အိုင္စီေဂ်မွာ ျမန္မာဘက္က ေရွ႕ေနလိုက္ဖို႔ကိစၥ ပါေမာကၡဝီလွ်ံရွဘတ္စ္ တုံ႔ျပန္

ေဒၚေအာင္ဆန္းစုၾကည္မွာ မၾကာခင္ရက္ပိုင္းမွာပဲ နယ္သာလန္ႏိုင္ငံကို ထြက္ခြာေတာ့မွာျဖစ္
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံကို ဂမ္ဘီယာႏိုင္ငံက ကုလသမဂၢရဲ႕ အျပည္ျပည္ဆိုင္ရာတရား႐ုံး အိုင္စီေဂ်မွာ တရားစြဲ ဆိုထားမႈအေပၚ ျမန္မာဘက္ကေန လိုက္ပါ ေဆာင္႐ြက္ဖို႔ သတင္းေတြထြက္ေနတဲ့ ဥပေဒပညာရွင္ ပါေမာကၡ ဝီလွ်ံရွဘတ္စ္က ဒီသတင္းနဲ႔ ပတ္သက္လို႔ တိတိက်က် ျငင္းဆိုျခင္းမရွိဘဲ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနကိုသာ ေမးဖို႔ ဘီဘီစီကို ဒီဇင္ဘာ ၅ ရက္မွာ အေၾကာင္းျပန္ခဲ့ပါတယ္။

သူ႔ရဲ႕အီးေမးလ္နဲ႔ျပန္ၾကားစာထဲမွာ ဒီကိစၥနဲ႔ပတ္သက္လို႔ မီဒီယာေတြအေနနဲ႔ သိလိုတာေတြကို ျမန္မာ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ကို ထံကို ဆက္သြယ္ေမးျမန္းဖို႔ ပါရွိၿပီး အဲဒီမွာ ဆက္သြယ္ရမယ့္ အီးေမးလ္လိပ္စာတစ္ခုကိုလည္း ထည့္သြင္းခဲ့ပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ကို ကို ဘီဘီစီက ဖုန္းနဲ႔ ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ အဆက္အသြယ္မရခဲ့ပါဘူး။ ဒါ့အျပင္ ပါေမာကၡဝီလွ်ံရွဘတ္စ္ထည့္သြင္းေပးလိုက္တဲ့ အီးေမးလ္ကတစ္ဆင့္ ဆက္သြယ္ေမးျမန္းထားဆဲျဖစ္ၿပီး အေၾကာင္းျပန္ၾကားျခင္း မရွိေသးပါဘူး။

ႏိုင္ငံျခားေရးက ၫႊန္ၾကားေရးမႉးခ်ဳပ္တစ္ဦးျဖစ္တဲ့ ဦးခ်မ္းေအးကေတာ့ ဝီလွ်ံရွဘတ္စ္ ျမန္မာဘက္က လိုက္ပါေဆာင္႐ြက္ျခင္းရွိမရွိကို သက္ဆိုင္ရာ အသိေပးသင့္တဲ့သူေတြက အသိေပးဖို႔ ရွိပါတယ္လို႔ ဘီဘီစီကို ေျဖၾကားထားပါတယ္။

ဥပေဒပညာရွင္ ပါေမာကၡ ဝီလွ်ံရွဘတ္စ္ကို ငွားရမ္းတဲ့အတြက္ ျမန္မာအစိုးရကိုေရာ လိုက္ပါေဆာင္႐ြက္မယ့္ ဝီလွ်ံရွဘတ္စ္ကိုပါ ေဝဖန္မႈတခ်ိဳ႕ ထြက္ေပၚေနပါတယ္။

မစၥတာ ဝီလွ်ံရွဘတ္စ္ဟာ ျမန္မာႏိုင္ငံမွာ ၂၀၁၀ ေနာက္ပိုင္းရခိုင္ျပည္နယ္က ပဋိပကၡျဖစ္စဥ္နဲ႔ပတ္သက္လို႔ မွတ္ခ်က္ျပဳေျပာၾကားခဲ့ဖူးသလို လူမ်ိဳး တုံးသတ္ျဖတ္မႈနဲ႔ပတ္သက္လို႔ စာအုပ္စာတမ္းေတြလည္း ေရးသားထုတ္ေဝဖူးတဲ့အတြက္ အခုလို ျမန္မာဘက္က လိုက္ပါေဆာင္႐ြက္တာဟာ မသင့္ေတာ္ဘူးလို႔ ေဝဖန္တာေတြရွိေနတာပါ။

အဲဒီလိုပဲ ျမန္မာအစိုးရကို ေထာက္ခံသူတခ်ိဳ႕ကလည္း ဒီလို စာအုပ္စာတမ္းေတြေရးသားထုတ္ေဝၿပီး ဒီျဖစ္စဥ္ေတြအေပၚမွတ္ခ်က္ျပဳေျပာခဲ့ဖူးသူကို ေရွ႕ေနလိုက္ဖို႔ငွားရမ္းတဲ့အတြက္ စိုးရိမ္ပူပန္တယ္ဆိုၿပီး ေဝဖန္တာတခ်ိဳ႕ရွိေနတာျဖစ္ပါတယ္။

႐ိုဟင္ဂ်ာေတြကို မ်ိဳးတုံးသတ္ျဖတ္တယ္ဆိုတဲ့စြပ္စြဲခ်က္နဲ႔ အာဖရိက ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ ဂမ္ဘီယာႏိုင္ငံက အစၥလာမစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ အိုအိုင္စီကိုယ္စား ျမန္မာကို အိုင္စီေဂ်မွာ တရားစြဲထားတာျဖစ္ပါတယ္။

ဒီဇင္ဘာ ၁၀ ရက္ စတင္မယ့္တရားခြင္မွာ ဂမ္ဘီယာဘက္က ေလွ်ာက္ထားခ်က္ကို ၾကားနာမွာျဖစ္ၿပီး ဒီဇင္ဘာ ၁၁ မွာေတာ့ ျမန္မာႏိုင္ငံက ျပန္လည္ တုံ႔ျပန္မွာျဖစ္ပါတယ္။

ဒီဇင္ဘာ ၁၂ မနက္ပိုင္းမွာေတာ့ ဂမ္ဘီယာက ျမန္မာရဲ႕ေခ်ပခ်က္ေတြကို တုံ႔ျပန္ေခ်ပရမွာျဖစ္ၿပီး အဲဒီေနာက္ ျမန္မာဘက္က တုံ႔ျပန္မႈေတြျပဳ လုပ္ရမွာျဖစ္ပါတယ္။

ဒီၾကားနာမႈေတြကို အိုင္စီေဂ်နဲ႔ ကုလသမဂၢဝက္ဘ္ ဆိုက္ ႐ုပ္သံေတြကေန တိုက္႐ိုက္ထုတ္လႊင့္ျပသမွာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
ဒေါ်အောင်ဆန်းစုကြည်မှာ မကြာခင်ရက်ပိုင်းမှာပဲ နယ်သာလန်နိုင်ငံကို ထွက်ခွာတော့မှာဖြစ်
(၁)အိုင်စီဂျေမှာ မြန်မာဘက်က ရှေ့နေလိုက်ဖို့ကိစ္စ ပါမောက္ခဝီလျှံရှဘတ်စ် တုံ့ပြန်

မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ တရားစွဲ ဆိုထားမှုအပေါ် မြန်မာဘက်ကနေ လိုက်ပါ ဆောင်ရွက်ဖို့ သတင်းတွေထွက်နေတဲ့ ဥပဒေပညာရှင် ပါမောက္ခ ဝီလျှံရှဘတ်စ်က ဒီသတင်းနဲ့ ပတ်သက်လို့ တိတိကျကျ ငြင်းဆိုခြင်းမရှိဘဲ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကိုသာ မေးဖို့ ဘီဘီစီကို ဒီဇင်ဘာ ၅ ရက်မှာ အကြောင်းပြန်ခဲ့ပါတယ်။

သူ့ရဲ့အီးမေးလ်နဲ့ပြန်ကြားစာထဲမှာ ဒီကိစ္စနဲ့ပတ်သက်လို့ မီဒီယာတွေအနေနဲ့ သိလိုတာတွေကို မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကို ထံကို ဆက်သွယ်မေးမြန်းဖို့ ပါရှိပြီး အဲဒီမှာ ဆက်သွယ်ရမယ့် အီးမေးလ်လိပ်စာတစ်ခုကိုလည်း ထည့်သွင်းခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကို ကို ဘီဘီစီက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။ ဒါ့အပြင် ပါမောက္ခဝီလျှံရှဘတ်စ်ထည့်သွင်းပေးလိုက်တဲ့ အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။

နိုင်ငံခြားရေးက ညွှန်ကြားရေးမှူးချုပ်တစ်ဦးဖြစ်တဲ့ ဦးချမ်းအေးကတော့ ဝီလျှံရှဘတ်စ် မြန်မာဘက်က လိုက်ပါဆောင်ရွက်ခြင်းရှိမရှိကို သက်ဆိုင်ရာ အသိပေးသင့်တဲ့သူတွေက အသိပေးဖို့ ရှိပါတယ်လို့ ဘီဘီစီကို ဖြေကြားထားပါတယ်။

ဥပဒေပညာရှင် ပါမောက္ခ ဝီလျှံရှဘတ်စ်ကို ငှားရမ်းတဲ့အတွက် မြန်မာအစိုးရကိုရော လိုက်ပါဆောင်ရွက်မယ့် ဝီလျှံရှဘတ်စ်ကိုပါ ဝေဖန်မှုတချို့ ထွက်ပေါ်နေပါတယ်။

မစ္စတာ ဝီလျှံရှဘတ်စ်ဟာ မြန်မာနိုင်ငံမှာ ၂၀၁၀ နောက်ပိုင်းရခိုင်ပြည်နယ်က ပဋိပက္ခဖြစ်စဉ်နဲ့ပတ်သက်လို့ မှတ်ချက်ပြုပြောကြားခဲ့ဖူးသလို လူမျိုး တုံးသတ်ဖြတ်မှုနဲ့ပတ်သက်လို့ စာအုပ်စာတမ်းတွေလည်း ရေးသားထုတ်ဝေဖူးတဲ့အတွက် အခုလို မြန်မာဘက်က လိုက်ပါဆောင်ရွက်တာဟာ မသင့်တော်ဘူးလို့ ဝေဖန်တာတွေရှိနေတာပါ။

အဲဒီလိုပဲ မြန်မာအစိုးရကို ထောက်ခံသူတချို့ကလည်း ဒီလို စာအုပ်စာတမ်းတွေရေးသားထုတ်ဝေပြီး ဒီဖြစ်စဉ်တွေအပေါ်မှတ်ချက်ပြုပြောခဲ့ဖူးသူကို ရှေ့နေလိုက်ဖို့ငှားရမ်းတဲ့အတွက် စိုးရိမ်ပူပန်တယ်ဆိုပြီး ဝေဖန်တာတချို့ရှိနေတာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေကို မျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီကိုယ်စား မြန်မာကို အိုင်စီဂျေမှာ တရားစွဲထားတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၀ ရက် စတင်မယ့်တရားခွင်မှာ ဂမ်ဘီယာဘက်က လျှောက်ထားချက်ကို ကြားနာမှာဖြစ်ပြီး ဒီဇင်ဘာ ၁၁ မှာတော့ မြန်မာနိုင်ငံက ပြန်လည် တုံ့ပြန်မှာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၂ မနက်ပိုင်းမှာတော့ ဂမ်ဘီယာက မြန်မာရဲ့ချေပချက်တွေကို တုံ့ပြန်ချေပရမှာဖြစ်ပြီး အဲဒီနောက် မြန်မာဘက်က တုံ့ပြန်မှုတွေပြု လုပ်ရမှာဖြစ်ပါတယ်။

ဒီကြားနာမှုတွေကို အိုင်စီဂျေနဲ့ ကုလသမဂ္ဂဝက်ဘ် ဆိုက် ရုပ်သံတွေကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
အိုင္စီေဂ်မွာ ျမန္မာဘက္က ေရွ႕ေနလိုက္ဖို႔ကိစၥ ပါေမာကၡဝီလွ်ံရွဘတ္စ္ တုံ႔ျပန္ အိုင္စီေဂ်မွာ ျမန္မာဘက္က ေရွ႕ေနလိုက္ဖို႔ကိစၥ ပါေမာကၡဝီလွ်ံရွဘတ္စ္ တုံ႔ျပန္ Reviewed by THITHTOOLWIN on 09:15 Rating: 5
Powered by Blogger.