ျမန္မာတဦးကို မူးယစ္ေဆးသံသယနဲ႔ ထိုင္းရဲေတြ အေသပစ္ ဖမ္းဆီး

မူးယစ္ေဆးသံသယရွိသူရဲ႕ ေနအိမ္ကို ထိုင္းရဲေတြ စစ္ေဆး (credit thai police)

(Zawgyi/Unicode)

ထိုင္းေတာင္ပိုင္း နကြန္စီဌာမရခရိုင္မွာ စိတ္ၾကြေဆးျပား ထုတ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံသားတဦးကုိ ထိုင္းရဲတပ္ဖဲြ႔က ပစ္ခတ္ဖမ္းဆီးရာမွာ အေသဖမ္းမိ ခဲ့ၿပီး ဒီဇင္ဘာလ ၁ရက္ေန႔ကသူရဲ႕ ေနအိမ္ကို ရွာေဖြရာမွာ စိတ္ၾကြေဆးျပား ၅သိန္းအိုက္စ္လို႔ ေခၚတဲ့ မူးယစ္ေဆး ၁၀ကီလို နဲ႕ စိတ္ၾကြေဆး ထုတ္လုပ္တဲ့ စက္ေတြပါ ဖမ္းမိခဲ့ေၾကာင္း သတင္းစာရွင္းလင္းပဲြလုပ္ခဲ့ပါတယ္။ ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ သတင္းေပးပုိ႔ ထားပါတယ္။

ထိုင္းႏိုင္ငံ နကြန္စီဌာမရခရိုင္၊ ထံုးစြန္ၿမိဳ႕၊ ဖတ္ထနာ လမ္းမေပၚမွာ ရွိတဲ့ ၂ထပ္အိမ္တလံုးမွာ ေနထုိင္ေနတဲ့ အသက္ ၃၂ အရြယ္ ျမန္မာႏိုင္ငံသား ေမာင္ဦးကုိ ထိုင္း ရဲတပ္ဖဲြ ့က မူးယစ္ေဆး၀ါး ၀ယ္ယူတဲ့ အသြင္ေဆာင္ၿပီး စိတ္ၾကြေဆးျပား တေသာင္းကို စတင္ ၀ယ္ယူခဲ့တာပါ။ စိတ္ၾကြေဆးနဲ႔ သူလႊတ္လိုက္တဲ့သူကုိ ထုိင္းရဲေတြက ဖမ္းဆီးခဲ့ၿပီးတဲ့ေနာက္ရဲေတြက သူ ကို ၀ိုင္းထားၿပီ ဆိုတာ သိလိုက္ခ်ိန္မွာ သူဟာ ေသနတ္နဲ႔ ခုခံပစ္ခတ္ၿပီး ရဲကားေတြကို တုိက္ ထြက္ေျပးသြားတာေၾကာင့္ သူကို ထုိင္းရဲေတြက အေသ ပစ္ခတ္ဖမ္းဆီး လိုက္တာျဖစ္တယ္လို႔ ဆိုပါတယ္။

အမွတ္ (၈) ေဒသရဲမွဴး စုတိခ်ိဳင္၀ပ္ထနာကြန္ ကေတာ့ ဒီဇင္ဘာလ ၁ရက္ေန႔က သတင္းစာ ရွင္းလင္းပဲြ လုပ္ခဲ့ၿပီး အခုလို ေျပာသြားပါတယ္။

“ဒီျမန္မာႏိုင္ငံသား ေမာင္ဦးဆိုသူကုိ က်ေနာ္တို႔ ထုိင္းရဲတပ္ဖဲြ႔က လိုက္ေနတာၾကာၿပီ။ သူဟာ ထုိင္းႏို္င္ငံက ဖမ္း၀ရမ္း ထုတ္ထားတဲ့ သူျဖစ္ပါတယ္။ ထုိင္းေျမာက္ပုိင္းက မူးယစ္ကုန္ၾကမ္းေတြကို သယ္ေဆာင္လာၿပီး ထုိင္းေတာင္ပိုင္းမွာ အဓိက ျဖန္႔ျဖဴးေနသူျဖစ္ပါတယ္။”

ထိုင္းရဲက အလိုရွိေနတဲ့ မူးယစ္ေဆး၀ါး ထုတ္လုပ္ေရာင္းခ်ေနတဲ့ ေမာင္ဦးဟာ ထိုင္းႏိုင္ငံသူတဦး နဲ႔ အိမ္ေထာင္ျပဳထားၿပီး ျမန္မာႏိုင္ငံကူး လက္မွတ္ကုိ ကုိင္ေဆာင္ထားသူ တဦးျဖစ္ပါတယ္။

သူေနထိုင္ေနတဲ့ အိမ္မွာေတာ့ စိတ္ၾကြေဆးျပား ထုတ္လုပ္တဲ့ စက္ေတြနဲ႔ ကာလတန္ဖိုး ဘတ္ေငြ သန္းေပါင္း ၁၀၀ေက်ာ္ တန္ဖိုးရွိတဲ့ မူးယစ္ေဆး၀ါးေတြကုိ ဖမ္းမိခဲ့ပါတယ္။

ဒီရက္ပုိင္းမွာပဲ ထုိင္းေျမာက္ပုိင္းမွာ စိတ္ၾကြေဆးျပားေတြ သန္းနဲ႔ ခ်ီၿပီး ဖမ္းမိေနတာပါ။ ႏို၀င္ဘာလ ၃၀ ရက္ေန႔ ကေတာ့ ထိုင္း-ျမန္မာနယ္စပ္ တာ့ခရိုင္ထဲက မယ္လဒုကၡသည္ စခန္းကို ထိုင္း နယ္ျခားေစာင့္ တပ္က ေရွာင္တခင္ စစ္ေဆးရွာေဖြမူ လုပ္ရာမွာ အမ်ိဳးသမီးတဦး အပါအ၀င္ ဒုကၡသည္၄ဦးဆီက စိတ္ၾကြေဆး ၁၀၀ေလာက္ကိုလည္း ဖမ္းမိခဲ့ပါတယ္ ။

............................

မြန်မာတဦးကို မူးယစ်ဆေးသံသယနဲ့ ထိုင်းရဲတွေ အသေပစ် ဖမ်းဆီး

(Unicode)

ထိုင်းတောင်ပိုင်း နကွန်စီဌာမရခရိုင်မှာ စိတ်ကြွဆေးပြား ထုတ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတဦးကို ထိုင်းရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာမှာ အသေဖမ်းမိခဲ့ပြီးဒီဇင်ဘာလ ၁ရက်နေ့ကသူရဲ့ နေအိမ်ကို ရှာဖွေရာမှာ စိတ်ကြွဆေးပြား ၅သိန်းအိုက်စ်လို့ ခေါ်တဲ့ မူးယစ်ဆေး ၁၀ကီလို နဲ့ စိတ်ကြွဆေး ထုတ်လုပ်တဲ့ စက်တွေပါ ဖမ်းမိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ နကွန်စီဌာမရခရိုင်၊ ထုံးစွန်မြို့၊ ဖတ်ထနာ လမ်းမပေါ်မှာ ရှိတဲ့ ၂ထပ်အိမ်တလုံးမှာ နေထိုင်နေတဲ့ အသက် ၃၂ အရွယ် မြန်မာနိုင်ငံသားမောင်ဦးကို ထိုင်း ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး ဝယ်ယူတဲ့ အသွင်ဆောင်ပြီး စိတ်ကြွဆေးပြား တသောင်းကို စတင် ဝယ်ယူခဲ့တာပါ။ စိတ်ကြွဆေးနဲ့ သူလွှတ်လိုက်တဲ့သူကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပြီးတဲ့နောက်ရဲတွေက သူ ကို ဝိုင်းထားပြီ ဆိုတာ သိလိုက်ချိန်မှာ သူဟာ သေနတ်နဲ့ ခုခံပစ်ခတ်ပြီး ရဲကားတွေကို တိုက် ထွက်ပြေးသွားတာကြောင့် သူကို ထိုင်းရဲတွေက အသေ ပစ်ခတ်ဖမ်းဆီး လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အမှတ် (၈) ဒေသရဲမှူး စုတိချိုင်ဝပ်ထနာကွန် ကတော့ ဒီဇင်ဘာလ ၁ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပြီး အခုလို ပြောသွားပါတယ်။

“ဒီမြန်မာနိုင်ငံသား မောင်ဦးဆိုသူကို ကျနော်တို့ ထိုင်းရဲတပ်ဖွဲ့က လိုက်နေတာကြာပြီ။ သူဟာ ထိုင်းနိုင်ငံက ဖမ်းဝရမ်း ထုတ်ထားတဲ့ သူဖြစ်ပါတယ်။ ထိုင်းမြောက်ပိုင်းက မူးယစ်ကုန်ကြမ်းတွေကို သယ်ဆောင်လာပြီး ထိုင်းတောင်ပိုင်းမှာ အဓိက ဖြန့်ဖြူးနေသူဖြစ်ပါတယ်။”

ထိုင်းရဲက အလိုရှိနေတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချနေတဲ့ မောင်ဦးဟာ ထိုင်းနိုင်ငံသူတဦး နဲ့ အိမ်ထောင်ပြုထားပြီး မြန်မာနိုင်ငံကူး လက်မှတ်ကို ကိုင်ဆောင်ထားသူ တဦးဖြစ်ပါတယ်။

သူနေထိုင်နေတဲ့ အိမ်မှာတော့ စိတ်ကြွဆေးပြား ထုတ်လုပ်တဲ့ စက်တွေနဲ့ ကာလတန်ဖိုး ဘတ်ငွေ သန်းပေါင်း ၁၀၀ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့ပါတယ်။

ဒီရက်ပိုင်းမှာပဲ ထိုင်းမြောက်ပိုင်းမှာ စိတ်ကြွဆေးပြားတွေ သန်းနဲ့ ချီပြီး ဖမ်းမိနေတာပါ။ နိုဝင်ဘာလ ၃၀ ရက်နေ့ ကတော့ ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင်ထဲက မယ်လဒုက္ခသည် စခန်းကို ထိုင်း နယ်ခြားစောင့် တပ်က ရှောင်တခင် စစ်ဆေးရှာဖွေမူ လုပ်ရာမှာ အမျိုးသမီးတဦး အပါအဝင် ဒုက္ခသည်၄ဦးဆီက စိတ်ကြွဆေး ၁၀၀လောက်ကိုလည်း ဖမ်းမိခဲ့ပါတယ် ။

မေအးေအးမာ/ VOA Burmese
https://burmese.voanews.com
ျမန္မာတဦးကို မူးယစ္ေဆးသံသယနဲ႔ ထိုင္းရဲေတြ အေသပစ္ ဖမ္းဆီး ျမန္မာတဦးကို မူးယစ္ေဆးသံသယနဲ႔ ထိုင္းရဲေတြ အေသပစ္ ဖမ္းဆီး Reviewed by THITHTOOLWIN on 10:33 Rating: 5
Powered by Blogger.