ရခိုင္ေျမာက္ပိုင္း အင္တာနက္ျဖတ္ေတာက္မႈ ကန္႔ကြက္ဆႏၵျပမည္

ရခုိင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္တြင္ လုံၿခဳံေရးတာဝန္ထမ္းေဆာင္ရန္ ေရာက္ရွိလာသည့္ ျမန္မာ့တပ္မေတာ္သားမ်ား။ (ၾသဂုတ္ ၂၉၊ ၂၀၁၇)

(Zawgyi / Unicode)

၆ လၾကာ အင္တာနက္ ျဖတ္ေတာက္ခံထားရတဲ့ ရခိုင္ျပည္နယ္ ၿမိဳ႕နယ္ ၄ ခုကို အင္တာနက္လိုင္း ျပန္ဖြင့္ေပးဖို႔အတြက္ လူမႈအဖြဲ႔အစည္းေတြကေန ဆႏၵျပ လႈပ္ရွားမႈတခုကို ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္သြားမယ့္အေၾကာင္း ဦးေဆာင္သူေတြက ေျပာပါတယ္။ စစ္ေရးပဋိပကၡ ျဖစ္ပြားေနတဲ့ ေဒသမွာ အမုန္းစကား မျပန္႔ပြားေအာင္ အင္တာနက္ ျဖတ္ေတာက္တယ္ဆိုေပမယ့္ ဒီလိုလုပ္ေဆာင္ခ်က္ဟာ မမွန္ကန္ဘူးလို႔လည္း ေထာက္ျပထားပါတယ္။ ဒါ့အျပင္ ျပည္နယ္အတြင္း သတင္းမွန္ေတြကို တင္ျပခြင့္ ခက္ခဲေနသလို အင္တာနက္ကို အေျခခံၿပီး လုပ္ေဆာင္ေနတဲ့ လုပ္ငန္းရွင္ေတြ ထိခိုက္မႈ ရွိေနတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။ အျပည့္အစုံကုိ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ႏုိင္ကြန္းအိန္ သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္အတြင္း ၿမိဳ႕နယ္တခ်ိဳ႕မွာ အင္တာနက္လိုင္း ျဖတ္ေတာက္ထားတဲ့အတြက္ လူထုနစ္နာမႈေတြ ရွိေနလို႔ ျပန္ဖြင့္ေပးဖို႔ ေတာင္းဆိုတာ ျဖစ္တဲ့အေၾကာင္း ဆႏၵျပပြဲ ဦးေဆာင္ျပဳလုပ္မယ့္ အသံအဖြဲ႔ အမႈေဆာင္ဒါ႐ုိက္တာ ကဗ်ာဆရာ ေမာင္ေဆာင္းခက အခုလိုေျပာပါတယ္။

“အဓိကကေတာ့ ရခိုင္ျပည္နယ္မွာ အင္တာနက္ျဖတ္ေတာက္မႈကုိ ပထမဦးဆုံး သူတို႔ ၉ ၿမိဳ႕နယ္ကို လုပ္ခဲ့တယ္။ ၿပီးေတာ့ ၅ ၿမိဳ႕နယ္ကို ျပန္ၿပီးေတာ့ အင္တာနက္ ျပန္ဖြင့္ေပးခဲ့တယ္။ ဒါေပမယ့္ ၄ ၿမိဳ႕နယ္ကို ဆက္ခ်န္ထားတာကိုေတာ့ က်ေနာ္တုိ႔ ေတြ႔ရတယ္။ အဲဒီ ၄ ၿမိဳ႕နယ္နဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တုိ႔က အင္တာနက္ ျပန္ေပးဖို႔။ အင္တာနက္ရရွိမႈဟာ ဘယ္ေလာက္အထ္ိ အေရးႀကီးတယ္ဆိုတဲ့ အေၾကာင္းရယ္ အထူးသျဖင့္ ဒီလိုမ်ိဳး ပဋိပကၡ ျဖစ္ပြားေနတဲ့ေဒသမွာ အင္တာနက္ မရရွိျခင္းဟာ၊ အင္တာနက္ ျဖတ္ေတာက္ထားျခင္းဟာ လူထုရဲ႕ ထိခိုက္နစ္နာမႈ ဘယ္ေလာက္ႀကီးမားတယ္ ဆုိတဲ့အေၾကာင္းကို ကမ္ပိန္းလုပ္ရင္းနဲ႔ အစိုးရကိုလည္း အင္တာနက္ အျမန္ဆုံး ျပန္ဖြင့္ေပးဖို႔ ေတာင္းဆိုရင္းနဲ႔ ဒီလႈပ္ရွားမႈကို ေဆာင္ရြက္ရတာ ျဖစ္ပါတယ္။”

အစိုးရအေနနဲ႔ ႏိုင္ငံေတာ္လံုၿခံဳေရးအတြက္နဲ႔ အမုန္းတရားစကား မျပန္႔ပြားေအာင္ အင္တာနက္ ျဖတ္ေတာက္မႈကို လုပ္ေဆာင္တာလို႔ ဆိုေပမယ့္ ဒီလိုလုပ္ေဆာင္ခ်က္ဟာ မမွန္ကန္ဘူးလို႔ ေမာင္ေဆာင္းခက ဆက္ေျပာပါတယ္။

“အင္တာနက္ ျဖတ္ေတာက္မႈဟာ အမုန္းစကားေတြေၾကာင့္လို႔ ေျပာျခင္းဟာ အဲဒီ ရခိုင္ျပည္နယ္က ၄ ၿမိဳ႕နယ္က လူေတြဟာ အမုန္းစကား ျဖန္႔ေ၀ေနတဲ့လူေတြလို႔ တိုက္႐ုိက္စြပ္စြဲလိုက္သလို ျဖစ္ေနတယ္။ အမွန္က အမုန္းစကားေတြရဲ႕ လားရာကို ၾကည့္တဲ့အခါမွာ ရခိုင္တျပည္နယ္တည္း မဟုတ္ဘဲ ျမန္မာတျပည္လုံးမွာရွိတဲ့ ဒီ အေကာင့္အတု အေကာင့္ပုန္းမ်ားစြာ အျခားႏုိင္ငံက ဆာဗာေတြနဲ႔ ဖြင့္ထားၿပီးေတာ့ ေျပာေနတဲ့ အမုန္းစကား အေကာင့္တု အမ်ားႀကီးရွိေနတာ ေတြ႔ရတယ္။ ဒီအေၾကာင္းျပခ်က္ဟာ မွန္ကန္ေနတယ္လို႔ က်ေနာ္တို႔ မျမင္ဘူး။ အမုန္းစကားေတြ က်ေနာ္တို႔ ေျပာတဲ့အခါမွာ ဘယ္ေတာ့မွ က်ေနာ္တုိ႔ တဖက္တည္းၾကည့္လို႔ မရဘူး။ ဆိုေတာ့ ဒီဘက္ကလူေတြ ေျပာေနတာ အမ်ားႀကီးရွိတယ္။ အထူးသျဖင့္ ရခိုင္ျပည္နယ္က လူထုအေပၚမွာ ထိုးစစ္ေတြဆင္ဖို႔ ေနာက္တခုက အျပတ္ေခ်မႈန္းဖို႔ စသည္ျဖင့္ ဒါက အမုန္းစကားထက္ေတာင္ ပိုပါတယ္။”

ဒီလူထုလႈပ္ရွားမႈကို ဒီဇင္ဘာလ ၂၄ ရက္ေန႔မွာ လူ႔အခြင့္အေရး လႈပ္ရွားသူ လူငယ္ေတြကေန ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံေရွ႕မွာ ျပဳလုပ္သြားမွာျဖစ္ၿပီး အင္တာနက္ ျဖတ္ေတာက္ျခင္းေၾကာင့္ ႀကံဳေတြ႔ေနရတဲ့ အခက္အခဲ ဆိုးက်ိဳးေတြကို ေဟာေျပာသြားမယ္လို႔ သူကဆိုပါတယ္။

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ (AA) တို႔ တႏွစ္တင္းတင္း တုိက္ပြဲအျပင္းအထန္ ျဖစ္ပြားေနတဲ့ ရခုိင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္၊ ပုဏၰားကြ်န္း၊ ေက်ာက္ေတာ္၊ မင္းျပား၊ ေျမပံုနဲ႔ ေျမာက္ဦးၿမိဳ႕နယ္တို႔ကို ၂၀၁၉ ဇြန္လ ၂၁ ရက္ေန႔က စတင္ၿပီး ဆက္သြယ္ေရး၀န္ႀကီးဌာနက အင္တာနက္လိုင္း အသံုးျပဳမႈ ျဖတ္ေတာက္ခဲ့ပါတယ္။

ဒီအထဲက ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္နဲ႔ ေျမပံုၿမိဳ႕နယ္တုိ႔မွာ စက္တင္ဘာလ ၁ ရက္ေန႔က အင္တာနက္လိုင္း ျပန္လည္ဖြင့္ေပးခဲ့ၿပီး ေျမာက္ဦး၊ မင္းျပား၊ ေက်ာက္ေတာ္နဲ႔ ပုဏၰားကြ်န္းၿမိဳ႕နယ္တို႔မွာ လက္ရွိအခ်ိန္ထိ အင္တာနက္လိုင္း ျဖတ္ေတာက္ျခင္း ခံထားရဆဲ ျဖစ္ပါတယ္။

ပဋိပကၡျဖစ္စဥ္အတြင္း အင္တာနက္လိုင္း အသံုးျပဳမႈ ျဖတ္ေတာက္ခံထားရတဲ့အတြက္ ျပည္သူထံ သတင္းမွန္ျဖန္႔ေ၀မႈအခြင့္ ဆုံး႐ႈံးခဲ့သလို ေဒသတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ပိုခံေနရတယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕ အမွန္တရားနဲ႔ ႐ႈေထာင့္မႈခင္းသတင္းဌာနက သတင္းေထာက္ ကုိေက်ာ္လွျမင့္က ေျပာပါတယ္။

“က်ေနာ္တို႔ေနရာမွာ ဒီလို အင္တာနက္ ျဖတ္ေတာက္လိုက္ျခင္းအားျဖင့္ ဒီတရားဥပေဒစိုးမိုးမႈ အားနည္းသြားတယ္။ အမွန္တကယ္ ျပည္သူလူထုရဲ႕ ဥပေဒမဲ့လုပ္ရပ္ ညႇဥ္းပန္းႏွိပ္စက္မႈေတြက ပိုလို႔ တိုးမ်ား တိုးပြားလာတယ္ေပါ့။ က်ေနာ္တုိ႔ လက္ရွိ ေျမျပင္အေျခအေနက ျဖစ္ပ်က္ေနတဲ့ဟာကို အခ်ိန္နဲ႔တေျပးညီ တင္ခြင့္မရတဲ့အတြက္ ျပႆနာေတြက ပိုၿပီးေတာ့ ႀကီးထြားလာတာ ေတြ႔တယ္။ ၿပီးေတာ့ ႏုိင္ငံသားတဦးရဲ႕ အခြင့္အေရး ဆုံး႐ႈံးမႈ မ်ားေနၿပီ။”

ဒါ့အျပင္ အင္တာနက္ကို အေျခခံၿပီး လုပ္ေဆာင္ေနတဲ့ လုပ္ငန္းရွင္ေတြ ထိခိုက္မႈရွိေနတယ္လို႔ ေျမာက္ဦးၿမိဳ႕ အေသးစား ေငြလႊဲလုပ္ငန္းရွင္တဦးက ဆိုပါတယ္။

“အင္တာနက္လိုင္း ျဖတ္ထားတဲ့ၿမိဳ႕ေတြက အဓိကက Wave Money လုပ္တဲ့လူေတြေပါ့။ အြန္လိုင္း႐ႈိးလုပ္တဲ့လူေတြ အြန္လိုင္းကေန ေစ်းေရာင္းတဲ့လူေတြ တခ်ိဳ႕ဆို ပစၥည္းမွာတဲ့ လူေတြက်ေတာ့ တအားကို ဒုကၡေရာက္တာေပါ့။ တခ်ိဳ႕ ယႏၱရားပစၥည္း ေရာင္းတဲ့လူက်ေတာ့ ဓာတ္ပုံေတြပို႔ၿပီးမွ အလုပ္လုပ္ရတာကိုး။ အဲဒီလူေတြ ေတာ္ေတာ္ အခက္အခဲ ေရာက္တာေပါ့ေနာ္။”

ရခုိင္ၿမိဳ႕နယ္ ေလးခုကို အင္တာနက္လိုင္းနဲ႔ ဆက္သြယ္ေရးလိုင္းေတြ ေကာင္းမြန္ေအာင္ အျမန္ဆံုး ေဆာင္ရြက္ေပးဖို႔အတြက္ လူ႔အခြင့္အေရးလႈပ္ရွားသူ လူငယ္အဖြဲ႔အစည္း ၁၉ ဖြဲ႔က လက္မွတ္ေရးထုိးၿပီး မေန႔က ထုတ္ျပန္ေတာင္းဆိုခဲ့သလို ကုလသမဂၢအဖဲြ႔ အပါအဝင္ ႏုိင္ငံတကာေတြကေန ေ၀ဖန္႐ႈတ္ခ်မႈေတြ ရွိေနေပမယ့္ ျမန္မာအစိုးရအေနနဲ႔ ယေန႔အခ်ိန္ထိ အဲဒီၿမိဳ႕နယ္ေတြမွာ မိုဘိုင္းအင္တာနက္ ျပန္လည္ရရွိေအာင္ ေဆာင္ရြက္ေပးမႈ မရွိေသးတာကို ေတြ႔ရတယ္လို႔ ေၾကညာခ်က္မွာ ေရးသားထားပါတယ္။

ရခိုင္ျပည္နယ္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား စစ္ေရးျပင္းထန္စြာ ျဖစ္ပြားေနတာ တႏွစ္ျပည့္ၿပီးျဖစ္သလို ဒီစစ္ေရးပဋိပကၡအတြင္း အရပ္သားေတြ ထိခိုက္ေသဆုံးမႈ၊ အဖမ္းဆီးခံရမႈ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈေတြ ရွိေနေပမယ့္ အင္တာနက္ ျဖတ္ေတာက္ခံရမႈေၾကာင့္ သတင္းျဖစ္စဥ္ေတြကို အခ်ိန္နဲ႔တေျပးညီ မတင္ျပႏုိင္တဲ့အတြက္ အခက္အခဲ ျဖစ္ေနတယ္လို႔လည္း ရခိုင္သတင္းအဖြဲ႔ တာ၀န္ရွိသူေတြက ေျပာပါတယ္။

-----------------------------------

(Unicode)

ရခိုင်မြောက်ပိုင်း အင်တာနက်ဖြတ်တောက်မှု ကန့်ကွက်ဆန္ဒပြမည်

၆ လကြာ အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ရခိုင်ပြည်နယ် မြို့နယ် ၄ ခုကို အင်တာနက်လိုင်း ပြန်ဖွင့်ပေးဖို့အတွက် လူမှုအဖွဲ့အစည်းတွေကနေ ဆန္ဒပြ လှုပ်ရှားမှုတခုကို ရန်ကုန်မြို့မှာ ပြုလုပ်သွားမယ့်အကြောင်း ဦးဆောင်သူတွေက ပြောပါတယ်။ စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသမှာ အမုန်းစကား မပြန့်ပွားအောင် အင်တာနက် ဖြတ်တောက်တယ်ဆိုပေမယ့် ဒီလိုလုပ်ဆောင်ချက်ဟာ မမှန်ကန်ဘူးလို့လည်း ထောက်ပြထားပါတယ်။ ဒါ့အပြင် ပြည်နယ်အတွင်း သတင်းမှန်တွေကို တင်ပြခွင့် ခက်ခဲနေသလို အင်တာနက်ကို အခြေခံပြီး လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တွေ ထိခိုက်မှု ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်တချို့မှာ အင်တာနက်လိုင်း ဖြတ်တောက်ထားတဲ့အတွက် လူထုနစ်နာမှုတွေ ရှိနေလို့ ပြန်ဖွင့်ပေးဖို့ တောင်းဆိုတာ ဖြစ်တဲ့အကြောင်း ဆန္ဒပြပွဲ ဦးဆောင်ပြုလုပ်မယ့် အသံအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကဗျာဆရာ မောင်ဆောင်းခက အခုလိုပြောပါတယ်။

“အဓိကကတော့ ရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက်မှုကို ပထမဦးဆုံး သူတို့ ၉ မြို့နယ်ကို လုပ်ခဲ့တယ်။ ပြီးတော့ ၅ မြို့နယ်ကို ပြန်ပြီးတော့ အင်တာနက် ပြန်ဖွင့်ပေးခဲ့တယ်။ ဒါပေမယ့် ၄ မြို့နယ်ကို ဆက်ချန်ထားတာကိုတော့ ကျနော်တို့ တွေ့ရတယ်။ အဲဒီ ၄ မြို့နယ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က အင်တာနက် ပြန်ပေးဖို့။ အင်တာနက်ရရှိမှုဟာ ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတဲ့ အကြောင်းရယ် အထူးသဖြင့် ဒီလိုမျိုး ပဋိပက္ခ ဖြစ်ပွားနေတဲ့ဒေသမှာ အင်တာနက် မရရှိခြင်းဟာ၊ အင်တာနက် ဖြတ်တောက်ထားခြင်းဟာ လူထုရဲ့ ထိခိုက်နစ်နာမှု ဘယ်လောက်ကြီးမားတယ် ဆိုတဲ့အကြောင်းကို ကမ်ပိန်းလုပ်ရင်းနဲ့ အစိုးရကိုလည်း အင်တာနက် အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ တောင်းဆိုရင်းနဲ့ ဒီလှုပ်ရှားမှုကို ဆောင်ရွက်ရတာ ဖြစ်ပါတယ်။”

အစိုးရအနေနဲ့ နိုင်ငံတော်လုံခြုံရေးအတွက်နဲ့ အမုန်းတရားစကား မပြန့်ပွားအောင် အင်တာနက် ဖြတ်တောက်မှုကို လုပ်ဆောင်တာလို့ ဆိုပေမယ့် ဒီလိုလုပ်ဆောင်ချက်ဟာ မမှန်ကန်ဘူးလို့ မောင်ဆောင်းခက ဆက်ပြောပါတယ်။

“အင်တာနက် ဖြတ်တောက်မှုဟာ အမုန်းစကားတွေကြောင့်လို့ ပြောခြင်းဟာ အဲဒီ ရခိုင်ပြည်နယ်က ၄ မြို့နယ်က လူတွေဟာ အမုန်းစကား ဖြန့်ဝေနေတဲ့လူတွေလို့ တိုက်ရိုက်စွပ်စွဲလိုက်သလို ဖြစ်နေတယ်။ အမှန်က အမုန်းစကားတွေရဲ့ လားရာကို ကြည့်တဲ့အခါမှာ ရခိုင်တပြည်နယ်တည်း မဟုတ်ဘဲ မြန်မာတပြည်လုံးမှာရှိတဲ့ ဒီ အကောင့်အတု အကောင့်ပုန်းများစွာ အခြားနိုင်ငံက ဆာဗာတွေနဲ့ ဖွင့်ထားပြီးတော့ ပြောနေတဲ့ အမုန်းစကား အကောင့်တု အများကြီးရှိနေတာ တွေ့ရတယ်။ ဒီအကြောင်းပြချက်ဟာ မှန်ကန်နေတယ်လို့ ကျနော်တို့ မမြင်ဘူး။ အမုန်းစကားတွေ ကျနော်တို့ ပြောတဲ့အခါမှာ ဘယ်တော့မှ ကျနော်တို့ တဖက်တည်းကြည့်လို့ မရဘူး။ ဆိုတော့ ဒီဘက်ကလူတွေ ပြောနေတာ အများကြီးရှိတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်က လူထုအပေါ်မှာ ထိုးစစ်တွေဆင်ဖို့ နောက်တခုက အပြတ်ချေမှုန်းဖို့ စသည်ဖြင့် ဒါက အမုန်းစကားထက်တောင် ပိုပါတယ်။”

ဒီလူထုလှုပ်ရှားမှုကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ လူ့အခွင့်အရေး လှုပ်ရှားသူ လူငယ်တွေကနေ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး အင်တာနက် ဖြတ်တောက်ခြင်းကြောင့် ကြုံတွေ့နေရတဲ့ အခက်အခဲ ဆိုးကျိုးတွေကို ဟောပြောသွားမယ်လို့ သူကဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် (AA) တို့ တနှစ်တင်းတင်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တို့ကို ၂၀၁၉ ဇွန်လ ၂၁ ရက်နေ့က စတင်ပြီး ဆက်သွယ်ရေးဝန်ကြီးဌာနက အင်တာနက်လိုင်း အသုံးပြုမှု ဖြတ်တောက်ခဲ့ပါတယ်။

ဒီအထဲက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နဲ့ မြေပုံမြို့နယ်တို့မှာ စက်တင်ဘာလ ၁ ရက်နေ့က အင်တာနက်လိုင်း ပြန်လည်ဖွင့်ပေးခဲ့ပြီး မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့မှာ လက်ရှိအချိန်ထိ အင်တာနက်လိုင်း ဖြတ်တောက်ခြင်း ခံထားရဆဲ ဖြစ်ပါတယ်။

ပဋိပက္ခဖြစ်စဉ်အတွင်း အင်တာနက်လိုင်း အသုံးပြုမှု ဖြတ်တောက်ခံထားရတဲ့အတွက် ပြည်သူထံ သတင်းမှန်ဖြန့်ဝေမှုအခွင့် ဆုံးရှုံးခဲ့သလို ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုခံနေရတယ်လို့ ကျောက်တော်မြို့ အမှန်တရားနဲ့ ရှုထောင့်မှုခင်းသတင်းဌာနက သတင်းထောက် ကိုကျော်လှမြင့်က ပြောပါတယ်။

“ကျနော်တို့နေရာမှာ ဒီလို အင်တာနက် ဖြတ်တောက်လိုက်ခြင်းအားဖြင့် ဒီတရားဥပဒေစိုးမိုးမှု အားနည်းသွားတယ်။ အမှန်တကယ် ပြည်သူလူထုရဲ့ ဥပဒေမဲ့လုပ်ရပ် ညှဉ်းပန်းနှိပ်စက်မှုတွေက ပိုလို့ တိုးများ တိုးပွားလာတယ်ပေါ့။ ကျနော်တို့ လက်ရှိ မြေပြင်အခြေအနေက ဖြစ်ပျက်နေတဲ့ဟာကို အချိန်နဲ့တပြေးညီ တင်ခွင့်မရတဲ့အတွက် ပြဿနာတွေက ပိုပြီးတော့ ကြီးထွားလာတာ တွေ့တယ်။ ပြီးတော့ နိုင်ငံသားတဦးရဲ့ အခွင့်အရေး ဆုံးရှုံးမှု များနေပြီ။”

ဒါ့အပြင် အင်တာနက်ကို အခြေခံပြီး လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တွေ ထိခိုက်မှုရှိနေတယ်လို့ မြောက်ဦးမြို့ အသေးစား ငွေလွှဲလုပ်ငန်းရှင်တဦးက ဆိုပါတယ်။

“အင်တာနက်လိုင်း ဖြတ်ထားတဲ့မြို့တွေက အဓိကက Wave Money လုပ်တဲ့လူတွေပေါ့။ အွန်လိုင်းရှိုးလုပ်တဲ့လူတွေ အွန်လိုင်းကနေ ဈေးရောင်းတဲ့လူတွေ တချို့ဆို ပစ္စည်းမှာတဲ့ လူတွေကျတော့ တအားကို ဒုက္ခရောက်တာပေါ့။ တချို့ ယန္တရားပစ္စည်း ရောင်းတဲ့လူကျတော့ ဓာတ်ပုံတွေပို့ပြီးမှ အလုပ်လုပ်ရတာကိုး။ အဲဒီလူတွေ တော်တော် အခက်အခဲ ရောက်တာပေါ့နော်။”

ရခိုင်မြို့နယ် လေးခုကို အင်တာနက်လိုင်းနဲ့ ဆက်သွယ်ရေးလိုင်းတွေ ကောင်းမွန်အောင် အမြန်ဆုံး ဆောင်ရွက်ပေးဖို့အတွက် လူ့အခွင့်အရေးလှုပ်ရှားသူ လူငယ်အဖွဲ့အစည်း ၁၉ ဖွဲ့က လက်မှတ်ရေးထိုးပြီး မနေ့က ထုတ်ပြန်တောင်းဆိုခဲ့သလို ကုလသမဂ္ဂအဖွဲ့ အပါအဝင် နိုင်ငံတကာတွေကနေ ဝေဖန်ရှုတ်ချမှုတွေ ရှိနေပေမယ့် မြန်မာအစိုးရအနေနဲ့ ယနေ့အချိန်ထိ အဲဒီမြို့နယ်တွေမှာ မိုဘိုင်းအင်တာနက် ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးမှု မရှိသေးတာကို တွေ့ရတယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား စစ်ရေးပြင်းထန်စွာ ဖြစ်ပွားနေတာ တနှစ်ပြည့်ပြီးဖြစ်သလို ဒီစစ်ရေးပဋိပက္ခအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှု၊ အဖမ်းဆီးခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိနေပေမယ့် အင်တာနက် ဖြတ်တောက်ခံရမှုကြောင့် သတင်းဖြစ်စဉ်တွေကို အချိန်နဲ့တပြေးညီ မတင်ပြနိုင်တဲ့အတွက် အခက်အခဲ ဖြစ်နေတယ်လို့လည်း ရခိုင်သတင်းအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ႏုိင္ကြန္းအိန္/VOA Burmese
https://burmese.voanews.com
ရခိုင္ေျမာက္ပိုင္း အင္တာနက္ျဖတ္ေတာက္မႈ ကန္႔ကြက္ဆႏၵျပမည္ ရခိုင္ေျမာက္ပိုင္း အင္တာနက္ျဖတ္ေတာက္မႈ ကန္႔ကြက္ဆႏၵျပမည္ Reviewed by THITHTOOLWIN on 22:49 Rating: 5
Powered by Blogger.