ပ်ဥ္းမနားမွာ အမႈိက္နဲ႔ အေႏြးထည္ လဲေပး

အမႈိက္တပိႆာ တထုပ္လာေပးရင္ အေႏြးထည္တထည္ေပး
(Zawgyi)⤵⤵⤵
အမႈိက္တပိႆာ တထုပ္လာေပးရင္ အေႏြးထည္တထည္ေပးတဲ့ လႈပ္ရွားမႈကို ပ်ဥ္းမနားၿမိဳ႕က လူမႈကူညီေရးအဖြဲ႕တခုက စတင္ျပဳလုပ္ေနပါတယ္။

ပလတ္စတစ္အပါအဝင္ သဘာဝပတ္ဝန္းက်င္ကိုထိခိုက္ေစတဲ့ ေဆြးေျမ့ဖို႔ခက္ခဲတဲ့ အမႈိက္အမ်ိဳးအစား တပိႆာ၊ ေဖာ့ဘူးအစရွိတာေတြကို လာပို႔ရင္ ေဆာင္းရာသီအတြင္း ဝတ္ဆင္ႏိုင္မယ့္ အေႏြးထည္ကို ေပးတာ ျဖစ္ပါတယ္။

အဲဒီလႈပ္ရွားမႈကို ဒီဇင္ဘာ ၁ရက္ေန႔ တနဂၤေႏြေန႔က စတင္ခဲ့တာျဖစ္ၿပီး ေဆာင္းရာသီကာလ လတိုင္းရဲ႕ အပတ္စဥ္ တနဂၤေႏြေန႔တိုင္းမွာ ပ်ဥ္းမနားၿမိဳ႕က ခ်ိဳ႕တဲ့တဲ့ရပ္ကြက္အမ်ားစုကို လွည့္လည္ကာ အမႈိက္နဲ႔ အေႏြးထည္ လဲလွယ္တာလို႔ လႈပ္ရွားမႈကို စတင္တဲ့ မွ်ေဝေသာ လက္မ်ား (ပ်ဥ္းမနား) ကူညီေရးအဖြဲ႕က သိရပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁ရက္ေန႔၊ လႈပ္ရွားမႈ စတင္တဲ့အခ်ိန္မွာပဲ အမႈိက္ ပိႆာ ၃၀၀ ရရွိခဲ့ၿပီး အေႏြးထည္ ၃၀၀ ကို ေဝမွ်ေပးခဲ့ရတယ္လို႔ အဖြဲ႕ရဲ႕ ဥကၠ႒ ေဒါက္တာေပၚျမင့္ဦးက ဘီဘီစီကိုေျပာပါတယ္။

"ကေလးေတြက အသိပညာေပး သ႐ုပ္ေဖာ္ျပတာေတြကို စိတ္ဝင္စားတယ္။ အမႈိက္လာေပးၿပီး အေႏြးထည္ ယူတာေတာ့ လူႀကီးေတြမ်ားတယ္" လို႔သူကေျပာပါတယ္။

မွ်ေဝေသာ လက္မ်ား (ပ်ဥ္းမနား) ကူညီေရးအဖြဲ႕က ေဆာင္းရာသီမွာ အေႏြးထည္လိုအပ္ေနသူေတြကို ၿပီးခဲ့တဲ့ ၃ႏွစ္ေက်ာ္ကတည္းက အခမဲ့ေဝေပးေနတာျဖစ္ေပမယ့္ အခုႏွစ္ေဆာင္းတြင္းမွာေတာ့ အမႈိက္နဲ႔ အေႏြးထည္လဲလွယ္တဲ့အစီအစဥ္ကို ပထမဆုံး စတင္လုပ္ေဆာင္တာျဖစ္ပါတယ္။

သိမ္းဆည္းရရွိတဲ့ အမႈိက္ေတြကိုေတာ့ ေနျပည္ေတာ္စည္ပင္သာယာေရးအမႈိက္သိမ္းကားနဲ႔အတူ သတ္မွတ္ထားတဲ့ ကြင္းႀကီးသုႆာန္အမႈိက္ပုံမွာ စြန႔္ပစ္ၾကတယ္လို႔ အဖြဲ႕ထံကသိရပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
ပျဉ်းမနားမှာ အမှိုက်နဲ့ အနွေးထည် လဲပေး အပါအဝင် မနက်ခင်းသတင်းများ


Image caption အမှိုက်တပိဿာ တထုပ်လာပေးရင် အနွေးထည်တထည်ပေး
ပျဉ်းမနားမှာ အမှိုက်နဲ့ အနွေးထည် လဲပေး

အမှိုက်တပိဿာ တထုပ်လာပေးရင် အနွေးထည်တထည်ပေးတဲ့ လှုပ်ရှားမှုကို ပျဉ်းမနားမြို့က လူမှုကူညီရေးအဖွဲ့တခုက စတင်ပြုလုပ်နေပါတယ်။

ပလတ်စတစ်အပါအဝင် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့ ဆွေးမြေ့ဖို့ခက်ခဲတဲ့ အမှိုက်အမျိုးအစား တပိဿာ၊ ဖော့ဘူးအစရှိတာတွေကို လာပို့ရင် ဆောင်းရာသီအတွင်း ဝတ်ဆင်နိုင်မယ့် အနွေးထည်ကို ပေးတာ ဖြစ်ပါတယ်။

အဲဒီလှုပ်ရှားမှုကို ဒီဇင်ဘာ ၁ရက်နေ့ တနင်္ဂနွေနေ့က စတင်ခဲ့တာဖြစ်ပြီး ဆောင်းရာသီကာလ လတိုင်းရဲ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ ပျဉ်းမနားမြို့က ချို့တဲ့တဲ့ရပ်ကွက်အများစုကို လှည့်လည်ကာ အမှိုက်နဲ့ အနွေးထည် လဲလှယ်တာလို့ လှုပ်ရှားမှုကို စတင်တဲ့ မျှဝေသော လက်များ (ပျဉ်းမနား) ကူညီရေးအဖွဲ့က သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ရက်နေ့၊ လှုပ်ရှားမှု စတင်တဲ့အချိန်မှာပဲ အမှိုက် ပိဿာ ၃၀၀ ရရှိခဲ့ပြီး အနွေးထည် ၃၀၀ ကို ဝေမျှပေးခဲ့ရတယ်လို့ အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဒေါက်တာပေါ်မြင့်ဦးက ဘီဘီစီကိုပြောပါတယ်။

"ကလေးတွေက အသိပညာပေး သရုပ်ဖော်ပြတာတွေကို စိတ်ဝင်စားတယ်။ အမှိုက်လာပေးပြီး အနွေးထည် ယူတာတော့ လူကြီးတွေများတယ်" လို့သူကပြောပါတယ်။

မျှဝေသော လက်များ (ပျဉ်းမနား) ကူညီရေးအဖွဲ့က ဆောင်းရာသီမှာ အနွေးထည်လိုအပ်နေသူတွေကို ပြီးခဲ့တဲ့ ၃နှစ်ကျော်ကတည်းက အခမဲ့ဝေပေးနေတာဖြစ်ပေမယ့် အခုနှစ်ဆောင်းတွင်းမှာတော့ အမှိုက်နဲ့ အနွေးထည်လဲလှယ်တဲ့အစီအစဉ်ကို ပထမဆုံး စတင်လုပ်ဆောင်တာဖြစ်ပါတယ်။

သိမ်းဆည်းရရှိတဲ့ အမှိုက်တွေကိုတော့ နေပြည်တော်စည်ပင်သာယာရေးအမှိုက်သိမ်းကားနဲ့အတူ သတ်မှတ်ထားတဲ့ ကွင်းကြီးသုဿာန်အမှိုက်ပုံမှာ စွန့်ပစ်ကြတယ်လို့ အဖွဲ့ထံကသိရပါတယ်။

BBC Burmese
https://www.bbc.com
ပ်ဥ္းမနားမွာ အမႈိက္နဲ႔ အေႏြးထည္ လဲေပး ပ်ဥ္းမနားမွာ အမႈိက္နဲ႔ အေႏြးထည္ လဲေပး Reviewed by THITHTOOLWIN on 10:38 Rating: 5
Powered by Blogger.