လက္ဘႏြန္ ႏိုင္ငံ၌ ဆင္းရဲႏြမ္းပါးမႈႏွင့္ဆက္စပ္ေသာ ေသေၾကာင္းႀကံစည္မႈမ်ား ေဖာ္ျပၿပီးေနာက္ ဆႏၵျပမႈမ်ား ျဖစ္ပြား

လက္ဘႏြန္ ႏိုင္ငံ အလံကို ကိုင္ေဆာင္ ဆႏၵျပသူ တစ္ဉီးအား ႏိုဝင္ဘာလ အတြင္းက ေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
  ေဘ႐ြတ္ ၊ ဒီဇင္ဘာ ၅ ရက္(ဆင္ဟြာ)

လက္ဘႏြန္ ႏိုင္ငံ၌ လူေနမႈ အဆင့္အတန္း နိမ့္က်မႈမ်ားေၾကာင့္ ကိုယ့္ကိုကိုယ္ ေသေၾကာင္းႀကံစည္မႈမ်ား အေၾကာင္း သတင္း ေဖာ္ျပ ခဲ့ၿပီးေနာက္ ၿမိဳ႕ေတာ္ ေဘ႐ြတ္၌ ဒီဇင္ဘာ ၄ ရက္တြင္ ဆႏၵျပပြဲႀကီး တစ္ခုအား လက္ဘႏြန္ ႏိုင္ငံသားမ်ားက ျပဳလုပ္ခဲ့ေၾကာင္း ေဒသတြင္း LDC တီဗြီခ်န္နယ္က ထုတ္လႊင့္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဆႏၵျပသူမ်ားက လက္ရွိ ႏိုင္ငံေရး အာဏာရ လူတန္းစားမ်ားကို ဆန႔္က်င္သည့္ ေဆာင္ပုဒ္မ်ားကို ေႂကြးေၾကာ္ကာ ကြၽမ္းက်င္သူမ်ား အာဏာရရွိလာေရး အခြင့္အေရး ေပးရန္ ႏွင့္ ယိုယြင္းေနသည့္ စီးပြားေရးကို ကယ္တင္ရန္ ျပဳျပင္ေျပာင္းလဲမႈမ်ားကို အေကာင္အထည္ေဖာ္ႏိုင္ေရး တို႔ အတြက္ ႏိုင္ငံေရးသမားမ်ားအား ထြက္ခြာရန္ ေတာင္းဆိုမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ေဒသတြင္း သတင္း ေအဂ်င္စီမ်ား၏ ေဖာ္ျပမႈ အရ ဒီဇင္ဘာ ၄ ရက္တြင္ လက္ဘႏြန္ ႏိုင္ငံ၏ ျပည္တြင္း အင္အားစု ေကာ္မတီဝင္ တစ္ဉီးမွာ ကိုယ့္ကိုကိုယ္ ေသေၾကာင္းႀကံစည္ခဲ့ၿပီး ႏွင့္ အျခား ႏိုင္ငံသား တစ္ဦးမွာ ကိုယ့္ကိုကိုယ္ ပစ္သတ္ေသသြားေၾကာင္း ၊ ယင္းေသေၾကာင္းႀကံစည္မႈမ်ား ေနာက္ကြယ္တြင္ အေၾကာင္းရင္းမ်ားကို စုံစမ္း စစ္ေဆးေနဆဲ ျဖစ္ေၾကာင္းလည္း ထည့္သြင္း ေဖာ္ျပခဲ့ၾကသည္။

လက္ဘႏြန္ အမ်ိဳးသား သတင္း ေအဂ်င္စီကလည္း ေဖာ္ျပခဲ့ရာတြင္ ဒီဇင္ဘာ ၄ ရက္က အဌားယာဥ္ေမာင္း တစ္ဦးမွာ အေႂကြး ျပန္မဆပ္ႏိုင္ေတာ့သျဖင့္ အေဆာက္အအုံ တစ္ခုမွ ခုန္ခ်ရန္ ႀကိဳးစားခဲ့ေသာ္လည္း ယင္းဧရိယာရွိ ျပည္သူမ်ားက ယာဥ္ေမာင္း ျဖစ္သူကို ကိုယ့္ကိုကိုယ္ ေသေၾကာင္းႀကံစည္ျခင္းမွ တားဆီးႏိုင္ခဲ့ေၾကာင္း ေဖာ္ျပခဲ့ၾကသည္။

လက္ဘႏြန္ ႏိုင္ငံရွိ Arsal ၿမိဳ႕မွ လူတစ္ဦးမွာ ဒီဇင္ဘာ ၁ ရက္တြင္ ၎၏ သမီး ျဖစ္သူကို လက္ဘႏြန္ေပါင္ ၁,၀၀၀ (အေမရိကန္ ေဒၚလာ ၀ ဒသမ ၆၆ ခန႔္)ကို ေပးရန္ မတတ္ႏိုင္၍ ေသေၾကာင္းႀကံစည္ခဲ့ေၾကာင္း သိရသည္။

လက္ဘႏြန္ ႏိုင္ငံ၌ ေအာက္တိုဘာ ၁၇ ရက္ကတည္းက လက္ရွိ ႏိုင္ငံေရး အာဏာရ လူတန္းစားမ်ားကို ဆန႔္က်င္သည့္ ကန႔္ကြက္မႈမ်ားအား ႏိုင္ငံတစ္ဝန္း ေတြ႕ႀကဳံေနရေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
-----------------
(Unicode)⤵⤵⤵
လက်ဘနွန် နိုင်ငံ၌ ဆင်းရဲနွမ်းပါးမှုနှင့်ဆက်စပ်သော သေကြောင်းကြံစည်မှုများ ဖော်ပြပြီးနောက် ဆန္ဒပြမှုများ ဖြစ်ပွား

လက်ဘနွန် နိုင်ငံ အလံကို ကိုင်ဆောင် ဆန္ဒပြသူ တစ်ဉီးအား နိုဝင်ဘာလ အတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

ဘေရွတ် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

လက်ဘနွန် နိုင်ငံ၌ လူနေမှု အဆင့်အတန်း နိမ့်ကျမှုများကြောင့် ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှုများ အကြောင်း သတင်း ဖော်ပြ ခဲ့ပြီးနောက် မြို့တော် ဘေရွတ်၌ ဒီဇင်ဘာ ၄ ရက်တွင် ဆန္ဒပြပွဲကြီး တစ်ခုအား လက်ဘနွန် နိုင်ငံသားများက ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း LDC တီဗွီချန်နယ်က ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြသူများက လက်ရှိ နိုင်ငံရေး အာဏာရ လူတန်းစားများကို ဆန့်ကျင်သည့် ဆောင်ပုဒ်များကို ကြွေးကြော်ကာ ကျွမ်းကျင်သူများ အာဏာရရှိလာရေး အခွင့်အရေး ပေးရန် နှင့် ယိုယွင်းနေသည့် စီးပွားရေးကို ကယ်တင်ရန် ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်နိုင်ရေး တို့ အတွက် နိုင်ငံရေးသမားများအား ထွက်ခွာရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေသတွင်း သတင်း အေဂျင်စီများ၏ ဖော်ပြမှု အရ ဒီဇင်ဘာ ၄ ရက်တွင် လက်ဘနွန် နိုင်ငံ၏ ပြည်တွင်း အင်အားစု ကော်မတီဝင် တစ်ဉီးမှာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ခဲ့ပြီး နှင့် အခြား နိုင်ငံသား တစ်ဦးမှာ ကိုယ့်ကိုကိုယ် ပစ်သတ်သေသွားကြောင်း ၊ ယင်းသေကြောင်းကြံစည်မှုများ နောက်ကွယ်တွင် အကြောင်းရင်းများကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ကြောင်းလည်း ထည့်သွင်း ဖော်ပြခဲ့ကြသည်။

လက်ဘနွန် အမျိုးသား သတင်း အေဂျင်စီကလည်း ဖော်ပြခဲ့ရာတွင် ဒီဇင်ဘာ ၄ ရက်က အဌားယာဉ်မောင်း တစ်ဦးမှာ အကြွေး ပြန်မဆပ်နိုင်တော့သဖြင့် အဆောက်အအုံ တစ်ခုမှ ခုန်ချရန် ကြိုးစားခဲ့သော်လည်း ယင်းဧရိယာရှိ ပြည်သူများက ယာဉ်မောင်း ဖြစ်သူကို ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ခြင်းမှ တားဆီးနိုင်ခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။

လက်ဘနွန် နိုင်ငံရှိ Arsal မြို့မှ လူတစ်ဦးမှာ ဒီဇင်ဘာ ၁ ရက်တွင် ၎င်း၏ သမီး ဖြစ်သူကို လက်ဘနွန်ပေါင် ၁,၀၀၀ (အမေရိကန် ဒေါ်လာ ၀ ဒသမ ၆၆ ခန့်)ကို ပေးရန် မတတ်နိုင်၍ သေကြောင်းကြံစည်ခဲ့ကြောင်း သိရသည်။

လက်ဘနွန် နိုင်ငံ၌ အောက်တိုဘာ ၁၇ ရက်ကတည်းက လက်ရှိ နိုင်ငံရေး အာဏာရ လူတန်းစားများကို ဆန့်ကျင်သည့် ကန့်ကွက်မှုများအား နိုင်ငံတစ်ဝန်း တွေ့ကြုံနေရကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
လက္ဘႏြန္ ႏိုင္ငံ၌ ဆင္းရဲႏြမ္းပါးမႈႏွင့္ဆက္စပ္ေသာ ေသေၾကာင္းႀကံစည္မႈမ်ား ေဖာ္ျပၿပီးေနာက္ ဆႏၵျပမႈမ်ား ျဖစ္ပြား လက္ဘႏြန္ ႏိုင္ငံ၌ ဆင္းရဲႏြမ္းပါးမႈႏွင့္ဆက္စပ္ေသာ ေသေၾကာင္းႀကံစည္မႈမ်ား ေဖာ္ျပၿပီးေနာက္ ဆႏၵျပမႈမ်ား ျဖစ္ပြား Reviewed by THITHTOOLWIN on 09:19 Rating: 5
Powered by Blogger.