လုံၿခဳံမႈအာမခံခ်က္မရွိရင္ မင္းျပားတစ္ၿမိဳ႕နယ္လုံးက အုပ္ခ်ဳပ္ေရးမႉးေတြ ႏႈတ္ထြက္ဖို႔ရွိ

(Zawgyi)⤵⤵⤵
မင္းျပား၊ ဒီဇင္ဘာ ၁၈၊ ၂၀၁၉

ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသက တိုက္ပြဲေတြအျပင္းအထန္ျဖစ္ပြားေနတဲ့ ၿမိဳ႕နယ္တစ္ခုျဖစ္တဲ့ မင္းျပားၿမိဳ႕နယ္အတြင္းမွာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြရဲ႕ လုံၿခဳံမႈအတြက္ သက္ဆိုင္ရာက အာမခံခ်က္မေပးႏိုင္လို႔ရွိရင္ မင္းျပားတစ္ၿမိဳ႕နယ္လုံးက ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြဟာ တာဝန္ကေန ႏႈတ္ထြက္ၾကေတာ့မွာျဖစ္တယ္လို႔ ျပည္ေတာ္သာရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးကေျပာပါတယ္။

အုပ္ခ်ဳပ္ေရးမႉးေတြအေနနဲ႔ အခုလိုဆုံးျဖတ္ခဲ့ၾကတာဟာ အခုလ ၁၁ ရက္ေန႔က မင္းျပားၿမိဳ႕နယ္ စိတၱရေက်း႐ြာအတြင္းမွာ တပ္မေတာ္စစ္ေၾကာင္းတစ္ခုက ဝင္ေရာက္ပစ္ခတ္ၿပီး အုပ္ခ်ဳပ္ေရးမႉး ဦးညာဏ္သိန္းနဲ႔ အမ်ိဳးသမီးတစ္ဦးေသဆုံးခဲ့ကာ ဖမ္းဆီးခံလိုက္ရတဲ့ ေက်ာက္ေမာ္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေအးေမာင္ဟာလည္း လည္လွီသတ္ျဖတ္ခံလိုက္ရတာေၾကာင့္ အခုလိုမ်ိဳးဆုံးျဖတ္ခဲ့ၾကတာျဖစ္ပါတယ္။

အုပ္ခ်ဳပ္ေရးမႉးေတြဟာ တိုက္ပြဲေတြၾကားမွာ အသက္အႏၲရာယ္ကိုထိခိုက္ေနၾကရသလို အခုသတ္ျဖတ္ခံလိုက္ရတဲ့ အုပ္ခ်ဳပ္ေရးမႉးႏွစ္ဦးနဲ႔ပတ္သက္လို႔ တာဝန္ယူတာဝန္ခံမယ့္သူေတြမရွိတာေၾကာင့္ တစ္ၿမိဳ႕နယ္လုံးမွာရွိတဲ့ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြက အခုလို ႏႈတ္ထြက္ဖို႔တင္ျပခဲ့ၾကတာျဖစ္တယ္လို႔ အုပ္ခ်ဳပ္ရးမႉးေတြက ေျပာပါတယ္။

“၆ ရက္ေန႔က ကြၽန္ေတာ္တို႔ တစ္ၿမိဳ႕နယ္လုံးက အုပ္ခ်ဳပ္ေရးမႉးေတြ ေဆြးေႏြးၾကတယ္။ ကြၽန္ေတာ္တို႔ အုပ္ခ်ဳပ္ေရးမႉးႏွစ္ေယာက္ အျပစ္မဲ့သတ္ျဖတ္ခံလိုက္ရတယ္။ သူတို႔ဘာအျပစ္မွမရွိဘဲ သတ္ျဖတ္ခံရတာ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕ လုံၿခဳံမႈေတြအတြက္ တာဝန္ယူရမယ္။ မယူႏိုင္လို႔ရွိရင္ ႏႈတ္ထြက္ခြင့္ေပးပါဆိုၿပီးေတာ့ ၿမိဳ႕နယ္နဲ႔ သမၼတဆီကို စာပို႔ၾကတာျဖစ္ပါတယ္။”လို႔ ျပည္ေတာ္သာရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးေမာင္ပုေခ်က ေျပာပါတယ္။

အခုလိုမ်ိဳး အုပ္ခ်ဳပ္ေရးမႉးေတြတာဝန္ကႏႈတ္ထြက္ခြင့္ တင္ျပလာခဲ့တဲ့အတြက္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး မႉးက အခ်ိန္ယူစဥ္းစားၾကဖို႔နဲ႔ ျဖစ္ခ်င္တာကိုသိလိုတယ္လို႔ ေျပာဆိုခဲ့တဲ့အတြက္ လတ္တေလာသတ္ျဖတ္ခံရတဲ့ အုပ္ခ်ဳပ္ေရးမႉးႏွစ္ဦးနဲ႔ပတ္သက္လို႔ က်ဴးလြန္သူေတြကို ဥပေဒအရ အေရးယူေပးဖို႔နဲ႔ အုပ္ခ်ဳပ္ေရးမႉးေတြရဲ႕ လုံၿခဳံေရးကိုအကာအကြယ္ေပးဖို႔ ေတာင္းဆိုခဲ့ၾကတယ္လို႔ သိရပါတယ္။

“အုပ္ခ်ဳပ္ေရးမႉးကေတာ့ ေလာေလာဆယ္ မထြက္နဲ႔။ အထက္ကိုတင္ျပေပးမယ္။ ေနာက္ထပ္ ေလးငါးရက္ေလာက္ေစာင့္ဆိုင္းေပးပါဆိုၿပီးေတာ့ ေျပာတယ္။ဒါေၾကာင့္ကြၽန္ေတာ္တို႔က ေစာင့္ၾကည့္ေနတယ္။ လုံၿခဳံမႈေပးႏိုင္မယ့္ ကတိေတြမရဘူးဆိုလို႔ရွိရင္ ထြက္မယ္။”လို႔ ေနာက္ထပ္အုပ္ခ်ဳပ္ေရးမႉးတစ္ဦးက ေျပာပါတယ္။

အခုလိုမ်ိဳး ျဖစ္စဥ္ေတြေၾကာင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ေျမာက္ဦးနဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ေတြမွာလည္း ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြ တာဝန္က ႏႈတ္ထြက္ခဲ့ၾကတာျဖစ္ပါတယ္။

မင္းျပားၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးထြန္းၿငိမ္းႏိုင္ဆီကို ဖုန္းဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့တာျဖစ္ပါတယ္။

ခိုင္လင္းစံ (VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------
(Unicode)⤵⤵⤵
လုံခြုံမှုအာမခံချက်မရှိရင် မင်းပြားတစ်မြို့နယ်လုံးက အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်ဖို့ရှိ

မင်းပြား၊ ဒီဇင်ဘာ ၁၈၊ ၂၀၁၉

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ မြို့နယ်တစ်ခုဖြစ်တဲ့ မင်းပြားမြို့နယ်အတွင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ လုံခြုံမှုအတွက် သက်ဆိုင်ရာက အာမခံချက်မပေးနိုင်လို့ရှိရင် မင်းပြားတစ်မြို့နယ်လုံးက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ တာဝန်ကနေ နှုတ်ထွက်ကြတော့မှာဖြစ်တယ်လို့ ပြည်တော်သာရပ်ကွက်အုပ်ချုပ်ရေးမှူးကပြောပါတယ်။

အုပ်ချုပ်ရေးမှူးတွေအနေနဲ့ အခုလိုဆုံးဖြတ်ခဲ့ကြတာဟာ အခုလ ၁၁ ရက်နေ့က မင်းပြားမြို့နယ် စိတ္တရကျေးရွာအတွင်းမှာ တပ်မတော်စစ်ကြောင်းတစ်ခုက ဝင်ရောက်ပစ်ခတ်ပြီး အုပ်ချုပ်ရေးမှူး ဦးညာဏ်သိန်းနဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကာ ဖမ်းဆီးခံလိုက်ရတဲ့ ကျောက်မော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်ဟာလည်း လည်လှီသတ်ဖြတ်ခံလိုက်ရတာကြောင့် အခုလိုမျိုးဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူးတွေဟာ တိုက်ပွဲတွေကြားမှာ အသက်အန္တရာယ်ကိုထိခိုက်နေကြရသလို အခုသတ်ဖြတ်ခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူးနှစ်ဦးနဲ့ပတ်သက်လို့ တာဝန်ယူတာဝန်ခံမယ့်သူတွေမရှိတာကြောင့် တစ်မြို့နယ်လုံးမှာရှိတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အခုလို နှုတ်ထွက်ဖို့တင်ပြခဲ့ကြတာဖြစ်တယ်လို့ အုပ်ချုပ်ရးမှူးတွေက ပြောပါတယ်။

“၆ ရက်နေ့က ကျွန်တော်တို့ တစ်မြို့နယ်လုံးက အုပ်ချုပ်ရေးမှူးတွေ ဆွေးနွေးကြတယ်။ ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးနှစ်ယောက် အပြစ်မဲ့သတ်ဖြတ်ခံလိုက်ရတယ်။ သူတို့ဘာအပြစ်မှမရှိဘဲ သတ်ဖြတ်ခံရတာ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ လုံခြုံမှုတွေအတွက် တာဝန်ယူရမယ်။ မယူနိုင်လို့ရှိရင် နှုတ်ထွက်ခွင့်ပေးပါဆိုပြီးတော့ မြို့နယ်နဲ့ သမ္မတဆီကို စာပို့ကြတာဖြစ်ပါတယ်။”လို့ ပြည်တော်သာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ပုချေက ပြောပါတယ်။

အခုလိုမျိုး အုပ်ချုပ်ရေးမှူးတွေတာဝန်ကနှုတ်ထွက်ခွင့် တင်ပြလာခဲ့တဲ့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးက အချိန်ယူစဉ်းစားကြဖို့နဲ့ ဖြစ်ချင်တာကိုသိလိုတယ်လို့ ပြောဆိုခဲ့တဲ့အတွက် လတ်တလောသတ်ဖြတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးနှစ်ဦးနဲ့ပတ်သက်လို့ ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူပေးဖို့နဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ လုံခြုံရေးကိုအကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

“အုပ်ချုပ်ရေးမှူးကတော့ လောလောဆယ် မထွက်နဲ့။ အထက်ကိုတင်ပြပေးမယ်။ နောက်ထပ် လေးငါးရက်လောက်စောင့်ဆိုင်းပေးပါဆိုပြီးတော့ ပြောတယ်။ဒါကြောင့်ကျွန်တော်တို့က စောင့်ကြည့်နေတယ်။ လုံခြုံမှုပေးနိုင်မယ့် ကတိတွေမရဘူးဆိုလို့ရှိရင် ထွက်မယ်။”လို့ နောက်ထပ်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

အခုလိုမျိုး ဖြစ်စဉ်တွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေမှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တာဝန်က နှုတ်ထွက်ခဲ့ကြတာဖြစ်ပါတယ်။

မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းငြိမ်းနိုင်ဆီကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့တာဖြစ်ပါတယ်။

ခိုင်လင်းစံ (VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
လုံၿခဳံမႈအာမခံခ်က္မရွိရင္ မင္းျပားတစ္ၿမိဳ႕နယ္လုံးက အုပ္ခ်ဳပ္ေရးမႉးေတြ ႏႈတ္ထြက္ဖို႔ရွိ လုံၿခဳံမႈအာမခံခ်က္မရွိရင္ မင္းျပားတစ္ၿမိဳ႕နယ္လုံးက အုပ္ခ်ဳပ္ေရးမႉးေတြ ႏႈတ္ထြက္ဖို႔ရွိ Reviewed by THITHTOOLWIN on 00:44 Rating: 5
Powered by Blogger.