ျပန္စြန႔္တဲ့လယ္ေျမ လက္ေရာက္ျပန္ေပးဖို႔အတြက္ ပိုက္ဆံေတာင္းတဲ့ ေျမစာရင္းဦးစီးကို အဂတိနဲ႔စြဲ

ပိုက္ဆံေတာင္းတဲ့ ဦးစီးမႈးတာဝန္ယူထားသူ ဦးဝင္းေအာင္ကို စစ္ေဆးခဲ့ရာ ေငြက်ပ္ သိန္း ၅၀ကို လက္ဝယ္ေရာက္ရွိ ရယူထားတာကို ေတြ႕ရ
(Zawgyi)⤵⤵⤵
မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ အံဒင္႐ြာအတြင္းတပ္က ျပန္စြန႔္တဲ့ လယ္ေျမ ၄၅၃ ဧက၊ လယ္သမားေတြ လက္ေရာက္ျပန္လိုခ်င္ပါက တဧက ၁ သိန္းႏႈန္းေပးဖို႔ ေတာင္းယူခဲ့သူ ေရးၿမိဳ႕နယ္ လယ္ယာေျမစီမံခန႔္ ခြဲေရးနဲ႔ စာရင္းအင္းဦစီးဌာန ဒုဦးစီးမႈး (ဦးစီးတာဝန္) ကို အဂိတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က ဒီဇင္ဘာ ၂ရက္ေန႔မွာ အမႈဖြင့္တိုင္ၾကားထားတယ္လို႔ ထုတ္ျပန္ပါတယ္။

ပိုက္ဆံေတာင္းတဲ့ ဦးစီးမႈးတာဝန္ယူထားသူ ဦးဝင္းေအာင္ကို စစ္ေဆးခဲ့ရာ ေငြက်ပ္ သိန္း ၅၀ကို လက္ဝယ္ေရာက္ရွိ ရယူထားတာကို ေတြ႕ရထားလို႔ လုပ္ပိုင္ခြင့္အာဏာကို အလြဲသုံးစားျပဳလုပ္တယ္လို႔ ယူဆကာ ေရးၿမိဳ႕နယ္ ရဲစခန္းမွာ အမႈဖြင့္ခဲ့တာလို႔ ေကာ္မရွင္က အတည္ျပဳထုတ္ျပန္ပါတယ္။

အဲဒီ သိန္း ၅၀က လယ္ဧက ၄၅၃ဧက ထဲက ပိုင္ရွင္အခ်ိဳ႕ ၁၄ဦးထံကေန ေတာင္းယူခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလအတြင္းကလည္း တပ္ကစြန႔္လႊတ္ထားတဲ့ မဂၤလာဒုံၿမိဳ႕နယ္အတြင္းက လယ္ဧက ၃၀၀ ေက်ာ္ကို တိုင္းအစိုးရက ျပန္မေပးေသးတာေၾကာင့္ မင္းကင္းမဲဆႏၵနယ္ လႊတ္ေတာ္အမတ္ ဦးေမာင္ျမင့္က ျပည္သူ႔လႊတ္ေတာ္မွာ ေမးခြန္းထုတ္ခဲ့ပါေသးတယ္။

မဂၤလာဒုံက ျပန္စြန႔္လယ္ေျမေတြကေတာ့ ပိုင္ရွင္ေတြနဲ႔ အစိုးရအၾကား စီမံကိန္းအေကာင္အထည္ေဖာ္ဖို႔ ကိစၥကို ႏွစ္ဘက္ ညႇိႏႈိင္းမႈေတြလုပ္ခဲ့ၿပီး မေအာင္ျမင္ေပမယ့္လည္း လက္ရွိအခ်ိန္အထိ ျပန္မေပးေသးတာ လို႔ မဂၤလာဒုံမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးေအာင္လႈိင္ဝင္းက ဘီဘီစီကိုေျပာပါတယ္။

၁၉၈၈ ခုႏွစ္ေနာက္ပိုင္းသိမ္းဆည္းခံရတဲ့ လယ္ယာေျမနဲ႔ အျခားေျမမ်ားကို အျမန္ဆုံး စုံစမ္း၊ စစ္ေဆး ေဖာ္ထုတ္ၿပီး ပိုင္ရွင္ေတြလက္ဝယ္အေရာက္ျပန္လည္ေပးအပ္ရမယ္လို႔ ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္က ေျပာဆိုထားေပမယ့္လည္း ပိုင္ရွင္လက္ဝယ္ ျပန္ေပးအပ္တဲ့အခါမွာေတာ့ ၾကန႔္ၾကာမႈေတြရွိေနတယ္လို႔ လယ္သမားအေရးလုပ္ေဆာင္ေနသူေတြနဲ႔ လယ္သိမ္းခံ ေတာင္သူလယ္သမားေတြက ေဝဖန္ေျပာဆို ၾကပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ပိုက်ဆံတောင်းတဲ့ ဦးစီးမှုးတာဝန်ယူထားသူ ဦးဝင်းအောင်ကို စစ်ဆေးခဲ့ရာ ငွေကျပ် သိန်း ၅၀ကို လက်ဝယ်ရောက်ရှိ ရယူထားတာကို တွေ့ရ
ပြန်စွန့်တဲ့လယ်မြေ လက်ရောက်ပြန်ပေးဖို့အတွက် ပိုက်ဆံတောင်းတဲ့ မြေစာရင်းဦးစီးကို အဂတိနဲ့စွဲ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ရွာအတွင်းတပ်က ပြန်စွန့်တဲ့ လယ်မြေ ၄၅၃ ဧက၊ လယ်သမားတွေ လက်ရောက်ပြန်လိုချင်ပါက တဧက ၁ သိန်းနှုန်းပေးဖို့ တောင်းယူခဲ့သူ ရေးမြို့နယ် လယ်ယာမြေစီမံခန့် ခွဲရေးနဲ့ စာရင်းအင်းဦစီးဌာန ဒုဦးစီးမှုး (ဦးစီးတာဝန်) ကို အဂိတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဒီဇင်ဘာ ၂ရက်နေ့မှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ ထုတ်ပြန်ပါတယ်။

ပိုက်ဆံတောင်းတဲ့ ဦးစီးမှုးတာဝန်ယူထားသူ ဦးဝင်းအောင်ကို စစ်ဆေးခဲ့ရာ ငွေကျပ် သိန်း ၅၀ကို လက်ဝယ်ရောက်ရှိ ရယူထားတာကို တွေ့ရထားလို့ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်တယ်လို့ ယူဆကာ ရေးမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ခဲ့တာလို့ ကော်မရှင်က အတည်ပြုထုတ်ပြန်ပါတယ်။

အဲဒီ သိန်း ၅၀က လယ်ဧက ၄၅၃ဧက ထဲက ပိုင်ရှင်အချို့ ၁၄ဦးထံကနေ တောင်းယူခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း တပ်ကစွန့်လွှတ်ထားတဲ့ မင်္ဂလာဒုံမြို့နယ်အတွင်းက လယ်ဧက ၃၀၀ ကျော်ကို တိုင်းအစိုးရက ပြန်မပေးသေးတာကြောင့် မင်းကင်းမဲဆန္ဒနယ် လွှတ်တော်အမတ် ဦးမောင်မြင့်က ပြည်သူ့လွှတ်တော်မှာ မေးခွန်းထုတ်ခဲ့ပါသေးတယ်။

မင်္ဂလာဒုံက ပြန်စွန့်လယ်မြေတွေကတော့ ပိုင်ရှင်တွေနဲ့ အစိုးရအကြား စီမံကိန်းအကောင်အထည်ဖော်ဖို့ ကိစ္စကို နှစ်ဘက် ညှိနှိုင်းမှုတွေလုပ်ခဲ့ပြီး မအောင်မြင်ပေမယ့်လည်း လက်ရှိအချိန်အထိ ပြန်မပေးသေးတာ လို့ မင်္ဂလာဒုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်လှိုင်ဝင်းက ဘီဘီစီကိုပြောပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်းသိမ်းဆည်းခံရတဲ့ လယ်ယာမြေနဲ့ အခြားမြေများကို အမြန်ဆုံး စုံစမ်း၊ စစ်ဆေး ဖော်ထုတ်ပြီး ပိုင်ရှင်တွေလက်ဝယ်အရောက်ပြန်လည်ပေးအပ်ရမယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောဆိုထားပေမယ့်လည်း ပိုင်ရှင်လက်ဝယ် ပြန်ပေးအပ်တဲ့အခါမှာတော့ ကြန့်ကြာမှုတွေရှိနေတယ်လို့ လယ်သမားအရေးလုပ်ဆောင်နေသူတွေနဲ့ လယ်သိမ်းခံ တောင်သူလယ်သမားတွေက ဝေဖန်ပြောဆို ကြပါတယ်။

BBC Burmese
https://www.bbc.com
ျပန္စြန႔္တဲ့လယ္ေျမ လက္ေရာက္ျပန္ေပးဖို႔အတြက္ ပိုက္ဆံေတာင္းတဲ့ ေျမစာရင္းဦးစီးကို အဂတိနဲ႔စြဲ ျပန္စြန႔္တဲ့လယ္ေျမ လက္ေရာက္ျပန္ေပးဖို႔အတြက္ ပိုက္ဆံေတာင္းတဲ့ ေျမစာရင္းဦးစီးကို အဂတိနဲ႔စြဲ Reviewed by THITHTOOLWIN on 10:40 Rating: 5
Powered by Blogger.