ထိုင္း-ျမန္မာ နယ္စပ္ကုန္သြယ္ေရး က်ဆင္း

ျမန္မာႏုိင္ငံ နယ္စပ္ၿမိဳ႕ ျမဝတီႏွင့္ ထုိင္းႏုိင္ငံ မဲေဆာက္ၿမိဳ႕သုိ႔ ဆက္သြယ္ထားသည့္ ခ်စ္ၾကည္ေရးတံတားေပၚမွ ျဖတ္သန္းသြားလာေနသူမ်ား။ (ေအာက္တိုဘာ ၃၊ ၂၀၀၇)

(Zawgyi / Unicode)

ထိုင္းနဲ႔ ျမန္မာ နယ္စပ္ကုန္သြယ္ေရးက ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလကေန ႏို၀င္ဘာလအထိ ၁၁ လတာ ကာလအတြင္း သိသိသာသာ က်ဆင္းခဲ့တယ္လို႔ တရား၀င္ အခ်က္အလက္ေတြကို ကိုးကားၿပီး The Nation သတင္းက ေဖာ္ျပပါတယ္။

ရေနာင္းခ႐ုိင္ ကုန္သြယ္ေရးဌာနက ထုတ္ျပန္တဲ့ တလခ်င္းစီရဲ႕ ကုန္သြယ္မႈ တန္ဖိုးကလည္း ၿပီးခဲ့တဲ့ ၆ ႏွစ္ဆက္တိုက္ ကာလအတြင္းနဲ႔ ႏိႈင္းယွဥ္ရင္ ေလ်ာ့နည္းေနပါတယ္။ ကုန္သြယ္ေရး ပမာဏက ႏွစ္စဥ္ ထိုင္းဘတ္ ၄ ဘီလ်ံေက်ာ္ဖိုး ေလ်ာ့က်ေနတယ္လို႔လည္း ေဖာ္ျပပါတယ္။

ဒီႏွစ္ ႏို၀င္ဘာလ ကုန္သြယ္ေရး တန္ဖိုးကေတာ့ စုစုေပါင္း ထိုင္းဘတ္ေငြ ၁ ဒသမ ၈၃ ဘီလံ်ဖိုး ရွိၿပီး ဒီအရင္လကထက္ ဘတ္ေငြ ၉၇ ဒသမ ၆၅ သန္း တိုးလာတာလို႔လည္း ႐ုံးရဲ႕ ညႊန္ၾကားေရးမွဴး Wanida Arunothai က ေျပာဆိုေၾကာင္း ေဖာ္ျပပါတယ္။

ထိုင္းႏုိင္ငံကေန ျမန္မာႏုိင္ငံကို အမ်ားဆံုး တင္ပို႔ေနတဲ့ ကုန္ပစၥည္းေတြကေတာ့ ဓာတ္ဆီ၊ စက္သံုးဆီ၊ ေခ်ာဆီ၊ ဘရိတ္ဆီ၊ ဒီဇယ္၊ ဗင္ဇင္းဆီ၊ ဘိလပ္ေျမ၊ ေရနံတူးရာမွာ သံုးတဲ့ သံမဏိပိုက္၊ ေသာက္ေရသန္႔၊ သံမဏိ အသံုးအေဆာင္ေတြ၊ ငါးဖမ္းပိုက္၊ ဓာတ္ေျမၾသဇာ၊ အ၀တ္အထည္တို႔ ျဖစ္ပါတယ္။

ျမန္မာဘက္ကေနေတာ့ ေရထြက္ပစၥည္း၊ ေရခဲ႐ုိက္ငါး၊ မီးေသြးတို႔လို ပစၥည္းေတြကို ထိုင္းက ျပန္သြင္းပါတယ္။ ထိုင္းႏုိင္ငံ ရေနာင္းဘက္ကေန ျမန္မာဘက္ကို နယ္စပ္ျဖတ္ေက်ာ္ ကုန္သြယ္ေရးပိုင္းမွာ အခက္အခဲေတြ ရွိေနတာေၾကာင့္ ကုန္သြယ္ေရး က်ဆင္းတာလို႔လည္း ရေနာင္း ကုန္သည္ႀကီးမ်ားအသင္း ဥကၠ႒ ေျပာဆိုတာကို သတင္းမွာ ေဖာ္ျပပါတယ္။

ထိုင္းနဲ႔ ျမန္မာ ကုန္သြယ္ေရး တခုလံုးကို သံုးသပ္မယ္ဆိုရင္ေတာ့ အေျခအေနက ပိုၿပီး ေကာင္းမြန္လာေၾကာင္း၊ ကုန္သြယ္ေရးလမ္းေၾကာင္းေတြ ခ်ဲ႕ထြင္လာႏုိင္သလို အက်ိဳးတူ ပူးေပါင္းေဆာင္ရြက္မႈေတြလည္း တိုးလာေၾကာင္း၊ ဒါေၾကာင့္ ရေနာင္းကို ျဖတ္ၿပီး ပင္လယ္ေရေၾကာင္း သယ္ယူပို႔ေဆာင္ေရးကလည္း လိုအပ္ေနဆဲ ျဖစ္တာေၾကာင့္ အနာဂတ္ အလားအလာကေတာ့ ေကာင္းပါတယ္လုိ႔လည္း ရေနာင္း ကုန္သည္ႀကီးမ်ားအသင္း ဥကၠ႒က ေျပာပါတယ္။

-----------------------------------

(Unicode)

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကျဆင်း

ထိုင်းနဲ့ မြန်မာ နယ်စပ်ကုန်သွယ်ရေးက ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ၁၁ လတာ ကာလအတွင်း သိသိသာသာ ကျဆင်းခဲ့တယ်လို့ တရားဝင် အချက်အလက်တွေကို ကိုးကားပြီး The Nation သတင်းက ဖော်ပြပါတယ်။

ရနောင်းခရိုင် ကုန်သွယ်ရေးဌာနက ထုတ်ပြန်တဲ့ တလချင်းစီရဲ့ ကုန်သွယ်မှု တန်ဖိုးကလည်း ပြီးခဲ့တဲ့ ၆ နှစ်ဆက်တိုက် ကာလအတွင်းနဲ့ နှိုင်းယှဉ်ရင် လျော့နည်းနေပါတယ်။ ကုန်သွယ်ရေး ပမာဏက နှစ်စဉ် ထိုင်းဘတ် ၄ ဘီလျံကျော်ဖိုး လျော့ကျနေတယ်လို့လည်း ဖော်ပြပါတယ်။

ဒီနှစ် နိုဝင်ဘာလ ကုန်သွယ်ရေး တန်ဖိုးကတော့ စုစုပေါင်း ထိုင်းဘတ်ငွေ ၁ ဒသမ ၈၃ ဘီလံျဖိုး ရှိပြီး ဒီအရင်လကထက် ဘတ်ငွေ ၉၇ ဒသမ ၆၅ သန်း တိုးလာတာလို့လည်း ရုံးရဲ့ ညွှန်ကြားရေးမှူး Wanida Arunothai က ပြောဆိုကြောင်း ဖော်ပြပါတယ်။

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို အများဆုံး တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေကတော့ ဓာတ်ဆီ၊ စက်သုံးဆီ၊ ချောဆီ၊ ဘရိတ်ဆီ၊ ဒီဇယ်၊ ဗင်ဇင်းဆီ၊ ဘိလပ်မြေ၊ ရေနံတူးရာမှာ သုံးတဲ့ သံမဏိပိုက်၊ သောက်ရေသန့်၊ သံမဏိ အသုံးအဆောင်တွေ၊ ငါးဖမ်းပိုက်၊ ဓာတ်မြေသြဇာ၊ အဝတ်အထည်တို့ ဖြစ်ပါတယ်။

မြန်မာဘက်ကနေတော့ ရေထွက်ပစ္စည်း၊ ရေခဲရိုက်ငါး၊ မီးသွေးတို့လို ပစ္စည်းတွေကို ထိုင်းက ပြန်သွင်းပါတယ်။ ထိုင်းနိုင်ငံ ရနောင်းဘက်ကနေ မြန်မာဘက်ကို နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးပိုင်းမှာ အခက်အခဲတွေ ရှိနေတာကြောင့် ကုန်သွယ်ရေး ကျဆင်းတာလို့လည်း ရနောင်း ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ပြောဆိုတာကို သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနဲ့ မြန်မာ ကုန်သွယ်ရေး တခုလုံးကို သုံးသပ်မယ်ဆိုရင်တော့ အခြေအနေက ပိုပြီး ကောင်းမွန်လာကြောင်း၊ ကုန်သွယ်ရေးလမ်းကြောင်းတွေ ချဲ့ထွင်လာနိုင်သလို အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေလည်း တိုးလာကြောင်း၊ ဒါကြောင့် ရနောင်းကို ဖြတ်ပြီး ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးကလည်း လိုအပ်နေဆဲ ဖြစ်တာကြောင့် အနာဂတ် အလားအလာကတော့ ကောင်းပါတယ်လို့လည်း ရနောင်း ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌက ပြောပါတယ်။

VOA Burmese
https://burmese.voanews.com
ထိုင္း-ျမန္မာ နယ္စပ္ကုန္သြယ္ေရး က်ဆင္း ထိုင္း-ျမန္မာ နယ္စပ္ကုန္သြယ္ေရး က်ဆင္း Reviewed by THITHTOOLWIN on 22:47 Rating: 5
Powered by Blogger.