တ႐ုတ္-လာအိုရထားလမ္းတြင္ အရွည္ဆုံးဥမင္ ေဖာက္လုပ္

လာအိုႏိုင္ငံ လြမ္ပရာဘန္ေရွးေဟာင္းၿမိဳ႕အနီးရွိ Ban Ka No.1 ဥမင္ တည္ေဆာက္ေရး လုပ္ငန္းခြင္တစ္ေနရာအား ျမင္ေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ဗီယင္က်န္း၊ ဒီဇင္ဘာ ၂၇ ရက္ (ဆင္ဟြာ)

    တ႐ုတ္-လာအို ရထားလမ္း၌ ဥမင္မ်ား တည္ေဆာက္မႈတြင္ ေနာက္ဆုံးအခက္အခဲ ေက်ာ္လႊားမႈအျဖစ္ ဒီဇင္ဘာ ၂၇ ရက္ နံနက္ပိုင္းက လာအိုႏိုင္ငံ ေျမာက္ပိုင္း အပူပိုင္းေဒသေတာင္တန္းမ်ားတစ္ေလွ်ာက္ အရွည္ဆုံးဥမင္ ေဖာက္လုပ္ခဲ့ေၾကာင္း သိရသည္။

တ႐ုတ္အင္ဂ်င္နီယားကုမၸဏီျဖစ္ေသာ PowerChina Sinohydro Bureau 3 Co., LTD (Sinohydro 3) and Sinohydro 14 က ၿမိဳ႕ေတာ္ ဗီယင္က်န္း၏ေျမာက္ဘက္ ၁၇၀ ကီလိုမီတာခန႔္ရွိေသာ ေရွးေဟာင္းၿမိဳ႕ေတာ္ လြမ္ပရာဘန္၏ ေတာင္ဘက္တြင္ ၉,၃၈၄ မီတာရွည္လ်ားသည့္ Ban Sen No.2 ဥမင္ကို ဒီဇင္ဘာ ၂၇ ရက္တြင္ ေဖာက္လုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ရထားလမ္းဥမင္တည္ေဆာက္မႈသည္ ေနာက္ဆုံးအဆင့္လုပ္ငန္းခြင္သို႔ ေရာက္ရွိလာၿပီျဖစ္သလို ယင္းမွာ တ႐ုတ္-လာအို ရထားလမ္းတည္ေဆာက္မႈတြင္ သမိုင္းမွတ္တိုင္တစ္ခုျဖစ္ၿပီး ရထားသံလမ္းခင္းျခင္းႏွင့္ ဘူတာ႐ုံမ်ား တည္ေဆာက္ျခင္းမ်ားလည္း မၾကာမီစတင္ေတာ့မည္ျဖစ္သည္။

Ban Sen No.2 ဥမင္သည္ လြမ္ပရာဘန္ျပည္နယ္၏ နယ္စပ္ႏွင့္ ဗီယင္က်န္းၿမိဳ႕အၾကား  မတ္ေစာက္ေသာ ေျမျပင္အေနအထား၊ ရႈပ္ေထြးေသာ ဘူမိေဗဒအေနအထား၊ မ်ားျပားလွေသာ ေျမေအာက္ေရႏွင့္ တည္ေဆာက္ေရးႏွင့္ သယ္ယူပို႔ေဆာင္ေရး အေျခအေန ခက္ခဲေသာ အပူပိုင္းေဒသေတာင္တန္းမ်ားကို ျဖတ္ေက်ာ္ကာ ေဖာက္လုပ္ထားျခင္း ျဖစ္သည္။

အဆိုပါ စီမံကိန္းကို ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာတြင္ စတင္ခဲ့ၿပီး ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာတြင္ ၿပီးစီးရန္ လ်ာထားကာ  ရထားသြားလာရန္ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
တရုတ်-လာအိုရထားလမ်းတွင် အရှည်ဆုံးဥမင် ဖောက်လုပ်

လာအိုနိုင်ငံ လွမ်ပရာဘန်ရှေးဟောင်းမြို့အနီးရှိ Ban Ka No.1 ဥမင် တည်ဆောက်ရေး လုပ်ငန်းခွင်တစ်နေရာအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

    ဗီယင်ကျန်း၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

    တရုတ်-လာအို ရထားလမ်း၌ ဥမင်များ တည်ဆောက်မှုတွင် နောက်ဆုံးအခက်အခဲ ကျော်လွှားမှုအဖြစ် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက လာအိုနိုင်ငံ မြောက်ပိုင်း အပူပိုင်းဒေသတောင်တန်းများတစ်လျှောက် အရှည်ဆုံးဥမင် ဖောက်လုပ်ခဲ့ကြောင်း သိရသည်။

တရုတ်အင်ဂျင်နီယားကုမ္ပဏီဖြစ်သော PowerChina Sinohydro Bureau 3 Co., LTD (Sinohydro 3) and Sinohydro 14 က မြို့တော် ဗီယင်ကျန်း၏မြောက်ဘက် ၁၇၀ ကီလိုမီတာခန့်ရှိသော ရှေးဟောင်းမြို့တော် လွမ်ပရာဘန်၏ တောင်ဘက်တွင် ၉,၃၈၄ မီတာရှည်လျားသည့် Ban Sen No.2 ဥမင်ကို ဒီဇင်ဘာ ၂၇ ရက်တွင် ဖောက်လုပ်ခဲ့ကြောင်း သိရသည်။



အဆိုပါ ရထားလမ်းဥမင်တည်ဆောက်မှုသည် နောက်ဆုံးအဆင့်လုပ်ငန်းခွင်သို့ ရောက်ရှိလာပြီဖြစ်သလို ယင်းမှာ တရုတ်-လာအို ရထားလမ်းတည်ဆောက်မှုတွင် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး ရထားသံလမ်းခင်းခြင်းနှင့် ဘူတာရုံများ တည်ဆောက်ခြင်းများလည်း မကြာမီစတင်တော့မည်ဖြစ်သည်။

Ban Sen No.2 ဥမင်သည် လွမ်ပရာဘန်ပြည်နယ်၏ နယ်စပ်နှင့် ဗီယင်ကျန်းမြို့အကြား  မတ်စောက်သော မြေပြင်အနေအထား၊ ရှုပ်ထွေးသော ဘူမိဗေဒအနေအထား၊ များပြားလှသော မြေအောက်ရေနှင့် တည်ဆောက်ရေးနှင့် သယ်ယူပို့ဆောင်ရေး အခြေအနေ ခက်ခဲသော အပူပိုင်းဒေသတောင်တန်းများကို ဖြတ်ကျော်ကာ ဖောက်လုပ်ထားခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် ပြီးစီးရန် လျာထားကာ  ရထားသွားလာရန် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
တ႐ုတ္-လာအိုရထားလမ္းတြင္ အရွည္ဆုံးဥမင္ ေဖာက္လုပ္ တ႐ုတ္-လာအိုရထားလမ္းတြင္ အရွည္ဆုံးဥမင္ ေဖာက္လုပ္ Reviewed by THITHTOOLWIN on 01:15 Rating: 5
Powered by Blogger.