နယ်သာလန် လွှတ်တော်အမတ်တြေနဲ့ ဒေါ်စုတြေ့ဆုံမယ့် အစီအစဉ္ပ်က်


(Zawgyi/Unicode)

Netherlands နိုင်ငံ The Hague မြို့မွာရောက်နေတဲ့ နိုင်ငံတော်အတိုင္ပင္ခံ ဒေါ်အောင္ဆန်းစုကြည်ဟာ Netherlands အောက္လွှတ်တော် နိုင်ငျံခားရေးက္မောတီနဲ့ ဒီကေန့ တြေ့ဆုံမယ့် အစီအစဉ်ရွိထားပေမဲ့ အစီအစဉ် ပ်က္ခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင္ဆန်းစုကြည်ရဲ့ ခရီးစဉ္မွာ မေမွ်္လာင့်တဲ့ အေကြာင်းအရင်းတြေရွိတဲ့အတြက် ဖ်က္လိုက္တယ္လို့ Netherlands အောက္လွှတ်တ္ကောို ကိုးကားကားပြီး Netherlands သတင်းတြေမွာ ဖော်ျပပါတယ်။

ရိုဟင္ဂ်ာတြေအေပါ် လူမိုးတုံးသတ်ျဖတ္ဖို့ ရည်ရယ္ခ်ြက္နဲ့ လုပ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ့ ICJ တရားရုံးမွာ Gambia နိုင်ငံကျမန္မာနိုင်ငံကို တရားစြဲတဲ့ကိစ္စနဲ့ ပတ်သက္လို့ နိုင်ငျံခားရေးက္မောတီမွာ ဒေါ်အောင္ဆန်းစုကြည္နဲ့ တံခါးပိတ်ဆြေးနြေးမျွာဖစ္တယ္လို့ Netherlands က လာတဲ့သတင်းတြေမွာ ဖော်ျပခဲ့ကြတာပါ။

ဒီနေ့မနက္ပိုင်းကေတာ့ ဥရောပေရာက်ျမန္မာအသိုင်းအဝိုင်းနဲ့ သူတည်းခိုတဲ့ ဟိုတယ္မွာ ဒေါ်အောင္ဆန်းစုကြည် ဒုတိယအကြိမ် တေ့ဆြုံခဲ့ပါတယ်။ ကြာသပေတးနေ့ ညေနပိုင်းကလည်း ဥရောပေရာက်ျမန္မာတခို့နဲ့ ပထမ တကြိမ်တြေ့ဆုံပြီျးမန္မာနိုင်ငံ ဝမ်းနည်းစရာ အျေခအေနနဲ့ ကြုံနေရခိန္မွာ ဝန်းရံပေးတာကို ကေ်းဇူးတင်ကြောင်းနဲ့ တေယာက္နဲ့ တေယာက် မေတ္တာထားကြဖို့ တိုက္တြန်းခဲ့ပါတယ်။

ရခိုင်ျပည္နယ်ျေမာက္ပိုင်းမွာ လုံခြုံရေးတပ္ဖြဲ့ဝင်တြေရဲ့ ဆိုးဝါးတဲ့ လူ့အခြင့်အေရး ခိုးဖောက္မှုတြေ၊ ရိုဟင္ဂ်ာသိန်းနဲ့ခ်ီ Bangladesh နိုင်ငံဘက် ထြက်သြားကြရတဲ့ အျေခအေနေတြေကြာင့် လူမိုးတုန်းသတ်ျဖတ္မှု တားဆီးရေးစာခ်ုပ္ကျိုမန္မာနိုင်ငံခိုးဖောက္တယ္ဆိုပြီျးမန္မာနိုင်ငံ တရားစြဲခံရတာပါ။

ဒီစာခ်ုပ္မွာ လက္မွတ္ထိုးထားကြတဲ့ နိုင်ငံတြေအေနနဲ့ တရားစြဲတဲ့ Gambia နိုင်ငံဘက္က ထောက္ခံကြဖို့ Netherlands နဲ့ Canada နိုင်ငံတို့က တနင်္လာနေ့ကပဲ ကြေညာခ်က္ထုတ်ျပန် တောင်းဆိုခဲ့ကြပါတယ်။ The Hague တရားရုံးမွာ ၃ ရက်ကြာ ၂ ဘက် လွော်က္လဲမှုတြေကေတာ့ ကြာသပေတးနေ့က အဆုံးသတ်သြားပါပြီ။

နောက္ဆုံးနေ့ အျပန်အလွန်ကြားနာပဲမြွာ နိုင်ငျံခားရေးဝန်ကြီး ဒေါ်အောင္ဆန်းစုကြည္က Gambia ဘက္က စြပ္စဲခ်ြက်တြေအေပ်ါမွာ ထူးထူျးခာျးခား ထပ်ျငင်းဆိုခဲ့တာမရွိခဲ့ပါဘူး။ လက်ရွိ ICJ တရားရုံးမွာ လက္ခံကြားနာမယ္ဆိုတဲ့ စာရင်းကေနျမန္မာကို ပယ္ဖ်က်ပေးဖို့နဲ့၊ Gambia တောင်းဆိုထားတဲ့ ကြာျးဖတ်အေရးယူဆောင်ရြက္ခ်က္ကို ပယ္ဖ်က်ပေးဖို့ကိုပျဲမန္မာကိုယ္စားလွယ် အဖြဲ့ခေါင်းဆောင် ဒေါ်အောင္ဆန်းစုကြည္က တရားရုံးကို တောင်းဆိုခဲ့ပါတယ်။

ရိုဟင္ဂ်ာဆိုတဲ့အသုံးအနှုန်းကျိုမန္မာအစိုးရက လက္မခံသလို ဒီအသုံးအနှုန်းကိုလည်း ကြားနာပြဲမျွာမန္မာဘက္က သုံးနှုန်းသြာျးခင်း မရွိခဲ့ပါဘူး။


[Unicode Version]

Netherlands နိုင်ငံ The Hague မြို့မှာရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ Netherlands အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီနဲ့ ဒီကနေ့ တွေ့ဆုံမယ့် အစီအစဉ်ရှိထားပေမဲ့ အစီအစဉ် ပျက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ မမျှော်လင့်တဲ့ အကြောင်းအရင်းတွေရှိတဲ့အတွက် ဖျက်လိုက်တယ်လို့ Netherlands အောက်လွှတ်တော်ကို ကိုးကားကားပြီး Netherlands သတင်းတွေမှာ ဖော်ပြပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICJ တရားရုံးမှာ Gambia နိုင်ငံက မြန်မာနိုင်ငံကို တရားစွဲတဲ့ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးကော်မတီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တံခါးပိတ်ဆွေးနွေးမှာ ဖြစ်တယ်လို့ Netherlands က လာတဲ့သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။

ဒီနေ့မနက်ပိုင်းကတော့ ဥရောပရောက် မြန်မာအသိုင်းအဝိုင်းနဲ့ သူတည်းခိုတဲ့ ဟိုတယ်မှာ ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ် တွေ့ဆုံခဲ့ပါတယ်။ ကြာသပတေးနေ့ ညနေပိုင်းကလည်း ဥရောပရောက်မြန်မာတချို့နဲ့ ပထမ တကြိမ်တွေ့ဆုံပြီး မြန်မာနိုင်ငံ ဝမ်းနည်းစရာ အခြေအနေနဲ့ ကြုံနေရချိန်မှာ ဝန်းရံပေးတာကို ကျေးဇူးတင်ကြောင်းနဲ့ တယောက်နဲ့ တယောက် မေတ္တာထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရိုဟင်ဂျာသိန်းနဲ့ချီ Bangladesh နိုင်ငံဘက် ထွက်သွားကြရတဲ့ အခြေအနေတွေကြောင့် လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးစာချုပ်ကို မြန်မာနိုင်ငံချိုးဖောက်တယ်ဆိုပြီး မြန်မာနိုင်ငံတရားစွဲခံရတာပါ။

ဒီစာချုပ်မှာ လက်မှတ်ထိုးထားကြတဲ့ နိုင်ငံတွေအနေနဲ့ တရားစွဲတဲ့ Gambia နိုင်ငံဘက်က ထောက်ခံကြဖို့ Netherlands နဲ့ Canada နိုင်ငံတို့က တနင်္လာနေ့ကပဲ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ကြပါတယ်။ The Hague တရားရုံးမှာ ၃ ရက်ကြာ ၂ ဘက် လျှောက်လဲမှုတွေကတော့ ကြာသပတေးနေ့က အဆုံးသတ်သွားပါပြီ။

နောက်ဆုံးနေ့ အပြန်အလှန်ကြားနာပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က Gambia ဘက်က စွပ်စွဲချက်တွေအပေါ်မှာ ထူးထူးခြားခြား ထပ်ငြင်းဆိုခဲ့တာမရှိခဲ့ပါဘူး။ လက်ရှိ ICJ တရားရုံးမှာ လက်ခံကြားနာမယ်ဆိုတဲ့ စာရင်းကနေ မြန်မာကို ပယ်ဖျက်ပေးဖို့နဲ့၊ Gambia တောင်းဆိုထားတဲ့ ကြားဖြတ်အရေးယူဆောင်ရွက်ချက်ကို ပယ်ဖျက်ပေးဖို့ကိုပဲ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးကို တောင်းဆိုခဲ့ပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံသလို ဒီအသုံးအနှုန်းကိုလည်း ကြားနာပွဲမှာ မြန်မာဘက်က သုံးနှုန်းသွားခြင်း မရှိခဲ့ပါဘူး။

VOA Burmese
https://burmese.voanews.com
နယ်သာလန် လွှတ်တော်အမတ်တြေနဲ့ ဒေါ်စုတြေ့ဆုံမယ့် အစီအစဉ္ပ်က် နယ်သာလန် လွှတ်တော်အမတ်တြေနဲ့ ဒေါ်စုတြေ့ဆုံမယ့် အစီအစဉ္ပ်က် Reviewed by THITHTOOLWIN on 00:47 Rating: 5
Powered by Blogger.