ေေဒၚအာင္ဆန္းစုၾကည္ရဲ႕အေနအထားအေပၚ ကန္ႏိုင္ငံျခားေရး၀န္ႀကီး အျမင္

အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီး Mike Pompeo

(Zawgyi/Unicode)

ရိုဟင္ဂ်ာ အေရးနဲ႔ ပတ္သက္ၿပီး အႀကီးအက်ယ္ ေ၀ဖန္ခံေနရတဲ႔ ေဒၚေအာင္ဆန္းစုၾကည္ဟာ တကယ္တန္း ခက္ခဲ ရႈပ္ေထြးတဲ႔ အေျခအေနနဲ႔ ရင္ဆိုင္ေနရၿပီး သူမ အေနနဲ႔ စစ္တပ္ကို လမ္းေၾကာင္းမွန္ေပၚ တင္ေပးႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီး Mike Pompeo က ေျပာဆိုပါတယ္။ ရိုဟင္ဂ်ာေတြ အေပၚ ႏွိပ္စက္ညွဥ္းပန္းမႈေတြနဲ႔ ပတ္သက္ၿပီး စစ္တပ္ကို ဖိအားေပးႏုိင္ဖို႔ အတြက္ ျမန္မာ စစ္တပ္ ေခါင္းေဆာင္ေတြ အေပၚ အေမရိကန္က ဒဏ္ခတ္ ပိတ္ဆို႔ထားတယ္လို႔လည္း ႏုိင္ငံျခားေရး ၀န္ႀကီးက ေျပာဆိုသြားပါတယ္။ အေမရိကန္ ျပည္ေထာင္စု ကန္တပ္ကီ ျပည္နယ္ Louisville တကၠသိုလ္ McConnell စင္တာမွာ လုပ္တဲ႔ အခမ္းအနားတြင္းမွာ တနလာၤေန႔က အခုလို ေျပာဆိုသြားတာ ျဖစ္ပါတယ္။ မသိဂၤ ီထုိက္ စုစည္းတင္ျပထားပါတယ္။

ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ရင္းႏွီးတဲ႔ ဆက္ဆံေရးရွိၿပီး၊ အေမရိကန္ ျပည္ေထာင္စုရဲ႕ ျမန္မာဆိုင္ရာ မူ၀ါဒေတြမွာ ဦးေဆာင္ တိုက္တြန္းသူ အထက္လႊတ္ေတာ္ အမတ္ အမ်ားစု ေခါင္းေဆာင္ အထက္လႊတ္ေတာ္ အမတ္ Mitch McConnell က Louisville တကၠသိုလ္ McConnell စင္တာမွာ ႏုိင္ငံျခားေရၚ ၀န္ႀကီး Mike Pompeo နဲ႔ အေမရိကန္ ႏုိင္ငံျခားေရး မူ၀ါဒေတြနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးမႈ အတြင္း ျမန္မာ့ အေရးကို သီးျခား ေမးျမန္းခဲ႔တာ ျဖစ္ပါတယ္။ ရိုဟင္ဂ်ာ အေရး အႀကီးအက်ယ္ ေ၀ဖန္ခံေနရတဲ႔ ေဒၚေအာင္ဆန္းစုၾကည္ အေပၚ သေဘာထားနဲ႔ ပတ္သက္ၿပီး အထက္လႊတ္ေတာ္ အမတ္ McConnell က ေမးျမန္းခဲ႔တာမွာေတာ့ ႏုိင္ငံျခားေရး ၀န္ႀကီး Pompeo က အခုလို ေျပာပါတယ္။

“သူမအေနနဲ႔ လံုး၀ ဆန္႔က်င္ ကြဲလြဲတဲ႔ အစြန္းႏွစ္ဘက္ၾကား ေရြးခ်ယ္ရတဲ႔ အေျခအေနမ်ိဳးနဲ႔ ရင္ဆိုင္ေနရတာပါ။ အေမရိကန္ ျပည္ေထာင္စုရဲ႕ ရႈ႕ေထာင့္ကေတာ့ က်ေနာ္တို႔ အေနနဲ႔ ေခါင္းေဆာင္ေတြကို မေရြးပါဘူး။ က်ေနာ္တို႔က ရလဒ္ေကာင္းေတြကို ေရြးခ်ယ္ပါတယ္။ ဒါေၾကာင့္လည္း ျမန္မာ စစ္တပ္ အေပၚမွာ ဖိအားေပးႏုိင္ဖို႔ က်ေနာ္တို႔ လုပ္ပါတယ္။ အရင္ အစိုးရတုန္းက ဒါမ်ိဳး လုပ္ဖို႔ ျငင္းခဲ႔ပါတယ္။ ဒီလူေတြက တကယ္ကို မေကာင္းဘူးဆိုတာကို က်ေနာ္တို႔ ေျပာထားၿပီးပါၿပီ။ ေနာက္ ဒီကိစၥမွာ ဆိုရင္လည္း ဒီလုပ္ရပ္ေတြမွာ ပတ္သက္သူေတြက က်ေနာ္တို႔ အားလံုး အတြက္လည္း ၿခိမ္းေျခာက္မႈ ျဖစ္ပါတယ္။”

၂၀၁၇ ခုႏွစ္ ေနာက္ပိုင္း ဘဂၤလားေဒရွ္႕ဘက္ကို ရိုဟင္ဂ်ာ သိန္းခ်ီ ထြက္ေျပးခဲ႔ရမႈ ေနာက္ပိုင္းမွာ ျမန္မာ စစ္တပ္က တာ၀န္ရွိသူေတြ အေပၚ အေမရိကန္ ျပည္ေထာင္စုက ဒဏ္ခတ္ပိတ္ဆို႔မႈ ခ်မွတ္ခဲ႔တာ ျဖစ္ပါတယ္။ ရိုဟင္ဂ်ာေတြ အေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ ဘက္က ရႈတ္ခ်ေျပာဆိုဖို႔၊ ရပ္တည္ေပးဖို႔ ပ်က္ကြယ္တယ္ဆိုၿပီး ႏုိင္ငံတကာက ေ၀ဖန္ခံရတဲ႔ အျပင္ ဒီမိုကေရစီေရး ႀကိဳးပမ္းမႈ ကာလက ခ်ီးျမွင့္ခံရတဲ႔ ႏုိင္ငံတကာ ဂုဏ္ထူးေဆာင္ဆုေတြလည္း ျပန္ၿပီး ရုပ္သိမ္းခံခဲ႔ပါတယ္။

ၾသဇာႀကီးတဲ႔ အေမရိကန္ အထက္ လႊတ္ေတာ္ အမတ္ Mitch McConnell ကေတာ႔ သူနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ၾကားမွာ ဆယ္စုႏွစ္ ၂ ခုၾကား ခိုင္မာတဲ႔ ဆက္ဆံေရး ရွိေၾကာင္း၊ စစ္အုပ္ခ်ဳပ္ေရးကေန ဒီမိုကေရစီဘက္ကို အသြင္ကူးေျပာင္းဖို႔ ႀကိဳးပမ္းမႈကိုလည္း သူ႔အေနနဲ႔ စိတ္၀င္စား ေစာင့္ၾကည့္ခဲ႔ေၾကာင္း ဒါေပမယ့္ အႀကီးအက်ယ္ ေ၀ဖန္ခံေနရတဲ႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေဆာင္ရြက္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး အခုလို ေျပာဆိုခဲ႔ပါတယ္။

“ဒါေပမယ့္ ဆုတ္ယုတ္မႈ တခ်ိဳ႕ ရွိေနပံုရပါတယ္။ သူလည္း အႀကီးအက်ယ္ ေ၀ဖန္ခံေနရပါတယ္။ စစ္တပ္ကိုတင္ မဟုတ္ဘဲ ရိုဟင္ဂ်ာေတြ အေပၚ ရက္စက္ ၾကမ္းၾကဳတ္မႈေတြ အေပၚမွာ ျပင္းျပင္းထန္ထန္ တု႔ံျပန္ျခင္း မရွိတဲ႔ အတြက္ ျဖစ္ပါတယ္။ သူမကို ခ်ီးျမွင့္ထားတဲ႔ ဂုဏ္ထူးေဆာင္ ဆုေတြကိုလည္း ျပန္ၿပီး ရုပ္သိမ္းၾကပါတယ္။”

ေဒၚေအာင္ဆန္းစုၾကည္ဟာ စစ္တပ္ကို မသိမ္းသြင္းႏုိင္မယ့္ ဆံုးျဖတ္ခ်က္မ်ိဳးကို က်င့္သံုးေနမိၿပီလား၊ ေနာက္ဆံုးမွာ အရံႈးနဲ႔ ရင္ဆိုင္သြားရႏုိင္တဲ႔ အႏၱရာယ္ ရွိလားဆိုၿပီး အထက္လႊတ္ေတာ္ အမတ္ McConnell က ေမးခြန္းထုတ္ၿပီး ႏုိင္ငံျခားေရး ၀န္ႀကီး Pompeo ကို ေမးျမန္းခဲ႔တာပါ။

ႏုိင္ငံျခားေရး ၀န္ႀကီး Pompeo ကေတာ့ လက္ရွိမွာ စစ္တပ္က အာဏာသိပ္ႀကီးေနတာေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ဟာ အေတာ္ စဥ္းစားရၾကပ္တည္းတဲ႔ အေျခအေနမ်ိဳး ျဖစ္တယ္လို႔ ေျပာဆိုသြားပါတယ္။

“စစ္တပ္က သိပ္ၿပီး အာဏာႀကီးေနၿပီး သူမ အေနနဲ႔ တကယ္ကို ေဘးၾကပ္နံၾကပ္ အေျခအေနနဲ႔ ရင္ဆိုင္ေနရတာပါ။ က်ေနာ္တို႔ရဲ႕ ေမွ်ာ္လင့္ခ်က္၊ ေမွ်ာ္မွန္းခ်က္ကေတာ့ မွန္ကန္တဲ႔ ရဒ္ေတြ ထြက္လာႏုိင္ေရး အတြက္ သူမ အေနနဲ႔ အစြမ္းကုန္ ေဆာင္ရြက္မယ္လို႔ ယံုၾကည္ပါတယ္။ ႏုိင္ငံအတြက္ ၊ ျပည္သူေတြ အတြက္ သူတို႔ကို လမ္းေၾကာင္းမွန္ေပၚ ေရာက္ေအာင္ ပို႔ဖို႔ သူမက လိုလားေနပါတယ္။”

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD အာဏာရယူၿပီးေနာက္ ရိုဟင္ဂ်ာ ျပသနာ ေျဖရွင္းေရး အတြက္ ကုလ အႀကီးအကဲေဟာင္း ကိုဖီအာနန္ ဦးေဆာင္တဲ႔ ရခုိင္အႀကံေပး ေကာ္မရွင္ကို ဖြဲ႔စည္းခဲ႔ၿပီးေနာက္ ရခုိင္ အႀကံေပး ေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္ ထြက္ေပၚလာၿပီးေနာက္ မၾကာခင္မွာဘဲ ရခုိင္ေျမာက္ပိုင္း ပဋိပကၡ ျဖစ္ၿပီး ရိုဟင္ဂ်ာ မူဆလင္ ၇ သိန္းေက်ာ္ ဘဂၤလားေဒရွ္႕ဘက္ ထြက္ေျပးခဲ႔ရတာ ျဖစ္ပါတယ္။

ျမန္မာ အစိုးရဘက္ကေတာ့ ရိုဟင္ဂ်ာ ဆိုတဲ႔ အသံုးအႏႈန္းကို လက္မခံေပမယ့္ ထြက္ေျပးရသူေတြကို ျပန္လက္ခံမယ္လို႔ ေျပာထားပါတယ္။ ဒါေပမယ့္ ကုလသမဂၢရဲ႕ ေဆာင္ရြက္ခ်က္ေတြက ဘက္လိုက္တယ္လို႔ အစိုးရက ေျပာဆိုၿပီး ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္၊ အခ်က္အလက္ရွာ အဖြဲ႔၊ ေနာက္ အခု ေနာက္ဆံုး ဖြဲ႔တဲ႔ ျမန္မာ ဆိုင္ရာ ကုလသမဂၢ စံုစမ္းစစ္ေဆးေရး မစ္ရွင္တို႔ကို ျပည္၀င္ခြင့္ မေပးပါဘူး။

ဘဂၤလားေဒရွ္႕ဘက္ ထြက္ေျပးရသူေတြကို ျပန္လည္ လက္ခံေရးက မေအာင္ျမင္ေသးတဲ႔ အခ်ိန္မွာဘဲ မ်ိဳးတံုးသတ္ျဖတ္မႈ စြပ္စြဲခ်က္နဲ႔ ႏိုင္ငံတကာ တရားရံုး ICJ မွာလည္း အမႈဖြင့္ခံထားရတာ ျဖစ္ပါတယ္။

....................

ဒေါ်အောင်ဆန်းစုကြည်ရဲ့အနေအထားအပေါ် ကန်နိုင်ငံခြားရေးဝန်ကြီး အမြင်

(Unicode)

ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး အကြီးအကျယ် ဝေဖန်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ်တန်း ခက်ခဲ ရှုပ်ထွေးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး သူမ အနေနဲ့ စစ်တပ်ကို လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်ဖို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြောဆိုပါတယ်။ ရိုဟင်ဂျာတွေ အပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ပတ်သက်ပြီး စစ်တပ်ကို ဖိအားပေးနိုင်ဖို့ အတွက် မြန်မာ စစ်တပ် ခေါင်းဆောင်တွေ အပေါ် အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့ထားတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုသွားပါတယ်။ အမေရိကန် ပြည်ထောင်စု ကန်တပ်ကီ ပြည်နယ် Louisville တက္ကသိုလ် McConnell စင်တာမှာ လုပ်တဲ့ အခမ်းအနားတွင်းမှာ တနလာၤနေ့က အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး၊ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာဆိုင်ရာ မူဝါဒတွေမှာ ဦးဆောင် တိုက်တွန်းသူ အထက်လွှတ်တော် အမတ် အများစု ခေါင်းဆောင် အထက်လွှတ်တော် အမတ် Mitch McConnell က Louisville တက္ကသိုလ် McConnell စင်တာမှာ နိုင်ငံခြားရေါ် ဝန်ကြီး Mike Pompeo နဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု အတွင်း မြန်မာ့ အရေးကို သီးခြား မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ အရေး အကြီးအကျယ် ဝေဖန်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် သဘောထားနဲ့ ပတ်သက်ပြီး အထက်လွှတ်တော် အမတ် McConnell က မေးမြန်းခဲ့တာမှာတော့ နိုင်ငံခြားရေး ဝန်ကြီး Pompeo က အခုလို ပြောပါတယ်။

“သူမအနေနဲ့ လုံး၀ ဆန့်ကျင် ကွဲလွဲတဲ့ အစွန်းနှစ်ဘက်ကြား ရွေးချယ်ရတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာပါ။ အမေရိကန် ပြည်ထောင်စုရဲ့ ရှု့ထောင့်ကတော့ ကျနော်တို့ အနေနဲ့ ခေါင်းဆောင်တွေကို မရွေးပါဘူး။ ကျနော်တို့က ရလဒ်ကောင်းတွေကို ရွေးချယ်ပါတယ်။ ဒါကြောင့်လည်း မြန်မာ စစ်တပ် အပေါ်မှာ ဖိအားပေးနိုင်ဖို့ ကျနော်တို့ လုပ်ပါတယ်။ အရင် အစိုးရတုန်းက ဒါမျိုး လုပ်ဖို့ ငြင်းခဲ့ပါတယ်။ ဒီလူတွေက တကယ်ကို မကောင်းဘူးဆိုတာကို ကျနော်တို့ ပြောထားပြီးပါပြီ။ နောက် ဒီကိစ္စမှာ ဆိုရင်လည်း ဒီလုပ်ရပ်တွေမှာ ပတ်သက်သူတွေက ကျနော်တို့ အားလုံး အတွက်လည်း ခြိမ်းခြောက်မှု ဖြစ်ပါတယ်။”

၂၀၁၇ ခုနှစ် နောက်ပိုင်း ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာ သိန်းချီ ထွက်ပြေးခဲ့ရမှု နောက်ပိုင်းမှာ မြန်မာ စစ်တပ်က တာဝန်ရှိသူတွေ အပေါ် အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘက်က ရှုတ်ချပြောဆိုဖို့၊ ရပ်တည်ပေးဖို့ ပျက်ကွယ်တယ်ဆိုပြီး နိုင်ငံတကာက ဝေဖန်ခံရတဲ့ အပြင် ဒီမိုကရေစီရေး ကြိုးပမ်းမှု ကာလက ချီးမြှင့်ခံရတဲ့ နိုင်ငံတကာ ဂုဏ်ထူးဆောင်ဆုတွေလည်း ပြန်ပြီး ရုပ်သိမ်းခံခဲ့ပါတယ်။ သြဇာကြီးတဲ့ အမေရိကန် အထက် လွှတ်တော် အမတ် Mitch McConnell ကတော့ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ဆယ်စုနှစ် ၂ ခုကြား ခိုင်မာတဲ့ ဆက်ဆံရေး ရှိကြောင်း၊ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီဘက်ကို အသွင်ကူးပြောင်းဖို့ ကြိုးပမ်းမှုကိုလည်း သူ့အနေနဲ့ စိတ်ဝင်စား စောင့်ကြည့်ခဲ့ကြောင်း ဒါပေမယ့် အကြီးအကျယ် ဝေဖန်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုခဲ့ပါတယ်။

“ဒါပေမယ့် ဆုတ်ယုတ်မှု တချို့ ရှိနေပုံရပါတယ်။ သူလည်း အကြီးအကျယ် ဝေဖန်ခံနေရပါတယ်။ စစ်တပ်ကိုတင် မဟုတ်ဘဲ ရိုဟင်ဂျာတွေ အပေါ် ရက်စက် ကြမ်းကြုတ်မှုတွေ အပေါ်မှာ ပြင်းပြင်းထန်ထန် တုံ့ပြန်ခြင်း မရှိတဲ့ အတွက် ဖြစ်ပါတယ်။ သူမကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင် ဆုတွေကိုလည်း ပြန်ပြီး ရုပ်သိမ်းကြပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ကို မသိမ်းသွင်းနိုင်မယ့် ဆုံးဖြတ်ချက်မျိုးကို ကျင့်သုံးနေမိပြီလား၊ နောက်ဆုံးမှာ အရှုံးနဲ့ ရင်ဆိုင်သွားရနိုင်တဲ့ အန္တရာယ် ရှိလားဆိုပြီး အထက်လွှတ်တော် အမတ် McConnell က မေးခွန်းထုတ်ပြီး နိုင်ငံခြားရေါ် ဝန်ကြီး Pompeo ကို မေးမြန်းခဲ့တာပါ။

နိုင်ငံခြားရေး ဝန်ကြီး Pompeo ကတော့ လက်ရှိမှာ စစ်တပ်က အာဏာသိပ်ကြီးနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အတော် စဉ်းစားရကြပ်တည်းတဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

“စစ်တပ်က သိပ်ပြီး အာဏာကြီးနေပြီး သူမ အနေနဲ့ တကယ်ကို ဘေးကြပ်နံကြပ် အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ ကျနော်တို့ရဲ့ မျှော်လင့်ချက်၊ မျှော်မှန်းချက်ကတော့ မှန်ကန်တဲ့ ရဒ်တွေ ထွက်လာနိုင်ရေး အတွက် သူမ အနေနဲ့ အစွမ်းကုန် ဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံအတွက် ၊ ပြည်သူတွေ အတွက် သူတို့ကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် ပို့ဖို့ သူမက လိုလားနေပါတယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အာဏာရယူပြီးနောက် ရိုဟင်ဂျာ ပြသနာ ဖြေရှင်းရေး အတွက် ကုလ အကြီးအကဲဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီးနောက် ရခိုင် အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက် ထွက်ပေါ်လာပြီးနောက် မကြာခင်မှာဘဲ ရခိုင်မြောက်ပိုင်း ပဋိပက္ခ ဖြစ်ပြီး ရိုဟင်ဂျာ မူဆလင် ၇ သိန်းကျော် ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ထွက်ပြေးရသူတွေကို ပြန်လက်ခံမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေက ဘက်လိုက်တယ်လို့ အစိုးရက ပြောဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၊ အချက်အလက်ရှာ အဖွဲ့၊ နောက် အခု နောက်ဆုံး ဖွဲ့တဲ့ မြန်မာ ဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး မစ်ရှင်တို့ကို ပြည်ဝင်ခွင့် မပေးပါဘူး။ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရသူတွေကို ပြန်လည် လက်ခံရေးက မအောင်မြင်သေးတဲ့ အချိန်မှာဘဲ မျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာ တရားရုံး ICJ မှာလည်း အမှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။

မသိဂႌထုိက္/ VOA Burmese
https://burmese.voanews.com
ေေဒၚအာင္ဆန္းစုၾကည္ရဲ႕အေနအထားအေပၚ ကန္ႏိုင္ငံျခားေရး၀န္ႀကီး အျမင္ ေေဒၚအာင္ဆန္းစုၾကည္ရဲ႕အေနအထားအေပၚ ကန္ႏိုင္ငံျခားေရး၀န္ႀကီး အျမင္ Reviewed by THITHTOOLWIN on 10:35 Rating: 5
Powered by Blogger.