ေမြးကင္းစကေလးကို ေျမေအာက္ကေန အသက္ရွင္လ်က္ အိႏၵိယမွာေတြ႕

ကေလးရဲ႕ ေတြ႕ခါစပုံ (ဘယ္) နဲ႔ ေဆး႐ုံကို ေရာက္လာၿပီးေနာက္ က်န္းက်န္းမာမာရွိေနတဲ့ ကေလးပုံ (ညာ)
(Zawgyi)⤵⤵⤵
ေမြးကင္းစ ကေလးငယ္ေလးတစ္ေယာက္ကို ေျမအိုးထဲထည့္ၿပီး အသက္ရွင္လ်က္ ေျမျမႇဳပ္ထားတာကို အိႏၵိယမွာ ေအာက္တိုဘာလတုန္းက ေတြ႕ခဲ့ရပါတယ္။

ကေလးကို စေတြ႕စဥ္မွာ က်န္းမာေရးက စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိခဲ့ၿပီး အဲဒီကေလးက မိန္းကေလးပါ။

လမေစ့မီ ေမြးလာတဲ့ ကေလးကို ေျမအိုးထဲထည့္ျမႇဳပ္ထားတာကို ေတြ႕ရွိကယ္တင္ခဲ့ၿပီးေနာက္ အခုေတာ့ က်န္းက်န္းမာမာ ျဖစ္လာၿပီလို႔ ကေလးကို ကုေပးေနတဲ့ ဆရာဝန္က ေျပာပါတယ္။

သူ႔မွာ ပိုးမႊားေတြ အကိုက္ခံထားရလို႔ အဆိပ္သင့္ေနတဲ့ လကၡဏာနဲ႔ ေသြးဆဲလ္ပုံမမွန္တဲ့ ဆိုး႐ြားတဲ့ အေျခအေနနဲ႔ ေအာက္တိုဘာ လလယ္ေလာက္က ေတြ႕ခဲ့တာပါ။

အခုေတာ့ ကေလးက ကိုယ္အေလးခ်ိန္ တက္လာၿပီး အသက္ရႈတာနဲ႔ ေသြးဆဲလ္ အေျခအေနေတြလည္း ပုံမွန္ျဖစ္လာၿပီလို႔ သူ႔ကို ကုေပးေနတဲ့ ကေလးဆရာဝန္ ရာဗီ ခန္နားက ဘီဘီစီကို ေျပာပါတယ္။

သူ႔မိဘေတြ ဘယ္သူဆိုတာ အခုထိ မသိရေသးပါဘူး။ ေနာက္ပိုင္းမွာေတာ့ ကေလးကို ေမြးစားခြင့္ေပးဖို႔ စီစဥ္မွာပါ။

အခုေတာ့ သူ႔ကို အိႏၵိယ ေျမာက္ပိုင္းက အူတာ ပရာဒက္ရွ္ ျပည္နယ္ ဘာရယ္လီ ခ႐ိုင္က ကေလးေစာင့္ေရွာက္ေရးဌာနမွ ေစာင့္ေရွာက္ထားလိုက္ပါၿပီ။

သူ႔ကို စေတြ႕ခဲ့တာက ကေလးေျမျမႇဳပ္ဖို႔သြားတဲ့ ႐ြာသား တစ္ေယာက္ပါ။ ကေလးအေသေလးေမြးခဲ့တဲ့ မိဘတစ္ေယာက္ျဖစ္တဲ့ အဲဒီ ႐ြာသားက သူ႔သမီးကေလးကို သြားျမႇဳပ္ရင္း ဒီမိန္းကေလးကို တိုက္တိုက္ဆိုင္ဆိုင္ ေတြ႕ခဲ့တာပါ။

ဟိႏၵဴေတြဟာ ေသဆုံးသူေတြကို ပုံမွန္အားျဖင့္ မီးရႈိ႕သၿဂႋဳဟ္ေလ့ရွိေပမဲ့ ေမြးကင္းစေလးေတြနဲ႔ ကေလးငယ္ေတြကိုေတာ့ ေျမျမႇဳပ္သၿဂႋဳဟ္တာေတြလည္း လုပ္ပါတယ္။
 ကေလးကို ႏို႔ဘူးတိုက္ၿပီး အစာအာဟာရ ရေစတယ္လို႔ ဆရာဝန္ကေျပာပါတယ္

ဒီကေလးကို ေတြ႕တဲ့ ႐ြာသားက သူ ေျမႀကီးကို သုံးေပေလာက္ တူးၿပီးခ်ိန္မွာ ေျမအိုးတစ္ခုကို ေဂၚျပားနဲ႔ ထိုးမိၿပီး အိုးကြဲသြားခဲ့တယ္၊ ေနာက္ အဲဒီအိုးထဲကေန ကေလးငိုသံကို ၾကားလိုက္ရတယ္လို႔ ေျပာပါတယ္။

အဲဒါနဲ႔ အိုးကို ဆြဲထုတ္လိုက္ေတာ့ ဒီကေလးမေလးကို အထဲမွာ ေတြ႕ခဲ့ရတယ္လို႔ သူက ေျပာပါတယ္။

ကေလးကို ပထမေတာ့ အနီးအနားက ေဆး႐ုံကို ပို႔လိုက္ၾကပါတယ္။

ေနာက္ ႏွစ္ရက္ေလာက္အၾကာမွာေတာ့ ကုသေရးပစၥည္းေတြ ပိုစုံတဲ့ ေဒါက္တာ ခန္းနားရဲ႕ ေဆး႐ုံကို ေ႐ႊ႕ေပးလိုက္ပါတယ္။

ဒီကေလးက လမေစ့ခင္ ေမြးလာတဲ့ ကေလးလို႔ ဆရာဝန္ေတြက ေျပာပါတယ္။ သူ႔ကို ကိုယ္ဝန္ ေျခာက္လနဲ႔ ခုနစ္လ ၾကားေလာက္မွာ ေမြးခဲ့တယ္လို႔ ယူဆထားၾကပါတယ္။

သူ႔ကိုေတြ႕ခ်ိန္မွာ အေလးခ်ိန္က ႏွစ္ေပါင္ခြဲနီးပါးေလာက္ပဲရွိပါတယ္။

အသားအေရေတြလည္း ေျခာက္ကပ္ၿပီး ေသြးတြင္းသၾကားဓာတ္လည္းက်ေနတယ္လို႔ ေျပာပါတယ္။

"အခုေတာ့ သူ႔ကို အဂၤါေန႔ ဒီဇင္ဘာ ၃ ရက္မွာ ခ႐ိုင္ေဆး႐ုံကို ျပန္လႊဲေပးလိုက္ပါၿပီ။ အဲဒီ အခ်ိန္မွာ သူ႔ကိုယ္အေလးခ်ိန္ ငါးေပါင္ခြဲေက်ာ္ ရွိလာပါၿပီ။ သူက အခု ႏို႔ဘူးလည္းေသာက္တတ္ေနၿပီ။ လုံးဝက်န္းမာေနၿပီ"လို႔ ေဒါက္တာ ခန္းနားက ေျပာပါတယ္။

ကေလးဟာ ေျမႀကီးထဲမွာ သုံးေလးရက္ေလာက္ ျမႇဳပ္ခံထားရတာ ျဖစ္ေကာင္းျဖစ္မယ္လို႔ ေဒါက္တာ ခန္းနားက ေျပာပါတယ္။

အဲဒီရက္ေတြအတြင္း ကေလးေတြမွာ သူ႔တို႔ ဗိုက္ထဲမွာ ေမြးကတည္းက ပါလာတဲ့ အညိဳေရာင္အဆီေတြေၾကာင့္ အသက္ဆက္ရွင္ေနတာလို႔ ေျပာပါတယ္။

တစ္ခါတေလ အေရးေပၚအေျခအေနေတြမွာ ကေလးေတြဟာ ဒီအဆီေတြနဲ႔ အသက္ဆက္ႏိုင္ပါတယ္လို႔ ေျပာပါတယ္။

ဒါေပမဲ့ တခ်ိဳ႕ ကြၽမ္းက်င္သူေတြကေတာ့ ကေလးက ျမႇဳပ္ထားတာ ႏွစ္နာရီ၊ သုံးနာရီေလာက္ပဲ ရွိေသးၿပီး အခုလို မကယ္ျဖစ္ခဲ့ဘူးဆိုရင္ ေနာက္ထပ္ တစ္နာရီ၊ ႏွစ္နာရီေလာက္ပဲ အသက္ရွင္ေတာ့မယ္လို႔လည္း ေျပာပါတယ္။

ေျမအိုးထဲမွာ ရွိေနတဲ့ ေလနဲ႔ ေျမကိုလည္း ပြေယာင္းေယာင္းပဲ ဖို႔ထားခဲ့လို႔ ကေလးက ေအာက္ဆီဂ်င္ ဆက္ရေနတာ ျဖစ္မယ္၊ အိုးကလည္း ခပ္ပြပြ ဖုတ္ထားတဲ့ အိုးျဖစ္လို႔ အခုလို ကေလး အသက္ဆက္ရွင္ႏိုင္တာလို႔လည္း ယူဆၾကပါတယ္။

ကေလကိုေတြ႕ခဲ့တဲ့ ေအာက္တိုဘာလတုန္းကစၿပီး ရဲေတြက ဒီအမႈအတြက္ ရာဇဝတ္မႈဖြင့္ခဲ့ၿပီး ကေလးမိဘေတြကိုလည္း ရွာခဲ့ပါတယ္။

ဒါေပမဲ့ ဒီကေလး သတင္း က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေနတာေတာင္ ဘယ္သူကမွ သူတို႔ကေလးဆိုၿပီး လာမေခၚတဲ့အတြက္ ကေလးမိဘေတြက လူမႈေရး ျပႆနာျဖစ္ျဖစ္၊ ဥပေဒနဲ႔ ၿငိစြန္းတဲ့ တျခားကိစၥေတြ ျဖစ္ျဖစ္ ရွိေနႏိုင္တယ္လို႔ ရဲေတြက ေျပာပါတယ္။

ဒီကေလးကို အခုလို စြန႔္ပစ္ထားတာ ဘာေၾကာင့္ဆိုတာ တာဝန္ရွိသူေတြက မေျပာေပမဲ့ အိႏၵိယဟာ က်ား၊မ အေရအတြက္ အခ်ိဳးကြာျခားမႈ ကမာၻေပၚမွာ အဆိုးဆုံး ႏိုင္ငံေတြထဲမွာ ပါပါတယ္။

အထူးသျဖင့္ ဆင္းရဲခ်ိဳ႕တဲ့တဲ့ အသိုင္းအဝိုင္းေတြမွာ မိန္းမေတြဟာ ခြဲျခားဆက္ဆံ ခံရၿပီး မိန္းကေလးေတြ ေမြးလာတာဟာ မိဘေတြအတြက္ ေငြေၾကးဝန္ထုပ္ဝန္ပိုးလို႔ ယူဆတတ္ၾကပါတယ္။

မိန္းကေလး သေႏၶသားေလာင္းေတြကို တရားမဝင္ ေဆးခန္းေတြမွာ ဖ်က္ခ်ပစ္တာေတြ ရွိေနတာေတာင္ ေမြးၿပီးမွ စြန႔္ပစ္သတ္ျဖတ္တာေတြလည္း ဆက္ရွိေနတာ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
------------------
(Unicode)⤵⤵⤵
မွေးကင်းစကလေးကို မြေအောက်ကနေ အသက်ရှင်လျက် အိန္ဒိယမှာတွေ့

ဓာတ်ပုံ မူပိုင် Dr Ravi Khanna
Image caption ကလေးရဲ့ တွေ့ခါစပုံ (ဘယ်) နဲ့ ဆေးရုံကို ရောက်လာပြီးနောက် ကျန်းကျန်းမာမာရှိနေတဲ့ ကလေးပုံ (ညာ)

မွေးကင်းစ ကလေးငယ်လေးတစ်ယောက်ကို မြေအိုးထဲထည့်ပြီး အသက်ရှင်လျက် မြေမြှုပ်ထားတာကို အိန္ဒိယမှာ အောက်တိုဘာလတုန်းက တွေ့ခဲ့ရပါတယ်။

ကလေးကို စတွေ့စဉ်မှာ ကျန်းမာရေးက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိခဲ့ပြီး အဲဒီကလေးက မိန်းကလေးပါ။

လမစေ့မီ မွေးလာတဲ့ ကလေးကို မြေအိုးထဲထည့်မြှုပ်ထားတာကို တွေ့ရှိကယ်တင်ခဲ့ပြီးနောက် အခုတော့ ကျန်းကျန်းမာမာ ဖြစ်လာပြီလို့ ကလေးကို ကုပေးနေတဲ့ ဆရာဝန်က ပြောပါတယ်။

သူ့မှာ ပိုးမွှားတွေ အကိုက်ခံထားရလို့ အဆိပ်သင့်နေတဲ့ လက္ခဏာနဲ့ သွေးဆဲလ်ပုံမမှန်တဲ့ ဆိုးရွားတဲ့ အခြေအနေနဲ့ အောက်တိုဘာ လလယ်လောက်က တွေ့ခဲ့တာပါ။

အခုတော့ ကလေးက ကိုယ်အလေးချိန် တက်လာပြီး အသက်ရှုတာနဲ့ သွေးဆဲလ် အခြေအနေတွေလည်း ပုံမှန်ဖြစ်လာပြီလို့ သူ့ကို ကုပေးနေတဲ့ ကလေးဆရာဝန် ရာဗီ ခန်နားက ဘီဘီစီကို ပြောပါတယ်။

သူ့မိဘတွေ ဘယ်သူဆိုတာ အခုထိ မသိရသေးပါဘူး။ နောက်ပိုင်းမှာတော့ ကလေးကို မွေးစားခွင့်ပေးဖို့ စီစဉ်မှာပါ။

အခုတော့ သူ့ကို အိန္ဒိယ မြောက်ပိုင်းက အူတာ ပရာဒက်ရှ် ပြည်နယ် ဘာရယ်လီ ခရိုင်က ကလေးစောင့်ရှောက်ရေးဌာနမှ စောင့်ရှောက်ထားလိုက်ပါပြီ။

သူ့ကို စတွေ့ခဲ့တာက ကလေးမြေမြှုပ်ဖို့သွားတဲ့ ရွာသား တစ်ယောက်ပါ။ ကလေးအသေလေးမွေးခဲ့တဲ့ မိဘတစ်ယောက်ဖြစ်တဲ့ အဲဒီ ရွာသားက သူ့သမီးကလေးကို သွားမြှုပ်ရင်း ဒီမိန်းကလေးကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့တာပါ။

ဟိန္ဒူတွေဟာ သေဆုံးသူတွေကို ပုံမှန်အားဖြင့် မီးရှို့သင်္ဂြိုဟ်လေ့ရှိပေမဲ့ မွေးကင်းစလေးတွေနဲ့ ကလေးငယ်တွေကိုတော့ မြေမြှုပ်သင်္ဂြိုဟ်တာတွေလည်း လုပ်ပါတယ်။
ဓာတ်ပုံ မူပိုင် Dr Ravi Khanna
Image caption ကလေးကို နို့ဘူးတိုက်ပြီး အစာအာဟာရ ရစေတယ်လို့ ဆရာဝန်ကပြောပါတယ်

ဒီကလေးကို တွေ့တဲ့ ရွာသားက သူ မြေကြီးကို သုံးပေလောက် တူးပြီးချိန်မှာ မြေအိုးတစ်ခုကို ဂေါ်ပြားနဲ့ ထိုးမိပြီး အိုးကွဲသွားခဲ့တယ်၊ နောက် အဲဒီအိုးထဲကနေ ကလေးငိုသံကို ကြားလိုက်ရတယ်လို့ ပြောပါတယ်။

အဲဒါနဲ့ အိုးကို ဆွဲထုတ်လိုက်တော့ ဒီကလေးမလေးကို အထဲမှာ တွေ့ခဲ့ရတယ်လို့ သူက ပြောပါတယ်။

ကလေးကို ပထမတော့ အနီးအနားက ဆေးရုံကို ပို့လိုက်ကြပါတယ်။

နောက် နှစ်ရက်လောက်အကြာမှာတော့ ကုသရေးပစ္စည်းတွေ ပိုစုံတဲ့ ဒေါက်တာ ခန်းနားရဲ့ ဆေးရုံကို ရွှေ့ပေးလိုက်ပါတယ်။

ဒီကလေးက လမစေ့ခင် မွေးလာတဲ့ ကလေးလို့ ဆရာဝန်တွေက ပြောပါတယ်။ သူ့ကို ကိုယ်ဝန် ခြောက်လနဲ့ ခုနစ်လ ကြားလောက်မှာ မွေးခဲ့တယ်လို့ ယူဆထားကြပါတယ်။

သူ့ကိုတွေ့ချိန်မှာ အလေးချိန်က နှစ်ပေါင်ခွဲနီးပါးလောက်ပဲရှိပါတယ်။

အသားအရေတွေလည်း ခြောက်ကပ်ပြီး သွေးတွင်းသကြားဓာတ်လည်းကျနေတယ်လို့ ပြောပါတယ်။

"အခုတော့ သူ့ကို အင်္ဂါနေ့ ဒီဇင်ဘာ ၃ ရက်မှာ ခရိုင်ဆေးရုံကို ပြန်လွှဲပေးလိုက်ပါပြီ။ အဲဒီ အချိန်မှာ သူ့ကိုယ်အလေးချိန် ငါးပေါင်ခွဲကျော် ရှိလာပါပြီ။ သူက အခု နို့ဘူးလည်းသောက်တတ်နေပြီ။ လုံးဝကျန်းမာနေပြီ"လို့ ဒေါက်တာ ခန်းနားက ပြောပါတယ်။

ကလေးဟာ မြေကြီးထဲမှာ သုံးလေးရက်လောက် မြှုပ်ခံထားရတာ ဖြစ်ကောင်းဖြစ်မယ်လို့ ဒေါက်တာ ခန်းနားက ပြောပါတယ်။

အဲဒီရက်တွေအတွင်း ကလေးတွေမှာ သူ့တို့ ဗိုက်ထဲမှာ မွေးကတည်းက ပါလာတဲ့ အညိုရောင်အဆီတွေကြောင့် အသက်ဆက်ရှင်နေတာလို့ ပြောပါတယ်။

တစ်ခါတလေ အရေးပေါ်အခြေအနေတွေမှာ ကလေးတွေဟာ ဒီအဆီတွေနဲ့ အသက်ဆက်နိုင်ပါတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ တချို့ ကျွမ်းကျင်သူတွေကတော့ ကလေးက မြှုပ်ထားတာ နှစ်နာရီ၊ သုံးနာရီလောက်ပဲ ရှိသေးပြီး အခုလို မကယ်ဖြစ်ခဲ့ဘူးဆိုရင် နောက်ထပ် တစ်နာရီ၊ နှစ်နာရီလောက်ပဲ အသက်ရှင်တော့မယ်လို့လည်း ပြောပါတယ်။

မြေအိုးထဲမှာ ရှိနေတဲ့ လေနဲ့ မြေကိုလည်း ပွယောင်းယောင်းပဲ ဖို့ထားခဲ့လို့ ကလေးက အောက်ဆီဂျင် ဆက်ရနေတာ ဖြစ်မယ်၊ အိုးကလည်း ခပ်ပွပွ ဖုတ်ထားတဲ့ အိုးဖြစ်လို့ အခုလို ကလေး အသက်ဆက်ရှင်နိုင်တာလို့လည်း ယူဆကြပါတယ်။

ကလေကိုတွေ့ခဲ့တဲ့ အောက်တိုဘာလတုန်းကစပြီး ရဲတွေက ဒီအမှုအတွက် ရာဇဝတ်မှုဖွင့်ခဲ့ပြီး ကလေးမိဘတွေကိုလည်း ရှာခဲ့ပါတယ်။

ဒါပေမဲ့ ဒီကလေး သတင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်နေတာတောင် ဘယ်သူကမှ သူတို့ကလေးဆိုပြီး လာမခေါ်တဲ့အတွက် ကလေးမိဘတွေက လူမှုရေး ပြဿနာဖြစ်ဖြစ်၊ ဥပဒေနဲ့ ငြိစွန်းတဲ့ တခြားကိစ္စတွေ ဖြစ်ဖြစ် ရှိနေနိုင်တယ်လို့ ရဲတွေက ပြောပါတယ်။

ဒီကလေးကို အခုလို စွန့်ပစ်ထားတာ ဘာကြောင့်ဆိုတာ တာဝန်ရှိသူတွေက မပြောပေမဲ့ အိန္ဒိယဟာ ကျား၊မ အရေအတွက် အချိုးကွာခြားမှု ကမ္ဘာပေါ်မှာ အဆိုးဆုံး နိုင်ငံတွေထဲမှာ ပါပါတယ်။

အထူးသဖြင့် ဆင်းရဲချို့တဲ့တဲ့ အသိုင်းအဝိုင်းတွေမှာ မိန်းမတွေဟာ ခွဲခြားဆက်ဆံ ခံရပြီး မိန်းကလေးတွေ မွေးလာတာဟာ မိဘတွေအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုးလို့ ယူဆတတ်ကြပါတယ်။

မိန်းကလေး သန္ဓေသားလောင်းတွေကို တရားမဝင် ဆေးခန်းတွေမှာ ဖျက်ချပစ်တာတွေ ရှိနေတာတောင် မွေးပြီးမှ စွန့်ပစ်သတ်ဖြတ်တာတွေလည်း ဆက်ရှိနေတာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ေမြးကင္းစကေလးကို ေျမေအာက္ကေန အသက္ရွင္လ်က္ အိႏၵိယမွာေတြ႕ ေမြးကင္းစကေလးကို ေျမေအာက္ကေန အသက္ရွင္လ်က္ အိႏၵိယမွာေတြ႕ Reviewed by THITHTOOLWIN on 05:48 Rating: 5
Powered by Blogger.