ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါ က်ပ္ေငြစကၠဴမ်ား လြတ္လပ္ေရးေန႔ စထုတ္မယ္

အသစ္ထုတ္ေဝမယ့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါ က်ပ္တစ္ေထာင္တန္ ေငြစကၠဴနမူနာပုံစံ
(Zawgyi)⤵⤵⤵
ေငြစကၠဴအသစ္ထုတ္တာဟာ ေဈးကြက္ထဲ လက္ရွိသုံးေနတဲ့အေဟာင္းကို တျဖည္းျဖည္းေလွ်ာ့ၿပီး ထုတ္တာျဖစ္တဲ့အျပင္ အေဟာင္းကို လည္း ဆက္သုံးႏိုင္ေသးတဲ့အတြက္ ေငြေၾကးေဖာင္းပြမႈျဖစ္စရာအေၾကာင္းမရွိလို႔ ဆိုပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ပုံနဲ႔ ေငြစကၠဴအသစ္ကို လာမယ့္ ဇန္နဝါရီလ ၄ ရက္ လြတ္လပ္ေရးေန႔မွာ စတင္ ထုတ္ေဝမယ္လို႔ အစိုးရက ဒီဇင္ဘာ ၂၀ ရက္မွာ ေၾကညာၿပီးတဲ့ေနာက္ပိုင္း ေငြေၾကးေဖာင္းပြမႈနဲ႔ ကုန္ေဈးႏႈန္း ႀကီးျမင့္လာမယ္လို႔ သုံးသပ္တာေတြရွိလာေနတာပါ။

ေငြစကၠဴအသစ္ထုတ္တိုင္း ေကာလာဟလက ဒီပုံစံအတိုင္း ထြက္လာေလ့ရွိၿပီး စိုးရိမ္စရာမလိုဘူးလို႔ အၿငိမ္းစား ဗဟိုဘဏ္ ဒုဥကၠ႒ ဦးသန္းလြင္က ေျပာပါတယ္။
လက္ရွိသုံးစြဲေနတဲ့ က်ပ္တစ္ေထာင္တန္ကို ေလွ်ာ့ၿပီးထုတ္သြားမယ္

"ေငြစကၠဴအသစ္ထုတ္လို႔ ေငြေၾကးေဖာင္းပြမႈရွိမယ္ဆိုတာ ယုံတမ္းစကားပဲ။ ေငြစကၠဴအသစ္ထုတ္ရင္ အေဟာင္းကို ေလွ်ာ့ထုတ္ရမယ္။ ဟိုးအရင္ ဗဟိုဘဏ္ေထာင္သြားတဲ့ပုဂၢိဳလ္ေတြ ဆရာဦးစံလင္း လက္ထက္တည္းက ဒီတိုင္းပါပဲ။ အခု ေငြစကၠဴတစ္ေထာင္တန္ထုတ္ရင္ အရင္ထုတ္ေနက် တစ္ေထာင္တန္ Lion seal (ျခေသၤ့ပုံ) ကို တျဖည္းျဖည္း ေလွ်ာ့ေလွ်ာ့(ထုတ္)သြားမွာေပါ့" လို႔ ကေမာၻဇဘဏ္ရဲ႕ အႀကီးတန္း အႀကံေပး ဦးသန္းလြင္က ရွင္းျပပါတယ္။

အသစ္ထုတ္ေဝမယ့္ က်ပ္တစ္ေထာင္တန္ေငြစကၠဴတန္ဖိုးက ဗဟိုဘဏ္မွာ စနစ္တက်မွတ္တမ္း တင္ထားတာျဖစ္ၿပီး အသစ္အေဟာင္းၾကား ခ်ိန္ညႇိ ထုတ္ေဝတာျဖစ္လို႔ အမ်ားစိုးရိမ္သလို ေငြစကၠဴေတြ ျပည္တြင္းေဈးကြက္ထဲ ပြားမ်ားလာတာလည္း မဟုတ္တဲ့အတြက္ ေငြေၾကးေဖာင္းပြမႈျဖစ္စရာ အေၾကာင္းမရွိဘူး လို႔ သူက ဆက္ေျပာပါတယ္။
ဗိုလ္ခ်ဳပ္ပုံပါ ေငြစကၠဴေတြကို ဆက္လက္ထုတ္ေဝျခင္းမရွိတာ ႏွစ္ ၃၀ ေက်ာ္ၿပီ
က်ပ္ငါးေထာင္တန္နဲ႔ တစ္ေသာင္းတန္ ေငြစကၠဴေတြထုတ္တုန္းကလည္း အဲဒီလိုေငြေၾကးေဖာင္းပြမယ္၊ ကုန္ေဈးႏႈန္းတက္မယ္ဆိုတဲ့ ေကာလာဟလေတြ ထြက္ခဲ့ၿပီး အမွန္က ငါးေထာင္တန္ထုတ္တဲ့အတြက္ တစ္ေထာင္တန္ကို ေလွ်ာ့ထုတ္ခဲ့တဲ့နည္းနဲ႔ Adjust လုပ္ေပးရတယ္လို႔ ဦးသန္းလြင္က ဆိုပါတယ္။

ေငြစကၠဴအသစ္ကို႐ိုက္ထုတ္မယ္ဆိုရင္ ျပည္တြင္း လွည့္ပတ္ေငြရဲ႕ ၅ ရာခိုင္ႏႈန္းပဲ ႐ိုက္သင့္ၿပီး ဒီထက္ ပိုမ်ားရင္ ျပည္တြင္းမွာ လည္ပတ္ေငြမ်ားလာၿပီး တန္ဖိုးေလ်ာ့က်ႏိုင္တယ္ဆိုတဲ့ သုံးသပ္ခ်က္တခ်ိဳ႕လည္း ရွိေနပါတယ္။

ဒါနဲ႔ ပတ္သက္လို႔ ဦးသန္းလြင္က အေဟာင္းကိုတျဖည္းျဖည္းေလွ်ာ့ထုတ္မွာမို႔လို လည္ပတ္ေငြေၾကးေတြ မ်ားျပားလာစရာမရွိဘူးလို႔ ဆိုပါတယ္။
အခုသုံးေနတဲ့တစ္ေထာင္တန္ေတြကိုလည္း ဆက္လက္သုံးစြဲႏိုင္

ေငြစကၠဴအသစ္႐ိုက္ထုတ္တာဟာ အရႈံးအျမတ္ရွိႏိုင္တယ္ဆိုတဲ့သုံးသပ္ခ်က္ေတြလည္း ရွိလာေနတာပါ။

ဒါနဲ႔ပတ္သက္လို႔ ဦးသန္းလြင္ က ဗဟိုဘဏ္ဆိုတာ အက်ိဳးအျမတ္ကို ၾကည့္ရတာမဟုတ္ဘဲ အမ်ားျပည္သူ အက်ိဳးစီးပြားကို သာေရွ႕ရႈ ရတာျဖစ္ၿပီး အခုလို ျပည္တြင္းေငြေၾကးေဈးကြက္မွာ အက်ိဳးအျမတ္ဆိုၿပီး ေျပာေနတာေတြက ထုတ္လုပ္မႈကုန္က်စရိတ္ (cost) ကို တြက္ခ်က္ေျပာေနတာျဖစ္တယ္လို႔ ဦးသန္းလြင္ က ေျပာပါတယ္။

လက္ရွိ အသစ္ထုတ္မယ့္ ဗိုလ္ခ်ဳပ္ပုံနဲ႔ ေငြစကၠဴကေတာ့ အေဟာင္းယူအသစ္လဲေပးတဲ့ပုံစံသာျဖစ္လို႔ ေငြေၾကးေဖာင္းပြမႈ၊ဆုံးရႈံးမႈ မရွိဘူးလို႔ ဆိုပါတယ္။
လက္ရွိ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ေငြစကၠဴေတြဖ်က္သိမ္းျခင္းကိုတားျမစ္ထားပါတယ္။

"ဗဟိုဘဏ္က အက်ိဳးအျမတ္ကိုပဲ ၾကည့္လို႔မရဘူးေလ။ အရင္တုန္းက အက္ဖ္အီးစီ ဆို ဘယ္လို လုပ္မလဲ။ ကာလတန္ဖိုးနဲ႔တြက္ၿပီး ဗဟိုဘဏ္က ေလ်ာ္လိုက္ရတဲ့ပိုက္ဆံက ပိုေတာင္မ်ားေသးတယ္။ ဗဟိုဘဏ္က တစ္ခါတေလအနစ္နာခံရတာလည္းရွိတာပဲ။ တစ္ခါတေလကိုယ့္ေငြေၾကးခိုင္မာေအာင္ ေဒၚလာေတြ ဝယ္တာျပန္ေရာင္းတာလုပ္ေပးရတယ္။ အဲဒီမွာ ရႈံးတာလည္းရွိတယ္။ တစ္ခါတေလ ျမတ္တယ္။ အဓိကက ေငြစကၠဴ က်ပ္တန္ဖိုးတည္ၿငိမ္ေရးကိုပဲ အဓိကလုပ္တာ" လို႔ ဆိုပါတယ္။

ဗိုလ္ခ်ဳပ္ ေအာင္ဆန္းပုံနဲ႔ ထုတ္ေဝခဲတဲ့ေငြစကၠဴေတြကို မဆလအစိုးရလက္ထက္ ၁၉၈၅ ခုႏွစ္မွာတစ္ႀကိမ္ ၊ ၁၉၈၇ ခုႏွစ္မွာတစ္ႀကိမ္ ဖ်က္သိမ္းခဲ့ပါတယ္။

အဲဒီေနာက္ ျခေသၤ့ပုံနဲ႔ ဆင္ပုံပါတဲ့ ေငြစကၠဴေတြကို ႐ိုက္ႏွိပ္ထုတ္ေဝခဲ့ၿပီး ႏွစ္သုံးဆယ္ေက်ာ္အၾကာမွာ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း႐ုပ္ပုံနဲ႔ ေငြစကၠဴတစ္ေထာင္တန္ကို ျပန္လည္ထုတ္ေဝေတာ့မွာျဖစ္ပါတယ္။

လက္ရွိ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ေငြစကၠဴေတြဖ်က္သိမ္းျခင္းကိုတားျမစ္ထားပါတယ္။

ဗိုလ္ခ်ဳပ္ပုံပါတဲ့ေငြစကၠဴေတြကို ႐ိုက္ႏွိပ္ထုတ္ေဝဖို႔ ၂၀၁၇ ခုႏွစ္ႏိုဝင္ဘာမွာ လႊတ္ေတာ္မွာေဆြးေႏြးခဲ့ၾကၿပီး တပ္မေတာ္နဲ႔ ႀကံ့ခိုင္ေရးအမတ္ေတြ ကန႔္ကြက္ေဆြးေႏြးခဲ့ေပမယ့္ ေထာက္ခံမဲမ်ားလို႔ အဆိုအႏိုင္ရခဲ့ပါတယ္။

ဒီမတိုင္ခင္ အရင္ပထမအႀကိမ္လႊတ္ေတာ္သက္တမ္းတုန္းကလည္း ဗိုလ္ခ်ဳပ္ပုံပါေငြစကၠဴေတြထုတ္ဖို႔ အဆိုတင္တာေတြရွိခဲ့ေပမယ့္အေကာင္အထည္ ေပၚမလာခဲ့ပါဘူး။

ေနာက္ပိုင္းမွာ ဗိုလ္ခ်ဳပ္ပုံနဲ႔ က်ပ္တစ္ေထာင္တန္အျပင္ ေငြစကၠဴအတန္အမ်ိဳးမ်ိဳးကို ဆက္လက္ထုတ္ေဝသြားမယ္လို႔ အစိုးရ ေၾကညာထားၿပီး လက္ရွိသုံးစြဲေနတဲ့ေငြစကၠဴေတြဟာလည္း တရားဝင္အျဖစ္ ဆက္လက္ရွိေန မွာျဖစ္ပါတယ္။
ကုန္ေဈးႏႈန္း ျပႆနာ ဘယ္လိုကိုင္တြယ္ႏိုင္မလဲ

အစိုးရက လြတ္လပ္ေရးေန႔မွာ ဗိုလ္ခ်ဳပ္ပုံနဲ႔ ေငြစကၠဴေတြ စတင္ထုတ္ေဝမွာျဖစ္ၿပီး ႐ုံးပိတ္ရက္ေတြအၿပီး ဇန္နဝါရီ ၇ ရက္ကစလို႔ ျပည္တြင္းဘဏ္ေတြ အားလုံး စတင္သုံးစြဲႏိုင္မွာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
ဗိုလ်ချုပ်အောင်ဆန်းပုံပါ ကျပ်ငွေစက္ကူများ လွတ်လပ်ရေးနေ့ စထုတ်မယ်


Image caption အသစ်ထုတ်ဝေမယ့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ကျပ်တစ်ထောင်တန် ငွေစက္ကူနမူနာပုံစံ

ငွေစက္ကူအသစ်ထုတ်တာဟာ ဈေးကွက်ထဲ လက်ရှိသုံးနေတဲ့အဟောင်းကို တဖြည်းဖြည်းလျှော့ပြီး ထုတ်တာဖြစ်တဲ့အပြင် အဟောင်းကို လည်း ဆက်သုံးနိုင်သေးတဲ့အတွက် ငွေကြေးဖောင်းပွမှုဖြစ်စရာအကြောင်းမရှိလို့ ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံနဲ့ ငွေစက္ကူအသစ်ကို လာမယ့် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ စတင် ထုတ်ဝေမယ်လို့ အစိုးရက ဒီဇင်ဘာ ၂၀ ရက်မှာ ကြေညာပြီးတဲ့နောက်ပိုင်း ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်လာမယ်လို့ သုံးသပ်တာတွေရှိလာနေတာပါ။

ငွေစက္ကူအသစ်ထုတ်တိုင်း ကောလာဟလက ဒီပုံစံအတိုင်း ထွက်လာလေ့ရှိပြီး စိုးရိမ်စရာမလိုဘူးလို့ အငြိမ်းစား ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Taylor Weidman
Image caption လက်ရှိသုံးစွဲနေတဲ့ ကျပ်တစ်ထောင်တန်ကို လျှော့ပြီးထုတ်သွားမယ်

"ငွေစက္ကူအသစ်ထုတ်လို့ ငွေကြေးဖောင်းပွမှုရှိမယ်ဆိုတာ ယုံတမ်းစကားပဲ။ ငွေစက္ကူအသစ်ထုတ်ရင် အဟောင်းကို လျှော့ထုတ်ရမယ်။ ဟိုးအရင် ဗဟိုဘဏ်ထောင်သွားတဲ့ပုဂ္ဂိုလ်တွေ ဆရာဦးစံလင်း လက်ထက်တည်းက ဒီတိုင်းပါပဲ။ အခု ငွေစက္ကူတစ်ထောင်တန်ထုတ်ရင် အရင်ထုတ်နေကျ တစ်ထောင်တန် Lion seal (ခြင်္သေ့ပုံ) ကို တဖြည်းဖြည်း လျှော့လျှော့(ထုတ်)သွားမှာပေါ့" လို့ ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်း အကြံပေး ဦးသန်းလွင်က ရှင်းပြပါတယ်။

အသစ်ထုတ်ဝေမယ့် ကျပ်တစ်ထောင်တန်ငွေစက္ကူတန်ဖိုးက ဗဟိုဘဏ်မှာ စနစ်တကျမှတ်တမ်း တင်ထားတာဖြစ်ပြီး အသစ်အဟောင်းကြား ချိန်ညှိ ထုတ်ဝေတာဖြစ်လို့ အများစိုးရိမ်သလို ငွေစက္ကူတွေ ပြည်တွင်းဈေးကွက်ထဲ ပွားများလာတာလည်း မဟုတ်တဲ့အတွက် ငွေကြေးဖောင်းပွမှုဖြစ်စရာ အကြောင်းမရှိဘူး လို့ သူက ဆက်ပြောပါတယ်။
ဓာတ်ပုံ မူပိုင် DEA / A. DAGLI ORTI
Image caption ဗိုလ်ချုပ်ပုံပါ ငွေစက္ကူတွေကို ဆက်လက်ထုတ်ဝေခြင်းမရှိတာ နှစ် ၃၀ ကျော်ပြီ

ကျပ်ငါးထောင်တန်နဲ့ တစ်သောင်းတန် ငွေစက္ကူတွေထုတ်တုန်းကလည်း အဲဒီလိုငွေကြေးဖောင်းပွမယ်၊ ကုန်ဈေးနှုန်းတက်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ခဲ့ပြီး အမှန်က ငါးထောင်တန်ထုတ်တဲ့အတွက် တစ်ထောင်တန်ကို လျှော့ထုတ်ခဲ့တဲ့နည်းနဲ့ Adjust လုပ်ပေးရတယ်လို့ ဦးသန်းလွင်က ဆိုပါတယ်။

ငွေစက္ကူအသစ်ကိုရိုက်ထုတ်မယ်ဆိုရင် ပြည်တွင်း လှည့်ပတ်ငွေရဲ့ ၅ ရာခိုင်နှုန်းပဲ ရိုက်သင့်ပြီး ဒီထက် ပိုများရင် ပြည်တွင်းမှာ လည်ပတ်ငွေများလာပြီး တန်ဖိုးလျော့ကျနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တချို့လည်း ရှိနေပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဦးသန်းလွင်က အဟောင်းကိုတဖြည်းဖြည်းလျှော့ထုတ်မှာမို့လို လည်ပတ်ငွေကြေးတွေ များပြားလာစရာမရှိဘူးလို့ ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Paula Bronstein
Image caption အခုသုံးနေတဲ့တစ်ထောင်တန်တွေကိုလည်း ဆက်လက်သုံးစွဲနိုင်

ငွေစက္ကူအသစ်ရိုက်ထုတ်တာဟာ အရှုံးအမြတ်ရှိနိုင်တယ်ဆိုတဲ့သုံးသပ်ချက်တွေလည်း ရှိလာနေတာပါ။

ဒါနဲ့ပတ်သက်လို့ ဦးသန်းလွင် က ဗဟိုဘဏ်ဆိုတာ အကျိုးအမြတ်ကို ကြည့်ရတာမဟုတ်ဘဲ အများပြည်သူ အကျိုးစီးပွားကို သာရှေ့ရှု ရတာဖြစ်ပြီး အခုလို ပြည်တွင်းငွေကြေးဈေးကွက်မှာ အကျိုးအမြတ်ဆိုပြီး ပြောနေတာတွေက ထုတ်လုပ်မှုကုန်ကျစရိတ် (cost) ကို တွက်ချက်ပြောနေတာဖြစ်တယ်လို့ ဦးသန်းလွင် က ပြောပါတယ်။

လက်ရှိ အသစ်ထုတ်မယ့် ဗိုလ်ချုပ်ပုံနဲ့ ငွေစက္ကူကတော့ အဟောင်းယူအသစ်လဲပေးတဲ့ပုံစံသာဖြစ်လို့ ငွေကြေးဖောင်းပွမှု၊ဆုံးရှုံးမှု မရှိဘူးလို့ ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Roland Neveu
Image caption လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ငွေစက္ကူတွေဖျက်သိမ်းခြင်းကိုတားမြစ်ထားပါတယ်။

"ဗဟိုဘဏ်က အကျိုးအမြတ်ကိုပဲ ကြည့်လို့မရဘူးလေ။ အရင်တုန်းက အက်ဖ်အီးစီ ဆို ဘယ်လို လုပ်မလဲ။ ကာလတန်ဖိုးနဲ့တွက်ပြီး ဗဟိုဘဏ်က လျော်လိုက်ရတဲ့ပိုက်ဆံက ပိုတောင်များသေးတယ်။ ဗဟိုဘဏ်က တစ်ခါတလေအနစ်နာခံရတာလည်းရှိတာပဲ။ တစ်ခါတလေကိုယ့်ငွေကြေးခိုင်မာအောင် ဒေါ်လာတွေ ဝယ်တာပြန်ရောင်းတာလုပ်ပေးရတယ်။ အဲဒီမှာ ရှုံးတာလည်းရှိတယ်။ တစ်ခါတလေ မြတ်တယ်။ အဓိကက ငွေစက္ကူ ကျပ်တန်ဖိုးတည်ငြိမ်ရေးကိုပဲ အဓိကလုပ်တာ" လို့ ဆိုပါတယ်။

ဗိုလ်ချုပ် အောင်ဆန်းပုံနဲ့ ထုတ်ဝေခဲတဲ့ငွေစက္ကူတွေကို မဆလအစိုးရလက်ထက် ၁၉၈၅ ခုနှစ်မှာတစ်ကြိမ် ၊ ၁၉၈၇ ခုနှစ်မှာတစ်ကြိမ် ဖျက်သိမ်းခဲ့ပါတယ်။

အဲဒီနောက် ခြင်္သေ့ပုံနဲ့ ဆင်ပုံပါတဲ့ ငွေစက္ကူတွေကို ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး နှစ်သုံးဆယ်ကျော်အကြာမှာ ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံနဲ့ ငွေစက္ကူတစ်ထောင်တန်ကို ပြန်လည်ထုတ်ဝေတော့မှာဖြစ်ပါတယ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ငွေစက္ကူတွေဖျက်သိမ်းခြင်းကိုတားမြစ်ထားပါတယ်။

ဗိုလ်ချုပ်ပုံပါတဲ့ငွေစက္ကူတွေကို ရိုက်နှိပ်ထုတ်ဝေဖို့ ၂၀၁၇ ခုနှစ်နိုဝင်ဘာမှာ လွှတ်တော်မှာဆွေးနွေးခဲ့ကြပြီး တပ်မတော်နဲ့ ကြံ့ခိုင်ရေးအမတ်တွေ ကန့်ကွက်ဆွေးနွေးခဲ့ပေမယ့် ထောက်ခံမဲများလို့ အဆိုအနိုင်ရခဲ့ပါတယ်။

ဒီမတိုင်ခင် အရင်ပထမအကြိမ်လွှတ်တော်သက်တမ်းတုန်းကလည်း ဗိုလ်ချုပ်ပုံပါငွေစက္ကူတွေထုတ်ဖို့ အဆိုတင်တာတွေရှိခဲ့ပေမယ့်အကောင်အထည် ပေါ်မလာခဲ့ပါဘူး။

နောက်ပိုင်းမှာ ဗိုလ်ချုပ်ပုံနဲ့ ကျပ်တစ်ထောင်တန်အပြင် ငွေစက္ကူအတန်အမျိုးမျိုးကို ဆက်လက်ထုတ်ဝေသွားမယ်လို့ အစိုးရ ကြေညာထားပြီး လက်ရှိသုံးစွဲနေတဲ့ငွေစက္ကူတွေဟာလည်း တရားဝင်အဖြစ် ဆက်လက်ရှိနေ မှာဖြစ်ပါတယ်။
ကုန်ဈေးနှုန်း ပြဿနာ ဘယ်လိုကိုင်တွယ်နိုင်မလဲ

အစိုးရက လွတ်လပ်ရေးနေ့မှာ ဗိုလ်ချုပ်ပုံနဲ့ ငွေစက္ကူတွေ စတင်ထုတ်ဝေမှာဖြစ်ပြီး ရုံးပိတ်ရက်တွေအပြီး ဇန်နဝါရီ ၇ ရက်ကစလို့ ပြည်တွင်းဘဏ်တွေ အားလုံး စတင်သုံးစွဲနိုင်မှာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါ က်ပ္ေငြစကၠဴမ်ား လြတ္လပ္ေရးေန႔ စထုတ္မယ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါ က်ပ္ေငြစကၠဴမ်ား လြတ္လပ္ေရးေန႔ စထုတ္မယ္ Reviewed by THITHTOOLWIN on 22:55 Rating: 5
Powered by Blogger.