မိုးညႇင္း အစိုးရနည္းပညာေကာလိပ္ေက်ာင္းအတြင္းထဲမွ ပုပ္ပြေနေသာ အမ်ိဳးသားအေလာင္း ေတြ႕ရွိ


(Zawgyi)⤵⤵⤵
မိုးညႇင္းဒီဇင္ဘာ ၁၃

ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕ေအာင္သေျပရပ္ကြက္ အစိုးရ နည္းပညာေကာလိပ္ ေက်ာင္းဝင္းအတြင္းၿခဳံထဲမွေလာက္ေကာင္က် ပုပ္ပြေနေသာ အမည္မသိအမ်ိဳးသားအေလာင္းတစ္ေလာင္း ဒီဇင္ဘာ၁၁ ရက္က ေတြ႕ရွိသျဖင့္ ေသမႈေသခင္းေရးဖြင့္ထားသည္။

မိုးညႇင္းၿမိဳ႕ အစိုးရနည္းပညာေကာလိပ္ေက်ာင္းအေနာက္ဘက္ ကိုက္(၂၀၀)ခန႔္အကြာၿခဳံထဲတြင္ အမည္မသိ အသက္(၃၅)ႏွစ္ခန႔္ရွိ အမ်ိဳးသားတစ္ဦးသည္ အေနာက္ဘက္ ဦးေခါင္းျပဳ၍ ေမွာက္လ်က္ အေနအထားေသဆုံးေနၿပီး ၎၏ဦးေခါင္းဝဲဘက္ေဘးတြင္ အပ္တပ္လ်က္ 3cc ေဆးထိုးပိုက္တစ္ခုႏွင့္ အစိမ္းေရာင္ ဂက္(စ္)မီးျခစ္ တစ္လုံးတို႔အား ေတြ႕ရွိခဲ့ရသည္။

မိုးညႇင္းၿမိဳ႕ အစိုးရနည္းပညာေကာလိပ္ေက်ာင္းေစာင့္ ဦးထြန္းၾကည္၏ ေျပာၾကားခ်က္အရ လြန္ခဲ့ေသာတစ္ပတ္ခန႔္မွစ၍ အပုပ္နံ႔ရၿပီး အဆိုပါအပုပ္နံ႔မွာ ပိုမိုဆိုး႐ြားလာသျဖင့္ ဒီဇင္ဘာ ၁၁ ရက္ ညေန၆ နာရီ တြင္ လိုက္လံရွာေဖြရာမွ ေသဆုံးေနေသာအမ်ိဳးသား အေလာင္းအား ေတြ႕ရွိရ၍ သက္ဆိုင္ရာသို႔ အေၾကာင္းၾကားခဲ့ေၾကာင္း သိရွိရသျဖင့္ ဒုရဲအုပ္သင္းစုဝင္း မွတရားလိုျပဳလုပ္ အမႈဖြင့္လွစ္ခဲ့ၿပီး မိုးညႇင္းၿမိဳ႕မရဲစခန္းက အမႈမွန္ေပၚေပါက္ေရး အတြက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္ ။

နီတိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
-------------
(Unicode)⤵⤵⤵
မိုးညှင်း အစိုးရနည်းပညာကောလိပ်ကျောင်းအတွင်းထဲမှ ပုပ်ပွနေသော
အမျိုးသားအလောင်း တွေ့ရှိ

မိုးညှင်းဒီဇင်ဘာ ၁၃

ကချင်ပြည်နယ် မိုးညှင်းမြို့အောင်သပြေရပ်ကွက် အစိုးရ နည်းပညာကောလိပ် ကျောင်းဝင်းအတွင်းခြုံထဲမှလောက်ကောင်ကျ ပုပ်ပွနေသော အမည်မသိအမျိုးသားအလောင်းတစ်လောင်း ဒီဇင်ဘာ ၁၁ ရက်က တွေ့ရှိသဖြင့် သေမှုသေခင်းရေးဖွင့်ထားသည်။


မိုးညှင်းမြို့ အစိုးရနည်းပညာကောလိပ်ကျောင်းအနောက်ဘက် ကိုက်(၂၀၀)ခန့်အကွာခြုံထဲတွင် အမည်မသိ အသက်(၃၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးသည် အနောက်ဘက် ဦးခေါင်းပြု၍ မှောက်လျက် အနေအထားသေဆုံးနေပြီး ၎င်း၏ဦးခေါင်းဝဲဘက်ဘေးတွင် အပ်တပ်လျက် 3cc ဆေးထိုးပိုက်တစ်ခုနှင့် အစိမ်းရောင် ဂက်(စ်)မီးခြစ် တစ်လုံးတို့အား တွေ့ရှိခဲ့ရသည်။

မိုးညှင်းမြို့ အစိုးရနည်းပညာကောလိပ်ကျောင်းစောင့် ဦးထွန်းကြည်၏ ပြောကြားချက်အရ လွန်ခဲ့သောတစ်ပတ်ခန့်မှစ၍ အပုပ်နံ့ရပြီး အဆိုပါအပုပ်နံ့မှာ ပိုမိုဆိုးရွားလာသဖြင့် ဒီဇင်ဘာ ၁၁ ရက် ညနေ ၆ နာရီ တွင် လိုက်လံရှာဖွေရာမှ သေဆုံးနေသောအမျိုးသား အလောင်းအား တွေ့ရှိရ၍ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရှိရသဖြင့် ဒုရဲအုပ်သင်းစုဝင်း မှတရားလိုပြုလုပ် အမှုဖွင့်လှစ်ခဲ့ပြီး မိုးညှင်းမြို့မရဲစခန်းက အမှုမှန်ပေါ်ပေါက်ရေး အတွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။

နီတိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုးညႇင္း အစိုးရနည္းပညာေကာလိပ္ေက်ာင္းအတြင္းထဲမွ ပုပ္ပြေနေသာ အမ်ိဳးသားအေလာင္း ေတြ႕ရွိ မိုးညႇင္း အစိုးရနည္းပညာေကာလိပ္ေက်ာင္းအတြင္းထဲမွ ပုပ္ပြေနေသာ အမ်ိဳးသားအေလာင္း ေတြ႕ရွိ Reviewed by THITHTOOLWIN on 00:37 Rating: 5
Powered by Blogger.