သင္ရုိးသစ္ ဒသမတန္းမွာ စီမံခန႔္ခြဲေရး၊ ဥပေဒျပဳေရးနဲ႔ တရားစီရင္ေရးက႑ေတြ အပါအ၀င္ လႊတ္ေတာ္ရဲ႕ အခန္းက႑ကုိ ထည့္သြင္းသင္ၾကားသြားမည္

(Zawgyi)⤵⤵⤵
ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၉

သင္႐ိုးသစ္ ဒသမတန္း (Grade-10) စာရိတၱႏွင့္ျပည္သူ႔နီတိဘာသာရပ္ အခန္း(၃)တြင္လည္း ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ မပါဝင္တဲ့ စီမံခန႔္ခြဲေရး၊ ဥပေဒျပဳေရးနဲ႔ တရားစီရင္ေရးက႑ေတြအပါအ၀င္ လႊတ္ေတာ္ရဲ႕ အခန္းက႑ ကိုလည္း ထည့္သြင္းသင္ၾကားဖုိ႔ စီစဥ္ထားၿပီးျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္းက ေျပာၾကားခဲ့ပါတယ္။

ဒီကေန႔ ဒီဇင္ဘာလ ၁၉ ရက္ေန႔မွာ ျပဳလုပ္တဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေ၀းမွာ ေ႐ႊကူ မဲဆႏၵနယ္မွ ဦးဇာနည္မင္းက အေျခခံပညာအလယ္တန္း သို႔မဟုတ္ အထက္တန္းမွာ ဒီမိုကေရစီစနစ္ႏွင့္ လႊတ္ေတာ္ အခန္းက႑တို႔ကုိ သင္႐ိုးၫႊန္းတမ္းမွာ ျပ႒ာန္းၿပီး သင္ၾကားသြားဖို႔ မည္ကဲ့သို႔စီမံေဆာင္႐ြက္သြားမွာကို သိရွိလိုျခင္း နဲ႔ ပတ္သက္ၿပီး ေမးျမန္းခဲ့တဲ့အေပၚ ဒု၀န္ႀကီးက အထက္ပါအတုိင္းေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

“သင္႐ိုးၫႊန္းတမ္း ပိုင္း ေရးဆြဲရာမွာ အမ်ိဳးသားပညာေရးမူဝါဒေကာ္မရွင္မွ အဓိကလမ္းၫႊန္ၿပီး အမ်ိဳးသားသင္႐ိုး ၫႊန္းတမ္းမူဝါဒေကာ္မရွင္ သီးျခားဖြဲ႕စည္းေၾကာင္း ေကာ္မရွင္ေတြနဲ႔ Stakeholder ေတြ ေဆြးေႏြးၿပီးမွ အေျခခံပညာေရးမူေဘာင္ (Framework) ကို ေရးဆြဲၿပီး အဲဒီ သင္႐ိုးၫႊန္းတမ္းေတြ ျပဳစုရာမွာ မူေဘာင္အရသာ ေဆာင္႐ြက္ျခင္းျဖစ္တယ္လုိ႔” ဒု၀န္ႀကီး ဦး၀င္းေမာ္ထြန္းက ျပန္လည္ေျဖၾကားခဲ့ပါတယ္။

အေျခခံပညာက႑၊ အေျခခံပညာသင္႐ိုးၫႊန္းတမ္း အၫႊန္းေဘာင္မွာပါ၀င္တဲ့ အဓိက အေျခခံပညာေရး ရည္မွန္းခ်က္ေတြမွာ ျပည္သူ႔နီတိႏွင့္ ဒီမိုကေရစီအေလ့အက်င့္ေကာင္းေတြကို လက္ေတြ႕က်င့္သုံးတတ္ၿပီး ဥပေဒကို ေလးစားလိုက္နာတတ္တဲ့ ႏိုင္ငံသားေကာင္းေတြ ျဖစ္ေစ ရန္ဆိုတဲ့ အခ်က္ကို အဓိကထား ရည္မွန္းထားေၾကာင္း ဒု၀န္ႀကီး ေျဖၾကားခဲ့ပါတယ္။

ဆုသီရိစံ
ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
----------
(Unicode)⤵⤵⤵
သင်ရိုးသစ် ဒသမတန်းမှာ စီမံခန့်ခွဲရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေ အပါအဝင် လွှတ်တော်ရဲ့ အခန်းကဏ္ဍကို ထည့်သွင်းသင်ကြားသွားမည်

နေပြည်တော်၊ ဒီဇင်ဘာ ၁၉

သင်ရိုးသစ် ဒသမတန်း (Grade-10) စာရိတ္တနှင့်ပြည်သူ့နီတိဘာသာရပ် အခန်း(၃)တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါဝင်တဲ့ စီမံခန့်ခွဲရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေအပါအဝင် လွှတ်တော်ရဲ့ အခန်းကဏ္ဍ ကိုလည်း ထည့်သွင်းသင်ကြားဖို့ စီစဉ်ထားပြီးဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရွှေကူ မဲဆန္ဒနယ်မှ ဦးဇာနည်မင်းက အခြေခံပညာအလယ်တန်း သို့မဟုတ် အထက်တန်းမှာ ဒီမိုကရေစီစနစ်နှင့် လွှတ်တော် အခန်းကဏ္ဍတို့ကို သင်ရိုးညွှန်းတမ်းမှာ ပြဋ္ဌာန်းပြီး သင်ကြားသွားဖို့ မည်ကဲ့သို့စီမံဆောင်ရွက်သွားမှာကို သိရှိလိုခြင်း နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တဲ့အပေါ် ဒုဝန်ကြီးက အထက်ပါအတိုင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“သင်ရိုးညွှန်းတမ်း ပိုင်း ရေးဆွဲရာမှာ အမျိုးသားပညာရေးမူဝါဒကော်မရှင်မှ အဓိကလမ်းညွှန်ပြီး အမျိုးသားသင်ရိုး ညွှန်းတမ်းမူဝါဒကော်မရှင် သီးခြားဖွဲ့စည်းကြောင်း ကော်မရှင်တွေနဲ့ Stakeholder တွေ ဆွေးနွေးပြီးမှ အခြေခံပညာရေးမူဘောင် (Framework) ကို ရေးဆွဲပြီး အဲဒီ သင်ရိုးညွှန်းတမ်းတွေ ပြုစုရာမှာ မူဘောင်အရသာ ဆောင်ရွက်ခြင်းဖြစ်တယ်လို့” ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။

အခြေခံပညာကဏ္ဍ၊ အခြေခံပညာသင်ရိုးညွှန်းတမ်း အညွှန်းဘောင်မှာပါဝင်တဲ့ အဓိက အခြေခံပညာရေး ရည်မှန်းချက်တွေမှာ ပြည်သူ့နီတိနှင့် ဒီမိုကရေစီအလေ့အကျင့်ကောင်းတွေကို လက်တွေ့ကျင့်သုံးတတ်ပြီး ဥပဒေကို လေးစားလိုက်နာတတ်တဲ့ နိုင်ငံသားကောင်းတွေ ဖြစ်စေ ရန်ဆိုတဲ့ အချက်ကို အဓိကထား ရည်မှန်းထားကြောင်း ဒုဝန်ကြီး ဖြေကြားခဲ့ပါတယ်။

ဆုသီရိစံ
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
သင္ရုိးသစ္ ဒသမတန္းမွာ စီမံခန႔္ခြဲေရး၊ ဥပေဒျပဳေရးနဲ႔ တရားစီရင္ေရးက႑ေတြ အပါအ၀င္ လႊတ္ေတာ္ရဲ႕ အခန္းက႑ကုိ ထည့္သြင္းသင္ၾကားသြားမည္ သင္ရုိးသစ္ ဒသမတန္းမွာ စီမံခန႔္ခြဲေရး၊ ဥပေဒျပဳေရးနဲ႔ တရားစီရင္ေရးက႑ေတြ အပါအ၀င္ လႊတ္ေတာ္ရဲ႕ အခန္းက႑ကုိ ထည့္သြင္းသင္ၾကားသြားမည္ Reviewed by THITHTOOLWIN on 01:57 Rating: 5
Powered by Blogger.