မုံ႐ြာတကၠသိုလ္သမိုင္းဌာနမွ ကြန္ပ်ဴတာႏွင့္ တီဗြီမ်ား ေဖာက္ထြင္းခိုးယူျခင္းခံရ


(Zawgyi)⤵⤵⤵
မုံ႐ြာ၊ ဒီဇင္ဘာ ၈

မုံ႐ြာတကၠသိုလ္ သမိုင္းဌာန စာၾကည့္တိုက္ႏွင့္ ဆရာမ်ားနားေနေဆာင္ရွိ ကြန္ပ်ဴတာႏွင့္ တီဗြီမ်ားအား ေဖာက္ထြင္းခိုးယူခံရသျဖင့္ မုံ႐ြာနယ္ေျမရဲစခန္းတြင္ ဒီဇင္ဘာ ၇ ရက္က အမႈဖြင့္ခဲ့ေၾကာင္း သိရသည္။

မုံ႐ြာတကၠသိုလ္ သမိုင္းဌာန ကထိကျဖစ္သည့္ ဆရာဦး၀င္းေအာင္သည့္၄င္းဌာနမွ ပါေမာကၡ ေဒါက္တာေက်ာ္ေဆြႏွင့္အတူ ဒီဇင္ဘာ ၆ ရက္ နံနက္ ၆ နာရီက ဆရာမ်ားနားေနေဆာင္ အခန္း ၂ အခန္းေသာ့အား ဖြင့္လွစ္စစ္​ေဆးစဥ္ ဆန္ေဆာင္း၃၂ လက္မ တီဗြီႏွင့္ 5 NetWork တစ္လုံးေပ်ာက္ဆုံးေနသျဖင့္ တံခါးေပါက္မ်ားအားစစ္ေဆးရာ အေနာက္ဘက္ ျပတင္းေပါက္မွာ ပြင့္လ်က္ေတြ႕ရွိခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕ထံ ထြက္ဆိုသည္။

၄င္းတို႔သည္ က်န္သည့္ နားေနေဆာင္မ်ားျဖစ္သည့္ အခန္း ၃ ႏွင့္ ၄ အား ဆက္လက္စစ္ေဆးရာ အခန္း ၃ မွ SUMSANG ၃၂ တီဗြီႏွင့္ 5 NetWork တစ္လုံး၊ DVD စက္ ၁ လုံး၊ အခန္း ၄ အတြင္းမွ စားပြဲတင္ ကြန္ပ်ဴတာတစ္လုံးတို႔ ထပ္မံေပ်ာက္ဆုံးေနသည္ကို ေတြ႕ရသည္ဟု ဆိုသည္။

လက္ရွိေပ်ာက္ဆုံးသြားသည့္ ကြန္ပ်ဴတာ၊ တီဗြီႏွစ္လုံး၊ 5 NetWork ႏွစ္လုံးႏွင့္ DVD စက္တို႔၏ စုစုေပါင္းတန္ဘိုးမွာ ၁၃၇၀၀၀၀ က်ပ္ခန္႔ရွိၿပီး ခိုးယူသြားသည့္ တရားခံအား ဖမ္းဆီးေပးပါရန္ သမိုင္းဌာန ကထိက ဆရာဦး၀င္းေအာင္မွ တရားလိုျပဳလုပ္ၿပီး မုံ႐ြာနယ္ေျမရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း သတင္းရရွိသည္။

ယခုျဖစ္စဥ္မျဖစ္ပြားခင္ ယခင္ကလဲ ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာသက္ႏိုင္ဦးေနအိမ္မွ ေငြဆယ္သိန္းေက်ာ္ ဒုတိယပါေမာကၡခ်ဳပ္ ဆရာမ(စီမံ)၏ ေနအိမ္မွ ေ႐ႊေငြ၊ အေမရိကန္ေဒၚလာႏွင့္ ဘဏ္စာအုပ္မ်ားေဖာက္ထြင္းခိုးယူခံခဲ့ရဖူးေၾကာင္း သိရသည္။

“ ကြၽန္ေတာ္တို႔ တကၠသိုလ္ထဲလည္း အခိုးခံရတာ အႀကိမ္ႀကိမ္ပဲ။ အခုတခါတင္မကဘူး ကြၽန္ေတာ္အိမ္ရယ္ ဒုခ်ဳပ္ဆရာမတေယာက္အိမ္ရယ္လည္း အေဖာက္ခံရတာပဲ။ ေနာက္ၿပီး လွ်ပ္စစ္မီးႀကိဳး ျဖတ္ခိုးတာကဆို သုံးႀကိမ္ထက္မနည္းဘူး။ အခုထိ တမႈမွလည္း မေပၚေသးဘူး” ဟု ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာ သက္ႏိုင္ဦးက ေျပာသည္။

ေမာင္ေလးငယ္ငယ္
Monywa Gazette
https://www.facebook.com/monywagazette
-----------------
(Unicode)⤵⤵⤵
မုံရွာတက္ကသိုလ်သမိုင်းဌာနမှ ကွန်ပျူတာနှင့် တီဗွီများ ဖောက်ထွင်းခိုးယူခြင်းခံရ

မုံရွာ၊ ဒီဇင်ဘာ ၈

မုံရွာတက္ကသိုလ် သမိုင်းဌာန စာကြည့်တိုက်နှင့် ဆရာများနားနေဆောင်ရှိ ကွန်ပျူတာနှင့် တီဗွီများအား ဖောက်ထွင်းခိုးယူခံရသဖြင့် မုံရွာနယ်မြေရဲစခန်းတွင် ဒီဇင်ဘာ ၇ ရက်က အမှုဖွင့်ခဲ့ကြောင်း သိရသည်။

မုံရွာတက္ကသိုလ် သမိုင်းဌာန ကထိကဖြစ်သည့် ဆရာဦးဝင်းအောင်သည့်၎င်းဌာနမှ ပါမောက္ခ ဒေါက်တာကျော်ဆွေနှင့်အတူ ဒီဇင်ဘာ ၆ ရက် နံနက် ၆ နာရီက ဆရာများနားနေဆောင် အခန်း ၂ အခန်းသော့အား ဖွင့်လှစ်စစ်ဆေးစဉ် ဆန်ဆောင်း၃၂ လက်မ တီဗွီနှင့် 5 NetWork တစ်လုံးပျောက်ဆုံးနေသဖြင့် တံခါးပေါက်များအားစစ်ဆေးရာ အနောက်ဘက် ပြတင်းပေါက်မှာ ပွင့်လျက်တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုသည်။

၎င်းတို့သည် ကျန်သည့် နားနေဆောင်များဖြစ်သည့် အခန်း ၃ နှင့် ၄ အား ဆက်လက်စစ်ဆေးရာ အခန်း ၃ မှ SUMSANG ၃၂ တီဗွီနှင့် 5 NetWork တစ်လုံး၊ DVD စက် ၁ လုံး၊ အခန်း ၄ အတွင်းမှ စားပွဲတင် ကွန်ပျူတာတစ်လုံးတို့ ထပ်မံပျောက်ဆုံးနေသည်ကို တွေ့ရသည်ဟု ဆိုသည်။

လက်ရှိပျောက်ဆုံးသွားသည့် ကွန်ပျူတာ၊ တီဗွီနှစ်လုံး၊ 5 NetWork နှစ်လုံးနှင့် DVD စက်တို့၏ စုစုပေါင်းတန်ဘိုးမှာ ၁၃၇၀၀၀၀ ကျပ်ခန့်ရှိပြီး ခိုးယူသွားသည့် တရားခံအား ဖမ်းဆီးပေးပါရန် သမိုင်းဌာန ကထိက ဆရာဦးဝင်းအောင်မှ တရားလိုပြုလုပ်ပြီး မုံရွာနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ယခုဖြစ်စဉ်မဖြစ်ပွားခင် ယခင်ကလဲ ဒုတိယပါမောက္ခချုပ် ဒေါက်တာသက်နိုင်ဦးနေအိမ်မှ ငွေဆယ်သိန်းကျော် ဒုတိယပါမောက္ခချုပ် ဆရာမ(စီမံ)၏ နေအိမ်မှ ရွှေငွေ၊ အမေရိကန်ဒေါ်လာနှင့် ဘဏ်စာအုပ်များဖောက်ထွင်းခိုးယူခံခဲ့ရဖူးကြောင်း သိရသည်။

“ ကျွန်တော်တို့ တက္ကသိုလ်ထဲလည်း အခိုးခံရတာ အကြိမ်ကြိမ်ပဲ။ အခုတခါတင်မကဘူး ကျွန်တော်အိမ်ရယ် ဒုချုပ်ဆရာမတယောက်အိမ်ရယ်လည်း အဖောက်ခံရတာပဲ။ နောက်ပြီး လျှပ်စစ်မီးကြိုး ဖြတ်ခိုးတာကဆို သုံးကြိမ်ထက်မနည်းဘူး။ အခုထိ တမှုမှလည်း မပေါ်သေးဘူး” ဟု ဒုတိယပါမောက္ခချုပ် ဒေါက်တာ သက်နိုင်ဦးက ပြောသည်။

မောင်လေးငယ်ငယ်
Monywa Gazette
https://www.facebook.com/monywagazette
မုံ႐ြာတကၠသိုလ္သမိုင္းဌာနမွ ကြန္ပ်ဴတာႏွင့္ တီဗြီမ်ား ေဖာက္ထြင္းခိုးယူျခင္းခံရ မုံ႐ြာတကၠသိုလ္သမိုင္းဌာနမွ ကြန္ပ်ဴတာႏွင့္ တီဗြီမ်ား ေဖာက္ထြင္းခိုးယူျခင္းခံရ Reviewed by THITHTOOLWIN on 02:20 Rating: 5
Powered by Blogger.