ဗြိတိန်ရြေးကောက္ပြဲ အာဏာရ ကြန္ဆာဗေးတစ္ပါတီ အနိုင်ရ


(Zawgyi/Unicode)

ကြာသပေတးနေ့ကက်င်းပခဲ့တဲ့ ဗြိတိန္နိုင်ငံအေထြေထြေရြးကောက္ပြဲမွာ ဝန်ကြီးခ်ုပ် Boris Johnson ရဲ့ Conservative ပါတီက ပါလီမန္မွာ မဲအမ်ားစုနဲ့ အနိုင်ရသြားပါတယ်။ အောက္လွှတ်တော်အမတ်နေရာ ၆၅၀ မွာ Conservative ပါတီက ၃၆၀ ကေ်္နာဲ့ ၈၀ ရာခိုင္နှုန်းလောက် အနိုင်ရသြားတျာဖစ္ပါတယ်။ အေထြေထြေရြးကောက္ပြဲမွာ သမိုင်းဝင်အနိုင်ရခဲ့တဲ့အတြက် မဲဆန္ဒရွင်တြေရဲ့ ယုံကြည္မှုကို တုံျ့ပန္တဲ့အေနနဲ့ EU ဥရောပသမဂ္ဂထဲကေန ဗြိတိန္နှုတ္ထြက်ရေးကို မျဖစ္မေနလုပ်သြားမယ္လို့ ဝန်ကြီးခ်ုပ် Johnson ကအနိုင်ရမိန့်ခြန်းမွာျေပာကြားသြားပါတယ်။

“ဗြိတိန္နုတ္ထြက္ဖို့ သတ္မွတ္ထားတဲ့ ၂၀၂၀ ဇန္န၀ါရီ လ ၃၁ ရက်နေ့မွာ ဘယ္လိုအျေခအေနမိုးမွာ မဆို မျဖစ္မေန နုတ္ထြက္နိုင်အောင် လုပ်သြားမယ်” လို့ ဝန်ကြီးခ်ုပ် Johnson ကျေပာကြားသြားတျာဖစ္ပါတယ်။ အစိုးရသစ္ဖြဲ့ခြင့်ပေးဖို့ ဝန်ကြီးခ်ုပ် Johnson ဟာ ဘုရင္မကြီးကို ဒီနေ့မနက္ကပဲ သြားရောက်တြေ့ဆုံ ခြင့်တောင်းထားပြီျးဖစ္ပါတယ်။

EU ထဲက ထြက်ရေး မထြက်ရေးဆန္ဒခံယူပြဲလုပ္မယ္လို့ျေပာကြားမဲဆြယ္ခဲ့တဲ့ အတိုက်အခံ Labour ပါတီက အခုရြေးကောက္ပြဲမွာ အေတ်ာလေးရှုံးနိမ့်ခဲ့တာပါ။ Labour ပါတီခေါင်းဆောင် Jeremy Corbyn ကသူ့အေနနဲ့ နောင်အနာဂတ် ရြေးကောက္ပြဲတြေအတြက် ပါတီကို သူဦးဆောင်တော့မွာ မဟုတ္ဘူးလို့ျေပာကြားခဲ့ပေမဲ့၊ ခ်က္ခ်င်းတော့ ပါတီခေါင်းဆောင်ရာထူးကေန ဆင်းပေးမွာ မဟုတ္ဘူးလို့ျေပာကြားခဲ့ပါတယ်။ ရြေးကောက္ပြဲရလဒ်တြေကျိုပန္လည်သုံးသပ်ပြီး ပါတီကို ဘယ္လိုရွေ့ဆက်သြားမလဲဆိုတာ ဆြေးနြေးနေစဉ္ကာလမွာတော့ သူဦးဆောင်နေဦးမျွာဖစ္တယ္လို့ ဒီကေန့ျေပာကြားခဲ့ပါတယ်။ အခုရြေးကောက္ပြဲမွာ EU ထဲမွာဆက်နေခ်င္တဲ့ Scotland နယ္က Scotland အမိုးသားရေးပါတီ SNP ကလည်း အျပတ်အသတ်အနိုင်ရခဲ့ပါတယ်။ Scotland နယ္ကို သီျးခားလြတ္လပ္တဲ့ နိုင်ငံတခုအျဖစ္ခြဲထြက်ရေး ဆန္ဒခံယူပြဲ ဒုတိယအကြိမ္လုပ်ပေးဖို့ Scotlandျပည်သူတြေကျပတ်ျပတ်သားသာျးပသခဲ့တျာဖစ္တယ္လို့ SNP ပါတီခေါင်းဆောင် Nicola Sturgeon ကျေပာကြားခဲ့ပါတယ်။

.............................

ဗြိတိန်ရွေးကောက်ပွဲ အာဏာရ ကွန်ဆာဗေးတစ်ပါတီ အနိုင်ရ

(Zawgyi/Unicode)

ကြာသပတေးနေ့ကကျင်းပခဲ့တဲ့ ဗြိတိန်နိုင်ငံအထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Boris Johnson ရဲ့ Conservative ပါတီက ပါလီမာန်မှာ မဲအများစုနဲ့ အနိုင်ရသွားပါတယ်။ အောက်လွှတ်တော်အမတ်နေရာ ၆၅၀ မှာ Conservative ပါတီက ၃၆၀ ကျော်နဲ့ ၈၀ ရာခိုင်နှုန်းလောက် အနိုင်ရသွားတာဖြစ်ပါတယ်။ အထွေထွေရွေးကောက်ပွဲမှာ သမိုင်းဝင်အနိုင်ရခဲ့တဲ့အတွက် မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှုကို တုံ့ပြန်တဲ့အနေနဲ့ EU ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နှုတ်ထွက်ရေးကို မဖြစ်မနေလုပ်သွားမယ်လို့ ဝန်ကြီးချုပ် Johnson ကအနိုင်ရမိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

“ဗြိတိန်နုတ်ထွက်ဖို့ သတ်မှတ်ထားတဲ့ ၂၀၂၀ ဇန်နဝါရီ လ ၃၁ ရက်နေ့မှာ ဘယ်လိုအခြေအနေမျိုးမှာ မဆို မဖြစ်မနေ နုတ်ထွက်နိုင်အောင် လုပ်သွားမယ်” လို့ ဝန်ကြီးချုပ် Johnson ကပြောကြားသွားတာဖြစ်ပါတယ်။ အစိုးရသစ်ဖွဲ့ခွင့်ပေးဖို့ ဝန်ကြီးချုပ် Johnson ဟာ ဘုရင်မကြီးကို ဒီနေ့မနက်ကပဲ သွားရောက်တွေ့ဆုံ ခွင့်တောင်းထားပြီးဖြစ်ပါတယ်။

EU ထဲက ထွက်ရေး မထွက်ရေးဆန္ဒခံယူပွဲလုပ်မယ်လို့ ပြောကြားမဲဆွယ်ခဲ့တဲ့ အတိုက်အခံ Labour ပါတီက အခုရွေးကောက်ပွဲမှာ အတော်လေးရှုံးနိမ့်ခဲ့တာပါ။ Labour ပါတီခေါင်းဆောင် Jeremy Corbyn ကသူ့အနေနဲ့ နောင်အနာဂါတ် ရွေးကောက်ပွဲတွေအတွက် ပါတီကို သူဦးဆောင်တော့မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပေမဲ့၊ ချက်ချင်းတော့ ပါတီခေါင်းဆောင်ရာထူးကနေ ဆင်းပေးမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်တွေကို ပြန်လည်သုံးသပ်ပြီး ပါတီကို ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ ဆွေးနွေးနေစဉ်ကာလမှာတော့ သူဦးဆောင်နေဦးမှာဖြစ်တယ်လို့ ဒီကနေ့ ပြောကြားခဲ့ပါတယ်။ အခုရွေးကောက်ပွဲမှာ EU ထဲမှာဆက်နေချင်တဲ့ Scotland နယ်က Scotland အမျိုးသားရေးပါတီ SNP ကလည်း အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ Scotland နယ်ကို သီးခြားလွတ်လပ်တဲ့ နိုင်ငံတခုအဖြစ်ခွဲထွက်ရေး ဆန္ဒခံယူပွဲ ဒုတိယအကြိမ်လုပ်ပေးဖို့ Scotland ပြည်သူတွေက ပြတ်ပြတ်သားသားပြသခဲ့တာဖြစ်တယ်လို့ SNP ပါတီခေါင်းဆောင် Nicola Sturgeon ကပြောကြားခဲ့ပါတယ်။

VOA Burmese
https://burmese.voanews.com
ဗြိတိန်ရြေးကောက္ပြဲ အာဏာရ ကြန္ဆာဗေးတစ္ပါတီ အနိုင်ရ ဗြိတိန်ရြေးကောက္ပြဲ အာဏာရ ကြန္ဆာဗေးတစ္ပါတီ အနိုင်ရ Reviewed by THITHTOOLWIN on 00:49 Rating: 5
Powered by Blogger.