ထိုင္းျမန္မာ နယ္စပ္မွာ က်ပ္ေငြအတုေတြ လဲေနသည့္ ထိုင္းနိုင္ငံသားနဲ ့ အေပါင္းအပါႏွစ္ဦးအား ျမ၀တီ ရဲမ်ားကဖမ္းဆီး



(Zawgyi)⤵⤵⤵
ျမ၀တီျမိဳ ့ မွာ က်ပ္ေငြ အတု နွစ္သန္းနဲ ့ အတူ ဖမ္းဆီးလိုက္သူ နိုင္ ေႏြ (ထိုင္း နိုင္ငံသား လက္မွတ္ ကိုင္ထားသူ )ဟာ ပညာေရး၀န္ထမ္း တစ္ဦးျဖစ္ျပီး သူနဲ ့ အေပါင္းအပါႏွစ္ဦးဟာ ေငြတုဂိုဏ္း၀င္ေတြလို ့ သိရပါတယ္။


ျမ၀တီျမိဳ ့က ေငြလဲစတိုးဆိုင္မွာ က်ပ္ေငြ နဲ ့ ဘတ္ေငြလဲေနတာ ကိုဆိုင္ရွင္က
ေငြအတုမွန္းသိသြားျပီး ရဲစခန္းကို တိုင္းၾကားခဲ့တာလို ့ သိရပါတယ္။ အမွုနဲ ့ ပါတ္သက္ျပီး တရားခံ ဟာ မဲေဆာက္ျမိဳ ့ မဲပေက်း ရြာမွာ ေနထိုင္ေနသူျဖစ္ျပီး က်ပ္ေငြအတုေတြကို ျမန္မာနိုင္ငံဘက္မွာ ဘတ္ေငြနဲ ့ လဲေနတာ အၾကိမ္ၾကိမ္ရွိေနျပီလို ့ သိရပါတယ္။


မဲေဆာက္ျမိဳ ့ ထစိုင္လြတ္ နယ္ေျမ အုပ္ခ်ဳပ္ေရးမွဴး Nui Upphanam ကေတ ာ့ တရားခံဟာ ထိုင္းမွတ္ပံုတင္ ကိုင္ေဆာင္ထားသူ ျဖစ္ေၾကာင္း အတည္ျပဳခဲ့ျပီး ေငြအတု လုပ္ကိုင္ေနတဲ့ အမွုနဲ ့ ပါတ္သက္ျပီး အာဏာပိုင္ေတြအအေနနဲ ့ ပါ၀င္ပါတ္သက္မွု မရွိဘူးလို ့ျငင္းဆိုခဲ့ေၾကာင္း
သိရပါတယ္။

Social Action for Children and Women - SAW
https://www.facebook.com/Social-Action-for-Children-and-Women-SAW-1429330840619312
--------------
(Unicode)⤵⤵⤵
ထိုင်းမြန်မာ နယ်စပ်မှာ ကျပ်ငွေအတုတွေ လဲနေသည့် ထိုင်းနိုင်ငံသား
နဲ့ အပေါင်းအပါနှစ်ဦးအား မြဝတီ ရဲများကဖမ်းဆီး

မြဝတီမြို့ မှာ ကျပ်ငွေ အတု နှစ်သန်းနဲ့ အတူ ဖမ်းဆီးလိုက်သူ နိုင် နွေ (ထိုင်း နိုင်ငံသား လက်မှတ် ကိုင်ထားသူ )ဟာ ပညာရေးဝန်ထမ်း တစ်ဦးဖြစ်ပြီး သူနဲ့ အပေါင်းအပါနှစ်ဦးဟာ ငွေတုဂိုဏ်းဝင်တွေလို့ သိရပါတယ်။

မြဝတီမြို့က ငွေလဲစတိုးဆိုင်မှာ ကျပ်ငွေ နဲ့ ဘတ်ငွေလဲနေတာ ကိုဆိုင်ရှင်က
ငွေအတုမှန်းသိသွားပြီး ရဲစခန်းကို တိုင်းကြားခဲ့တာလို့ သိရပါတယ်။ အမှုနဲ့ ပါတ်သက်ပြီး တရားခံ ဟာ မဲဆောက်မြို့ မဲပကျေး ရွာမှာ နေထိုင် နေသူဖြစ်ပြီး ကျပ်ငွေအတုတွေကို မြန်မာနိုင်ငံဘက်မှာ ဘတ်ငွေနဲ့ လဲနေတာ အကြိမ်ကြိမ်ရှိနေပြီလို့ သိရပါတယ်။

မဲဆောက်မြို့ ထစိုင်လွတ် နယ်မြေ အုပ်ချုပ်ရေးမှူး Nui Upphanam ကတေ ာ့ တရားခံဟာ ထိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူ ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ငွေအတု လုပ်ကိုင်နေတဲ့ အမှုနဲ့ ပါတ်သက်ပြီး အာဏာပိုင်တွေအအနေနဲ့ ပါဝင်ပါတ်သက်မှု မရှိဘူးလို့ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။

Social Action for Children and Women - SAW
https://www.facebook.com/Social-Action-for-Children-and-Women-SAW-1429330840619312

ထိုင္းျမန္မာ နယ္စပ္မွာ က်ပ္ေငြအတုေတြ လဲေနသည့္ ထိုင္းနိုင္ငံသားနဲ ့ အေပါင္းအပါႏွစ္ဦးအား ျမ၀တီ ရဲမ်ားကဖမ္းဆီး ထိုင္းျမန္မာ နယ္စပ္မွာ က်ပ္ေငြအတုေတြ လဲေနသည့္ ထိုင္းနိုင္ငံသားနဲ ့ အေပါင္းအပါႏွစ္ဦးအား ျမ၀တီ ရဲမ်ားကဖမ္းဆီး Reviewed by THITHTOOLWIN on 02:14 Rating: 5
Powered by Blogger.