ဘုတလင္တြင္ သားအမိႏွစ္ဦးအား သတ္သြားသူ ဖမ္းမိ

(Zawgyi)⤵⤵⤵
ဘုတလင္၊ ဒီဇင္ဘာ ၇

မုံရြာခရိုင္၊ ဘုတလင္ၿမိဳ့နယ္ လႊဲတဲရြာအုပ္စု ေညာင္ပင္ႀကီးေတာတိုက္ ကြမ္းၿခံ တြင္ သားအမိႏွစ္ဦးအား သတ္သြားသည့္ ၆၃ ႏွစ္အရြယ္အမ်ဳးိသားကို ဒီဇင္ဘာ ၆ ရက္ေန႔ ညေနက ဖမ္းမိခဲ့သည္။

၎သည္ ေသဆုးံသူ အမ်ိဳးသမီးအား သားမယားအျဖစ္ေနရန္ ႀကိဳးစားစဥ္ ျငင္းဆန္ ရာမွ လူသတ္မွု က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ထံ လတ္တေလာထြက္ဆိုထားေၾကာင္း ခရိုင္မွုခင္းႏွိမ္နင္းေရးရဲအရာရွိ ကေျပာသည္။

ျပစ္မွုက်ဴးလြန္သူမွာ ေသဆုံးသြားသည့္ အမ်ိဳးသမီး၏ ဖခင္ႏွင့္ ငယ္သူငယ္ခ်င္းမ်ားျဖစ္ၿပီး ၎တို့အလုပ္လုပ္သည့္ ကြမ္းၿခံတြင္ အျမဲတန္းဝင္ထြက္သြားလာေနသူ တစ္ဦးျဖစ္ေၾကာင္း အရာရွိက ဆက္ေျပာသည္။

ေသဆုံးသူ ၃၆ ႏွစ္အရြယ္ အမ်ိဳးသမီးႏွင့္၎၏ ၂ႏွစ္ေက်ာ္အရြယ္သမီး တို့၏ အေလာင္းကို ဒီဇင္ဘာ ၅ ရက္ေန႔က ဒဏ္ရာမ်ားျဖင့္ ေတြ႕ခဲ့ရၿပီး ၎တို့အနီး ပုဆိုးတစ္ထည္ေပၚ၌ မုန႔္ဟင္းခါးခ်ိဳင့္တစ္လုံးႏွင့္ ေသြးစြန္းေနသည့္ ထြန္သြားအသစ္တစ္ေခ်ာင္းအား ရဲက ကနဦးေတြ႕ရွိခဲ့သည္။

ျပစ္မွုက်ဴးလြန္သူအား မုံရြာခရိုင္ မွုခင္းႏွိမ္နင္းေရးႏွင့္ ဘုတလင္ၿမိဳမရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္တို့ ပူးေပါင္းကာ ၂၄ နာရီအတြင္း စုံစမ္းေဖာ္ထုတ္ဖမ္းဆီးနိုင္ခဲ့ျခင္းျဖစ္သည္။

ျပစ္မွုက်ဴးလြန္သူအား ဘုတလင္ၿမိဳ့မရဲစခန္းတြင္ စစ္ေဆးၿပီးေနာက္ မုံရြာခရိုင္တရား႐ုံးသို့ တရားစြဲဆိုတင္ပို့သြားမည္ျဖစ္သည္။

ေမာင္ေလးငယ္ငယ္
Monywa Gazette
https://www.facebook.com/monywagazette
------------------
(Unicode)⤵⤵⤵
ဘုတလင်တွင် သားအမိနှစ်ဦးအား သတ်သွားသူ ဖမ်းမိ

ဘုတလင်၊ ဒီဇင်ဘာ ၇

မုံရွာခရိုင်၊ ဘုတလင်မြို့နယ် လွှဲတဲရွာအုပ်စု ညောင်ပင်ကြီးတောတိုက် ကွမ်းခြံ တွင် သားအမိနှစ်ဦးအား သတ်သွားသည့် ၆၃ နှစ်အရွယ်အမျုးိသားကို ဒီဇင်ဘာ ၆ ရက်နေ့ ညနေက ဖမ်းမိခဲ့သည်။

၎င်းသည် သေဆုးံသူ အမျိုးသမီးအား သားမယားအဖြစ်နေရန် ကြိုးစားစဉ် ငြင်းဆန် ရာမှ လူသတ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ လတ်တလောထွက်ဆိုထားကြောင်း ခရိုင်မှုခင်းနှိမ်နင်းရေးရဲအရာရှိ ကပြောသည်။

ပြစ်မှုကျူးလွန်သူမှာ သေဆုံးသွားသည့် အမျိုးသမီး၏ ဖခင်နှင့် ငယ်သူငယ်ချင်းများဖြစ်ပြီး ၎င်းတို့အလုပ်လုပ်သည့် ကွမ်းခြံတွင် အမြဲတန်းဝင်ထွက်သွားလာနေသူ တစ်ဦးဖြစ်ကြောင်း အရာရှိက ဆက်ပြောသည်။

သေဆုံးသူ ၃၆ နှစ်အရွယ် အမျိုးသမီးနှင့်၎င်း၏ ၂နှစ်ကျော်အရွယ်သမီး တို့၏ အလောင်းကို ဒီဇင်ဘာ ၅ ရက်နေ့က ဒဏ်ရာများဖြင့် တွေ့ခဲ့ရပြီး ၎င်းတို့အနီး ပုဆိုးတစ်ထည်ပေါ်၌ မုန့်ဟင်းခါးချိုင့်တစ်လုံးနှင့် သွေးစွန်းနေသည့် ထွန်သွားအသစ်တစ်ချောင်းအား ရဲက ကနဦးတွေ့ရှိခဲ့သည်။

ပြစ်မှုကျူးလွန်သူအား မုံရွာခရိုင် မှုခင်းနှိမ်နင်းရေးနှင့် ဘုတလင်မြိုမရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းကာ ၂၄ နာရီအတွင်း စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူအား ဘုတလင်မြို့မရဲစခန်းတွင် စစ်ဆေးပြီးနောက် မုံရွာခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့သွားမည်ဖြစ်သည်။

Monywa Gazette
https://www.facebook.com/monywagazette
ဘုတလင္တြင္ သားအမိႏွစ္ဦးအား သတ္သြားသူ ဖမ္းမိ ဘုတလင္တြင္ သားအမိႏွစ္ဦးအား သတ္သြားသူ ဖမ္းမိ Reviewed by THITHTOOLWIN on 02:18 Rating: 5
Powered by Blogger.