ထင္းခုတ္သြားတဲ့ ေက်ာင္းေတာင္႐ြာသားတစ္ဦး မိုင္းနင္းၿပီးေသဆုံး

(Zawgyi)⤵⤵⤵
ေျမာက္ဦး၊ ဒီဇင္ဘာ ၁၈၊ ၂၀၁၉

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္ ေက်ာင္းေတာင္ေက်း႐ြာသားတစ္ဦးဟာ မေန႔က ညေနပိုင္းမွာ ေက်း႐ြာအနီး ထင္းခုတ္သြားခ်ိန္ ေျမျမႇဳပ္မိုင္းနင္းမိၿပီး ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။

ေျမျမႇဳပ္မိုင္းေပါက္ကြဲၿပီး ေသဆုံးသြားသူမွာ အသက္ ၄၃ ႏွစ္အ႐ြယ္ ဦးေမာင္ျမင့္ဦးျဖစ္ၿပီး အဲ့ဒီေတာေတာင္ေတြမွာ လုပ္ကိုင္စားေသာက္ေနသူတစ္ဦးျဖစ္ကာ စိုက္ပ်ိဳးေရးလုပ္ငန္းေတြကို လုပ္ကိုင္ေနသူလည္းျဖစ္တယ္လို႔ ေက်း႐ြာသားေတြက ေျပာပါတယ္။

“သူက အဲ့ဒီအနီးဝန္းက်င္မွာ လယ္ေတြလည္းရွိတယ္။ ပန္းခင္းေတြစိုက္တယ္။ မေန႔က သူအၿမဲတမ္းသြားေနတဲ့ေတာင္ဆိုၿပီး ထင္းသြားခုတ္တာ။ အဲ့ဒီမွာ မိုင္းေပါက္ကြဲၿပီး ေသဆုံးသြားပါတယ္။”လို႔ ေက်ာင္းေတာင္ ေက်း႐ြာသားတစ္ဦးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ပတ္ေလာက္က ေက်ာင္းေတာင္ေက်း႐ြာ အေရွ႕ဘက္ေတာင္တန္းေတြမွာ တပ္မေတာ္နဲ႔ ေအေအတို႔အၾကား တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားခဲ့ၿပီး ေလယာဥ္ေတြ၊ ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္မႈေတြလည္းရွိခဲ့ၿပီးေတာ့ အခုမိုင္းေပါက္ကြဲတဲ့ေနရာေတြမွာ တပ္မေတာ္စစ္ေၾကာင္းေတြ သြားလာလႈပ္ရွားခဲ့တယ္လို႔ သိရပါတယ္။

“မိုင္းေပါက္ကြဲတဲ့ေနရာက တိုက္ပြဲျဖစ္ခဲ့တဲ့ေနရာနဲ႔ ေဝးပါတယ္။ ႐ြာနဲ႔သိပ္မေဝးတဲ့ေနရာပါ။ အဲ့ဒီမွာ တပ္မေတာ္စစ္ေၾကာင္းေတြေရာက္ခဲ့တယ္။ သူတို႔ေထာင္ခဲ့တဲ့မိုင္းေတြျဖစ္ႏိုင္တယ္။”လို႔ အဲ့ဒီေက်း႐ြာသားတစ္ဦးက ေျပာပါတယ္။

အခုလိုမ်ိဳး ရခိုင္ျပည္နယ္အတြင္းက တိုက္ပြဲျဖစ္ပြားရာေဒသေတြမွာ ေျမျမဳပ္မိုင္းနဲ႔ လက္နက္ႀကီးက်ည္ေတြ ေပါက္ကြဲမႈေၾကာင့္ အရပ္သားေသဆုံးမႈေတြဟာလည္း တေျဖးေျဖးျမင့္မားလာေနတာျဖစ္ပါတယ္။

ခိုင္လင္းစံ (VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
ထင်းခုတ်သွားတဲ့ ကျောင်းတောင်ရွာသားတစ်ဦး မိုင်းနင်းပြီးသေဆုံး

မြောက်ဦး၊ ဒီဇင်ဘာ ၁၈၊ ၂၀၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာသားတစ်ဦးဟာ မနေ့က ညနေပိုင်းမှာ ကျေးရွာအနီး ထင်းခုတ်သွားချိန် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မြေမြှုပ်မိုင်းပေါက်ကွဲပြီး သေဆုံးသွားသူမှာ အသက် ၄၃ နှစ်အရွယ် ဦးမောင်မြင့်ဦးဖြစ်ပြီး အဲ့ဒီတောတောင်တွေမှာ လုပ်ကိုင်စားသောက်နေသူတစ်ဦးဖြစ်ကာ စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်နေသူလည်းဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

“သူက အဲ့ဒီအနီးဝန်းကျင်မှာ လယ်တွေလည်းရှိတယ်။ ပန်းခင်းတွေစိုက်တယ်။ မနေ့က သူအမြဲတမ်းသွားနေတဲ့တောင်ဆိုပြီး ထင်းသွားခုတ်တာ။ အဲ့ဒီမှာ မိုင်းပေါက်ကွဲပြီး သေဆုံးသွားပါတယ်။”လို့ ကျောင်းတောင် ကျေးရွာသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကျောင်းတောင်ကျေးရွာ အရှေ့ဘက်တောင်တန်းတွေမှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်မှုတွေလည်းရှိခဲ့ပြီးတော့ အခုမိုင်းပေါက်ကွဲတဲ့နေရာတွေမှာ တပ်မတော်စစ်ကြောင်းတွေ သွားလာလှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။

“မိုင်းပေါက်ကွဲတဲ့နေရာက တိုက်ပွဲဖြစ်ခဲ့တဲ့နေရာနဲ့ ဝေးပါတယ်။ ရွာနဲ့သိပ်မဝေးတဲ့နေရာပါ။ အဲ့ဒီမှာ တပ်မတော်စစ်ကြောင်းတွေရောက်ခဲ့တယ်။ သူတို့ထောင်ခဲ့တဲ့မိုင်းတွေဖြစ်နိုင်တယ်။”လို့ အဲ့ဒီကျေးရွာသားတစ်ဦးက ပြောပါတယ်။

အခုလိုမျိုး ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ မြေမြုပ်မိုင်းနဲ့ လက်နက်ကြီးကျည်တွေ ပေါက်ကွဲမှုကြောင့် အရပ်သားသေဆုံးမှုတွေဟာလည်း တဖြေးဖြေးမြင့်မားလာနေတာဖြစ်ပါတယ်။

ခိုင်လင်းစံ (VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ထင္းခုတ္သြားတဲ့ ေက်ာင္းေတာင္႐ြာသားတစ္ဦး မိုင္းနင္းၿပီးေသဆုံး ထင္းခုတ္သြားတဲ့ ေက်ာင္းေတာင္႐ြာသားတစ္ဦး မိုင္းနင္းၿပီးေသဆုံး Reviewed by THITHTOOLWIN on 00:46 Rating: 5
Powered by Blogger.