ကန္ေရတပ္သေဘၤာေတြ ေဟာင္ေကာင္ကပ္ခြင့္ ပိတ္မည္

တ႐ုတ္အစိုးရေျပာခြင့္ရ Hua Chunying

(Zawgyi/Unicode)

ေဟာင္ေကာင္ဒီမိုကေရစီေရးကို အားေပးတဲ့ ဥပေဒကို အေမရိကန္က အတည္ျပဳခ့ဲၿပီးေနာက္ အေမရိကန္ေရတပ္သေဘၤာေတြ ေဟာင္ေကာင္မွာ ကမ္းကပ္ခြင့္ ေပးထားတဲ့ ခြင့္ျပဳခ်က္ကို ဆိုင္းလိုက္တယ္လို႔ တ႐ုတ္ႏိုင္ငံက ေျပာၾကားလုိက္ပါတယ္။

အေမရိကန္ရဲ႕ အဓိပၸါယ္မ႐ွိတဲ့ လုပ္ရပ္ေၾကာင့္ အေမရိကန္စစ္သေဘၤာေတြ၊ ေလယာဥ္ေတြကို ေဟာင္ေကာင္ပိုင္နက္ထဲ နားခြင့္ျပဳထားတဲ့ ခြင့္ျပဳခ်က္ကို ဆိုင္းထားဖုိ႔ တ႐ုတ္အစိုးရက ဆံုးျဖတ္ခဲ့ေၾကာင္း တ႐ုတ္အစိုးရေျပာခြင့္ရ Hua Chunying က ဒီကေန႔ သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

အေမရိကန္အေနနဲ႔ အမွားကို ျပင္ဆင္ဖို႔နဲ႔ ေဟာင္ေကာင္နဲ႔ တ႐ုတ္ျပည္တြင္းေရးကို ဝင္စြက္ေနတဲ့ လုပ္ရပ္ေတြရပ္ဖုိ႔လည္္း တ႐ုတ္က တိုက္တြန္းတယ္လို႔ ဆိုခဲ့ပါတယ္။ ေဟာင္ေကာင္က ဒီမိုကေရစီေတာင္းဆိုဆႏၵျပမႈေတြအေပၚ ဆိုးဆိုးဝါးဝါး ကိုင္တြယ္တံု႔ျပန္တယ္လို႔ဆိုတဲ့ အေမရိကန္အေျခစိုက္ NGO အဖဲြ႔တခ်ဳိ႕ကိုလည္း အေရးယူဒဏ္ခတ္လိုက္ပါတယ္။

အဲဒီအဖဲြ႔ေတြထဲမွာ National Endowment for Democracy၊ NED Human Rights Watch၊ Freedom House စတဲ့ လူ႔အခြင့္အေရးကို အားေပးေနတဲ့ အဖဲြ႔ေတြပါပါတယ္။ ဒီသတင္းနဲ႔ တဆက္ထဲမွာပဲ အေမရိကန္နဲ႔ တ႐ုတ္ၾကား ကုန္သြယ္ေရး သေဘာတူညီခ်က္ေတြရဖုိ႔ ေဆြးေႏြးေနမႈေတြ ရပ္ဆိုင္းေနတယ္လို႔ Axios ဆိုတဲ့ သတင္း Website ကေဖာ္ျပခဲ့ပါတယ္။

ေဟာင္ေကာင္လူ႔အခြင့္အေရးနဲ႔ ဒီမိုကေရစီဥပေဒကို သမၼတ Donald Trump လက္မွတ္ထုိးအတည္ျပဳခဲ့လို႔ ေဆြးေႏြးမႈေတြ ရပ္သြားေၾကာင္းနဲ႔ သမၼတ Xi Jinping အေနနဲ႔ ျပည္တြင္းႏိုင္ငံေရးအေျခအေန တည္ၿငိမ္ေအာင္ အခ်ိန္ေစာင့္ဖု႔ိလိုေၾကာင္း အေမရိကန္ကိုယ္စားလွယ္အဖဲြ႔နဲ႔ နီးစပ္သူရဲ႕အေျပာကို ကိုးကားၿပီး သတင္းမွာ ေဖာ္ျပပါတယ္။

ေဟာင္ေကာင္ဒီမိုကေရစီေရး ဆႏၵျပမႈေတြအေပၚ တ႐ုတ္ျပည္မႀကီးလိုလားတဲ့ အစိုးရက ႏွိမ္ႏွင္းေနတာေၾကာင့္ ေဟာင္ေကာင္ကို အေမရိကန္ကေပးထားတဲ့ ကုန္သြယ္ေရး အထူးအခြင့္အေရးကို ႏွစ္စဥ္ျပန္လည္ သံုးသပ္ဖို႔နဲ႔ ေဟာင္ေကာင္ အဓိက႐ုဏ္းေရး ရဲတပ္ဖဲြ႔ေတြ အသံုးျပဳတဲ့လက္နက္ေတြ ေရာင္းခ်မႈပိတ္ပင္ဖုိ႔ ပါဝင္တဲ့ ဥပေဒၾကမ္း ၂ ခုကို သမၼတ Trump က ၿပီးခဲ့တဲ့သီတင္းပါတ္က လက္မွတ္ေရးထိုး အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

[Unicode Version]

ကန်ရေတပ်သင်္ဘောတွေ ဟောင်ကောင်ကပ်ခွင့် ပိတ်မည်

ဟောင်ကောင်ဒီမိုကရေစီရေးကို အားပေးတဲ့ ဥပဒေကို အမေရိကန်က အတည်ပြုခဲ့ပြီးနောက် အမေရိကန်ရေတပ်သင်္ဘောတွေ ဟောင်ကောင်မှာ ကမ်းကပ်ခွင့် ပေးထားတဲ့ ခွင့်ပြုချက်ကို ဆိုင်းလိုက်တယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။

အမေရိကန်ရဲ့ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ကြောင့် အမေရိကန်စစ်သင်္ဘောတွေ၊ လေယာဉ်တွေကို ဟောင်ကောင်ပိုင်နက်ထဲ နားခွင့်ပြုထားတဲ့ ခွင့်ပြုချက်ကို ဆိုင်းထားဖို့ တရုတ်အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း တရုတ်အစိုးရပြောခွင့်ရ Hua Chunying ကဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်အနေနဲ့ အမှားကို ပြင်ဆင်ဖို့နဲ့ ဟောင်ကောင်နဲ့ တရုတ်ပြည်တွင်းရေးကို ဝင်စွက်နေတဲ့ လုပ်ရပ်တွေရပ်ဖို့လည်း တရုတ်က တိုက်တွန်းတယ်လို့ ဆိုခဲ့ပါတယ်။ ဟောင်ကောင်က ဒီမိုကရေစီတောင်းဆိုဆန္ဒပြမှုတွေအပေါ် ဆိုးဆိုးဝါးဝါး ကိုင်တွယ်တုံ့ပြန်တယ်လို့ဆိုတဲ့ အမေရိကန်အခြေစိုက် NGO အဖွဲ့တချို့ကိုလည်း အရေးယူဒဏ်ခတ်လိုက်ပါတယ်။

အဲဒီအဖွဲ့တွေထဲမှာ National Endowment for Democracy၊ NED Human Rights Watch၊ Freedom House စတဲ့ လူ့အခွင့်အရေးကို အားပေးနေတဲ့ အဖွဲ့တွေပါပါတယ်။ ဒီသတင်းနဲ့ တဆက်ထဲမှာပဲ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေး သဘောတူညီချက်တွေရဖို့ ဆွေးနွေးနေမှုတွေ ရပ်ဆိုင်းနေတယ်လို့ Axios ဆိုတဲ့ သတင်း Website ကဖော်ပြခဲ့ပါတယ်။

ဟောင်ကောင်လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဥပဒေကို သမ္မတ Donald Trump လက်မှတ်ထိုးအတည်ပြုခဲ့လို့ ဆွေးနွေးမှုတွေ ရပ်သွားကြောင်းနဲ့ သမ္မတ Xi Jinping အနေနဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေ တည်ငြိမ်အောင် အချိန်စောင့်ဖု့ိလိုကြောင်း အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ နီးစပ်သူရဲ့အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။

ဟောင်ကောင်ဒီမိုကရေစီရေး ဆန္ဒပြမှုတွေအပေါ် တရုတ်ပြည်မကြီးလိုလားတဲ့ အစိုးရက နှိမ်နှင်းနေတာကြောင့် ဟောင်ကောင်ကို အမေရိကန်ကပေးထားတဲ့ ကုန်သွယ်ရေး အထူးအခွင့်အရေးကို နှစ်စဉ်ပြန်လည် သုံးသပ်ဖို့နဲ့ ဟောင်ကောင် အဓိကရုဏ်းရေး ရဲတပ်ဖွဲ့တွေ အသုံးပြုတဲ့လက်နက်တွေ ရောင်းချမှုပိတ်ပင်ဖို့ ပါဝင်တဲ့ ဥပဒေကြမ်း ၂ ခုကို သမ္မတ Trump က ပြီးခဲ့တဲ့သီတင်းပါတ်က လက်မှတ်ရေးထိုး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

VOA Burmese
https://burmese.voanews.com
ကန္ေရတပ္သေဘၤာေတြ ေဟာင္ေကာင္ကပ္ခြင့္ ပိတ္မည္ ကန္ေရတပ္သေဘၤာေတြ ေဟာင္ေကာင္ကပ္ခြင့္ ပိတ္မည္ Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.