ဘဝကို စိတ္ေအးခ်မ္းစြာနဲ႔ ေက်ာ္ျဖတ္သြားခ်င္လား

(Zawgyi)⤵⤵⤵
စိတ္ကို လူေတာ္ေတာ္မ်ားမ်ားက ေမ့ေလ်ာ့ထားတတ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ျမင္ရတဲ့အရာထက္ မျမင္ရတဲ့ စိတ္ကို လူေတြက သိပ္ၿပီး ဂ႐ုစိုက္ေလ့ မရွိတာေၾကာင့္ပါပဲ။ “စိတ္ခ်မ္းသာမွ ကိုယ္က်န္းမာ” ဆိုသလို စိတ္ကို ေအးခ်မ္းစြာ ေနထိုင္တတ္မွ ဘဝကို က်န္းမာေပ်ာ္႐ႊင္စြာနဲ႔ ျဖတ္ေက်ာ္သြားႏိုင္မွာပါ။

စိတ္ခ်မ္းသာဖို႔ဆိုတာ ေျပာလို႔လြယ္ေပမဲ့ တကယ္တမ္းေတာ့ ေတာ္ေတာ္ေလး ခက္ခဲႏိုင္တယ္လို႔ ထင္ရပါတယ္။ ေန႔စဥ္ဘဝမွာ ျဖစ္ပ်က္ေနတဲ့ ကိစၥေတြ၊ အလုပ္ခြင္မွာ ေတြ႕ႀကဳံရတဲ့ အခက္အခဲေတြ၊ ဖိအားေတြ၊ မိသားစု၊ လူမႈေရးရာ အဆင္မေျပမႈေတြၾကားမွာ ဘယ္ေလာက္ပဲ ႀကံ့ခိုင္တဲ့ စိတ္ျဖစ္ေနပါေစ အနည္းငယ္ေတာ့ ဒဏ္ပိႏိုင္ပါတယ္။

ဒီေဆာင္းပါးေလးမွာေတာ့ မၾကာခဏ စိတ္ညစ္တတ္တဲ့ သူေတြ၊ ဘဝကို စိတ္ေအးလက္ေအး ေက်ာ္ျဖတ္ခ်င္တဲ့ သူေတြအတြက္ ေျပာင္းလဲသင့္တဲ့ ေနပုံထိုင္ပုံ၊ ျပင္ဆင္သင့္တဲ့ စိတ္ေနသေဘာထားအေၾကာင္း ေျပာျပေပးခ်င္ပါတယ္။

၁။ အသက္ရႉေလ့က်င့္ခန္း လုပ္ပါ။
အသက္ရႉတယ္ဆိုတာ သမား႐ိုးက် ေလ့က်င့္ခန္းတစ္ခုလို႔ ထင္ထားေပမယ့္ တကယ္ေတာ့ ကိုယ့္ရဲ႕ စိတ္ခံစားခ်က္နဲ႔ အမ်ားႀကီးသက္ဆိုင္မႈရွိေနပါတယ္။ ဥပမာ – ေဒါသျဖစ္လာတဲ့အခ်ိန္ ႏွလုံးေတြ တဆတ္ဆတ္ ခုန္လာၿပီး အသက္ရႉသံေတြ ျပင္းလာတာမ်ိဳးေပါ့။ ဒါေၾကာင့္ ဘဝကို ေအးခ်မ္းစြာ ေက်ာ္ျဖတ္ခ်င္တယ္ဆိုရင္ အသက္ကို ပုံမွန္အတိုင္း ျဖည္းျဖည္းခ်င္း ရႉရႈိက္တဲ့ အေလ့အက်င့္ကို ေမြးျမဴသင့္ပါတယ္။

အသက္ရႉေလ့က်င့္ခန္း လုပ္ေတာ့မယ္ဆိုရင္

သက္ေတာင့္သက္သာျဖစ္တဲ့ ေနရာ၊ ထိုင္ခုံမွာ ထိုင္ပါ။
ဝမ္းဗိုက္ေပၚကို လက္တစ္ဖက္တင္ၿပီး က်န္တဲ့ လက္တစ္ဖက္ကို ရင္ဘတ္ေပၚ တင္ထားပါ။
ဝမ္းဗိုက္ကေန အသက္ဝေအာင္ရႉသြင္းပါ။ ေလရႉသြင္းလိုက္တဲ့အခ်ိန္မွာ ဝမ္းဗိုက္ဟာ ေဖာင္းႂကြေနၿပီး ရင္ဘတ္ကေတာ့ နဂိုအတိုင္း ျဖစ္ေနပါေစ။

စကၠန္႔အနည္းငယ္ေလာက္ အသက္ကို ဝေအာင္ ရႉသြင္းၿပီးသြားရင္ ေလကို ျပန္ရႉထုတ္ေပးပါ။
တစ္ေန႔ကို ၁၀ မိနစ္ခန္႔ အသက္ရႉေလ့က်င့္ခန္းကို ပုံမွန္လုပ္ေပးပါ။

ေနာက္ပိုင္း အက်င့္ျဖစ္သြားတဲ့အခါမွာ ေလ့က်င့္ခန္း သီးသန္႔လုပ္စရာမလိုဘဲ ပုံမွန္အတိုင္းကို အသက္ကို ဝေအာင္ ျဖည္းျဖည္းခ်င္းရႉရႈိက္တတ္သြားမွာ ျဖစ္ပါတယ္။ အသက္ရႉေလ့က်င့္ခန္း မွန္မွန္လုပ္ေပးျခင္းရဲ႕ အဓိက ေကာင္းက်ိဳးကေတာ့ စိတ္ဖိစီးမႈ ျဖစ္ေနတဲ့အခ်ိန္မွာ ကိုယ္ခႏၶါမွာထြက္လာတဲ့ ေကာ္တီေစာေဟာ္မုန္း (Cortisol) ကို ေလွ်ာ့ခ်ေပးႏိုင္တဲ့အျပင္ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာစနစ္ကို ေကာင္းစြာ အနားေပးႏိုင္ပါတယ္။

၂။ ကိုယ္လက္ေလ့က်င့္ခန္း လုပ္ပါ။
ေလ့က်င့္ခန္းနဲ႔ အားကစားလုပ္ျခင္းဟာ ကိုယ္ခႏၶါနဲ႔ က်န္းမာေရးအတြက္သာမက စိတ္ဓါတ္ကိုလည္း ႀကံ့ခိုင္ဖြံ႕ၿဖိဳးေစပါတယ္။ ဒါ့အျပင္ ေလ့က်င့္ခန္းလုပ္ေနတဲ့အခ်ိန္မွာ စိတ္ကိုေပ်ာ္႐ႊင္ေစတဲ့ အန္ဒိုဖင္ေဟာ္မုန္း (Endorphin) ဒိုပါမင္ေဟာ္မုန္း (Dopamine) စီ႐ိုတိုနင္ေဟာ္မုန္း (Serotonin) နဲ႔ ေအာက္စီတိုစင္ေဟာမုန္း (Oxytocin) ေတြကို ဦးေႏွာက္က ထုတ္လႊတ္ေပးလိုက္ပါတယ္။

ဒီေဟာ္မုန္းေတြဟာ လူ႔ရဲ႕စိတ္ကို တည္ၿငိမ္ေအးခ်မ္းေစတယ္။ ေမာပန္းမႈနဲ႔ စိတ္ဖိစီးမႈေတြကို ေျပေလ်ာ့ေစတယ္။ အစာစားခ်င္စိတ္ကို ျဖစ္ေစၿပီး ညဘက္မွာ ေကာင္းစြာ အိပ္ေပ်ာ္ႏိုင္ေစတယ္။ ႏွလုံးေရာဂါနဲ႔ အမ်ိဳးအစား (၂) ဆီးခ်ိဳေရာဂါ ျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ဒါေၾကာင့္ တစ္ေန႔ကို မိနစ္ ၃၀ မွ ၆၀ ထိ လမ္းေလွ်ာက္တာ၊ ေျပးတာ၊ စက္ဘီးစီးတာ၊ ေရကူးတာ အစရွိတဲ့ ေလ့က်င့္ခန္းမ်ိဳး လုပ္ေပးမယ္၊ တစ္ပတ္ကို ၃ ႀကိမ္မွ ၅ ႀကိမ္ထိ ပုံမွန္ ကိုယ္လက္ေလ့က်င့္ခန္း လုပ္ျခင္းျဖင့္ စိတ္ရဲ႕ ေအးခ်မ္းေပ်ာ္႐ႊင္မႈကို တည္ေဆာက္ႏိုင္ပါတယ္။

၃။ ေနေရာင္ျခည္နဲ႔ ထိေတြ႕မႈရွိေပးပါ။
လူေတြနဲ႔ ဆက္ဆံမႈမရွိဘဲ အိမ္ထဲမွာ အၿမဲေလွာင္ပိတ္ေနရင္ စိတ္ဟာ အထီးက်န္ဆန္မႈ ပိုျဖစ္ေစႏိုင္ပါတယ္။ ေနေရာင္ျခည္ဟာ ကိုယ္ခႏၶါအတြက္ လိုအပ္တဲ့ ဗီတာမင္ D ဓါတ္ကို ေပးစြမ္းႏိုင္တဲ့အျပင္ စီ႐ိုတိုနင္ေဟာ္မုန္း (Serotonin) ကို ျမႇင့္တင္ေပးႏိုင္ပါတယ္။

ဒါေၾကာင့္ ပိတ္ရက္ေတြမွာ အိမ္မွာ ေအာင္းမေနဘဲ အျပင္ထြက္ၿပီး ေလေကာင္းေလသန္႔ရႉရႈိက္ပါ။ ပတ္ဝန္းက်င္ရဲ႕ အလွအပကို ေငးေမာခံစားၾကည့္ပါ။ အားကစားလုပ္တာျဖစ္ေစ၊ သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔ ေတြ႕ဆုံစကားေျပာတာျဖစ္ေစ ျပဳလုပ္ေပးပါ။

၄။ ဝါသနာပါတဲ့ အရာေတြ လုပ္ေပးျခင္းျဖင့္ စိတ္အပန္းေျဖပါ။
တစ္ခါတေလမွာ ဘာအေၾကာင္းအရာမွ မေတြးဘဲ စိတ္လြတ္လက္လြတ္ ကိုယ္ဝါသနာပါတဲ့ အရာေလးေတြ လုပ္ေပးလိုက္တာဟာ စိတ္ရဲ႕ နားခိုစရာ ထြက္ေပါက္တစ္ခု ဖန္တီးေပးလိုက္တာပါပဲ။ ဒါ့အျပင္ ကိုယ့္စိတ္ထဲမွာ စိတ္ညစ္စရာ၊ စိတ္ဖိစီးေနတာေတြ ခံစားေနရရင္လည္း ကိုယ့္ရဲ႕ အေတြးအာ႐ုံေတြကို ေပ်ာ္႐ႊင္ျမႇဳဖစ္ေစတဲ့ ဘက္ကို လွည့္ေျပာင္းေပးလိုက္တာနဲ႔ အတူတူပါပဲ။ အားလပ္ရက္မွာ ကိုယ္ဝါသနာပါတဲ့ အရာေတြ ေ႐ြးလုပ္လို႔လည္း ရသလို ကိုယ္စိတ္ဝင္စားတဲ့ လုပ္ငန္းခြင္ထဲကို ဝင္ေရာက္လုပ္ကိုင္တာျဖစ္ေစ ကိုယ့္ရဲ႕ စိတ္ေပ်ာ္႐ႊင္မႈကို ဖန္တီးလုပ္ယူလို႔ ရပါတယ္။

၅။ စိတ္ေကာင္းေစတနာထားပါ။
ေမတၱာဆိုတာ ေပးတဲ့သူအတြက္လည္း ၿငိမ္းခ်မ္းမႈကို ျဖစ္ေစသလို ရတဲ့သူအတြက္လည္း ေပ်ာ္႐ႊင္မႈကို ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ္တတ္ႏိုင္သေလာက္ ေမတၱာေတြကို မွ်ေဝပါ။ အားငယ္သူေတြ၊ အကူအညီလိုအပ္သူေတြကို ကိုယ္တတ္စြမ္းသေလာက္ ကူညီေဖးမပါ။ ကိုယ္စိတ္ေကာင္း ေစတနာထားသေလာက္ ကိုယ့္အေပၚ ေမတၱာေရာင္ျပန္ဟပ္တဲ့ ခံစားခ်က္ဟာ ဘာနဲ႔မွ မလဲႏိုင္ေအာင္ ၾကည္ႏူးပီတိျဖစ္စရာ ေကာင္းပါတယ္။

၆။ ကိုယ္ပိုင္ဆိုင္ထားတဲ့ အရာေတြကို တန္ဖိုးထားပါ။
လူေတာ္ေတာ္မ်ားမ်ားက ကိုယ္မပိုင္ရေသးတဲ့ အရာေတြေနာက္ကို ေလာဘ၊ ေဒါသ၊ ေမာဟေတြနဲ႔ လိုက္ရင္း ကိုယ့္မွာ ပိုင္ဆိုင္ထားတဲ့ အရာကို တန္ဖိုးထားဖို႔ ေမ့ေလ်ာ့ေနတတ္ပါတယ္။ ကိုယ့္အနားမွာ ကိုယ္လိုအပ္တဲ့ အခ်ိန္တိုင္း အၿမဲရွိေနေပးတဲ့ သူေတြ၊ အားေပးမႈ၊ ေထာက္ပံ့မႈ ျပဳခဲ့တဲ့ မိသားစုဝင္ေတြကို ေက်းဇူးတင္ေၾကာင္း အၿမဲေျပာပါ။ သူတို႔ေတြေပၚမွာထားတဲ့ ကိုယ့္ေမတၱာကိုလည္း ျမင္ေအာင္ အၿမဲျပသေပးပါ။

၇။ ကိုယ့္ရဲ႕ အမွားေတြကို ခြင့္လႊတ္လိုက္ပါ။
လူသားတိုင္း အမွားနဲ႔ မကင္းႏိုင္ၾကတာ သဘာဝပါပဲ။ ကိုယ္ အတိတ္ကမွားခဲ့တဲ့ အရာတစ္ခုအတြက္နဲ႔ တစ္သက္လုံး စိတ္ဆင္းရဲခံၿပီး ပူေလာင္ေနဖို႔ မလိုပါဘူး။ ဒါေၾကာင့္ လက္ရွိအခ်ိန္မွာ အေကာင္းဆုံး ျဖစ္ေအာင္ ေနထိုင္ပါ။ ကိုယ္ခ်စ္တဲ့ သူေတြအေပၚမွာ ထားရွိတဲ့ ကိုယ့္ရဲ႕ ေမတၱာကို ဖြင့္ဟေျပာျပပါ။ ကိုယ္ဝါသနာပါတဲ့ အလုပ္ကို ေ႐ြးခ်ယ္ပါ။ ၿပီးခဲ့တဲ့ အတိတ္ေပၚမွာ စြဲလမ္းစိတ္၊ အျပစ္မကင္းစိတ္၊ သိမ္ငယ္စိတ္၊ အားငယ္စိတ္ေတြ စြန္႔လႊတ္ပစ္လိုက္ပါ။ တစ္စုံတစ္ေယာက္အေပၚမွာ နာက်ည္းစိတ္၊ မုန္းတီးစိတ္ေတြ ရွိခဲ့ရင္လည္း ေမတၱာနဲ႔ ခြင့္လႊတ္ေပးလိုက္ပါ။

၈။ လိုအပ္တဲ့အခ်ိန္မွာ ေျပာင္းလဲသင့္တာကို ေျပာင္းလဲပစ္ပါ။
ဘဝဟာ တစ္သမတ္တည္း သြားေနရရင္ သိပ္ကို ပ်င္းဖို႔ ေကာင္းပါတယ္။ လက္ရွိျဖစ္ေနတဲ့အရာေတြက ကိုယ့္အတြက္ မလိုအပ္ဘူးလို႔ ထင္ရင္၊ ကိုယ့္ဘဝနဲ႔ ကိုယ့္စိတ္ကို မေကာင္းေသာ ေျပာင္းလဲမႈမ်ိဳး ျဖစ္ေစတဲ့ အဆိပ္အေတာက္ ပတ္ဝန္းက်င္၊ လူသားေတြကို ကိုယ့္ဘဝထဲက ထုတ္ဖို႔ လိုအပ္တယ္ထင္ရင္ ထုတ္ပစ္လိုက္ပါ။

ကိုယ္က စိတ္ေအးခ်မ္းသာဖို႔ ကိုယ့္ဘဝကို ျပန္လည္တည္ေဆာက္ဖို႔ ႀကိဳးစားေနခ်ိန္မွာ ကိုယ့္အနားမွာလည္း ေအးခ်မ္းတည္ၿငိမ္ေနတဲ့ သူမ်ိဳးေတြသာ ရွိသင့္ပါတယ္။ ကိုယ္တစ္ေယာက္တည္း ေျပာင္းလဲလို႔ မျဖစ္တဲ့အခါမွာ တျခားသူေတြကိုပါ အကူအညီေတာင္းပါ။

စိတ္ေရာကိုယ္ပါ ေပ်ာ္႐ႊင္ေအးခ်မ္းတဲ့ ဘဝကို ပိုင္ဆိုင္ရဖို႔ဆိုတာ မိမိကိုယ္တိုင္သာမက ကိုယ့္အနားပတ္ဝန္းက်င္က လူေတြကိုပါ အခ်ိန္ေပးၿပီး ေျပာင္းလဲျပင္ဆင္ႏိုင္ဖို႔ အေရးႀကီးပါတယ္။ လြယ္ကူမွာ မဟုတ္ေပမဲ့ စိတ္အားထက္သန္မႈနဲ႔ ႀကိဳးစားမႈသာ ရွိရင္ အခ်ိန္တိုအတြင္း ကိုယ့္ရဲ႕ ဘဝမွာ ေကာင္းေသာ တိုးတက္ေျပာင္းလဲမႈေတြ၊ စိတ္ေပ်ာ္႐ႊင္ေအးခ်မ္းမႈေတြနဲ႔ ႀကဳံလာမယ္ဆိုတာ မလြဲဧကန္ပါပဲ။

ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
---------------
(Unicode)⤵⤵⤵
ဘဝကို စိတ်အေးချမ်းစွာနဲ့ ကျော်ဖြတ်သွားချင်လား

စိတ်ကို လူတော်တော်များများက မေ့လျော့ထားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြင်ရတဲ့အရာထက် မမြင်ရတဲ့ စိတ်ကို လူတွေက သိပ်ပြီး ဂရုစိုက်လေ့ မရှိတာကြောင့်ပါပဲ။ “စိတ်ချမ်းသာမှ ကိုယ်ကျန်းမာ” ဆိုသလို စိတ်ကို အေးချမ်းစွာ နေထိုင်တတ်မှ ဘဝကို ကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်ကျော်သွားနိုင်မှာပါ။

စိတ်ချမ်းသာဖို့ဆိုတာ ပြောလို့လွယ်ပေမဲ့ တကယ်တမ်းတော့ တော်တော်လေး ခက်ခဲနိုင်တယ်လို့ ထင်ရပါတယ်။ နေ့စဉ်ဘဝမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေ၊ အလုပ်ခွင်မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ ဖိအားတွေ၊ မိသားစု၊ လူမှုရေးရာ အဆင်မပြေမှုတွေကြားမှာ ဘယ်လောက်ပဲ ကြံ့ခိုင်တဲ့ စိတ်ဖြစ်နေပါစေ အနည်းငယ်တော့ ဒဏ်ပိနိုင်ပါတယ်။

ဒီဆောင်းပါးလေးမှာတော့ မကြာခဏ စိတ်ညစ်တတ်တဲ့ သူတွေ၊ ဘဝကို စိတ်အေးလက်အေး ကျော်ဖြတ်ချင်တဲ့ သူတွေအတွက် ပြောင်းလဲသင့်တဲ့ နေပုံထိုင်ပုံ၊ ပြင်ဆင်သင့်တဲ့ စိတ်နေသဘောထားအကြောင်း ပြောပြပေးချင်ပါတယ်။

၁။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
အသက်ရှူတယ်ဆိုတာ သမားရိုးကျ လေ့ကျင့်ခန်းတစ်ခုလို့ ထင်ထားပေမယ့် တကယ်တော့ ကိုယ့်ရဲ့ စိတ်ခံစားချက်နဲ့ အများကြီးသက်ဆိုင်မှုရှိနေပါတယ်။ ဥပမာ – ဒေါသဖြစ်လာတဲ့အချိန် နှလုံးတွေ တဆတ်ဆတ် ခုန်လာပြီး အသက်ရှူသံတွေ ပြင်းလာတာမျိုးပေါ့။ ဒါကြောင့် ဘဝကို အေးချမ်းစွာ ကျော်ဖြတ်ချင်တယ်ဆိုရင် အသက်ကို ပုံမှန်အတိုင်း ဖြည်းဖြည်းချင်း ရှူရှိုက်တဲ့ အလေ့အကျင့်ကို မွေးမြူသင့်ပါတယ်။

အသက်ရှူလေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင်

သက်တောင့်သက်သာဖြစ်တဲ့ နေရာ၊ ထိုင်ခုံမှာ ထိုင်ပါ။
ဝမ်းဗိုက်ပေါ်ကို လက်တစ်ဖက်တင်ပြီး ကျန်တဲ့ လက်တစ်ဖက်ကို ရင်ဘတ်ပေါ် တင်ထားပါ။
ဝမ်းဗိုက်ကနေ အသက်ဝအောင်ရှူသွင်းပါ။ လေရှူသွင်းလိုက်တဲ့အချိန်မှာ ဝမ်းဗိုက်ဟာ ဖောင်းကြွနေပြီး ရင်ဘတ်ကတော့ နဂိုအတိုင်း ဖြစ်နေပါစေ။
စက္ကန့်အနည်းငယ်လောက် အသက်ကို ဝအောင် ရှူသွင်းပြီးသွားရင် လေကို ပြန်ရှူထုတ်ပေးပါ။
တစ်နေ့ကို ၁၀ မိနစ်ခန့် အသက်ရှူလေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပါ။
နောက်ပိုင်း အကျင့်ဖြစ်သွားတဲ့အခါမှာ လေ့ကျင့်ခန်း သီးသန့်လုပ်စရာမလိုဘဲ ပုံမှန်အတိုင်းကို အသက်ကို ဝအောင် ဖြည်းဖြည်းချင်းရှူရှိုက်တတ်သွားမှာ ဖြစ်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်းရဲ့ အဓိက ကောင်းကျိုးကတော့ စိတ်ဖိစီးမှု ဖြစ်နေတဲ့အချိန်မှာ ကိုယ်ခန္ဓါမှာထွက်လာတဲ့ ကော်တီစောဟော်မုန်း (Cortisol) ကို လျှော့ချပေးနိုင်တဲ့အပြင် ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ကောင်းစွာ အနားပေးနိုင်ပါတယ်။

၂။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။
လေ့ကျင့်ခန်းနဲ့ အားကစားလုပ်ခြင်းဟာ ကိုယ်ခန္ဓါနဲ့ ကျန်းမာရေးအတွက်သာမက စိတ်ဓါတ်ကိုလည်း ကြံ့ခိုင်ဖွံ့ဖြိုးစေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ စိတ်ကိုပျော်ရွှင်စေတဲ့ အန်ဒိုဖင်ဟော်မုန်း (Endorphin) ဒိုပါမင်ဟော်မုန်း (Dopamine) စီရိုတိုနင်ဟော်မုန်း (Serotonin) နဲ့ အောက်စီတိုစင်ဟောမုန်း (Oxytocin) တွေကို ဦးနှောက်က ထုတ်လွှတ်ပေးလိုက်ပါတယ်။

ဒီဟော်မုန်းတွေဟာ လူ့ရဲ့စိတ်ကို တည်ငြိမ်အေးချမ်းစေတယ်။ မောပန်းမှုနဲ့ စိတ်ဖိစီးမှုတွေကို ပြေလျော့စေတယ်။ အစာစားချင်စိတ်ကို ဖြစ်စေပြီး ညဘက်မှာ ကောင်းစွာ အိပ်ပျော်နိုင်စေတယ်။ နှလုံးရောဂါနဲ့ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ဒါကြောင့် တစ်နေ့ကို မိနစ် ၃၀ မှ ၆၀ ထိ လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ ရေကူးတာ အစရှိတဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေးမယ်၊ တစ်ပတ်ကို ၃ ကြိမ်မှ ၅ ကြိမ်ထိ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် စိတ်ရဲ့ အေးချမ်းပျော်ရွှင်မှုကို တည်ဆောက်နိုင်ပါတယ်။

၃။ နေရောင်ခြည်နဲ့ ထိတွေ့မှုရှိပေးပါ။
လူတွေနဲ့ ဆက်ဆံမှုမရှိဘဲ အိမ်ထဲမှာ အမြဲလှောင်ပိတ်နေရင် စိတ်ဟာ အထီးကျန်ဆန်မှု ပိုဖြစ်စေနိုင်ပါတယ်။ နေရောင်ခြည်ဟာ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ ဗီတာမင် D ဓါတ်ကို ပေးစွမ်းနိုင်တဲ့အပြင် စီရိုတိုနင်ဟော်မုန်း (Serotonin) ကို မြှင့်တင်ပေးနိုင်ပါတယ်။

ဒါကြောင့် ပိတ်ရက်တွေမှာ အိမ်မှာ အောင်းမနေဘဲ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူရှိုက်ပါ။ ပတ်ဝန်းကျင်ရဲ့ အလှအပကို ငေးမောခံစားကြည့်ပါ။ အားကစားလုပ်တာဖြစ်စေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့ဆုံစကားပြောတာဖြစ်စေ ပြုလုပ်ပေးပါ။

၄။ ဝါသနာပါတဲ့ အရာတွေ လုပ်ပေးခြင်းဖြင့် စိတ်အပန်းဖြေပါ။
တစ်ခါတလေမှာ ဘာအကြောင်းအရာမှ မတွေးဘဲ စိတ်လွတ်လက်လွတ် ကိုယ်ဝါသနာပါတဲ့ အရာလေးတွေ လုပ်ပေးလိုက်တာဟာ စိတ်ရဲ့ နားခိုစရာ ထွက်ပေါက်တစ်ခု ဖန်တီးပေးလိုက်တာပါပဲ။ ဒါ့အပြင် ကိုယ့်စိတ်ထဲမှာ စိတ်ညစ်စရာ၊ စိတ်ဖိစီးနေတာတွေ ခံစားနေရရင်လည်း ကိုယ့်ရဲ့ အတွေးအာရုံတွေကို ပျော်ရွှင်မြှုဖစ်စေတဲ့ ဘက်ကို လှည့်ပြောင်းပေးလိုက်တာနဲ့ အတူတူပါပဲ။ အားလပ်ရက်မှာ ကိုယ်ဝါသနာပါတဲ့ အရာတွေ ရွေးလုပ်လို့လည်း ရသလို ကိုယ်စိတ်ဝင်စားတဲ့ လုပ်ငန်းခွင်ထဲကို ဝင်ရောက်လုပ်ကိုင်တာဖြစ်စေ ကိုယ့်ရဲ့ စိတ်ပျော်ရွှင်မှုကို ဖန်တီးလုပ်ယူလို့ ရပါတယ်။

၅။ စိတ်ကောင်းစေတနာထားပါ။
မေတ္တာဆိုတာ ပေးတဲ့သူအတွက်လည်း ငြိမ်းချမ်းမှုကို ဖြစ်စေသလို ရတဲ့သူအတွက်လည်း ပျော်ရွှင်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တတ်နိုင်သလောက် မေတ္တာတွေကို မျှဝေပါ။ အားငယ်သူတွေ၊ အကူအညီလိုအပ်သူတွေကို ကိုယ်တတ်စွမ်းသလောက် ကူညီဖေးမပါ။ ကိုယ်စိတ်ကောင်း စေတနာထားသလောက် ကိုယ့်အပေါ် မေတ္တာရောင်ပြန်ဟပ်တဲ့ ခံစားချက်ဟာ ဘာနဲ့မှ မလဲနိုင်အောင် ကြည်နူးပီတိဖြစ်စရာ ကောင်းပါတယ်။

၆။ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေကို တန်ဖိုးထားပါ။
လူတော်တော်များများက ကိုယ်မပိုင်ရသေးတဲ့ အရာတွေနောက်ကို လောဘ၊ ဒေါသ၊ မောဟတွေနဲ့ လိုက်ရင်း ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ အရာကို တန်ဖိုးထားဖို့ မေ့လျော့နေတတ်ပါတယ်။ ကိုယ့်အနားမှာ ကိုယ်လိုအပ်တဲ့ အချိန်တိုင်း အမြဲရှိနေပေးတဲ့ သူတွေ၊ အားပေးမှု၊ ထောက်ပံ့မှု ပြုခဲ့တဲ့ မိသားစုဝင်တွေကို ကျေးဇူးတင်ကြောင်း အမြဲပြောပါ။ သူတို့တွေပေါ်မှာထားတဲ့ ကိုယ့်မေတ္တာကိုလည်း မြင်အောင် အမြဲပြသပေးပါ။

၇။ ကိုယ့်ရဲ့ အမှားတွေကို ခွင့်လွှတ်လိုက်ပါ။
လူသားတိုင်း အမှားနဲ့ မကင်းနိုင်ကြတာ သဘာဝပါပဲ။ ကိုယ် အတိတ်ကမှားခဲ့တဲ့ အရာတစ်ခုအတွက်နဲ့ တစ်သက်လုံး စိတ်ဆင်းရဲခံပြီး ပူလောင်နေဖို့ မလိုပါဘူး။ ဒါကြောင့် လက်ရှိအချိန်မှာ အကောင်းဆုံး ဖြစ်အောင် နေထိုင်ပါ။ ကိုယ်ချစ်တဲ့ သူတွေအပေါ်မှာ ထားရှိတဲ့ ကိုယ့်ရဲ့ မေတ္တာကို ဖွင့်ဟပြောပြပါ။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ရွေးချယ်ပါ။ ပြီးခဲ့တဲ့ အတိတ်ပေါ်မှာ စွဲလမ်းစိတ်၊ အပြစ်မကင်းစိတ်၊ သိမ်ငယ်စိတ်၊ အားငယ်စိတ်တွေ စွန့်လွှတ်ပစ်လိုက်ပါ။ တစ်စုံတစ်ယောက်အပေါ်မှာ နာကျည်းစိတ်၊ မုန်းတီးစိတ်တွေ ရှိခဲ့ရင်လည်း မေတ္တာနဲ့ ခွင့်လွှတ်ပေးလိုက်ပါ။

၈။ လိုအပ်တဲ့အချိန်မှာ ပြောင်းလဲသင့်တာကို ပြောင်းလဲပစ်ပါ။
ဘဝဟာ တစ်သမတ်တည်း သွားနေရရင် သိပ်ကို ပျင်းဖို့ ကောင်းပါတယ်။ လက်ရှိဖြစ်နေတဲ့အရာတွေက ကိုယ့်အတွက် မလိုအပ်ဘူးလို့ ထင်ရင်၊ ကိုယ့်ဘဝနဲ့ ကိုယ့်စိတ်ကို မကောင်းသော ပြောင်းလဲမှုမျိုး ဖြစ်စေတဲ့ အဆိပ်အတောက် ပတ်ဝန်းကျင်၊ လူသားတွေကို ကိုယ့်ဘဝထဲက ထုတ်ဖို့ လိုအပ်တယ်ထင်ရင် ထုတ်ပစ်လိုက်ပါ။

ကိုယ်က စိတ်အေးချမ်းသာဖို့ ကိုယ့်ဘဝကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေချိန်မှာ ကိုယ့်အနားမှာလည်း အေးချမ်းတည်ငြိမ်နေတဲ့ သူမျိုးတွေသာ ရှိသင့်ပါတယ်။ ကိုယ်တစ်ယောက်တည်း ပြောင်းလဲလို့ မဖြစ်တဲ့အခါမှာ တခြားသူတွေကိုပါ အကူအညီတောင်းပါ။

စိတ်ရောကိုယ်ပါ ပျော်ရွှင်အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ရဖို့ဆိုတာ မိမိကိုယ်တိုင်သာမက ကိုယ့်အနားပတ်ဝန်းကျင်က လူတွေကိုပါ အချိန်ပေးပြီး ပြောင်းလဲပြင်ဆင်နိုင်ဖို့ အရေးကြီးပါတယ်။ လွယ်ကူမှာ မဟုတ်ပေမဲ့ စိတ်အားထက်သန်မှုနဲ့ ကြိုးစားမှုသာ ရှိရင် အချိန်တိုအတွင်း ကိုယ့်ရဲ့ ဘဝမှာ ကောင်းသော တိုးတက်ပြောင်းလဲမှုတွေ၊ စိတ်ပျော်ရွှင်အေးချမ်းမှုတွေနဲ့ ကြုံလာမယ်ဆိုတာ မလွဲဧကန်ပါပဲ။

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ဘဝကို စိတ္ေအးခ်မ္းစြာနဲ႔ ေက်ာ္ျဖတ္သြားခ်င္လား ဘဝကို စိတ္ေအးခ်မ္းစြာနဲ႔ ေက်ာ္ျဖတ္သြားခ်င္လား Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.