ျမန္မာမတ္ပဲ တန္ခ်ိန္ ၄သိန္း အိႏၵိယႏိုင္ငံ ၀ယ္ယူသြားမည္

မတ္ပဲ (CC/Shijan Kaakkara)

(Zawgyi / Unicode)

ျမန္မာ့ မတ္ပဲကို အဓိက ဝယ္ယူေနတဲ့ အိႏၵိယႏိုင္ငံက သူ႔ႏိုင္ငံမွာ မိုးတြင္းကာလ ပဲစိုက္ခင္းေတြ ပ်က္စီးခဲ့ဲ့ တဲ့ အတြက္ျပည္ပက မတ္ပဲ ေတြ တိုးျမွင့္ ဝယ္ယူမယ္လုိ႔ ေၾကညာလိုက္တာကို ျမန္မာႏုိင္ငံက ပဲ ကုန္သည္ေတြက ႀကိဳဆိုလိုက္ပါတယ္။ ဒီႏွစ္အတြက္ မတ္ပဲ တန္ခ်ိန္ ၄ သိန္း ဝယ္ယူဖုိ႔ ရွိသလို ေနာက္လာမယ့္ ႏွစ္ေတြမွာလည္း ဒီပမာဏ အတိုင္း ဝယ္ယူေစဖုိ႔ အိႏၵိယအစိုးရနဲ႔ ေဆြးေႏြးသြားမယ္လို႔ လည္း ေျပာပါတယ္။ ဒီအေၾကာင္း အျပည့္အစုံကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးမွာပါ။

အခုႏွစ္ထဲ ျပည္ပကေန မတ္ပဲတန္ခ်ိန္ ၁သိန္းခြဲပဲ ဝယ္မယ္လို႔ အိႏၵိယအစိုးရက ဆုံးျဖတ္ခဲ့ေပမဲ့ ၿပီးခဲ့တဲ့မိုးတြင္းမွာ ေကာက္ပဲသီးႏွံေတြပ်က္စီးခဲ့တာ ေၾကာင့္ ေနာက္ထပ္တန္ခ်ိန္ ၂သိန္းခြဲထပ္ဝယ္ယူမွာ ျဖစ္ေၾကာင္းဒီဇင္ဘာလ ၁၉ရက္ ေန႔ကပဲ ေၾကညာခဲ့တာပါ။ေဒသတြင္းႏိုင္ငံေတြမွာ ျမန္မာက မတ္ပဲကို အမ်ားဆုံး စိုက္ပ်ိဳး၊ တင္ပို႔ေနတာျဖစ္လို႔ ဒီေၾကညာခ်က္ဟာ ျမန္မာႏိုင္ငံအေပၚ အဓိက သက္ေရာက္မႈရွိေၾကာင္း အိႏၵိယႏိုင္ငံ၊ နယူးေဒလီၿမိဳ႕ ျမန္မာသံ႐ုံးက စီးပြားေရးသံမႉး ဦးေနေအးလြင္က ဗြီအိုေအကို အခုလိုေျပာပါတယ္။

“ အခု ဒီႏွစ္တိုးေပးလိုက္တဲ့ ဟာကေတာ့ မတ္ပဲ ( တန္ခ်ိန္) ၂သိန္းခြဲဆိုတာက ၂၀၁၉- ၂၀၂၀ ဘ႑ာႏွစ္ထဲမွာ ထပ္ၿပီးတိုးေပးဖို႔ amount ေပါ့။ အဓိကေတာ့ အိႏၵိယမွာ အစိုးရက ကိုတာ ( ခြဲတမ္း) ကို သတ္မွတ္တယ္ ဆိုတာကလည္း သူတို႔ရဲ႕ supply and demand ေပါ့၊ အဓိကေတာ့ ေစ်းႏႈန္းေပါ့။ ပဲက သူတို႔ရဲ႕ အဓိက စားသုံးကုန္စည္ ျဖစ္တဲ့အတြက္ ေစ်းႏႈန္းကို သူတို႔က ထိန္းခ်င္တယ္။ သူတို႔ျပည္တြင္းမွာလည္း လယ္သမားကို မထိခိုက္ေအာင္ ထိန္းခ်င္တာ ျဖစ္တဲ့အတြက္ သူက ကိုတာစနစ္ကို က်င့္သုံး ေနတာျဖစ္တယ္ေပါ့။ ဒီႏွစ္က ပဲက အထြက္အေတာ္ေလးက်မယ့္ အေနအထားရွိတယ္၊ မတ္ပဲေပါ့ေနာ္။ ကုန္သည္ေတြကေတာ့ ခန႔္မွန္းထားတာကေတာ့ ၂၀% ေလာက္ပ်က္တယ္လို႔ ခန႔္မွန္းတယ္။”

အရင္က အိႏၵိယကို ျမန္မာဘက္က ပဲမ်ိဳးစုံ အကန႔္အသတ္မရွိ တင္ပို႔ခဲ့ေပမဲ့ အိႏၵိယက သူ႔ျပည္တြင္း စားသုံးမႈအတြက္ လုံေလာက္တဲ့ ပဲပမာဏကို ထုတ္ႏိုင္ၿပီလို႔ ဆိုၿပီးျပည္ပႏိုင္ငံေတြကေန ခြဲတမ္းနဲ႔ဝယ္ယူဖို႔၂၀၁၇ စက္တင္ဘာမွာ ဆုံးျဖတ္လိုက္တာပါ။ ျမန္မာကေတာ့ မတ္ပဲ ျပည္ပ ေရာင္းခ် ေရးမွာ အိႏၵိယကို အဓိက မွီခိုေနရတာ ျဖစ္ပါတယ္။ အခုလာမယ့္ ၂၀၂၀- ၂၀၂၁ မွာလည္း မတ္ပဲ အျပင္ ပဲစင္းငုံ ခြဲြတမ္းတန္ခ်ိန္ ၄သိန္းစီထပ္ရဖို႔ အိႏၵိယအစိုးရနဲ႔ ညႇိႏႈိင္းဖို႔ စီစဥ္ေနေတယ္လို႔ျမန္မာႏိုင္ငံ ပဲကုန္သည္အသင္း ဥကၠ႒ ဦးထြန္းလြင္က ဗြီအိုေအကို ေျပာပါတယ္။

“ အဲဒီလို ကိုတာ ( ခြဲတမ္း) ေတြပဲ ေတာက္ေလွ်ာက္ ေပးခဲ့တာေလ။ ဒီႏွစ္က သူတို႔ လိုအပ္ခ်က္ရွိလို႔ဆိုၿပီး တိုးေပးလိုက္ေတာ့။ ( ပဲကုန္သည္) အသင္း ဘက္ကေရာ၊ စီးပြားကူးသန္းဘက္ကေရာ အိႏၵိယ အစိုးရဘက္ကို ဒါနဲ႔ ပတ္သက္ၿပီး လာမယ့္ ၂၀၂၀-၂၁ ဘ႑ာႏွစ္အတြက္ကိုလည္း ကိုတာကို တန္၄သိန္း မတ္ပဲေရာ၊ ပဲစင္းငုံေရာ ေလးသိန္းစီ ကိုတာကို ခ်ေပးဖို႔ ဆိုၿပီးေတာ့ စာနဲ႔တင္ ေမတၱာရပ္ခံဖို႔ ဟိုရက္က အစည္းအေဝးမွာေတာ့ ညႇိႏႈိင္းထားၿပီး သြားၿပီေလ။”

ျပည္တြင္းမွာ မတ္ပဲလက္က်န္ နည္း ေန ေပမယ့္ အခုအိႏၵိယက ဝယ္ယူခ်င္တဲ့ တန္ခ်ိန္ ၂သိန္းခြဲအတြက္ေတာ့အသစ္ေပၚမယ့္ မတ္ပဲနဲ႔ အလ်င္မွီႏုိင္သလို ေစ်းေကာင္းလည္း ရႏိုင္မယ္လို႔ကုန္သည္ေတြက ခန႔္မွန္းေနတာပါ။တခ်ိန္က ဧရာဝတီတိုင္းနဲ႔ ပဲခူးတိုင္းမွာ မတ္ပဲ အစိုက္မ်ားခဲ့ေပမဲ့ အိႏၵိယဘက္က အဝယ္မလိုက္တာေၾကာင့္ အခုေနာက္ပိုင္းမွာ တ႐ုတ္ေစ်းကြက္ကို တင္ႏိုင္တဲ့ ပဲတီစိမ္းကို ေျပာင္းလဲစိုက္ပ်ိဳးလာ ၾကတယ္လို႔ ရန္ကုန္တိုင္း၊ ခရမ္းသုံးခြၿမိဳ႕နယ္ မီးပြား ပဲကုန္စည္ဒိုင္က ဦးထြန္းထြန္းဝင္းက ေျပာပါတယ္။

“ အိႏၵိယအေပၚကို မွီခိုဖို႔ေတာ့မ်ားတယ္ ဒီ မတ္ပဲကေတာ့။ က်ေနာ္တို႔ ပဲတီစိမ္းကေတာ့ တ႐ုတ္ကို သြားမွီခိုရတာေလ။ အရင္တုန္းက အီးယူ၊ ဂ်ပန္၊ ကိုရီးယား ဘက္ကို က်ေနာ္တို႔ ပို႔ေနတာေလ ပဲတီစိမ္းက်ေတာ့၊ အခုတ႐ုတ္ဘက္က အဝယ္မ်ားေတာ့ တ႐ုတ္ဘက္ကို ျပန္မွီလာတာလည္းပါတယ္။ မတ္ပဲကေတာ့ အိႏၵိတလက္ပဲဗ်။ လြန္ခဲ့တဲ့ ၃ႏွစ္ေလာက္က က်ေနာ္ မတ္ပဲစိုက္တာေလ ခရမ္းမွာ။ ေအာင္ျမင္တယ္ ဒါေပမဲ့ ေစ်းကြက္ရရွိမႈက နည္းသြားတယ္။ အိႏၵိယက ဝယ္မလိုလို၊ မဝယ္ဘူးလို မိုဒီရဲ႕ လွည့္ကြက္လည္း ေျပာသြားတာေကာင္းပါတယ္။ မိုဒီ (အႏၵိယ ဝန္ႀကီးခ်ဳပ္) က ကြၽမ္းတယ္ဗ်၊ ပဲေလာကကို။ မတ္ပဲက ဒီေနာက္ပိုင္း သိပ္မစိုက္ၾကေတာ့ ေစ်းေကာင္းမွာေပါ့။”

အိႏၵိယကူးသန္းေရာင္းဝယ္ေရးနဲ႔ စက္မႈဝန္ႀကီးဌာနကေတာ့ ထပ္တိုးမတ္ပဲတန္ခ်ိန္ ၂သိန္းခြဲအတြက္ ဒီဇင္ဘာ ၃၁ရက္ ေနာက္ဆုံးထား ေလွ်ာက္ထားၾကဖို႔ သူ႔ႏိုင္ငံက ကုန္သည္ေတြကို တိုက္တြန္းထားပါတယ္။

ျမန္မာပဲကုန္သည္ေတြကေတာ့ အိႏၵိယနဲ႔ တ႐ုတ္အျပင္ တျခား အလာအလာရွိတဲ့ ေစ်းကြက္ေတြကို ရွာဖို႔ႀကိဳးစားေနပါတယ္။ ျမန္မာက ပဲအမ်ိဳးမ်ိဳး တင္ပို႔တာကေန တႏွစ္ကို အေမရိကန္ေဒၚတာ ၁ဘီလီလ်ံ ရွိၿပီး အိႏၵိယရဲ႕ ကန႔္သတ္ဝယ္ယူမႈေတြေၾကာင့္ ၂၀၁၇- ၂၀၁၈ ဘ႑ာႏွစ္မွာ ဝင္ေငြေလ်ာ့က်သြားေၾကာင္း ကုန္သည္ေတြက ေျပာပါတယ္။

.................

မြန်မာမတ်ပဲ တန်ချိန် ၄သိန်း အိန္ဒိယနိုင်ငံဝယ်ယူသွားမည်

(Unicode)

မြန်မာ့ မတ်ပဲကို အဓိက ဝယ်ယူနေတဲ့ အိန္ဒိယနိုင်ငံက သူ့နိုင်ငံမှာ မိုးတွင်းကာလ ပဲစိုက်ခင်းတွေ ပျက်စီးခဲ့ဲ့ တဲ့ အတွက်ပြည်ပက မတ်ပဲ တွေ တိုးမြှင့် ဝယ်ယူမယ်လို့ ကြေညာလိုက်တာကို မြန်မာနိုင်ငံက ပဲ ကုန်သည်တွေက ကြိုဆိုလိုက်ပါတယ်။ ဒီနှစ်အတွက် မတ်ပဲ တန်ချိန် ၄ သိန်း ဝယ်ယူဖို့ ရှိသလို နောက်လာမယ့် နှစ်တွေမှာလည်း ဒီပမာဏ အတိုင်း ဝယ်ယူစေဖို့ အိန္ဒိယအစိုးရနဲ့ ဆွေးနွေးသွားမယ်လို့ လည်း ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

အခုနှစ်ထဲ ပြည်ပကနေ မတ်ပဲတန်ချိန် ၁သိန်းခွဲပဲ ဝယ်မယ်လို့ အိန္ဒိယအစိုးရက ဆုံးဖြတ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့မိုးတွင်းမှာ ကောက်ပဲသီးနှံတွေပျက်စီးခဲ့တာ ကြောင့် နောက်ထပ်တန်ချိန် ၂သိန်းခွဲထပ်ဝယ်ယူမှာ ဖြစ်ကြောင်းဒီဇင်ဘာလ ၁၉ရက် နေ့ကပဲ ကြေညာခဲ့တာပါ။ဒေသတွင်းနိုင်ငံတွေမှာ မြန်မာက မတ်ပဲကို အများဆုံး စိုက်ပျိုး၊ တင်ပို့နေတာဖြစ်လို့ ဒီကြေညာချက်ဟာ မြန်မာနိုင်ငံအပေါ် အဓိက သက်ရောက်မှုရှိကြောင်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ မြန်မာသံရုံးက စီးပွားရေးသံမှူး ဦးနေအေးလွင်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ အခု ဒီနှစ်တိုးပေးလိုက်တဲ့ ဟာကတော့ မတ်ပဲ ( တန်ချိန်) ၂သိန်းခွဲဆိုတာက ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်ထဲမှာ ထပ်ပြီးတိုးပေးဖို့ amount ပေါ့။ အဓိကတော့ အိန္ဒိယမှာ အစိုးရက ကိုတာ ( ခွဲတမ်း) ကို သတ်မှတ်တယ် ဆိုတာကလည်း သူတို့ရဲ့ supply and demand ပေါ့၊ အဓိကတော့ ဈေးနှုန်းပေါ့။ ပဲက သူတို့ရဲ့ အဓိက စားသုံးကုန်စည် ဖြစ်တဲ့အတွက် ဈေးနှုန်းကို သူတို့က ထိန်းချင်တယ်။ သူတို့ပြည်တွင်းမှာလည်း လယ်သမားကို မထိခိုက်အောင် ထိန်းချင်တာ ဖြစ်တဲ့အတွက် သူက ကိုတာစနစ်ကို ကျင့်သုံး နေတာဖြစ်တယ်ပေါ့။ ဒီနှစ်က ပဲက အထွက်အတော်လေးကျမယ့် အနေအထားရှိတယ်၊ မတ်ပဲပေါ့နော်။ ကုန်သည်တွေကတော့ ခန့်မှန်းထားတာကတော့ ၂၀% လောက်ပျက်တယ်လို့ ခန့်မှန်းတယ်။”

အရင်က အိန္ဒိယကို မြန်မာဘက်က ပဲမျိုးစုံ အကန့်အသတ်မရှိ တင်ပို့ခဲ့ပေမဲ့ အိန္ဒိယက သူ့ပြည်တွင်း စားသုံးမှုအတွက် လုံလောက်တဲ့ ပဲပမာဏကို ထုတ်နိုင်ပြီလို့ ဆိုပြီးပြည်ပနိုင်ငံတွေကနေ ခွဲတမ်းနဲ့ဝယ်ယူဖို့၂၀၁၇ စက်တင်ဘာမှာ ဆုံးဖြတ်လိုက်တာပါ။ မြန်မာကတော့ မတ်ပဲ ပြည်ပ ရောင်းချ ရေးမှာ အိန္ဒိယကို အဓိက မှီခိုနေရတာ ဖြစ်ပါတယ်။ အခုလာမယ့် ၂၀၂၀- ၂၀၂၁ မှာလည်း မတ်ပဲ အပြင် ပဲစင်းငုံ ခွဲတမ်းတန်ချိန် ၄သိန်းစီထပ်ရဖို့ အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းဖို့ စီစဉ်နေတေယ်လို့မြန်မာနိုင်ငံ ပဲကုန်သည်အသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်က ဗွီအိုအေကို ပြောပါတယ်။

“ အဲဒီလို ကိုတာ ( ခွဲတမ်း) တွေပဲ တောက်လျှောက် ပေးခဲ့တာလေ။ ဒီနှစ်က သူတို့ လိုအပ်ချက်ရှိလို့ဆိုပြီး တိုးပေးလိုက်တော့။ ( ပဲကုန်သည်) အသင်း ဘက်ကရော၊ စီးပွားကူးသန်းဘက်ကရော အိန္ဒိယ အစိုးရဘက်ကို ဒါနဲ့ ပတ်သက်ပြီး လာမယ့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက်ကိုလည်း ကိုတာကို တန်၄သိန်း မတ်ပဲရော၊ ပဲစင်းငုံရော လေးသိန်းစီ ကိုတာကို ချပေးဖို့ ဆိုပြီးတော့ စာနဲ့တင် မေတ္တာရပ်ခံဖို့ ဟိုရက်က အစည်းအဝေးမှာတော့ ညှိနှိုင်းထားပြီး သွားပြီလေ။”

ပြည်တွင်းမှာ မတ်ပဲလက်ကျန် နည်း နေ ပေမယ့် အခုအိန္ဒိယက ဝယ်ယူချင်တဲ့ တန်ချိန် ၂သိန်းခွဲအတွက်တော့အသစ်ပေါ်မယ့် မတ်ပဲနဲ့ အလျင်မှီနိုင်သလို ဈေးကောင်းလည်း ရနိုင်မယ်လို့ကုန်သည်တွေက ခန့်မှန်းနေတာပါ။တချိန်က ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းမှာ မတ်ပဲ အစိုက်များခဲ့ပေမဲ့ အိန္ဒိယဘက်က အဝယ်မလိုက်တာကြောင့် အခုနောက်ပိုင်းမှာ တရုတ်ဈေးကွက်ကို တင်နိုင်တဲ့ ပဲတီစိမ်းကို ပြောင်းလဲစိုက်ပျိုးလာ ကြတယ်လို့ ရန်ကုန်တိုင်း၊ ခရမ်းသုံးခွမြို့နယ် မီးပွား ပဲကုန်စည်ဒိုင်က ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

“ အိန္ဒိယအပေါ်ကို မှီခိုဖို့တော့များတယ် ဒီ မတ်ပဲကတော့။ ကျနော်တို့ ပဲတီစိမ်းကတော့ တရုတ်ကို သွားမှီခိုရတာလေ။ အရင်တုန်းက အီးယူ၊ ဂျပန်၊ ကိုရီးယား ဘက်ကို ကျနော်တို့ ပို့နေတာလေ ပဲတီစိမ်းကျတော့၊ အခုတရုတ်ဘက်က အဝယ်များတော့ တရုတ်ဘက်ကို ပြန်မှီလာတာလည်းပါတယ်။ မတ်ပဲကတော့ အိန္ဒိတလက်ပဲဗျ။ လွန်ခဲ့တဲ့ ၃နှစ်လောက်က ကျနော် မတ်ပဲစိုက်တာလေ ခရမ်းမှာ။ အောင်မြင်တယ် ဒါပေမဲ့ ဈေးကွက်ရရှိမှုက နည်းသွားတယ်။ အိန္ဒိယက ဝယ်မလိုလို၊ မဝယ်ဘူးလို မိုဒီရဲ့ လှည့်ကွက်လည်း ပြောသွားတာကောင်းပါတယ်။ မိုဒီ (အန္ဒိယ ဝန်ကြီးချုပ်) က ကျွမ်းတယ်ဗျ၊ ပဲလောကကို။ မတ်ပဲက ဒီနောက်ပိုင်း သိပ်မစိုက်ကြတော့ ဈေးကောင်းမှာပေါ့။”

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနကတော့ ထပ်တိုးမတ်ပဲတန်ချိန် ၂သိန်းခွဲအတွက် ဒီဇင်ဘာ ၃၁ရက် နောက်ဆုံးထား လျှောက်ထားကြဖို့ သူ့နိုင်ငံက ကုန်သည်တွေကို တိုက်တွန်းထားပါတယ်။

မြန်မာပဲကုန်သည်တွေကတော့ အိန္ဒိယနဲ့ တရုတ်အပြင် တခြား အလာအလာရှိတဲ့ ဈေးကွက်တွေကို ရှာဖို့ကြိုးစားနေပါတယ်။ မြန်မာက ပဲအမျိုးမျိုး တင်ပို့တာကနေ တနှစ်ကို အမေရိကန်ဒေါ်တာ ၁ဘီလီလျံ ရှိပြီး အိန္ဒိယရဲ့ ကန့်သတ်ဝယ်ယူမှုတွေကြောင့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှာ ဝင်ငွေလျော့ကျသွားကြောင်း ကုန်သည်တွေက ပြောပါတယ်။

ေဇာ္ထက္/VOA Burmese
https://burmese.voanews.com
ျမန္မာမတ္ပဲ တန္ခ်ိန္ ၄သိန္း အိႏၵိယႏိုင္ငံ ၀ယ္ယူသြားမည္ ျမန္မာမတ္ပဲ တန္ခ်ိန္ ၄သိန္း အိႏၵိယႏိုင္ငံ ၀ယ္ယူသြားမည္ Reviewed by THITHTOOLWIN on 02:51 Rating: 5
Powered by Blogger.