မေဟာ္သဓာေက်ာင္းအမႈ တရားလို ႐ုံးခ်ိန္းေျခာက္ႀကိမ္ပ်က္

မေဟာ္သဓာေက်ာင္း ေကာ္မတီဝင္အခ်ိဳ႕နဲ႔ လာေရာက္ဝန္းရံသူမ်ားကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ခြင့္ျပဳခ်က္မရွိပဲ မေဟာသဓာ ကိုယ္ပိုင္အထက္တန္းေက်ာင္း ေဆာက္လုပ္တဲ့အတြက္ ေက်ာင္းေကာ္မတီဝင္ ေတြကို အထက္ျမန္မာျပည္ ေျမနဲ႔အခြန္ေတာ္ ဥပေဒပုဒ္မ ၆၉ (၂) အရ အခုႏွစ္ ဇန္နဝါရီလက စြဲဆိုထားတာကို ပလပ္ေပးဖို႔အတြက္ ဒီကေန႔႐ုံးခ်ိန္မွာ တင္ျပခဲ့ပါတယ္။

ဆရာေတာ္ ဦးဝီရသူ အပါအဝင္ ဆရာေတာ္ႀကီးအခ်ိဳ႕ ဦးေဆာင္တည္ေဆာက္မယ့္ မေဟာ္သဓာ အမ်ိဳးသားေရး ကိုယ္ပိုင္အထက္တန္းေက်ာင္းဟာ ခြင့္ျပဳခ်က္မရွိပဲ တည္ေဆာက္ဖို႔ ႀကိဳးစားေနတဲ့အတြက္ မႏၲေလး၊ ပုသိမ္ႀကီးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက အုပ္ခ်ဳပ္ေရးမႉး ဦးၫြန႔္လင္းက တရားလိုျပဳလုပ္ တရားစြဲဆိုထားတာျဖစ္ပါတယ္။

မေဟာ္သဓါေက်ာင္းရဲ႕ တရားလြတ္ေတာ္ေရွ႕ေန ဦးေဇာ္ဝိတ္က “တရားစြဲတယ္၊ ပထမအခ်ိန္းကတည္းက သူပ်က္တယ္။ ပ်က္ခဲ့ရင္ ဥပေဒကေပးထားတဲ့ ရာဇဝတ္က်င့္ထုံး ၂၄၇  အရ ပလပ္ရမယ္။ စစ္ေဆးရန္လိုရင္ သူပ်က္ကြက္လို႔မရဘူး ။ သူမလာတဲ့အခ်ိန္းအတြက္ အျခားသူေတြနစ္နာတယ္” လို႔ေျပာပါတယ္။

အခုလို ပလပ္ခြင့္ ေတာင္းဆိုတာနဲ႔ ပတ္သတ္ၿပီးလာမယ့္ ၂၃ ရက္ေန႔မွာ အမိန႔္ခ်သြားမယ္လို႔ သိရပါတယ္။ ျပစ္မႈထင္ရွား လို႔ ရွိရင္ ဒီပုဒ္မရဲ႕ အျမင့္ဆုံး ျပစ္ဒဏ္က တစ္လပါ။

တရား႐ုံးခ်ိန္း ၁၈ ႀကိမ္ ခ်ိန္းဆိုေပမယ့္ တရားလိုဘက္က ပ်က္ကြက္တာ ေျခာက္ႀကိမ္ရွိၿပီျဖစ္ၿပီးေတာ့၊ ဥပေဒအရ ဆိုရင္ တရားလိုျဖစ္သူဟာ ႐ုံးခ်ိန္းတစ္ခ်ိန္းမွ ပ်က္ကြက္ခြင့္ မရွိဘူးလို ေရွ႕ေနျဖစ္သူ ဦးေဇာ္ဝိတ္က ဆိုပါတယ္။

တရားလိုျဖစ္သူ ပုသိမ္ႀကီးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးၫြန႔္လင္းဟာ သင္တန္းသြားေနရတဲ့အတြက္ ႐ုံးခ်ိန္းတက္ေရာက္ဖို႔ ပ်က္ကြက္တာလို႔ ပုသိမ္ႀကီးၿမိဳ႕နယ္ တရား႐ုံးက သိရပါတယ္။

တရားလိုျပဳတိုင္တန္းသူ ပုသိမ္ႀကီးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉးကို RFA က ဖုန္းနဲ႔ ဆက္သြယ္ေမးျမန္း ေပမယ့္ လက္ခံေျဖၾကားျခင္းမရွိပါဘူး။

ေက်ာင္းတည္ေဆာက္ဖို႔အတြက္ အခုႏွစ္ ဇန္နဝါရီလ ၂၆ ရက္ေန႔မွာ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေက်ာက္ေခ်ာေက်း ႐ြာမွာ ပႏၶက္႐ိုက္ခဲ့ၿပီး ဇြန္လမွာေတာ့ အမႈဖြင့္ တရားစြဲဆို ထားတာျဖစ္ပါတယ္။

တည္ေဆာက္မဲ့ေက်ာင္းဟာ အမ်ိဳးသားေရး ဆရာေတာ္ျဖစ္တဲ့ ဆရာေတာ္ဝီရသူနဲ႔ ဆရာေတာ္ႀကီး အခ်ိဳ႕က ဦးေဆာင္တည္ေဆာက္တာျဖစ္ပါတယ္။ ။

ဆရာေတာ္ ဝီရသူဟာ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို ပုတ္ခတ္ေစာ္ကားလို႔ အစိုးရရဲ႕ တရားစြဲ ဆိုျခင္းကို ခံရၿပီးေတာ့ လက္ရွိအခ်ိန္မွာ ဖမ္းဝရမ္း ထုတ္ခံထားရၿပီး ထြက္ေျပးလြတ္ေျမာက္ေနပါတယ္။

အခုလိုမ်ိဳး တည္ေဆာက္မယ့္ မေဟာ္သဓာ အမ်ိဳးသားေရး ကိုယ္ပိုင္အထက္တန္း ေက်ာင္းေတြကို ရန္ကုန္နဲ႔  ေတာင္ကုတ္ၿမိဳ႕ေတြမွာ ဖြင့္လွစ္ထားၿပီးေတာ့ ေငြေၾကးမတတ္ႏိုင္တဲ့ ေက်ာင္းသားေတြ အဲဒီေက်ာင္းေတြမွာ တက္ေရာက္သင္ၾကားၿပီးေတာ့ အစိုးရ အတန္းတင္စာေမးပြဲေတြ ဝင္ေျဖၾကပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
မဟော်သဓာကျောင်းအမှု တရားလို ရုံးချိန်းခြောက်ကြိမ်ပျက်

မဟော်သဓာကျောင်း ကော်မတီဝင်အချို့နဲ့ လာရောက်ဝန်းရံသူများကို တွေ့ရစဉ်
Photo: Khaymani Win‎/ RFA

ခွင့်ပြုချက်မရှိပဲ မဟောသဓာ ကိုယ်ပိုင်အထက်တန်းကျောင်း ဆောက်လုပ်တဲ့အတွက် ကျောင်းကော်မတီဝင် တွေကို အထက်မြန်မာပြည် မြေနဲ့အခွန်တော် ဥပဒေပုဒ်မ ၆၉ (၂) အရ အခုနှစ် ဇန်နဝါရီလက စွဲဆိုထားတာကို ပလပ်ပေးဖို့အတွက် ဒီကနေ့ရုံးချိန်မှာ တင်ပြခဲ့ပါတယ်။

ဆရာတော် ဦးဝီရသူ အပါအဝင် ဆရာတော်ကြီးအချို့ ဦးဆောင်တည်ဆောက်မယ့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းဟာ ခွင့်ပြုချက်မရှိပဲ တည်ဆောက်ဖို့ ကြိုးစားနေတဲ့အတွက် မန္တလေး၊ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အုပ်ချုပ်ရေးမှူး ဦးညွန့်လင်းက တရားလိုပြုလုပ် တရားစွဲဆိုထားတာဖြစ်ပါတယ်။

မဟော်သဓါကျောင်းရဲ့ တရားလွတ်တော်ရှေ့နေ ဦးဇော်ဝိတ်က “တရားစွဲတယ်၊ ပထမအချိန်းကတည်းက သူပျက်တယ်။ ပျက်ခဲ့ရင် ဥပဒေကပေးထားတဲ့ ရာဇဝတ်ကျင့်ထုံး ၂၄၇  အရ ပလပ်ရမယ်။ စစ်ဆေးရန်လိုရင် သူပျက်ကွက်လို့မရဘူး ။ သူမလာတဲ့အချိန်းအတွက် အခြားသူတွေနစ်နာတယ်” လို့ပြောပါတယ်။

အခုလို ပလပ်ခွင့် တောင်းဆိုတာနဲ့ ပတ်သတ်ပြီးလာမယ့် ၂၃ ရက်နေ့မှာ အမိန့်ချသွားမယ်လို့ သိရပါတယ်။ ပြစ်မှုထင်ရှား လို့ ရှိရင် ဒီပုဒ်မရဲ့ အမြင့်ဆုံး ပြစ်ဒဏ်က တစ်လပါ။

တရားရုံးချိန်း ၁၈ ကြိမ် ချိန်းဆိုပေမယ့် တရားလိုဘက်က ပျက်ကွက်တာ ခြောက်ကြိမ်ရှိပြီဖြစ်ပြီးတော့၊ ဥပဒေအရ ဆိုရင် တရားလိုဖြစ်သူဟာ ရုံးချိန်းတစ်ချိန်းမှ ပျက်ကွက်ခွင့် မရှိဘူးလို ရှေ့နေဖြစ်သူ ဦးဇော်ဝိတ်က ဆိုပါတယ်။

တရားလိုဖြစ်သူ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညွန့်လင်းဟာ သင်တန်းသွားနေရတဲ့အတွက် ရုံးချိန်းတက်ရောက်ဖို့ ပျက်ကွက်တာလို့ ပုသိမ်ကြီးမြို့နယ် တရားရုံးက သိရပါတယ်။

တရားလိုပြုတိုင်တန်းသူ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်း ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

ကျောင်းတည်ဆောက်ဖို့အတွက် အခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေး ရွာမှာ ပန္ဓက်ရိုက်ခဲ့ပြီး ဇွန်လမှာတော့ အမှုဖွင့် တရားစွဲဆို ထားတာဖြစ်ပါတယ်။

တည်ဆောက်မဲ့ကျောင်းဟာ အမျိုးသားရေး ဆရာတော်ဖြစ်တဲ့ ဆရာတော်ဝီရသူနဲ့ ဆရာတော်ကြီး အချို့က ဦးဆောင်တည်ဆောက်တာဖြစ်ပါတယ်။ ။

ဆရာတော် ဝီရသူဟာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်စော်ကားလို့ အစိုးရရဲ့ တရားစွဲ ဆိုခြင်းကို ခံရပြီးတော့ လက်ရှိအချိန်မှာ ဖမ်းဝရမ်း ထုတ်ခံထားရပြီး ထွက်ပြေးလွတ်မြောက်နေပါတယ်။

အခုလိုမျိုး တည်ဆောက်မယ့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်း ကျောင်းတွေကို ရန်ကုန်နဲ့  တောင်ကုတ်မြို့တွေမှာ ဖွင့်လှစ်ထားပြီးတော့ ငွေကြေးမတတ်နိုင်တဲ့ ကျောင်းသားတွေ အဲဒီကျောင်းတွေမှာ တက်ရောက်သင်ကြားပြီးတော့ အစိုးရ အတန်းတင်စာမေးပွဲတွေ ဝင်ဖြေကြပါတယ်။

RFA Burmese
https://www.rfa.org
မေဟာ္သဓာေက်ာင္းအမႈ တရားလို ႐ုံးခ်ိန္းေျခာက္ႀကိမ္ပ်က္ မေဟာ္သဓာေက်ာင္းအမႈ တရားလို ႐ုံးခ်ိန္းေျခာက္ႀကိမ္ပ်က္ Reviewed by THITHTOOLWIN on 00:50 Rating: 5
Powered by Blogger.