ရခိုင္ေျမာက္ပိုင္းပဋိပကၡေၾကာင့္ စပါးရိတ္ဖို႔ လယ္သမားေတြအခက္ႀကဳံ

ရခိုင္ေျမာက္ပိုင္းပဋိပကၡေၾကာင့္ စပါးရိတ္ဖို႔ လယ္သမားေတြအခက္ႀကဳံ
(Zawgyi/Unicode)

တိုက္ပြဲျဖစ္ပြားေနတဲ့ ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္ ၅ ခုေလာက္မွာ လယ္ဧက တ သိန္းေက်ာ္ေလာက္ စပါးရိတ္သိမ္းဖို႔ အခက္ႀကံဳေနရတယ္လို႔ ရခိုင္ျပည္နယ္ လံုးဆိုင္ရာ ေတာင္သူလယ္သမားသမဂၢ ဥကၠ႒က ေျပာပါတယ္။ လယ္သမားေတြဟာ တိုက္ပြဲေၾကာင့္ လယ္ထဲကို မသြားရဲၾကပဲ စပါးခင္းေတြကို ဒီအတိုင္း ပစ္ထားရတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္း ေက်းရြာက လယ္သမား တဦးက ေျပာပါတယ္။ ေတာင္သူလယ္သမားေတြရဲ႕ အခက္အခဲေတြကို အစိုးရဘက္ကလည္း တက္ႏိုင္သေလာက္ ကူညီေပးေနတယ္လို႔ ေျပာဆိုထားပါတယ္။ ဒီသတင္းအျပည့္အစံုကို ဗီြအိုေအ သတင္းေထာက္ ကိုသက္ႏိုင္က ေပးပို႔ထားတာပါ။

လက္ရွိ အစိုးရတပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲ ျဖစ္ပြားေနတဲ့ ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္ ၅ခုေလာက္မွာ လယ္ဧက တစ္သိန္းေက်ာ္ေလာက္ စပါးရိုက္သိမ္းဖို႔ အခက္ႀကံဳေနရတယ္လို႔ ရခိုင္ျပည္နယ္ လံုးဆိုင္ရာ ေတာင္သူလယ္သမားသမဂၢ ဥကၠ႒ ဦးေက်ာ္ဇံက ေျပာပါတယ္။

"အထူးသျဖင့္ က်ေနာ္တို႔ ရခိုင္ျပည္ေျမာက္ပိုင္း ေတာင္းတန္းေဒသနဲ႔ ဆက္စပ္တဲ့ ၈ၿမိဳ႕နယ္ ေလာက္ေတာ့ ရွိတယ္။ အဲဒီထဲမွာမွ မစိုက္ပ်ိဳးႏိုင္ခဲ့တဲ့ ဧရိယာေတြ ရွိခဲ့တယ္။ စိုက္ပ်ိဳးႏိုင္တဲ့ အထဲမွာပဲ လက္ရွိအေနအထားအရ ရိတ္သိမ္းႏိုင္ဖို႔ အခြင့္အလမ္းမရွိတဲ့ ရိတ္သိမ္းဖို႔ ေတာ္ေတာ္အခက္အခဲ ရွိတဲ့ ၿမိဳ႕နယ္ကေတာ့ ၅ ၿမိဳ႕နယ္ေလာက္ ရွိတယ္။ အဲဒီ ၅ ၿမိဳ႕နယ္မွာ ဧက ၁၂,၀၀၀ ေလာက္ ရွိတာကို က်ေနာ္တို႔ ေတြ႔ရတယ္။"

တိုက္ပြဲျဖစ္ပြားေနတဲ့ ေဒသကလယ္သမားေတြကို တပ္မေတာ္က AA ေထာက္ခံအားေပးတယ္ဆိုတဲ့ သံသယနဲ႔ ဖမ္းဆီးစစ္ေဆးတာေတြ ရွိတာေၾကာင့္ လယ္သမားေတြဟာ လယ္ထဲကို မသြားရဲၾကဘဲ စပါးစိုက္ပ်ိဳးထားတဲ့ လယ္ကြင္းေတြကို ဒီအတိုင္းပစ္ထားၾကရတယ္လို႔ သူကဆက္ေျပာပါတယ္။

"မရိတ္သိမ္းႏိုင္ဘူး ဆိုတာကေတာ့ က်ေနာ္တို႔ ပြင့္ပြင့္လင္းလင္း ေျပာရရင္ တိုက္ပြဲျဖစ္တဲ့ ေဒသေတြေပါ့ အဲေဒသေတြမွာ စပါးရိတ္ဖို႔အတြက္ အေႏွာင့္အယွက္ေတာ္ေတာ္ ေတြ႔ရတယ္။ ဘာမွေတာ့ တိုက္ပြဲမရွိဘူး။ ဒါေပမဲ့ အဲဒီ လယ္ေျမေတြကို သြားရင္ သူတို႔က ဟိုဒီဘာဘာေပါ့။ AA ကို အားေပးတယ္ ဆိုၿပီးေတာ့ သံသယစိတ္နဲ႔ ဖမ္းဆီးခံရတာေတြ ဟန္႔တားတာေတြ ရွိတယ္။ အဲဒါေၾကာင့္ အခက္အခဲ ရွိတယ္လို႔ က်ေနာ္တို႔ ေျပာရမွာေပါ့ေနာ္။

ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းေက်းရြာမွာလည္း ႏွစ္ဘက္တိုက္ပြဲေတြ မၾကာခဏ ဆိုသလို ျဖစ္ပြားေနတာေၾကာင့္ စပါး ရိတ္သိမ္းဖို႔ အခက္အခဲေတြနဲ႔ ႀကံဳေတြ႔ေနရၿပီး လယ္ဧက ၃၀၀ ေလာက္ ပစ္ထားရတယ္လို႔ ေက်ာက္တန္းေဒသခံ ဦးေအးေမာင္က ေျပာပါတယ္။

"လယ္ယာနဲ႔ ပတ္သတ္ၿပီး အခက္အခဲ ၾကံဳတာကို ေျပာရမယ္ဆိုရင္ ေန႔တိုင္းလိုလို က်ေနာ္တို႔ ေက်ာက္တန္း တဝိုက္မွာ ႏွစ္ဘက္ တိုက္ပြဲေတြ ျဖစ္ေနပါတယ္။ အဲဒါေၾကာင့္ ေတာင္သူေတြဟာ ကိုယ့္လယ္ထဲသို႔ မသြားရဲၾကဘူး။ လက္နက္ေတြ ပစ္ေနေတာ့ ေတာင္သူေတြက အခက္အခဲ မ်ိဳးစံုနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။ အစိုးရနဲ႔ လြတ္ေတာဘက္ကိုေတာ့ ေတာင္းတယ္။ မိုးတြင္းကေနၿပီးေတာ့ ေႏြရာသီ စပါး ရိတ္သိမ္းမယ့္ဟာေတြ အခက္အခဲ ရွိမယ္ အဲဒါေၾကာင့္ က်ေနာ္တို႔ဆီကို စက္ တလံုးေလာက္ ေပးပါလို႔ ေတာင္းထားတယ္။ ဒီမွာ မရိုက္ရတဲ့ လယ္ဧကကေတာ့ ဧက ၃၀၀ ေလာက္ရွိမယ္ထင္တယ္။ စိုက္ပ်ိဳးထားတဲ့ စပါးေတြကို အဲဒီလိုသာ မရိတ္ဘဲ ပစ္ထားရမယ္ဆိုရင္ က်ေနာ္တို႔ မိုးတြင္းစားေသာက္ရမယ့္ဟာ ကေလးေတြအတြက္ ေက်ာင္းစားရိတ္ေရာ တစ္ျခား အေထြအေထြ စားရိတ္အကုန္လံုးေပါ့။ က်ေနာ္တို႔ ေတာင္သူေတြကေတာ့ အဲဒီကရတဲ့ ဟာနဲ႔ပဲ အသံုးျပဳရတာကို။"

လက္ရွိရခိုင္ျပည္နယ္တြင္းမွာ ႏွစ္ဘက္တိုက္ပြဲေတြဟာ ယခင္ကထက္ ပိုမုိျပင္းထန္လာတာျဖစ္ၿပီး ေတာင္သူေတြရဲ႕ အခက္အခဲကို အစိုးကလြဲၿပီး ဘယ္သူမွ ေျဖရွင္းႏိုင္မွာ မဟုတ္တာေၾကာင့္ အစိုးရအေနနဲ႔ ေတာင္သူလယ္သမားေတြကို ကူညီေပးေစခ်င္တယ္လို႔လည္း ဦးေက်ာ္ဇံက ေျပာပါတယ္။

"က်ေနာ္တို႔ ကေတာ့ ေမ်ာ္လင့္ပါတယ္။ ဒီအခ်ိန္မွာ အစိုးရလြဲရင္ က်ေနာ္တို႔ သိပ္ အားကိုးဖို႔ အခြင့္အလမ္း မရွိႏိုင္ဘူးေပါ့ေနာ္။ အစိုးရရဲ႕ စီမံခန္႔ခြဲမႈ ေအာက္မွာပဲ ေတာင္သူလယ္သမားေတြရဲ႕ အခက္အခဲက ရုန္းထြက္ႏိုင္လိမ့္မယ္လို႔ က်ေနာ္တို႔ ထင္တယ္။ ဒါေပမဲ့ လက္ရွိအခ်ိန္ထိ က်ေနာ္တို႔ ထိုက္ထုိက္တန္တန္ ေတြ႕ဆံုေဆြးေႏြးတာ အေျဖရွာဖို႔ ႀကိဳးစားတာ လယ္သမားေတြကို ကိုယ္စားျပဳတဲ့ အဖြဲ႔အစည္းေတြနဲ႔ ေတြ႔ဆံု ေဆြးေႏြးတာ မရွိေသးဘူးဗ်ာ။ က်ေနာ္တို႔ ကေတာ့ တေလွ်ာက္လုပ္ေနတယ္။ လယ္သမားေတြနဲ႔ ေတြ႔တယ္။ေဒသခံေတာင္သူလယ္သမား ကိုယ္စားလွယ္ေတြနဲ႔ေတြ႔တယ္။ လက္ရွိအခ်ိန္ထိေတာ့ ေတာင္သူလယ္သမားေတြကို ျဖစ္ေစ၊ အဖြဲ႕အစည္းေတြကို ျဖစ္ေစ ေတြ႔တာလည္း မရွိေသးဘူး။ ဘယ္လိုေျဖရွင္မလဲ ဆိုတာကလည္း ခန္႔မွန္းရခက္တယ္ေပါ့ေနာ္ အခ်ိန္ကလည္း နီးစပ္လာၿပီဆိုေတာ့။ ေယဘုယအားျဖင့္ တြက္ၾကည့္မယ္ ဆိုရင္ ရခိုင္ေဒသမွာ အထူးသျဖင့္ အခုစစ္ျဖစ္ေနတဲ့ ေသဒမွာ တဧက က ၈၀နဲ႔ ၁၀၀ၾကားမွာ ပ်မ္းမ် အထြက္ႏႈန္းရွိၾကတယ္။

ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ဘက္ကေတာ့ ေတာင္သူလယ္သမားေတြအတြက္ ရွိတဲ့ စပါးရိတ္စက္ေတြအားလံုးကို ေပးထားၿပီးသားျဖစ္တယ္လို႔ စိုက္ပ်ိဳးေရး ေမြးျမဴေရး သစ္ေတာႏွင့္ သတၱဳတြင္းဝန္ႀကီး ဦးေက်ာ္လြင္ ကေျပာပါတယ္။

"အခုလက္ရွိအခ်ိန္မွာ တိုက္ပြဲေရွာင္ေတြကလည္း သူ႔ဒုကၡနဲ႔ သူပါပဲ။ သူတို႔မွာ အမွန္တကယ္ အခက္အခဲ ရွိပါတယ္။ ရွိေတာ့ က်ေနာ္တို႔ အစိုးရအဖြဲ႕မွာလည္း ရွိတဲ့ စက္ေတြကို ထုတ္ေပးထားတယ္။ စစ္ေတြခရိုင္မွာ ၁၈စီး၊ က်ေနာ္တို႔အစိုးရက ထုတ္ေပးထားပါတယ္ ေတာင္သူေတြအတြက္။ ေက်ာက္ေတာ္မွာ ၉ စီး၊ေျမာက္ဦးမွာ ၄ စီး၊ မင္းျပားမွာ ၂ စီး၊ ေနာက္ေတာင္ပိုင္းမွာ ဆိုရင္ သံတြဲမွာ ႏွစ္စီးရွိတယ္။ ေနာက္ၿပီးေတာ့ ျမန္မာႏိုင္ငံ ဆန္စပါးလုပ္ငန္းရွင္မ်ား အသင္း နဲ႔ ပူးေပါင္းၿပီးေတာ့ မက္ကိုက အစိုးရဖြဲ႕ကို လွဴထားတဲ့ စက္ ၁၁ စီးလည္း ေတာင္သူေတြ လက္ထဲမွာ ရွိပါတယ္။ ေနာက္ၿပီးေတာ့ ဒီေန႔ပဲ အႏိၵယလွဴထားတဲ့ ရိတ္သိမ္း ေျခြစက္ ၁၅ စီးကို တၿမိဳ႕နယ္ တစီးက်နဲ႔ အကုန္လံုးကို ခြဲဝယ္ေပးၿပီးသား ျဖစ္တယ္။ က်ေနာ္တို႔ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕မွာ ရွိတဲ့ စက္ေတြအားလံုးက ေတာင္သူေတြ လက္ထဲမွာပဲရွိပါတယ္။ က်ေနာ္တို႔ ျပည့္ျပည့္ဝဝမကူညီႏိုင္တာက ဟုတ္ပါတယ္။ ျပည့္ျပည့္ဝဝ ကူညီႏိုင္မယ္ဆိုရင္ စက္အစီး ေတာင္ေက်ာ္လိုပါတယ္။ ရခိုင္ျပည္နယ္ အစိုးရမွာက အစီး ၆၀ ေလာက္ပဲရွိတယ္။ အဲတာအကုန္လံုးကို ေတာင္သူေတြကို ေပးထားၿပီးသား ျဖစ္တယ္။"

ရခိုင္ျပည္နယ္ အတြင္းက စပါးေတြဟာ တစ္ဧကမွာ တန္ ၈၀ ကေန တန္ ၁၀၀ အထိအထြက္ ႏႈန္းရွိၿပီး တိုက္ပြဲေတြေၾကာင့္ မိုးရာသီမွာ စပါးမစိုက္ပ်ိဳးႏိုင္တဲ့ လယ္ဧက ၃၀,၀၀၀ ေက်ာ္အထိရွိတယ္လို႔ ေတာင္သူလယ္သမားသမဂၢကေျပာဆိုထားပါတယ္။ စိုက္ပ်ိဳးထားတဲ့ လယ္ဧက ေတာ္ေတာ္မ်ားမ်ားကို လည္း အခုအခ်ိန္ထိ မရိတ္သိမ္းႏိုင္ၾကတာ ျဖစ္ပါတယ္။

ရခိုင္ျပည္ေျမာက္ပိုင္းမွာ ေဒသတြင္း တိုက္ပြဲေတြေၾကာင့္ သိန္းနဲ႔ခ်ီတဲ့ ေဒသခံျပည္သူေတြ ဒုကၡေရာက္ ေနၾကတာေၾကာင့္ ႏွစ္ဦးႏွစ္ဘက္ ေဆြးေႏြးၿပီးေတာ့ ၿငိမ္းခ်မ္းေရးကို အေကာင္ထည္ ေဖာ္ေဆာင္ရြက္ေပးေစခ်င္တယ္လို႔ ရခိုင္ျပည္နယ္အစိုးရအဖြဲ႔က ေျပာပါတယ္။

[Unicode Version]

ရခိုင်မြောက်ပိုင်းပဋိပက္ခကြောင့် စပါးရိတ်ဖို့ လယ်သမားတွေအခက်ကြုံ

တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ် ၅ ခုလောက်မှာ လယ်ဧက တ သိန်းကျော်လောက် စပါးရိတ်သိမ်းဖို့ အခက်ကြုံနေရတယ်လို့ ရခိုင်ပြည်နယ် လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌက ပြောပါတယ်။ လယ်သမားတွေဟာ တိုက်ပွဲကြောင့် လယ်ထဲကို မသွားရဲကြပဲ စပါးခင်းတွေကို ဒီအတိုင်း ပစ်ထားရတယ်လို့ ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာက လယ်သမား တဦးက ပြောပါတယ်။ တောင်သူလယ်သမားတွေရဲ့ အခက်အခဲတွေကို အစိုးရဘက်ကလည်း တက်နိုင်သလောက် ကူညီပေးနေတယ်လို့ ပြောဆိုထားပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က ပေးပို့ထားတာပါ။

လက်ရှိ အစိုးရတပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ် ၅ခုလောက်မှာ လယ်ဧက တစ်သိန်းကျော်လောက် စပါးရိုက်သိမ်းဖို့ အခက်ကြုံနေရတယ်လို့ ရခိုင်ပြည်နယ် လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောပါတယ်။

"အထူးသဖြင့် ကျနော်တို့ ရခိုင်ပြည်မြောက်ပိုင်း တောင်းတန်းဒေသနဲ့ ဆက်စပ်တဲ့ ၈မြို့နယ် လောက်တော့ ရှိတယ်။ အဲဒီထဲမှာမှ မစိုက်ပျိုးနိုင်ခဲ့တဲ့ ဧရိယာတွေ ရှိခဲ့တယ်။ စိုက်ပျိုးနိုင်တဲ့ အထဲမှာပဲ လက်ရှိအနေအထားအရ ရိတ်သိမ်းနိုင်ဖို့ အခွင့်အလမ်းမရှိတဲ့ ရိတ်သိမ်းဖို့ တော်တော်အခက်အခဲ ရှိတဲ့ မြို့နယ်ကတော့ ၅ မြို့နယ်လောက် ရှိတယ်။ အဲဒီ ၅ မြို့နယ်မှာ ဧက ၁၂,၀၀၀ လောက် ရှိတာကို ကျနော်တို့ တွေ့ရတယ်။"

တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသကလယ်သမားတွေကို တပ်မတော်က AA ထောက်ခံအားပေးတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးစစ်ဆေးတာတွေ ရှိတာကြောင့် လယ်သမားတွေဟာ လယ်ထဲကို မသွားရဲကြဘဲ စပါးစိုက်ပျိုးထားတဲ့ လယ်ကွင်းတွေကို ဒီအတိုင်းပစ်ထားကြရတယ်လို့ သူကဆက်ပြောပါတယ်။

"မရိတ်သိမ်းနိုင်ဘူး ဆိုတာကတော့ ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောရရင် တိုက်ပွဲဖြစ်တဲ့ ဒေသတွေပေါ့ အဲဒေသတွေမှာ စပါးရိတ်ဖို့အတွက် အနှောင့်အယှက်တော်တော် တွေ့ရတယ်။ ဘာမှတော့ တိုက်ပွဲမရှိဘူး။ ဒါပေမဲ့ အဲဒီ လယ်မြေတွေကို သွားရင် သူတို့က ဟိုဒီဘာဘာပေါ့။ AA ကို အားပေးတယ် ဆိုပြီးတော့ သံသယစိတ်နဲ့ ဖမ်းဆီးခံရတာတွေ ဟန့်တားတာတွေ ရှိတယ်။ အဲဒါကြောင့် အခက်အခဲ ရှိတယ်လို့ ကျနော်တို့ ပြောရမှာပေါ့နော်။

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာလည်း နှစ်ဘက်တိုက်ပွဲတွေ မကြာခဏ ဆိုသလို ဖြစ်ပွားနေတာကြောင့် စပါး ရိတ်သိမ်းဖို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပြီး လယ်ဧက ၃၀၀ လောက် ပစ်ထားရတယ်လို့ ကျောက်တန်းဒေသခံ ဦးအေးမောင်က ပြောပါတယ်။

"လယ်ယာနဲ့ ပတ်သတ်ပြီး အခက်အခဲ ကြုံတာကို ပြောရမယ်ဆိုရင် နေ့တိုင်းလိုလို ကျနော်တို့ ကျောက်တန်း တဝိုက်မှာ နှစ်ဘက် တိုက်ပွဲတွေ ဖြစ်နေပါတယ်။ အဲဒါကြောင့် တောင်သူတွေဟာ ကိုယ့်လယ်ထဲသို့ မသွားရဲကြဘူး။ လက်နက်တွေ ပစ်နေတော့ တောင်သူတွေက အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။ အစိုးရနဲ့ လွတ်တောဘက်ကိုတော့ တောင်းတယ်။ မိုးတွင်းကနေပြီးတော့ နွေရာသီ စပါး ရိတ်သိမ်းမယ့်ဟာတွေ အခက်အခဲ ရှိမယ် အဲဒါကြောင့် ကျနော်တို့ဆီကို စက် တလုံးလောက် ပေးပါလို့ တောင်းထားတယ်။ ဒီမှာ မရိုက်ရတဲ့ လယ်ဧကကတော့ ဧက ၃၀၀ လောက်ရှိမယ်ထင်တယ်။ စိုက်ပျိုးထားတဲ့ စပါးတွေကို အဲဒီလိုသာ မရိတ်ဘဲ ပစ်ထားရမယ်ဆိုရင် ကျနော်တို့ မိုးတွင်းစားသောက်ရမယ့်ဟာ ကလေးတွေအတွက် ကျောင်းစားရိတ်ရော တစ်ခြား အထွေအထွေ စားရိတ်အကုန်လုံးပေါ့။ ကျနော်တို့ တောင်သူတွေကတော့ အဲဒီကရတဲ့ ဟာနဲ့ပဲ အသုံးပြုရတာကို။"

လက်ရှိရခိုင်ပြည်နယ်တွင်းမှာ နှစ်ဘက်တိုက်ပွဲတွေဟာ ယခင်ကထက် ပိုမိုပြင်းထန်လာတာဖြစ်ပြီး တောင်သူတွေရဲ့ အခက်အခဲကို အစိုးကလွဲပြီး ဘယ်သူမှ ဖြေရှင်းနိုင်မှာ မဟုတ်တာကြောင့် အစိုးရအနေနဲ့ တောင်သူလယ်သမားတွေကို ကူညီပေးစေချင်တယ်လို့လည်း ဦးကျော်ဇံက ပြောပါတယ်။

"ကျနော်တို့ ကတော့ မျော်လင့်ပါတယ်။ ဒီအချိန်မှာ အစိုးရလွဲရင် ကျနော်တို့ သိပ် အားကိုးဖို့ အခွင့်အလမ်း မရှိနိုင်ဘူးပေါ့နော်။ အစိုးရရဲ့ စီမံခန့်ခွဲမှု အောက်မှာပဲ တောင်သူလယ်သမားတွေရဲ့ အခက်အခဲက ရုန်းထွက်နိုင်လိမ့်မယ်လို့ ကျနော်တို့ ထင်တယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိ ကျနော်တို့ ထိုက်ထိုက်တန်တန် တွေ့ဆုံဆွေးနွေးတာ အဖြေရှာဖို့ ကြိုးစားတာ လယ်သမားတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးတာ မရှိသေးဘူးဗျာ။ ကျနော်တို့ ကတော့ တလျှောက်လုပ်နေတယ်။ လယ်သမားတွေနဲ့ တွေ့တယ်။ဒေသခံတောင်သူလယ်သမား ကိုယ်စားလှယ်တွေနဲ့တွေ့တယ်။ လက်ရှိအချိန်ထိတော့ တောင်သူလယ်သမားတွေကို ဖြစ်စေ၊ အဖွဲ့အစည်းတွေကို ဖြစ်စေ တွေ့တာလည်း မရှိသေးဘူး။ ဘယ်လိုဖြေရှင်မလဲ ဆိုတာကလည်း ခန့်မှန်းရခက်တယ်ပေါ့နော် အချိန်ကလည်း နီးစပ်လာပြီဆိုတော့။ ယေဘုယအားဖြင့် တွက်ကြည့်မယ် ဆိုရင် ရခိုင်ဒေသမှာ အထူးသဖြင့် အခုစစ်ဖြစ်နေတဲ့ သေဒမှာ တဧက က ၈၀နဲ့ ၁၀၀ကြားမှာ ပျမ်းမျ အထွက်နှုန်းရှိကြတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဘက်ကတော့ တောင်သူလယ်သမားတွေအတွက် ရှိတဲ့ စပါးရိတ်စက်တွေအားလုံးကို ပေးထားပြီးသားဖြစ်တယ်လို့ စိုက်ပျိုးရေး မွေးမြူရေး သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင် ကပြောပါတယ်။

"အခုလက်ရှိအချိန်မှာ တိုက်ပွဲရှောင်တွေကလည်း သူ့ဒုက္ခနဲ့ သူပါပဲ။ သူတို့မှာ အမှန်တကယ် အခက်အခဲ ရှိပါတယ်။ ရှိတော့ ကျနော်တို့ အစိုးရအဖွဲ့မှာလည်း ရှိတဲ့ စက်တွေကို ထုတ်ပေးထားတယ်။ စစ်တွေခရိုင်မှာ ၁၈စီး၊ ကျနော်တို့အစိုးရက ထုတ်ပေးထားပါတယ် တောင်သူတွေအတွက်။ ကျောက်တော်မှာ ၉ စီး၊မြောက်ဦးမှာ ၄ စီး၊ မင်းပြားမှာ ၂ စီး၊ နောက်တောင်ပိုင်းမှာ ဆိုရင် သံတွဲမှာ နှစ်စီးရှိတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်း နဲ့ ပူးပေါင်းပြီးတော့ မက်ကိုက အစိုးရဖွဲ့ကို လှူထားတဲ့ စက် ၁၁ စီးလည်း တောင်သူတွေ လက်ထဲမှာ ရှိပါတယ်။ နောက်ပြီးတော့ ဒီနေ့ပဲ အန္ဒိယလှူထားတဲ့ ရိတ်သိမ်း ခြွေစက် ၁၅ စီးကို တမြို့နယ် တစီးကျနဲ့ အကုန်လုံးကို ခွဲဝယ်ပေးပြီးသား ဖြစ်တယ်။ ကျနော်တို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ရှိတဲ့ စက်တွေအားလုံးက တောင်သူတွေ လက်ထဲမှာပဲရှိပါတယ်။ ကျနော်တို့ ပြည့်ပြည့်ဝဝမကူညီနိုင်တာက ဟုတ်ပါတယ်။ ပြည့်ပြည့်ဝဝ ကူညီနိုင်မယ်ဆိုရင် စက်အစီး တောင်ကျော်လိုပါတယ်။ ရခိုင်ပြည်နယ် အစိုးရမှာက အစီး ၆၀ လောက်ပဲရှိတယ်။ အဲတာအကုန်လုံးကို တောင်သူတွေကို ပေးထားပြီးသား ဖြစ်တယ်။"

ရခိုင်ပြည်နယ် အတွင်းက စပါးတွေဟာ တစ်ဧကမှာ တန် ၈၀ ကနေ တန် ၁၀၀ အထိအထွက် နှုန်းရှိပြီး တိုက်ပွဲတွေကြောင့် မိုးရာသီမှာ စပါးမစိုက်ပျိုးနိုင်တဲ့ လယ်ဧက ၃၀,၀၀၀ ကျော်အထိရှိတယ်လို့ တောင်သူလယ်သမားသမဂ္ဂကပြောဆိုထားပါတယ်။ စိုက်ပျိုးထားတဲ့ လယ်ဧက တော်တော်များများကို လည်း အခုအချိန်ထိ မရိတ်သိမ်းနိုင်ကြတာ ဖြစ်ပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ ဒေသတွင်း တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ ဒုက္ခရောက် နေကြတာကြောင့် နှစ်ဦးနှစ်ဘက် ဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေးကို အကောင်ထည် ဖော်ဆောင်ရွက်ပေးစေချင်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

သက္ႏိုင္/ VOA Burmese
https://burmese.voanews.com
ရခိုင္ေျမာက္ပိုင္းပဋိပကၡေၾကာင့္ စပါးရိတ္ဖို႔ လယ္သမားေတြအခက္ႀကဳံ ရခိုင္ေျမာက္ပိုင္းပဋိပကၡေၾကာင့္ စပါးရိတ္ဖို႔ လယ္သမားေတြအခက္ႀကဳံ Reviewed by THITHTOOLWIN on 05:44 Rating: 5
Powered by Blogger.