕ခံေတြ၊ ႏိုင္ငံေရးပါတီေတြက ဥပေဒမဲ့ေနထိုင္တဲ့ တ႐ုတ္ႏိုင္ငံ သားေတြကို စာရင္းျပဳစုၿပီး အစိုးရအႀကီးအကဲေတြထံ တင္ျပတိုင္တန္းဖို႔အတြက္ ၿပီးခဲ့တဲ့စက္တင္ဘာလမွာ စတင္စီစဥ္ေနၾကပါတယ္။

RFA Burmese
https://www.rfa.org
----------
(Unicode)⤵⤵⤵
တရားမဝင် တရုတ်နိုင်ငံသား ဝင်ရောက်မှု များလာ

တရုတ်- မြန်မာ နယ်စပ်ဂိတ်ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

နယ်စပ်မြို့ကနေ တရားမဝင် ဝင်ရောက်လာပြီး မူဆယ်၊ တာချီလိတ်၊ လားရှိုးမြို့တွေမှာ လောင်းကစားဂိမ်းဆိုင် လုပ်ငန်းအပါအဝင် တခြားလုပ်ငန်း အများအပြားမှာ ဝင်ရောက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁၇၇ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဒီနှစ်မှာတော့ ၆ လအတွင်းမှာတင် ၂၄၁ ဦးအထိ ရှိနေပြီဖြစ်တဲ့အတွက် မနှစ်ကထက် ပိုများနေတာပါ။

တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်တလျှောက်က မြို့နယ်တွေမှာ အများဆုံးဖမ်းမိတာလို့ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင် က ပြောပါတယ်။

"ကျွန်တော်တို့ဆီမှာက အထူးသဖြင့် နယ်စပ်ဒေသနဲ့ ထိစပ်နေတယ်။ အထူးသဖြင့်ထိုင်း၊ တရုတ်၊ လာအိုနဲ့ ထိစပ် နေတဲ့နေရာပါ။ တရုတ်နိုင်ငံသားတွေဟာပညာရှင်နဲ့ ပတ်သက်လို့ ရွှေတို့သတ္တုနဲ့ ပတ်သက်လို့ ခိုးဝင်မှုတွေ ရှိတယ်။ ခိုးဝင်တဲ့နေရာတွေမှာ နယ်မြေလုံခြုံရေးအရ ကန့်သတ်ချက်ရှိလို့ ကျွန်တော်တို့လည်း တိတိကျကျ ဖမ်းဆီးတာတွေ မလုပ်နိုင်ဘူး။ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လုံခြုံရေးနေရာတွေမှာ ဝင်လာတဲ့တရုတ်တွေကိုတော့ ဖမ်းဆီးအရေးယူတာတွေတော့ရှိတယ်။"

အဲဒီတရုတ်နိုင်ငံသားတွေကို လဝကအက်ဥပဒေပုဒ် ၁၃(၁) နဲ့ အရေးယူဆောင်ရွက်ခဲ့တယ်လို့ ဦးဝင်းလွင်ရဲ့ ပြောပြချက်အရ သိရပါတယ်။ ၁၉၄၇ ခုနှစ် လဝကအက်ဥပဒေပုဒ်မ ၁၃ (၁) အရ အနည်းဆုံးထောင်ဒဏ် ၆ လ ကနေ အများဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သလို အနည်းဆုံးငွေဒဏ် ကျပ် ၁၅၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

တရုတ် အပါအဝင် နိုင်ငံခြားသား ရာဇဝတ်သား အများအပြားကို မြန်မာပြည်က ထောင်တွေထဲမှာ ကာလကြာရှည် ထိန်းသိမ်းထားလေ့မရှိပါဘူး။ လွတ်ရက်မစေ့ခင် ပြန်လွှတ်ပေးတာမျိုးကို မကြာခဏ တွေ့ခဲ့ရပါတယ်။

၂၀၁၅ ခုနှစ်က ကချင်ပြည်နယ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးခံရတဲ့ တရုတ်နိုင်ငံသား အယောက် ၁၅ဝ ကျော်ကို  ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။

တရုတ်အစိုးရက သူတို့ရဲ့ ပြစ်ဒဏ်ကို ပြန်သုံးသပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဖိအားပေးခံရတဲ့ မြန်မာအစိုးရက သူတို့ကို စီရင်ချက်ချမှတ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ရက်နေ့က ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်က ရှမ်းပြည်နယ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို အရေးယူပေးဖို့နဲ့ ပြည်နယ်အတွင်း လောင်းကစားဝိုင်းတွေကို အရေးယူပေးဖို့ အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းအပေါ် ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးက တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို တည်ဆဲဥပဒေနဲ့အညီ စီစစ်ဖော်ထုတ် အရေးယူတာတွေကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဲဒီလိုဖြေကြားမှုအပေါ် ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်ကတော့ ကျေနပ်အားရမှုမရှိဘူးလို့ ပြောပါတယ်။

"နယ်လုံဝန်ကြီးဖြေကြားတာက ဥပဒေနဲ့မညီတဲ့ ဝင်ရောက်မှုတွေကို လိုက်စီစစ်တယ်ပေါ့။ စီစစ်လို့တွေ့ရင်တော့ ဖမ်းတယ်ပေါ့။ မစီစစ်ဘဲနဲ့ မတွေ့ရင်တော့ မဖမ်းဘူးဆိုတဲ့ပုံစံမျိုးပေါ့။ နယ်စပ်ဂိတ်တွေမှာလည်း ဧည့်စာရင်း ပယ်ဖျက်တဲ့အတွက် တရုတ်နိုင်ငံသားတွေ နယ်စပ်က လွယ်လွယ်ကူကူဝင်လာနိုင်တယ်ပေါ့။ ဒီလိုဝင်လာတာတွေ ကို သူတို့ကအကြောင်းပြတာပေါ့။ အဓိကတော့ လုံခြုံရေးက လုံခြုံရေးတာဝန်ယူရမှာပေါ့"

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တယ် မူဆယ်မြို့မှာ နေထိုင်တဲ့ ကရုဏာလူမှုကူညီရေးအသင်းက ဦးသောင်းထွန်း ပြောတာက

“စိုးရိမ်စရာတော့ အများကြီးရှိတယ်။ တရားမဝင်တဲ့လုပ်ငန်းမှန်သမျှ သူတို့ဝင်ရောက်လုပ်ကိုင်နေတာတွေ အများကြီးရှိပါတယ်။ တရားမဝင်တဲ့ဂိမ်းဆိုင်တွေမှာလည်း သူတို့ဝင်လုပ်နေတယ်။ မူးယစ်ဆေးဝါးတွေလည်း သူတို့လုပ်နေတာတွေ အများကြီးရှိတယ်။ သူတို့နိုင်ငံကဥပဒေအရ မူးယစ်ဆေးဝါးလုပ်ရင် ပြစ်ဒဏ်တွေက ကြီးမားတဲ့အတွက် ကျွန်တော်တို့ဘက်မှာက အကြောင်းအရာအမျိုးမျိုးအရ၊ ဥပဒေအမျိုးမျိုးအရ လွတ်တာတွေ ရှိနေတော့ သူတို့ဒီဘက်မှာ ပိုလုပ်နေကြတာလို့ ကျွန်တော်ထင်တယ်။"

တရုတ်နိုင်ငံသားတွေဟာ တရားဝင်အလုပ် လုပ်ကိုင်ခွင့်မရှိဘဲ သတ္တု၊ ရွှေနဲ့ ကျောက်စိမ်းလုပ်ကွက်တွေမှာလည်း ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့အပြင် ဖရဲ၊ တစ်သျှူးငှက်ပျောစိုက်ခင်းတွေမှာလည်း လုပ်ကိုင်နေတာတွေ ရှိနေတယ်လို့သိရပါတယ်။

ထိုင်းနယ်နိမိတ်နဲ့ ထိစပ်နေတဲ့ မြဝတီမြို့မှာလည်း တရုတ်နိုင်ငံသားတွေက ကာစီနိုလောင်းကစားရုံတွေမှာ ပါဝင်ပတ်သက်တာ၊ တရုတ်တွေ ဝင်ရောက်နေထိုင်မှုများလာပြီး စားသောက်ဆိုင်တွေ ဖွင့်လှစ်ထားတာ၊ မူးယစ် ရမ်းကားတာတွေရှိလာတာကြောင့် မြဝတီမြို့ခံတွေ၊ နိုင်ငံရေးပါတီတွေက ဥပဒေမဲ့နေထိုင်တဲ့ တရုတ်နိုင်ငံ သားတွေကို စာရင်းပြုစုပြီး အစိုးရအကြီးအကဲတွေထံ တင်ပြတိုင်တန်းဖို့အတွက် ပြီးခဲ့တဲ့စက်တင်ဘာလမှာ စတင်စီစဉ်နေကြပါတယ်။

RFA Burmese
https://www.rfa.org
တရားမဝင္ တ႐ုတ္ႏိုင္ငံသား ဝင္ေရာက္မႈ မ်ားလာ တရားမဝင္ တ႐ုတ္ႏိုင္ငံသား ဝင္ေရာက္မႈ မ်ားလာ Reviewed by THITHTOOLWIN on 02:24 Rating: 5
Powered by Blogger.