ရတနာပုံတကၠသိုလ္ ျပင္ပလုံၿခဳံေရးေဆာင္႐ြက္ေပးမယ္လို႔ နယ္လုံဝန္ႀကီးနဲ႔ ရဲမႉးကတိေပး

ရတနာပုံတကၠသိုလ္ေက်ာင္းသား ကိုစိုးမိုးဟိန္းအမႈ တရားစီရင္ေရးကိစၥနဲ႔ ေက်ာင္းပတ္ဝန္းက်င္ လုံၿခဳံေရးမေကာင္းေသးတဲ့ကိစၥအတြက္ မႏၲေလးတိုင္းအစိုးရ႐ုံးေရွ႕မွာ ေတာင္းဆိုခဲ့ၾကသူမ်ား။
(Zawgyi)⤵⤵⤵
မႏၲေလး ရတနာပုံတကၠသိုလ္ေက်ာင္းပတ္ဝန္းက်င္မွာ လုယက္ရန္ရွာခံရတာေတြမျဖစ္ေအာင္ ရဲတပ္ဖြဲ႕ဝင္ သုံး‌ေယာက္ကို ၂၄ နာရီ တာဝန္ခ်ထားေပးမယ္လို႔ တိုင္းလုံၿခဳံေရးနဲ႔နယ္စပ္ေရးရာဝန္ႀကီးနဲ႔ တိုင္းရဲမႉးႀကီးက ေက်ာင္းသားသမဂၢေခါင္းေဆာင္ေတြကို ဒီေန႔ ဒီဇင္ဘာလ ၂၃ ရက္ေန႔မွာ ကတိေပးလိုက္တယ္လို႔ သိရပါတယ္။

အဲဒီရတနာပုံတကၠသိုလ္နားက ကန္ပတ္လမ္းမွာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလ ၂၅ ေန႔က ပစၥည္းလုယက္ သတ္ျဖတ္ခံလိုက္ရတဲ့ ကုန္ထုတ္ဓာတုေနာက္ဆုံးႏွစ္ေက်ာင္းသား ကိုစိုးမိုးဟိန္းအမႈမွာ တရားခံတေယာက္ကို ဒီေန႔ ေထာင္ဒဏ္အႏွစ္ ၃ဝ ခ်လိုက္ၿပီးတဲ့ေနာက္၊ ဗကသမ်ားအဖြဲ႕ခ်ဳပ္ ရတနာပုံတကၠသိုလ္သမဂၢ ေခါင္းေဆာင္ေတြ၊ ေက်ာင္းသားေတြနဲ႔ မိသားစုဝင္ေတြအေယာက္ ၅ဝ ေလာက္က တိုင္းအစိုးရ႐ုံးကို သြားၾကၿပီး အမႈနဲ႔ ပတ္သက္လို႔ တရားစီရင္ေရးမွာ မေက်နပ္တာေရာ၊ ေက်ာင္းပတ္ဝန္းက်င္ လုံၿခဳံေရးမေကာင္းေသးတဲ့ကိစၥပါ အေရးဆိုဖို႔ သြားၾကတဲ့အခါမွာ နယ္လုံဝန္ႀကီးနဲ႔ ရဲမႉးက ေျပာလိုက္တာလို႔ ဗကသမ်ားအဖြဲ႕ခ်ဳပ္ ရတနာပုံတကၠသိုလ္ တြဲဖက္အတြင္းေရးမႉး ကိုမ်ိဳးခ်စ္ေဇာ္က RFA ကို ေျပာျပပါတယ္။

“က်ေနာ္တို႔ ေက်ာင္းသားေတြက တိုင္းအစိုးရ႐ုံးကိုသြားၾကတယ္ဗ်။ ခ်ီတက္ၾကတယ္ေပါ့ေနာ္။ ေသဆုံးသြားတဲ့ ေက်ာင္းသား ကိုစိုးမိုးဟိန္းရဲ႕အမႈအေျခအေနေပါ့။ ဝိဝါဒကြဲျပားေနတာေတြ ေနာက္ထပ္တရားခံမမိေသးတာေတြနဲ႔ပတ္သက္ၿပီးေတာ့ နယ္စပ္ေရးရာနဲ႔လုံၿခဳံေရးဝန္ႀကီးရယ္ မႏၲေလးတိုင္းရဲတပ္ဖြဲ႕က အႀကီးဆုံးျဖစ္တဲ့ ရဲမႉးႀကီးစိန္လြင္ရယ္နဲ႔ ေတြ႕ခဲ့ၾကတယ္။ သူတို႔က စိုးမိုးဟိန္းအမႈနဲ႔ ပတ္သက္ၿပီးေတာ့ က်န္ေနတဲ့တရားခံေတြ ဖမ္းဆီးမိေရးကို ဆက္ၿပီးလုပ္ေဆာင္ေပးမယ္။ ဝိဝါဒကြဲေနတာေတြနဲ႔ ပတ္သက္လို႔လည္း ေသေသခ်ာခ်ာဆက္လုပ္ေပးသြားပါမယ္။ ေနာက္တခ်က္က ေက်ာင္းသားသမဂၢေတြေျပာတဲ့ ရတနာပုံတကၠသိုလ္လုံၿခဳံေရးေပါ့ေနာ္။ အဲဒီအတြက္ တကၠသိုလ္ေရွ႕ရဲကင္းမွာ တပ္ဖြဲ႕ဝင္ သုံးေယာက္ကို ၂၄ နာရီခ်ထားေပးပါ့မယ္လို႔ သူတို႔ကတိေပးေျပာလိုက္ပါတယ္”

မႏၲေလးတိုင္းမွာ ၿပီးခဲ့တဲ့ ၂ဝ၁၈ ခုႏွစ္ ၾသဂုတ္လ ၂၉ ရက္ေန႔မွာ ေက်ာက္ဆည္တကၠသိုလ္ ေက်ာင္းသား ကိုေနမင္းထက္ တယ္လီဖုန္းအလုခံရၿပီး ဓားထိုးအသတ္ခံရပါတယ္။ ဒီဇင္ဘာလ ၆ ရက္ ေန႔မွာ ဆိုက္ဘာစီးတီးတကၠသိုလ္ေက်ာင္းသား ကိုထက္လင္းသန႔္ဟာ ေမာ္ေတာ္ဆိုင္ကယ္ အလုခံရၿပီး အသတ္ခံရပါတယ္။ ဒီဇင္ဘာလ ၂၅ ရက္ေန႔မွာေတာ့ ရတနာပုံတကၠသိုလ္က ကုန္ထုတ္ဓာတု ေနာက္ဆုံးႏွစ္ေက်ာင္းသား ကိုစိုးမိုးဟိန္း အသတ္ခံလိုက္ရပါတယ္။

အဲဒီအျပင္ ေက်ာင္းသားေတြ မၾကာခဏပစၥည္းအလုခံရတာ၊ အခိုးခံရတာေတြလဲ မ်ားေနတဲ့အတြက္ ေက်ာင္းဝင္းထဲေရာ ေက်ာင္းျပင္ပမွာပါ လုံၿခဳံေရးေကာင္းေအာင္ေဆာင္႐ြက္ေပးဖို႔ ရတနာပုံ တကၠသိုလ္ ေက်ာင္းသားသမဂၢ ေခါင္းေဆာင္ေတြက ေတာင္းဆိုခဲ့ၾကတဲ့အခါမွာ တိုင္းအစိုးရက အေရးတယူမရွိ တဲ့အတြက္ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ေသဆုံးၿပီဆိုတဲ့ သ႐ုပ္ျပ ပုံေဖာ္တဲ့အေန နဲ႔ အေလာင္းပုံလုပ္ၿပီးမီးရႈိ႕ဆႏၵျပခဲ့ၾကပါတယ္။ အဲဒီလိုလုပ္တဲ့ ကိုရဲမ်ိဳးေဆြ၊ ကိုမ်ိဳးခ်စ္ေဇာ္အပါအဝင္ ေက်ာင္းသား ခုႏွစ္ေယာက္ကို ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ၊ တာဝန္ဝတၱရားေႏွာင့္ယွက္မႈ၊ မီးရႈိ႕မႈ၊ အားေပးအားေျမႇာက္မႈ၊ ၿငိမ္းစုစီပုဒ္မေတြနဲ႔ အမရပူရ ရဲစခန္းက အမႈဖြင့္ၿပီး ေထာင္ဒဏ္သုံးလစီ ခ်မွတ္လိုက္ပါတယ္။

သူတို႔အဖမ္းခံထားရတဲ့ကာလမွာ ေက်ာင္းအာဏာပိုင္ေတြနဲ႔ တိုင္းအစိုးရက ပုဂၢလိကလုံၿခဳံေရး ကုမၸဏီတခုကိုငွားၿပီး ေက်ာင္းတြင္းလုံၿခဳံေရးလုပ္ေပးခဲ့တဲ့အတြက္ အတြင္းထဲမွာေတာ့ ရာဇဝတ္မႈေတြ ေလ်ာ့နည္းပေပ်ာက္သြားေပမယ့္ ေက်ာင္းျပင္ပမွာေတာ့ ေက်ာင္းသားေတြရဲ႕လုံၿခဳံေရး ၿခိမ္းေျခာက္ခံေနရတုန္းပဲလို႔ ကိုမ်ိဳးခ်စ္ေဇာ္ကေျပာပါတယ္။

“က်ေနာ္တို႔ လုံၿခဳံေရးေတာင္းတာက ၿပီးခဲ့တဲ့သတင္းႏွစ္ပတ္အတြင္းမွာတင္ ရတနာပုံတကၠသိုလ္ ကန္ပတ္လမ္းမွာ လုယက္မႈ သုံးမႈ ဆက္တိုက္ျဖစ္ခဲ့တယ္။ ဝင္ဝင္လုသြားတာ ဖုန္းေတြပါတယ္ လက္စြပ္ေတြပါတယ္ ဆြဲႀကိဳးေတြပါတယ္ ”

ဒီကိစၥနဲ႔ပတ္သက္လို႔ ရဲတပ္ဖြဲ႕တာဝန္ရွိသူေတြကို လတ္တေလာ ဆက္သြယ္လို႔မရေသးပါဘူး။ ဒါေပမယ့္ ေက်ာင္းသားသမဂၢဥကၠ႒ မအိမြန္ခင္၊ အတြင္းေရးမႉး ကိုႏိုင္လင္းေက်ာ္နဲ႔ တြဲဖက္ အတြင္းေရးမႉး ကိုမ်ိဳးခ်စ္ေဇာ္တို႔ကို နယ္လုံဝန္ႀကီးနဲ႔ တိုင္းရဲမႉးႀကီးက သူတို႔အေနနဲ႔ေက်ာင္းျပင္ပ လုံၿခဳံေရးေရာ၊ ကိုစိုးမိုးဟိန္းအသတ္ခံရတဲ့အမႈရဲ႕ လြတ္ေနတဲ့တရားခံေတြကို ဆက္လက္စုံစမ္း ေဖာ္ထုတ္ေပးမယ္လို႔ကတိေပးလိုက္ပါတယ္။

တိုင္းအစိုးရတာဝန္ရွိသူေတြက အခုလိုေျပာလိုက္ေပမယ့္ တကယ္အေကာင္အထည္ေဖာ္မေဖာ္နဲ႔ ေက်ာင္းသားေတြရဲ႕လုံၿခဳံေရး ဘယ္ေလာက္တိုးတက္မႈရွိမလဲဆိုတာ သမဂၢအေနနဲ႔ ဆက္ၿပီး ေစာင့္ၾကည့္သြားမယ္လို႔ ေျပာပါတယ္။

ကုန္ထုတ္ဓာတုေက်ာင္းသား ကိုစိုမိုးဟိန္းအသတ္ခံရတဲ့အမႈကို ရဲက ေဖာ္ထုတ္ဖမ္းဆီးအေရးယူတဲ့ျဖစ္ရပ္မွာလဲ က်ဴးလြန္တဲ့သူ ေလးေယာက္ ရွိတယ္လို႔ မ်က္ျမင္သက္ေသျဖစ္တဲ့ ကိုစိုးမိုးဟိန္းရဲ႕ ခ်စ္သူက ေျပာေပမယ့္ တရားခံ သုံးေယာက္ပဲျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ကေျပာတာ။ အဲဒီထဲက တစ္ေယာက္ကိုပဲ ဖမ္းမိၿပီး ေထာင္ခ်ႏိုင္တာကို ကိုစိုးမိုးဟိန္းရဲ႕မိဘေတြ၊ သူငယ္ခ်င္းေတြနဲ႔ ေက်ာင္းသားသမဂၢက မေက်နပ္ၾကသလို၊ တရားခံကိုခ်လိုက္တဲ့ ေထာင္ဒဏ္သတ္မွတ္ခ်က္ကို ဒီထက္ပိုၿပီး ျပင္းထန္တဲ့ အမိန႔္မ်ိဳးခ်ေစခ်င္တာ၊ က်န္တဲ့တရားခံေတြကိုလည္း ဆက္ၿပီးေဖာ္ထုတ္ေပးေစခ်င္တာေတြ ေတာင္းဆိုေနၾကပါတယ္။

RFA Burmese
https://www.rfa.org
----------
(Unicode)⤵⤵⤵
ရတနာပုံတက္ကသိုလ် ပြင်ပလုံခြုံရေးဆောင်ရွက်ပေးမယ်လို့ နယ်လုံဝန်ကြီးနဲ့ ရဲမှူးကတိပေး

ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုစိုးမိုးဟိန်းအမှု တရားစီရင်ရေးကိစ္စနဲ့ ကျောင်းပတ်ဝန်းကျင် လုံခြုံရေးမကောင်းသေးတဲ့ကိစ္စအတွက် မန္တလေးတိုင်းအစိုးရရုံးရှေ့မှာ တောင်းဆိုခဲ့ကြသူများ။
Photo: Citizen Journalist

မန္တလေး ရတနာပုံတက္ကသိုလ်ကျောင်းပတ်ဝန်းကျင်မှာ လုယက်ရန်ရှာခံရတာတွေမဖြစ်အောင် ရဲတပ်ဖွဲ့ဝင် သုံး‌ယောက်ကို ၂၄ နာရီ တာဝန်ချထားပေးမယ်လို့ တိုင်းလုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးနဲ့ တိုင်းရဲမှူးကြီးက ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေကို ဒီနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ကတိပေးလိုက်တယ်လို့ သိရပါတယ်။

အဲဒီရတနာပုံတက္ကသိုလ်နားက ကန်ပတ်လမ်းမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၅ နေ့က ပစ္စည်းလုယက် သတ်ဖြတ်ခံလိုက်ရတဲ့ ကုန်ထုတ်ဓာတုနောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်းအမှုမှာ တရားခံတယောက်ကို ဒီနေ့ ထောင်ဒဏ်အနှစ် ၃ဝ ချလိုက်ပြီးတဲ့နောက်၊ ဗကသများအဖွဲ့ချုပ် ရတနာပုံတက္ကသိုလ်သမဂ္ဂ ခေါင်းဆောင်တွေ၊ ကျောင်းသားတွေနဲ့ မိသားစုဝင်တွေအယောက် ၅ဝ လောက်က တိုင်းအစိုးရရုံးကို သွားကြပြီး အမှုနဲ့ ပတ်သက်လို့ တရားစီရင်ရေးမှာ မကျေနပ်တာရော၊ ကျောင်းပတ်ဝန်းကျင် လုံခြုံရေးမကောင်းသေးတဲ့ကိစ္စပါ အရေးဆိုဖို့ သွားကြတဲ့အခါမှာ နယ်လုံဝန်ကြီးနဲ့ ရဲမှူးက ပြောလိုက်တာလို့ ဗကသများအဖွဲ့ချုပ် ရတနာပုံတက္ကသိုလ် တွဲဖက်အတွင်းရေးမှူး ကိုမျိုးချစ်ဇော်က RFA ကို ပြောပြပါတယ်။

“ကျနော်တို့ ကျောင်းသားတွေက တိုင်းအစိုးရရုံးကိုသွားကြတယ်ဗျ။ ချီတက်ကြတယ်ပေါ့နော်။ သေဆုံးသွားတဲ့ ကျောင်းသား ကိုစိုးမိုးဟိန်းရဲ့အမှုအခြေအနေပေါ့။ ဝိဝါဒကွဲပြားနေတာတွေ နောက်ထပ်တရားခံမမိသေးတာတွေနဲ့ပတ်သက်ပြီးတော့ နယ်စပ်ရေးရာနဲ့လုံခြုံရေးဝန်ကြီးရယ် မန္တလေးတိုင်းရဲတပ်ဖွဲ့က အကြီးဆုံးဖြစ်တဲ့ ရဲမှူးကြီးစိန်လွင်ရယ်နဲ့ တွေ့ခဲ့ကြတယ်။ သူတို့က စိုးမိုးဟိန်းအမှုနဲ့ ပတ်သက်ပြီးတော့ ကျန်နေတဲ့တရားခံတွေ ဖမ်းဆီးမိရေးကို ဆက်ပြီးလုပ်ဆောင်ပေးမယ်။ ဝိဝါဒကွဲနေတာတွေနဲ့ ပတ်သက်လို့လည်း သေသေချာချာဆက်လုပ်ပေးသွားပါမယ်။ နောက်တချက်က ကျောင်းသားသမဂ္ဂတွေပြောတဲ့ ရတနာပုံတက္ကသိုလ်လုံခြုံရေးပေါ့နော်။ အဲဒီအတွက် တက္ကသိုလ်ရှေ့ရဲကင်းမှာ တပ်ဖွဲ့ဝင် သုံးယောက်ကို ၂၄ နာရီချထားပေးပါ့မယ်လို့ သူတို့ကတိပေးပြောလိုက်ပါတယ်”

မန္တလေးတိုင်းမှာ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့မှာ ကျောက်ဆည်တက္ကသိုလ် ကျောင်းသား ကိုနေမင်းထက် တယ်လီဖုန်းအလုခံရပြီး ဓားထိုးအသတ်ခံရပါတယ်။ ဒီဇင်ဘာလ ၆ ရက် နေ့မှာ ဆိုက်ဘာစီးတီးတက္ကသိုလ်ကျောင်းသား ကိုထက်လင်းသန့်ဟာ မော်တော်ဆိုင်ကယ် အလုခံရပြီး အသတ်ခံရပါတယ်။ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာတော့ ရတနာပုံတက္ကသိုလ်က ကုန်ထုတ်ဓာတု နောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်း အသတ်ခံလိုက်ရပါတယ်။

အဲဒီအပြင် ကျောင်းသားတွေ မကြာခဏပစ္စည်းအလုခံရတာ၊ အခိုးခံရတာတွေလဲ များနေတဲ့အတွက် ကျောင်းဝင်းထဲရော ကျောင်းပြင်ပမှာပါ လုံခြုံရေးကောင်းအောင်ဆောင်ရွက်ပေးဖို့ ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေက တောင်းဆိုခဲ့ကြတဲ့အခါမှာ တိုင်းအစိုးရက အရေးတယူမရှိ တဲ့အတွက် မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်သေဆုံးပြီဆိုတဲ့ သရုပ်ပြ ပုံဖော်တဲ့အနေ နဲ့ အလောင်းပုံလုပ်ပြီးမီးရှို့ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီလိုလုပ်တဲ့ ကိုရဲမျိုးဆွေ၊ ကိုမျိုးချစ်ဇော်အပါအဝင် ကျောင်းသား ခုနှစ်ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှု၊ မီးရှို့မှု၊ အားပေးအားမြှောက်မှု၊ ငြိမ်းစုစီပုဒ်မတွေနဲ့ အမရပူရ ရဲစခန်းက အမှုဖွင့်ပြီး ထောင်ဒဏ်သုံးလစီ ချမှတ်လိုက်ပါတယ်။

သူတို့အဖမ်းခံထားရတဲ့ကာလမှာ ကျောင်းအာဏာပိုင်တွေနဲ့ တိုင်းအစိုးရက ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီတခုကိုငှားပြီး ကျောင်းတွင်းလုံခြုံရေးလုပ်ပေးခဲ့တဲ့အတွက် အတွင်းထဲမှာတော့ ရာဇဝတ်မှုတွေ လျော့နည်းပပျောက်သွားပေမယ့် ကျောင်းပြင်ပမှာတော့ ကျောင်းသားတွေရဲ့လုံခြုံရေး ခြိမ်းခြောက်ခံနေရတုန်းပဲလို့ ကိုမျိုးချစ်ဇော်ကပြောပါတယ်။

“ကျနော်တို့ လုံခြုံရေးတောင်းတာက ပြီးခဲ့တဲ့သတင်းနှစ်ပတ်အတွင်းမှာတင် ရတနာပုံတက္ကသိုလ် ကန်ပတ်လမ်းမှာ လုယက်မှု သုံးမှု ဆက်တိုက်ဖြစ်ခဲ့တယ်။ ဝင်ဝင်လုသွားတာ ဖုန်းတွေပါတယ် လက်စွပ်တွေပါတယ် ဆွဲကြိုးတွေပါတယ် ”

ဒီကိစ္စနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို လတ်တလော ဆက်သွယ်လို့မရသေးပါဘူး။ ဒါပေမယ့် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မအိမွန်ခင်၊ အတွင်းရေးမှူး ကိုနိုင်လင်းကျော်နဲ့ တွဲဖက် အတွင်းရေးမှူး ကိုမျိုးချစ်ဇော်တို့ကို နယ်လုံဝန်ကြီးနဲ့ တိုင်းရဲမှူးကြီးက သူတို့အနေနဲ့ကျောင်းပြင်ပ လုံခြုံရေးရော၊ ကိုစိုးမိုးဟိန်းအသတ်ခံရတဲ့အမှုရဲ့ လွတ်နေတဲ့တရားခံတွေကို ဆက်လက်စုံစမ်း ဖော်ထုတ်ပေးမယ်လို့ကတိပေးလိုက်ပါတယ်။

တိုင်းအစိုးရတာဝန်ရှိသူတွေက အခုလိုပြောလိုက်ပေမယ့် တကယ်အကောင်အထည်ဖော်မဖော်နဲ့ ကျောင်းသားတွေရဲ့လုံခြုံရေး ဘယ်လောက်တိုးတက်မှုရှိမလဲဆိုတာ သမဂ္ဂအနေနဲ့ ဆက်ပြီး စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။

ကုန်ထုတ်ဓာတုကျောင်းသား ကိုစိုမိုးဟိန်းအသတ်ခံရတဲ့အမှုကို ရဲက ဖော်ထုတ်ဖမ်းဆီးအရေးယူတဲ့ဖြစ်ရပ်မှာလဲ ကျူးလွန်တဲ့သူ လေးယောက် ရှိတယ်လို့ မျက်မြင်သက်သေဖြစ်တဲ့ ကိုစိုးမိုးဟိန်းရဲ့ ချစ်သူက ပြောပေမယ့် တရားခံ သုံးယောက်ပဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောတာ။ အဲဒီထဲက တစ်ယောက်ကိုပဲ ဖမ်းမိပြီး ထောင်ချနိုင်တာကို ကိုစိုးမိုးဟိန်းရဲ့မိဘတွေ၊ သူငယ်ချင်းတွေနဲ့ ကျောင်းသားသမဂ္ဂက မကျေနပ်ကြသလို၊ တရားခံကိုချလိုက်တဲ့ ထောင်ဒဏ်သတ်မှတ်ချက်ကို ဒီထက်ပိုပြီး ပြင်းထန်တဲ့ အမိန့်မျိုးချစေချင်တာ၊ ကျန်တဲ့တရားခံတွေကိုလည်း ဆက်ပြီးဖော်ထုတ်ပေးစေချင်တာတွေ တောင်းဆိုနေကြပါတယ်။

RFA Burmese
https://www.rfa.org
ရတနာပုံတကၠသိုလ္ ျပင္ပလုံၿခဳံေရးေဆာင္႐ြက္ေပးမယ္လို႔ နယ္လုံဝန္ႀကီးနဲ႔ ရဲမႉးကတိေပး ရတနာပုံတကၠသိုလ္ ျပင္ပလုံၿခဳံေရးေဆာင္႐ြက္ေပးမယ္လို႔ နယ္လုံဝန္ႀကီးနဲ႔ ရဲမႉးကတိေပး Reviewed by THITHTOOLWIN on 03:08 Rating: 5
Powered by Blogger.