ပဲခူးမွာ ကေလးသူခိုးဆိုၿပီး ႐ိုက္ႏွက္ခံရသူ ဘယ္မ်က္လုံးကြယ္

ပဲခူးၿမိဳ႕အျပင္ ေရနံေခ်ာင္း၊ ျမစ္ႀကီးနား၊ရန္ကုန္စတဲ့ ၿမိဳ႕ေတြမွာလည္း ကေလးခိုးေတြရွိေနတယ္ဆိုတဲ့ သတင္းေတြ ဆက္တိုက္ဆိုသလို ပ်ံ႕ႏွံ႔ခဲ့ပါတယ္။
(Zawgyi)⤵⤵⤵
ပဲခူးၿမိဳ႕ ႐ြာသစ္ရပ္ကြက္မွာ ႏိုဝင္ဘာ ၃၀ရက္ ညပိုင္းက ကေလးသူခိုးဆိုၿပီး ဝိုင္း႐ိုက္ခံရလို႔ ပဲခူး ေဆး႐ုံမွာ ကုသေနရတဲ့ အမ်ိဳးသားဟာ အ႐ိုက္ခံရတဲ့ ဒဏ္ရာေတြေၾကာင့္ ဘယ္ဘက္မ်က္လုံးကြယ္သြားတယ္လို႔ ပဲခူးတိုင္း အစိုးရ လူမႈေရး ဝန္ႀကီး ေဒၚၫြန႔္ၫြန႔္ေဌးက ေျပာပါတယ္။

ပဲခူးၿမိဳ႕ ေက်ာက္ႀကီးစုရပ္ကြက္ စီမံကိန္း ၅ လမ္း မွာေနတဲ့ ကိုေငြၿဖိဳးေအာင္ဟာ အဲဒီေန႔ ညအေစာပိုင္းက စီမံကိန္း ၄ လမ္းမွာရွိတဲ့ ေနအိမ္တစ္အိမ္ကို ဝင္ေရာက္ၿပီးေနာက္ သူခိုးလို႔ ေအာ္ဟစ္ခံရတဲ့အတြက္ ထြက္ေျပးရာက ႐ြာသစ္ရပ္ကြက္ အေရာက္မွာ ကေလးသူခိုး ဆိုၿပီး မွားယြင္း႐ိုက္ႏွက္တာကို ခံခဲ့ရတာပါ။

"သုံးရက္၊ေလးရက္ေလာက္ေတာ့ ကုသမႈ ခံယူရတယ္။ ေဆး႐ုံက ဆင္းခြင့္ရသြားပါၿပီ။ မ်က္လုံး ထိခိုက္တာေတာ့ မွန္ပါတယ္" လို႔ ပဲခူး ျပည္သူ႔ ေဆး႐ုံက ေဆး႐ုံအုပ္ ေဒါက္တာရန္ႏိုင္ေမာင္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက ပခုကၠဴၿမိဳ႕နယ္အတြင္းက ေက်ာင္းတစ္ေက်ာင္းမွာ ကေလးတစ္ဦးကို ဝင္ေရာက္ ခိုးယူတဲ့ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ၿပီးေနာက္ ေရနံေခ်ာင္း၊ ျမစ္ႀကီးနား၊ရန္ကုန္၊ ပဲခူး စတဲ့ ၿမိဳ႕ေတြမွာလည္း ကေလးခိုးတာေတြရွိေနတယ္ဆိုတဲ့ သတင္းေတြဆက္တိုက္ဆိုသလို ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။

ဒီဇင္ဘာ ၄ရက္ေန႔ကလည္း ရန္ကုန္တိုင္း ဒလၿမိဳ႕နယ္က မူလတန္းေက်ာင္း တစ္ေက်ာင္းမွာ ကေလးသူခိုးမိတယ္ဆိုတဲ့ သတင္းအမွားေၾကာင့္ ေက်ာင္းေရွ႕မွာ ကေလးမိဘေတြ စုေဝး ေရာက္လာတဲ့ျဖစ္စဥ္ လည္းရွိခဲ့ပါတယ္။
ကေလးသူခိုးေတြ သတင္းေတြေၾကာင့္ ကေလးအတြက္ မိဘေတြ စိုးရိမ္ခဲ့ၾက

ဆိုရွယ္မီဒီယာကတဆင့္ ပ်ံ႕ႏွံ႔လာတဲ့ သတင္းေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ အေျခအေနကို ထိန္းခ်ဳပ္ႏိုင္ဖို႔ လိုအပ္ေနတဲ့ အခ်က္ေတြနဲ႔ ပတ္သက္ၿပီး ဘေလာ့ဂါ တစ္ဦးလည္းျဖစ္၊ လႊတ္ေတာ္ ကိုယ္စား လွယ္တစ္ဦးလည္းျဖစ္တဲ့ ဦးေနဘုန္းလတ္က ဘီဘီစီကို အခုလို ေျပာပါတယ္။

"ႏိုင္ငံတကာမွာေတာ့ ဒီလိုကိစၥေတြ၊ cyber police လို နည္းပညာ ကြၽမ္းက်င္တဲ့ ရဲဌာနကပဲ အဓိက လုပ္တာပဲ။ သုံးခုလိုတယ္။ cyber police လိုတယ္။ cyber law လိုတယ္။ နည္းပညာနဲ႔ ပတ္သက္တဲ့ မႈခင္းေတြကို မွန္မွန္ကန္ကန္ ဆုံးျဖတ္ခ်ႏိုင္တဲ့ တရားစီရင္ေရး က႑လိုတယ္"

"အဲေတာ့ အဲဒီသုံးခုလုံးမွာ ကြၽန္ေတာ္တို႔အေနနဲ႔ အားနည္းတယ္"

"ဒါေပမဲ့လည္း လုပ္မယ္ဆိုရင္ေတာ့ လုပ္လို႔ရတယ္။ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ျဖန႔္ေနတဲ့ အေကာင့္မ်ိဳးေတြ ဘာေတြရွိတယ္ဆို ဒါေတြကို trace ေသခ်ာလိုက္မယ္ဆိုရင္ လိုက္လို႔ရတယ္"

"ဒါေတြက ႏိုင္ငံေရးနဲ႔ ဆက္စပ္ပတ္သက္ေနတဲ့ဟာေပါ့။ ေ႐ြးေကာက္ပြဲလည္း အခု နီးလာၿပီဆိုေတာ့ ဒါမ်ိဳးနဲ႔ အလားသ႑ာန္တူတဲ့ ကိစၥမ်ိဳးေတြက အမ်ားႀကီး ထပ္ျဖစ္လာႏိုင္ေသးတယ္လို႔ ျမင္တာေပါ့"

၂၀၁၆ ခုႏွစ္ ကလည္း ကေလးေတြ လိုက္ခိုးေနတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ ကေလးသူခိုးလို႔ အထင္မွားၿပီး မေကြးၿမိဳ႕မွာ အမ်ိဳးသမီးတစ္ဦး မွားယြင္း ႐ိုက္ႏွက္ခံခဲ့ရသလို မႏၲေလး မရမ္းၿခံ သေဘၤာဆိပ္မွာလည္း အမ်ိဳးသားတစ္ဦး အသက္ဆုံးတဲ့အထိ ျဖစ္ခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
-----------------
(Unicode)⤵⤵⤵
ပဲခူးမှာ ကလေးသူခိုးဆိုပြီး ရိုက်နှက်ခံရသူ ဘယ်မျက်လုံးကွယ်

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ပဲခူးမြို့အပြင် ရေနံချောင်း၊ မြစ်ကြီးနား၊ရန်ကုန်စတဲ့ မြို့တွေမှာလည်း ကလေးခိုးတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို ပျံ့နှံ့ခဲ့ပါတယ်။

ပဲခူးမြို့ ရွာသစ်ရပ်ကွက်မှာ နိုဝင်ဘာ ၃၀ရက် ညပိုင်းက ကလေးသူခိုးဆိုပြီး ဝိုင်းရိုက်ခံရလို့ ပဲခူး ဆေးရုံမှာ ကုသနေရတဲ့ အမျိုးသားဟာ အရိုက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဘယ်ဘက်မျက်လုံးကွယ်သွားတယ်လို့ ပဲခူးတိုင်း အစိုးရ လူမှုရေး ဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ပြောပါတယ်။

ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက် စီမံကိန်း ၅ လမ်း မှာနေတဲ့ ကိုငွေဖြိုးအောင်ဟာ အဲဒီနေ့ ညအစောပိုင်းက စီမံကိန်း ၄ လမ်းမှာရှိတဲ့ နေအိမ်တစ်အိမ်ကို ဝင်ရောက်ပြီးနောက် သူခိုးလို့ အော်ဟစ်ခံရတဲ့အတွက် ထွက်ပြေးရာက ရွာသစ်ရပ်ကွက် အရောက်မှာ ကလေးသူခိုး ဆိုပြီး မှားယွင်းရိုက်နှက်တာကို ခံခဲ့ရတာပါ။

"သုံးရက်၊လေးရက်လောက်တော့ ကုသမှု ခံယူရတယ်။ ဆေးရုံက ဆင်းခွင့်ရသွားပါပြီ။ မျက်လုံး ထိခိုက်တာတော့ မှန်ပါတယ်" လို့ ပဲခူး ပြည်သူ့ ဆေးရုံက ဆေးရုံအုပ် ဒေါက်တာရန်နိုင်မောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပခုက္ကူမြို့နယ်အတွင်းက ကျောင်းတစ်ကျောင်းမှာ ကလေးတစ်ဦးကို ဝင်ရောက် ခိုးယူတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ရေနံချောင်း၊ မြစ်ကြီးနား၊ရန်ကုန်၊ ပဲခူး စတဲ့ မြို့တွေမှာလည်း ကလေးခိုးတာတွေရှိနေတယ်ဆိုတဲ့ သတင်းတွေဆက်တိုက်ဆိုသလို ပျံ့နှံ့လာခဲ့ပါတယ်။

ဒီဇင်ဘာ ၄ရက်နေ့ကလည်း ရန်ကုန်တိုင်း ဒလမြို့နယ်က မူလတန်းကျောင်း တစ်ကျောင်းမှာ ကလေးသူခိုးမိတယ်ဆိုတဲ့ သတင်းအမှားကြောင့် ကျောင်းရှေ့မှာ ကလေးမိဘတွေ စုဝေး ရောက်လာတဲ့ဖြစ်စဉ် လည်းရှိခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ကလေးသူခိုးတွေ သတင်းတွေကြောင့် ကလေးအတွက် မိဘတွေ စိုးရိမ်ခဲ့ကြ

ဆိုရှယ်မီဒီယာကတဆင့် ပျံ့နှံ့လာတဲ့ သတင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေကို ထိန်းချုပ်နိုင်ဖို့ လိုအပ်နေတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ဘလော့ဂါ တစ်ဦးလည်းဖြစ်၊ လွှတ်တော် ကိုယ်စား လှယ်တစ်ဦးလည်းဖြစ်တဲ့ ဦးနေဘုန်းလတ်က ဘီဘီစီကို အခုလို ပြောပါတယ်။

"နိုင်ငံတကာမှာတော့ ဒီလိုကိစ္စတွေ၊ cyber police လို နည်းပညာ ကျွမ်းကျင်တဲ့ ရဲဌာနကပဲ အဓိက လုပ်တာပဲ။ သုံးခုလိုတယ်။ cyber police လိုတယ်။ cyber law လိုတယ်။ နည်းပညာနဲ့ ပတ်သက်တဲ့ မှုခင်းတွေကို မှန်မှန်ကန်ကန် ဆုံးဖြတ်ချနိုင်တဲ့ တရားစီရင်ရေး ကဏ္ဍလိုတယ်"

"အဲတော့ အဲဒီသုံးခုလုံးမှာ ကျွန်တော်တို့အနေနဲ့ အားနည်းတယ်"

"ဒါပေမဲ့လည်း လုပ်မယ်ဆိုရင်တော့ လုပ်လို့ရတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ ဖြန့်နေတဲ့ အကောင့်မျိုးတွေ ဘာတွေရှိတယ်ဆို ဒါတွေကို trace သေချာလိုက်မယ်ဆိုရင် လိုက်လို့ရတယ်"

"ဒါတွေက နိုင်ငံရေးနဲ့ ဆက်စပ်ပတ်သက်နေတဲ့ဟာပေါ့။ ရွေးကောက်ပွဲလည်း အခု နီးလာပြီဆိုတော့ ဒါမျိုးနဲ့ အလားသဏ္ဍာန်တူတဲ့ ကိစ္စမျိုးတွေက အများကြီး ထပ်ဖြစ်လာနိုင်သေးတယ်လို့ မြင်တာပေါ့"

၂၀၁၆ ခုနှစ် ကလည်း ကလေးတွေ လိုက်ခိုးနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ကလေးသူခိုးလို့ အထင်မှားပြီး မကွေးမြို့မှာ အမျိုးသမီးတစ်ဦး မှားယွင်း ရိုက်နှက်ခံခဲ့ရသလို မန္တလေး မရမ်းခြံ သင်္ဘောဆိပ်မှာလည်း အမျိုးသားတစ်ဦး အသက်ဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ပဲခူးမွာ ကေလးသူခိုးဆိုၿပီး ႐ိုက္ႏွက္ခံရသူ ဘယ္မ်က္လုံးကြယ္ ပဲခူးမွာ ကေလးသူခိုးဆိုၿပီး ႐ိုက္ႏွက္ခံရသူ ဘယ္မ်က္လုံးကြယ္ Reviewed by THITHTOOLWIN on 05:51 Rating: 5
Powered by Blogger.