ရဲအရာရွိႀကီးေတြကို အေရးယူဖို႔ ရန္ကုန္မွာ လူရာခ်ီဆႏၵျပ

ဗစ္တိုးရီးယားရဲ႕ နာမည္အရင္းကို ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ အဆင့္ျမင့္အရာရွိေတြက သတင္းစာရွင္းလင္းပြဲမွာ ထုတ္ေဖာ္ခဲ့လို႔ အေရးယူေပးဖို႔ ၂၀၁၉၊ ဒီဇင္ဘာ ၂၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွာ ဆႏၵျပေတာင္းဆိုၾကစဥ္
(Zawgyi)⤵⤵⤵
ေနျပည္ေတာ္က Wisdom Hill ပုဂၢလိက မူႀကိဳကိုယ္ပိုင္ေက်ာင္းမွာ ေက်ာင္းတက္ခဲ့တဲ့ ဗစ္တိုးရီးယားလို႔ ေခၚၾကတဲ့ သုံးႏွစ္အ႐ြယ္ ကေလးငယ္ေလး တစ္ဦး လိင္အၾကမ္းဖက္ခံရမႈကို ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က အမႈမွန္ေပၚေပါက္ေရးထက္၊ ရဲက်င့္ဝတ္ခ်ိဳးေဖာက္ၿပီးေတာ့ နစ္နာသူရဲ႕အမည္ကို ထုတ္ေျပာခဲ့တာေၾကာင့္ တာဝန္ရွိသူေတြကို အေရးယူေပးဖို႔ လူအင္အားရာခ်ီ စုေဝးဆႏၵေဖာ္ထုတ္ခဲ့ၾကပါတယ္။

အမႈမွာ စြပ္စြဲခံရတဲ့ ကားဒ႐ိုင္ဘာ ကိုေအာင္ႀကီးကို အမႈမခိုင္လုံလို႔ တရား႐ုံးက တရားရွင္လႊတ္ေပး (လိုအပ္သည့္အခ်ိန္တြင္ ျပန္ဖမ္းဆီးစစ္ေဆးႏိုင္) ခဲ့ပါတယ္။ အဲဒီေနာက္ ဒီဇင္ဘာ ၁၉ ရက္ေန႔မွာ ရဲတပ္ဖြဲ႕ အဆင့္ျမင့္အရာရွိေတြျဖစ္တဲ့ ဒုရဲခ်ဳပ္ ေအာင္ႏိုင္သူ၊ ရဲမႉးခ်ဳပ္ စိုးႏိုင္ဦး၊ ရဲမႉးႀကီး မင္းဟန္၊ ရဲမႉးႀကီး သာထြန္ တို႔ သုံးဦး ေခါင္းေဆာင္ၿပီးေတာ့ာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ပါတယ္။

ဥပေဒအရဆိုရင္ ရဲတပ္ဖြဲ႕ဟာ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒ ပုဒ္မ ၉၆ နဲ႔အညီ နစ္နာသူ အမည္ကို ထိန္ခ်န္ထားေပးရမွာပါ။ ရဲတပ္ဖြဲ႕ရဲ႕ ရွင္းလင္းပြဲကို ရဲဇာနည္ အမည္ရွိ ရဲတပ္ဖြဲ႕သတင္းျပန္ၾကားေရး  ေဖ့စ္ဘြတ္ လူမႈကြန္ရက္ စာမ်က္ႏွာကလည္း တိုက္႐ိုက္ထုတ္လႊင့္ခဲ့ပါတယ္။ ရဲတပ္ဖြဲ႕က ထုတ္ေဖာ္ေျပာၾကားလို႔ ျပည္သူလူထုက ဝိုင္းဝန္းေထာက္ျပၾကေပမယ့္ ရဲဇာနည္ စာမ်က္ႏွာကေန အမႈတြဲ အခ်က္အလက္နဲ႔ အမည္အရင္းပါတဲ့ လွ်ိဳ႕ဝွက္စာ႐ြက္ေတြကို ထပ္မံတင္ခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ ေဝဖန္မႈျမင့္တက္လာတဲ့အခါ ရဲဇာနည္ စာမ်က္ႏွာေပၚက တိုက္႐ိုက္ထုတ္လႊင့္မႈနဲ႔ စာ႐ြက္စာတမ္းေတြကို ျဖဳတ္ခ်သြားခဲ့ပါတယ္။

အဲဒီလိုထုတ္ေဖာ္ေျပာဆိုခဲ့တဲ့ သူေတြဟာ ရဲတပ္ဖြဲ႕မွာ ရာထူး ကိုယ္စီ ယူထားသူေတြျဖစ္တာေၾကာင့္ အေရးယူေပးဖို႔ ဒီေန႔ ဆႏၵျပပြဲမွာ ပါဝင္တဲ့ Generation Wave က မအိအိမိုးက ေျပာပါတယ္။

ဒီေန႔ဆႏၵျပပြဲမွာ ပါဝင္တဲ့ ဘိုကေလး ဦးျမင့္ေအာင္က သက္ဆိုင္ရာ ရဲတပ္ဖြဲ႕ဝင္ အရာရွိေတြကို အေရးယူေပးဖို႔ မျဖစ္ႏိုင္ဘူးလို႔ေျပာပါတယ္။

ဆႏၵျပသူေတြဟာ မဟာဗႏၶဳလပန္းၿခံကေန ေက်ာက္တံတား၊ ပန္းဘဲတန္းနဲ႔ လသာၿမိဳ႕နယ္ေတြကို ပတ္ၿပီး ခ်ီတက္ခဲ့ၾကၿပီး ခြင့္ျပဳမိန႔္တင္တာမရွိဘူးလို႔ သိရပါတယ္။ ခြင့္ျပဳခ်က္မတင္ဘဲ လမ္းေလွ်ာက္ခ်ီတက္တာနဲ႔ ပတ္သက္ၿပီး ေက်ာက္တံတားၿမိဳ႕နယ္ ရဲစခန္းက စခန္းမႉးကို RFA အေနနဲ႔ ေမးျမန္းႏိုင္ေအာင္ ႀကိဳးစားေပမယ့္ မသိေၾကာင္းသာ ေျပာပါတယ္။

ကေလးငယ္ရဲ႕ အမည္နဲ႔ မိဘအမည္ေတြကို ရဲတပ္ဖြဲ႕တာဝန္ရွိသူေတြ ထုတ္ေဖာ္ေျပာဆိုခဲ့တာဟာ ရည္႐ြယ္ ခ်က္ရွိရွိ မွားလိုက္တာ ျဖစ္တယ္လို႔ တရားလႊတ္ေတာ္ ေရွ႕ေန ဦးႀကီးျမင့္က ေျပာပါတယ္။

လမ္းတစ္ေလွ်ာက္မွာလည္း ရဲတပ္ဖြဲ႕ရဲ႕  ဥပေဒမဲ့လုပ္ရပ္ေတြကို ဆန႔္က်င္ေၾကာင္း၊ ဗစ္တိုးရီးယားအတြက္ တရားမွ်တမႈ အျမန္ဆုံးေဖာ္ေပးဖို႔၊ က်င့္ဝတ္နဲ႔ဥပေဒခ်ိဳးေဖာက္တဲ့ ရဲအရာရွိေတြကို အေရးယူေပးဖို႔ စတာ ေတြကို ေတာင္းဆိုခဲ့ၾကပါတယ္။

ဗစ္တိုးရီးယားကိစၥ ေျပာခဲ့တဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကို အေရးယူေပးဖို႔ ေတာင္းဆိုခ်က္နဲ႔ ပတ္သက္ၿပီး ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူေတြကို RFA က ဆက္သြယ္ေမးျမန္းဖို႔ႀကိဳးစားေနပါတယ္။

ကေလးငယ္ရဲ႕ အမႈနဲ႔ ပတ္သက္ၿပီး သံသယတရားခံအျဖစ္ ဖမ္းဆီးထားတဲ့ ကိုေအာင္ႀကီး တရားလိုျပသက္ေသ ၂၆ ဦးထဲက ၁၉ ဦး စစ္ေဆးအၿပီးမွာ ျပစ္မႈက်ဴးလြန္ေၾကာင္း အေထာက္အထားမေတြ႕ရတာေၾကာင့္ဆိုၿပီး တရား႐ုံးက ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၈ ရက္ေန႔က တရားရွင္ လႊတ္ေပးလိုက္ပါတယ္။ သက္ေသအားလုံးကို စစ္ေဆးမၿပီးခင္မွာ အဲ့ဒီလို လႊတ္ေပးလိုက္တာဟာ ေစာလြန္းေၾကာင္း သတင္းစာရွင္းလင္းပြဲမွာ ရဲတပ္ဖြဲ႕က ေျပာထားပါတယ္။

၂၀၁၉ ခုႏွစ္မွာ ျပဌာန္းခဲ့တဲ့ ကေလးသူငယ္ အခြင့္အေရးဆိုင္ရာဥပေဒ ပုဒ္မ ၉၆ မွာ ရဲတပ္ဖြဲ႕က စုံစမ္း စစ္ေဆး ရာမွာျဖစ္ေစ၊ ကေလးသူငယ္တရား႐ုံးေရွ႕ျဖစ္ေစ၊ တရား႐ုံး တစ္ခုခုမွာျဖစ္ေစ ျပစ္မႈက်ဴးလြန္တာခံရတဲ့ ကေလးသူငယ္ေတြ၊ သက္ေသအျဖစ္ ထြက္ဆိုတဲ့ ကေလးသူငယ္ေတြကို နာမည္နဲ႔  မႈခင္းသတင္း အခ်က္အလက္ေတြ ရယူတာ၊ ဓာတ္ပုံ႐ိုက္တာ၊ သတင္းစာ၊ မဂၢဇင္း၊ ဂ်ာနယ္နဲ႔ စာအုပ္စာတမ္းေတြ ထည့္သြင္းတာ၊ ေရဒီယို၊ ႐ုပ္ျမင္သံၾကားနဲ႔ လူမႈကြန္ရက္ဆက္သြယ္ေရး နည္းလမ္းေတြမွာ ထုတ္လႊင့္ျခင္း မျပဳရလို႔ ျပဌာန္းထားပါတယ္။

အဲဒီျပဌာန္းခ်က္ကို က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားရင္ က်ဴးလြန္သူဟာ အနည္းဆုံး ေထာင္ဒဏ္ ‌ေလးလကေန အမ်ားဆုံး တစ္ႏွစ္ထိ ျဖစ္ေစ၊ ေငြဒဏ္အေနနဲ႔ အနည္းဆုံးက်ပ္ ေလးသိန္းကေန အမ်ားဆုံး က်ပ္ ‌ေျခာက္သိန္း အထိျဖစ္ေစ၊ ဒါမွမဟုတ္ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမယ္လို႔ ျပ႒ာန္းထားပါတယ္။

RFA Burmese
https://www.rfa.org
----------
(Unicode)⤵⤵⤵
ရဲအရာရှိကြီးတွေကို အရေးယူဖို့ ရန်ကုန်မှာ လူရာချီဆန္ဒပြ

ဗစ်တိုးရီးယားရဲ့ နာမည်အရင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အဆင့်မြင့်အရာရှိတွေက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ခဲ့လို့ အရေးယူပေးဖို့ ၂၀၁၉၊ ဒီဇင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့မှာ ဆန္ဒပြတောင်းဆိုကြစဉ်
ဓါတ်ပုံ - အောင်သိင်္ခ/ RFA

နေပြည်တော်က Wisdom Hill ပုဂ္ဂလိက မူကြိုကိုယ်ပိုင်ကျောင်းမှာ ကျောင်းတက်ခဲ့တဲ့ ဗစ်တိုးရီးယားလို့ ခေါ်ကြတဲ့ သုံးနှစ်အရွယ် ကလေးငယ်လေး တစ်ဦး လိင်အကြမ်းဖက်ခံရမှုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အမှုမှန်ပေါ်ပေါက်ရေးထက်၊ ရဲကျင့်ဝတ်ချိုးဖောက်ပြီးတော့ နစ်နာသူရဲ့အမည်ကို ထုတ်ပြောခဲ့တာကြောင့် တာဝန်ရှိသူတွေကို အရေးယူပေးဖို့ လူအင်အားရာချီ စုဝေးဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အမှုမှာ စွပ်စွဲခံရတဲ့ ကားဒရိုင်ဘာ ကိုအောင်ကြီးကို အမှုမခိုင်လုံလို့ တရားရုံးက တရားရှင်လွှတ်ပေး (လိုအပ်သည့်အချိန်တွင် ပြန်ဖမ်းဆီးစစ်ဆေးနိုင်) ခဲ့ပါတယ်။ အဲဒီနောက် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ရဲတပ်ဖွဲ့ အဆင့်မြင့်အရာရှိတွေဖြစ်တဲ့ ဒုရဲချုပ် အောင်နိုင်သူ၊ ရဲမှူးချုပ် စိုးနိုင်ဦး၊ ရဲမှူးကြီး မင်းဟန်၊ ရဲမှူးကြီး သာထွန် တို့ သုံးဦး ခေါင်းဆောင်ပြီးတော့ာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဥပဒေအရဆိုရင် ရဲတပ်ဖွဲ့ဟာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၉၆ နဲ့အညီ နစ်နာသူ အမည်ကို ထိန်ချန်ထားပေးရမှာပါ။ ရဲတပ်ဖွဲ့ရဲ့ ရှင်းလင်းပွဲကို ရဲဇာနည် အမည်ရှိ ရဲတပ်ဖွဲ့သတင်းပြန်ကြားရေး  ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာကလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားလို့ ပြည်သူလူထုက ဝိုင်းဝန်းထောက်ပြကြပေမယ့် ရဲဇာနည် စာမျက်နှာကနေ အမှုတွဲ အချက်အလက်နဲ့ အမည်အရင်းပါတဲ့ လျှို့ဝှက်စာရွက်တွေကို ထပ်မံတင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဝေဖန်မှုမြင့်တက်လာတဲ့အခါ ရဲဇာနည် စာမျက်နှာပေါ်က တိုက်ရိုက်ထုတ်လွှင့်မှုနဲ့ စာရွက်စာတမ်းတွေကို ဖြုတ်ချသွားခဲ့ပါတယ်။

အဲဒီလိုထုတ်ဖော်ပြောဆိုခဲ့တဲ့ သူတွေဟာ ရဲတပ်ဖွဲ့မှာ ရာထူး ကိုယ်စီ ယူထားသူတွေဖြစ်တာကြောင့် အရေးယူပေးဖို့ ဒီနေ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ Generation Wave က မအိအိမိုးက ပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဘိုကလေး ဦးမြင့်အောင်က သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် အရာရှိတွေကို အရေးယူပေးဖို့ မဖြစ်နိုင်ဘူးလို့ပြောပါတယ်။

ဆန္ဒပြသူတွေဟာ မဟာဗန္ဓုလပန်းခြံကနေ ကျောက်တံတား၊ ပန်းဘဲတန်းနဲ့ လသာမြို့နယ်တွေကို ပတ်ပြီး ချီတက်ခဲ့ကြပြီး ခွင့်ပြုမိန့်တင်တာမရှိဘူးလို့ သိရပါတယ်။ ခွင့်ပြုချက်မတင်ဘဲ လမ်းလျှောက်ချီတက်တာနဲ့ ပတ်သက်ပြီး ကျောက်တံတားမြို့နယ် ရဲစခန်းက စခန်းမှူးကို RFA အနေနဲ့ မေးမြန်းနိုင်အောင် ကြိုးစားပေမယ့် မသိကြောင်းသာ ပြောပါတယ်။

ကလေးငယ်ရဲ့ အမည်နဲ့ မိဘအမည်တွေကို ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ ထုတ်ဖော်ပြောဆိုခဲ့တာဟာ ရည်ရွယ် ချက်ရှိရှိ မှားလိုက်တာ ဖြစ်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

လမ်းတစ်လျှောက်မှာလည်း ရဲတပ်ဖွဲ့ရဲ့  ဥပဒေမဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း၊ ဗစ်တိုးရီးယားအတွက် တရားမျှတမှု အမြန်ဆုံးဖော်ပေးဖို့၊ ကျင့်ဝတ်နဲ့ဥပဒေချိုးဖောက်တဲ့ ရဲအရာရှိတွေကို အရေးယူပေးဖို့ စတာ တွေကို တောင်းဆိုခဲ့ကြပါတယ်။

ဗစ်တိုးရီးယားကိစ္စ ပြောခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူပေးဖို့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

ကလေးငယ်ရဲ့ အမှုနဲ့ ပတ်သက်ပြီး သံသယတရားခံအဖြစ် ဖမ်းဆီးထားတဲ့ ကိုအောင်ကြီး တရားလိုပြသက်သေ ၂၆ ဦးထဲက ၁၉ ဦး စစ်ဆေးအပြီးမှာ ပြစ်မှုကျူးလွန်ကြောင်း အထောက်အထားမတွေ့ရတာကြောင့်ဆိုပြီး တရားရုံးက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က တရားရှင် လွှတ်ပေးလိုက်ပါတယ်။ သက်သေအားလုံးကို စစ်ဆေးမပြီးခင်မှာ အဲ့ဒီလို လွှတ်ပေးလိုက်တာဟာ စောလွန်းကြောင်း သတင်းစာရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့က ပြောထားပါတယ်။

၂၀၁၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ ပုဒ်မ ၉၆ မှာ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေး ရာမှာဖြစ်စေ၊ ကလေးသူငယ်တရားရုံးရှေ့ဖြစ်စေ၊ တရားရုံး တစ်ခုခုမှာဖြစ်စေ ပြစ်မှုကျူးလွန်တာခံရတဲ့ ကလေးသူငယ်တွေ၊ သက်သေအဖြစ် ထွက်ဆိုတဲ့ ကလေးသူငယ်တွေကို နာမည်နဲ့  မှုခင်းသတင်း အချက်အလက်တွေ ရယူတာ၊ ဓာတ်ပုံရိုက်တာ၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နဲ့ စာအုပ်စာတမ်းတွေ ထည့်သွင်းတာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ လူမှုကွန်ရက်ဆက်သွယ်ရေး နည်းလမ်းတွေမှာ ထုတ်လွှင့်ခြင်း မပြုရလို့ ပြဌာန်းထားပါတယ်။

အဲဒီပြဌာန်းချက်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် ကျူးလွန်သူဟာ အနည်းဆုံး ထောင်ဒဏ် ‌လေးလကနေ အများဆုံး တစ်နှစ်ထိ ဖြစ်စေ၊ ငွေဒဏ်အနေနဲ့ အနည်းဆုံးကျပ် လေးသိန်းကနေ အများဆုံး ကျပ် ‌ခြောက်သိန်း အထိဖြစ်စေ၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

RFA Burmese
https://www.rfa.org
ရဲအရာရွိႀကီးေတြကို အေရးယူဖို႔ ရန္ကုန္မွာ လူရာခ်ီဆႏၵျပ ရဲအရာရွိႀကီးေတြကို အေရးယူဖို႔ ရန္ကုန္မွာ လူရာခ်ီဆႏၵျပ Reviewed by THITHTOOLWIN on 03:05 Rating: 5
Powered by Blogger.