ဗစ္တိုးရီးယားအမႈ - ရဲသတင္းစာရွင္းလင္းခ်က္ ဥပေဒနဲၿငိရင္ တရားစြဲမယ္လို႔ဆို

(Zawgyi)⤵⤵⤵
ဗစ္တိုးရီးယားအမႈအတြက္ ရဲတပ္ဖြဲ႕က လုပ္တဲ့သတင္းစာရွင္းလင္းပြဲနဲ႔ ရဲဇာနည္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာကေန ဗစ္တိုးရီးယားနဲ႔ မိသားစုဘယ္သူဆိုတာ ထုတ္ေဖာ္ခဲ့တာဟာ ဥပေဒနဲ႔ ၿငိစြန္းေနရင္ တရားစြဲမယ္လို႔ ဗစ္တိုးရီးယားဖခင္ ျဖစ္သူက ေျပာပါတယ္။

သံသယ တရားခံ ကိုေအာင္ႀကီးကို တရားရွင္ လႊတ္လိုက္ၿပီး ေနာက္တစ္ေန႔ ဒီဇင္ဘာ ၁၉ ရက္မွာ ရဲတပ္ဖြဲ႕က သတင္းစာရွင္းလင္းပြဲ လုပ္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီ သတင္းစာရွင္းလင္းပြဲက ေျပာၾကားခ်က္နဲ႔ ရဲတပ္ဖြဲ႕ သတင္းေတြတင္တဲ့ ရဲဇာနည္ ေဖ့စ္ဘြတ္ခ္ စာမ်က္ကေန ေနျပည္ေတာ္ Wisdom Hill မူႀကိဳေက်ာင္းက လိင္မတရားက်င့္ခံရတယ္ဆိုၿပီး တိုင္တန္းထားတဲ့ ကေလးငယ္ရဲ႕ နာမည္နဲ႔ မိသားစု ဘယ္သူဘယ္ဝါဆိုတာ ထုတ္ေဖာ္ခဲ့တာ ျဖစ္ပါတယ္။

ဒီလို ထုတ္ေဖာ္ခဲ့တာနဲ႔ ပတ္သက္ၿပီး နစ္နာသူ ကေလးရဲ႕ ဖခင္က "ဒါက လူတစ္ေယာက္မွာ ထားရွိရမယ့္ က်င့္ဝတ္သိကၡာကို ေဖာက္ဖ်က္႐ုံမကဘူး။ ဥပေဒကို က်ဴးလြန္တာ။ ကြၽန္ေတာ္တို႔မိသားစုဘက္ကေတာ့ ကြၽန္ေတာ္တို႔ကို ရပ္တည္လို႔မရေအာင္ ထိုးႏွက္ခ်က္လို႔ ျမင္တယ္"

"ဥပေဒေၾကာင္းအရ ကြၽမ္းက်င္သူေတြနဲ႔ တိုင္ပင္ရဦးမယ္။ ၿငိစြန္းတယ္ဆိုရင္ေတာ့ သမီးအတြက္က ဘာမဆို ရင္ဆိုင္မယ္" လို႔ ေျပာပါတယ္။

ဒါ့အျပင္ သံသယတရားခံ ကိုေအာင္ႀကီးကို တရားရွင္လႊတ္လိုက္တာနဲ႔ ပတ္သက္ၿပီး "အျပစ္မရွိတဲ့လူ လြတ္သြားတာေတာ့ ဝမ္းသာပါတယ္။ ကြၽန္ေတာ့္ သမီးေလးအတြက္ အမွန္တရားက ေဝးကြာသြားၿပီလား" လို႔ ေျပာပါတယ္။

ဒီလို ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ေဖာ္ေျပာၾကားခ်က္နဲ႔ ပတ္သက္ၿပီး တရားရွင္လြတ္ေျမာက္လာသူ ကိုေအာင္ႀကီးရဲ႕ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က " အဲဒီဥစၥာက ေတာ္ေတာ္ အ႐ုပ္ဆိုးတဲ့ ကိစၥ။ မၾကာေသးခင္ကမွ ထြက္ထားတဲ့ ကေလးသူငယ္ရဲ႕ ဥပေဒ ရွိတယ္ေလ။ အဲဒီ ကေလးသူငယ္ ဥပေဒမွာ ပုဒ္မ ၉၆ ပုဒ္မခြဲ (ဃ) ပါ ျပ႒ာန္းခ်က္ေတြကို ေဖာက္ဖ်က္ရင္ ကေလးသူငယ္ ဥပေဒ ပုဒ္မ ၁၀၁ (က) အရ အနည္းဆုံး ေလးလကေန အမ်ားဆုံး တစ္ႏွစ္အထိ ေထာင္ဒဏ္ျဖစ္ေစ အနည္းဆုံး (က်ပ္) ေလးသိန္းက အမ်ားဆုံး က်ပ္ေျခာက္သိန္းအထိ ေငြဒဏ္ျဖစ္ေစ ဒဏ္ႏွစ္ရပ္လုံး ျဖစ္ေစ ခ်မွတ္ရမယ္လို႔ ျပ႒ာန္းထားတယ္" လို႔ ေျပာပါတယ္။

"အဲေတာ့ ဥပေဒကို သိတဲ့ ရဲေတြအေနနဲ႔ ၿပီးေတာ့ ရဲတပ္ဖြဲ႕ရဲ႕အႀကီးအကဲအေနနဲ႔ ဒီဟာႀကီးကေတာ့ မလုပ္သင့္ဘူး ထင္တယ္။ မမွားသင့္ဘူးထင္တယ္။ သူက သိသိခ်ည္းနဲ႔ မွားသလား မသိဘူးေပါ့ဗ်ာ။ သူတို႔က အဲဒါေတာ့ ၿငိေနၿပီေပါ့။ ဥပေဒနဲ႔" လို႔ ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

Child Rights Law

ဒါ့အျပင္ ကိုေအာင္ႀကီးကို တရားရွင္လႊတ္လိုက္တာနဲ႔ ပတ္သက္ၿပီး "ဒီအမႈက ရဲက ေျပာသြားတယ္ အခ်ိန္ေစာလြန္းတယ္ ဘာညာဆိုေတာ့ ရက္ေပါင္း ၆၀ အတြင္းမွာေတာ့ အေျဖေပၚမွာ မဟုတ္ေသးဘူး"

"ဘာလို႔ဆိုေတာ့ မႏၲေလးတိုင္း တရားလႊတ္ေတာ္ကေနၿပီးေတာ့မွ စြဲခ်က္မတင္ခင္ လႊတ္ထားတဲ့ ကိစၥကို ဆက္စစ္ဦး၊ ၂၅၃ (၁) အရ အကုန္ကုန္မွ လႊတ္တာ ျဖစ္ေစ၊ စြဲခ်က္တင္ၿပီးေတာ့မွ အၿပီးသတ္ အမိန႔္ခ်တာ ျဖစ္ေစ လုပ္ဦးဆိုရင္ ဒါက ဆက္သြားရမွာ"

"ရက္ေပါင္း ၆၀ အတြင္းမွာ မီးမေသေသးဘူး။ အေပၚ႐ုံးက ျပင္ေကာင္း ျပင္ႏိုင္တယ္" လို႔ လည္း ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

သံသယတရားခံကို တရား႐ုံးက ပယ္လိုက္တဲ့အတြက္ အမွန္တရားကို ရွာဖို႔က ရဲတပ္ဖြဲ႕ရဲ႕ တာဝန္ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ေဖာ္ေျပာဆိုခ်က္နဲ႔ ပတ္သက္ၿပီး ဗစ္တိုးရီးယားအမႈမွာ နစ္နာသူမိသားစုဘက္ လိုက္ပါကူညီေနတဲ့ ေဒါက္တာဝင္းကိုကိုသိန္းက "ဥပေဒနဲ႔ အထူးသျဖင့္ ကေလးသူငယ္ ဥပေဒနဲ႔ ၿငိစြန္းမႈ ရွိသလားတိုင္ပင္မယ္။ အဲဒီအတိုင္းဆက္လုပ္မယ္"

"ကြၽန္ေတာ္တို႔က ဆက္လုပ္မွာ။ ဆက္လုပ္မယ္ဆိုတာ ဥပေဒကို ေက်ာ္ၿပီး ဘာမွ မလုပ္ဘူး။ ဥပေဒေဘာင္ထဲကပဲ လုပ္မယ္" လို႔ ေျပာပါတယ္။

ရဲတပ္ဖြဲ႕က သတင္းစာရွင္းလင္းခဲ့တဲ့ အမႈဟာ ေနျပည္ေတာ္ Wisdom Hill မူႀကိဳက အသက္ သုံးႏွစ္မျပည့္ေသးတဲ့ ကေလးငယ္ လိင္မတရားျပဳက်င့္ခံရတယ္ဆိုၿပီး ေမလလယ္မွာ မိသားစုက တိုင္တန္းထားတဲ့အမႈျဖစ္ၿပီး ဒီအမႈကို ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္ တရား႐ုံးမွာ စစ္ေဆးေနတာျဖစ္ပါတယ္။

ဒီအမႈမွာ နစ္နာသူကေလးငယ္ကို အကာအကြယ္ေပးႏိုင္ဖို႔အတြက္ ကေလးနာမည္ကို ထုတ္ေဖာ္မေျပာၾကားဘဲ ဒီအမႈကို ဗစ္တိုးရီးယားအမႈလို႔ အမ်ားက ေခၚေဝၚသုံးစြဲေနၾကရာက အခုလို သတင္းစာရွင္းလင္းပြဲကေန မိသားစု ဘယ္သူဘယ္ဝါဆိုတာ ေပၚထြက္လာတာျဖစ္ပါတယ္။

သတင္းစာရွင္းလင္းပြဲက အဲဒီလို ထုတ္ေျပာအၿပီးမွာ သတင္းစာရွင္းလင္းပြဲကို ထုတ္လႊင့္ခဲ့ၾကတဲ့ မီဒီယာေတြက ရဲတပ္ဖြဲ႕ရွင္းလင္းခ်က္မွာ ကေလးမိသားစုကို ေဖာ္ထုတ္တာပါတယ္ဆိုၿပီး အဲဒီထုတ္လႊင့္မႈကို ျပန္ျဖဳတ္ခ်ခဲ့ပါတယ္။

ေဖ့စ္ဘြတ္ခ္သုံးသူေတြကလည္း ရဲဇာနည္ စာမ်က္ႏွာမွာ ကေလးကို ထုတ္ေဖာ္ေျပာၾကားတဲ့အတြက္ ေဝဖန္မွတ္ခ်က္ေတြ ေပးခဲ့ၾကပါတယ္။

အဲဒီေနာက္ ရဲဇာနည္ စာမ်က္ႏွာကေန သတင္းစာရွင္းလင္းပြဲ ထုတ္လႊင့္ထားတဲ့ ဗီဒီယိုဖိုင္နဲ႔ အမႈနဲ႔ ကေလးမိသားစုနာမည္နဲ႔ အခ်က္အလက္ေတြပါတဲ့ သက္ေသအခ်က္အလက္၊ အေထာက္အထား စာ႐ြက္ေတြကို ျပန္ျဖဳတ္ခ်သြားခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဗစ်တိုးရီးယားအမှု - ရဲသတင်းစာရှင်းလင်းချက် ဥပဒေနဲငြိရင် တရားစွဲမယ်လို့ဆို

ဗစ်တိုးရီးယားအမှုအတွက် ရဲတပ်ဖွဲ့က လုပ်တဲ့သတင်းစာရှင်းလင်းပွဲနဲ့ ရဲဇာနည် ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ဗစ်တိုးရီးယားနဲ့ မိသားစုဘယ်သူဆိုတာ ထုတ်ဖော်ခဲ့တာဟာ ဥပဒေနဲ့ ငြိစွန်းနေရင် တရားစွဲမယ်လို့ ဗစ်တိုးရီးယားဖခင် ဖြစ်သူက ပြောပါတယ်။

သံသယ တရားခံ ကိုအောင်ကြီးကို တရားရှင် လွှတ်လိုက်ပြီး နောက်တစ်နေ့ ဒီဇင်ဘာ ၁၉ ရက်မှာ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲက ပြောကြားချက်နဲ့ ရဲတပ်ဖွဲ့ သတင်းတွေတင်တဲ့ ရဲဇာနည် ဖေ့စ်ဘွတ်ခ် စာမျက်ကနေ နေပြည်တော် Wisdom Hill မူကြိုကျောင်းက လိင်မတရားကျင့်ခံရတယ်ဆိုပြီး တိုင်တန်းထားတဲ့ ကလေးငယ်ရဲ့ နာမည်နဲ့ မိသားစု ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ထုတ်ဖော်ခဲ့တာနဲ့ ပတ်သက်ပြီး နစ်နာသူ ကလေးရဲ့ ဖခင်က "ဒါက လူတစ်ယောက်မှာ ထားရှိရမယ့် ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်ရုံမကဘူး။ ဥပဒေကို ကျူးလွန်တာ။ ကျွန်တော်တို့မိသားစုဘက်ကတော့ ကျွန်တော်တို့ကို ရပ်တည်လို့မရအောင် ထိုးနှက်ချက်လို့ မြင်တယ်"

"ဥပဒေကြောင်းအရ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ရဦးမယ်။ ငြိစွန်းတယ်ဆိုရင်တော့ သမီးအတွက်က ဘာမဆို ရင်ဆိုင်မယ်" လို့ ပြောပါတယ်။

ဒါ့အပြင် သံသယတရားခံ ကိုအောင်ကြီးကို တရားရှင်လွှတ်လိုက်တာနဲ့ ပတ်သက်ပြီး "အပြစ်မရှိတဲ့လူ လွတ်သွားတာတော့ ဝမ်းသာပါတယ်။ ကျွန်တော့် သမီးလေးအတွက် အမှန်တရားက ဝေးကွာသွားပြီလား" လို့ ပြောပါတယ်။

ဒီလို ရဲတပ်ဖွဲ့ရဲ့ ထုတ်ဖော်ပြောကြားချက်နဲ့ ပတ်သက်ပြီး တရားရှင်လွတ်မြောက်လာသူ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က " အဲဒီဥစ္စာက တော်တော် အရုပ်ဆိုးတဲ့ ကိစ္စ။ မကြာသေးခင်ကမှ ထွက်ထားတဲ့ ကလေးသူငယ်ရဲ့ ဥပဒေ ရှိတယ်လေ။ အဲဒီ ကလေးသူငယ် ဥပဒေမှာ ပုဒ်မ ၉၆ ပုဒ်မခွဲ (ဃ) ပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ရင် ကလေးသူငယ် ဥပဒေ ပုဒ်မ ၁၀၁ (က) အရ အနည်းဆုံး လေးလကနေ အများဆုံး တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ အနည်းဆုံး (ကျပ်) လေးသိန်းက အများဆုံး ကျပ်ခြောက်သိန်းအထိ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားတယ်" လို့ ပြောပါတယ်။

"အဲတော့ ဥပဒေကို သိတဲ့ ရဲတွေအနေနဲ့ ပြီးတော့ ရဲတပ်ဖွဲ့ရဲ့အကြီးအကဲအနေနဲ့ ဒီဟာကြီးကတော့ မလုပ်သင့်ဘူး ထင်တယ်။ မမှားသင့်ဘူးထင်တယ်။ သူက သိသိချည်းနဲ့ မှားသလား မသိဘူးပေါ့ဗျာ။ သူတို့က အဲဒါတော့ ငြိနေပြီပေါ့။ ဥပဒေနဲ့" လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Child Rights Law

ဒါ့အပြင် ကိုအောင်ကြီးကို တရားရှင်လွှတ်လိုက်တာနဲ့ ပတ်သက်ပြီး "ဒီအမှုက ရဲက ပြောသွားတယ် အချိန်စောလွန်းတယ် ဘာညာဆိုတော့ ရက်ပေါင်း ၆၀ အတွင်းမှာတော့ အဖြေပေါ်မှာ မဟုတ်သေးဘူး"

"ဘာလို့ဆိုတော့ မန္တလေးတိုင်း တရားလွှတ်တော်ကနေပြီးတော့မှ စွဲချက်မတင်ခင် လွှတ်ထားတဲ့ ကိစ္စကို ဆက်စစ်ဦး၊ ၂၅၃ (၁) အရ အကုန်ကုန်မှ လွှတ်တာ ဖြစ်စေ၊ စွဲချက်တင်ပြီးတော့မှ အပြီးသတ် အမိန့်ချတာ ဖြစ်စေ လုပ်ဦးဆိုရင် ဒါက ဆက်သွားရမှာ"

"ရက်ပေါင်း ၆၀ အတွင်းမှာ မီးမသေသေးဘူး။ အပေါ်ရုံးက ပြင်ကောင်း ပြင်နိုင်တယ်" လို့ လည်း ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

သံသယတရားခံကို တရားရုံးက ပယ်လိုက်တဲ့အတွက် အမှန်တရားကို ရှာဖို့က ရဲတပ်ဖွဲ့ရဲ့ တာဝန်ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ဖော်ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဗစ်တိုးရီးယားအမှုမှာ နစ်နာသူမိသားစုဘက် လိုက်ပါကူညီနေတဲ့ ဒေါက်တာဝင်းကိုကိုသိန်းက "ဥပဒေနဲ့ အထူးသဖြင့် ကလေးသူငယ် ဥပဒေနဲ့ ငြိစွန်းမှု ရှိသလားတိုင်ပင်မယ်။ အဲဒီအတိုင်းဆက်လုပ်မယ်"

"ကျွန်တော်တို့က ဆက်လုပ်မှာ။ ဆက်လုပ်မယ်ဆိုတာ ဥပဒေကို ကျော်ပြီး ဘာမှ မလုပ်ဘူး။ ဥပဒေဘောင်ထဲကပဲ လုပ်မယ်" လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းခဲ့တဲ့ အမှုဟာ နေပြည်တော် Wisdom Hill မူကြိုက အသက် သုံးနှစ်မပြည့်သေးတဲ့ ကလေးငယ် လိင်မတရားပြုကျင့်ခံရတယ်ဆိုပြီး မေလလယ်မှာ မိသားစုက တိုင်တန်းထားတဲ့အမှုဖြစ်ပြီး ဒီအမှုကို နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ စစ်ဆေးနေတာဖြစ်ပါတယ်။

ဒီအမှုမှာ နစ်နာသူကလေးငယ်ကို အကာအကွယ်ပေးနိုင်ဖို့အတွက် ကလေးနာမည်ကို ထုတ်ဖော်မပြောကြားဘဲ ဒီအမှုကို ဗစ်တိုးရီးယားအမှုလို့ အများက ခေါ်ဝေါ်သုံးစွဲနေကြရာက အခုလို သတင်းစာရှင်းလင်းပွဲကနေ မိသားစု ဘယ်သူဘယ်ဝါဆိုတာ ပေါ်ထွက်လာတာဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲက အဲဒီလို ထုတ်ပြောအပြီးမှာ သတင်းစာရှင်းလင်းပွဲကို ထုတ်လွှင့်ခဲ့ကြတဲ့ မီဒီယာတွေက ရဲတပ်ဖွဲ့ရှင်းလင်းချက်မှာ ကလေးမိသားစုကို ဖော်ထုတ်တာပါတယ်ဆိုပြီး အဲဒီထုတ်လွှင့်မှုကို ပြန်ဖြုတ်ချခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်သုံးသူတွေကလည်း ရဲဇာနည် စာမျက်နှာမှာ ကလေးကို ထုတ်ဖော်ပြောကြားတဲ့အတွက် ဝေဖန်မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

အဲဒီနောက် ရဲဇာနည် စာမျက်နှာကနေ သတင်းစာရှင်းလင်းပွဲ ထုတ်လွှင့်ထားတဲ့ ဗီဒီယိုဖိုင်နဲ့ အမှုနဲ့ ကလေးမိသားစုနာမည်နဲ့ အချက်အလက်တွေပါတဲ့ သက်သေအချက်အလက်၊ အထောက်အထား စာရွက်တွေကို ပြန်ဖြုတ်ချသွားခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ဗစ္တိုးရီးယားအမႈ - ရဲသတင္းစာရွင္းလင္းခ်က္ ဥပေဒနဲၿငိရင္ တရားစြဲမယ္လို႔ဆို ဗစ္တိုးရီးယားအမႈ - ရဲသတင္းစာရွင္းလင္းခ်က္ ဥပေဒနဲၿငိရင္ တရားစြဲမယ္လို႔ဆို Reviewed by THITHTOOLWIN on 02:01 Rating: 5
Powered by Blogger.