သိထားသင့္တဲ့ ကယ္လိုရီ ဗဟုသုတ တခ်ိဳ႕

(Zawgyi)⤵⤵⤵
ကယ္လိုရီဆိုတာ

ကယ္လိုရီဆိုတာ ခႏၶာကိုယ္အတြက္ ခြန္အားျဖစ္ေစတဲ့ ေလာင္စာေတြပါ။ လူ႔ခႏၶာကိုယ္မွာ အၿမဲမျပတ္အားျပည့္ေနဖို႔ လိုအပ္ေနတာျဖစ္ၿပီး လုပ္ေဆာင္ခ်က္ေတြ ဆက္ၿပီးလည္ပတ္ႏိုင္ဖို႔ အစားအေသာက္ေတြကေနရရွိတဲ့ ကယ္လိုရီကို သုံးရပါတယ္။ ဒါ့ေၾကာင့္ ဘာပဲလုပ္လုပ္ ကယ္လိုရီေၾကာင့္ လႈပ္ရွားဖို႔အားရွိေနတာဆိုတာ သိထားသင့္ပါတယ္။

ကာဗိုဟိုက္ဒရိတ္၊ အဆီဓါတ္ေတြနဲ႔ ပ႐ိုတင္းေတြက ကယ္လိုရီပါဝင္တဲ့ အာဟာရဓါတ္အမ်ိဳးအစားေတြျဖစ္ၿပီး ခႏၶာကိုယ္အတြက္ အဓိကခြန္အားအရင္းအျမစ္ေတြျဖစ္ပါတယ္။ ဘယ္အစားအေသာက္ကေနပဲရရ ကိုယ္စားလိုက္တဲ့ကယ္လိုရီေတြက ခြန္အားအျဖစ္ သို႔မဟုတ္ ခႏၶာကိုယ္ထဲမွာ အဆီအျဖစ္ ေျပာင္းလဲသြားတာပဲျဖစ္ပါတယ္။

ခြန္အားအျဖစ္မေလာင္ကြၽမ္းသြားတဲ့ ကယ္လိုရီေတြက ခႏၶါကိုယ္ထဲမွာ အဆီပိုအျဖစ္က်န္ရစ္မွာျဖစ္လို႔ ကယ္လိုရီလြန္ကဲေအာင္မစားသုံးဖို႔ ဒါမွမဟုတ္ ကယ္လိုရီေတြ ပိုၿပီးေလာင္ကြၽမ္းေအာင္ လႈပ္ရွားမႈပိုလုပ္သင့္ပါတယ္။

ကယ္လိုရီဘယ္ေလာက္စားသုံးသင့္သလဲ

ကိုယ္စားေလ့ရွိတဲ့ အစားအေသာက္ေတြရဲ႕ ကယ္လိုရီပါဝင္မႈပမာဏကို သိထားမယ္ဆိုရင္ တစ္ေန႔တာစားသုံးသင့္တဲ့ အတိုင္းအတာနဲ႔ ႏႈိင္းဆခ်င့္ခ်ိန္လို႔ ရႏိုင္ပါတယ္။ ကိုယ္အေလးခ်ိန္ အတက္အက်အတြက္က ရွင္းပါတယ္။ ကယ္လိုရီစားတာမ်ားၿပီး ေလာင္ကြၽမ္းတာနည္းရင္ ဝိတ္တက္လာမယ္၊ ကယ္လိုရီေလွ်ာ့စားၿပီး ကိုယ္လက္လႈပ္ရွားမႈနဲ႔ ပိုေလာင္ကြၽမ္းေစရင္ ဝိတ္က်မယ္။

အမ်ိဳးသမီးတစ္ေယာက္ဟာ တစ္ေန႔ကို ပ်မ္းမွ် ကယ္လိုရီ ၂၀၀၀ ေလာက္ စားသုံးဖို႔လိုအပ္ၿပီး ကယ္လိုရီ ၁၅၀၀ ထက္မေက်ာ္ေအာင္ စားသုံးရင္တစ္ပတ္ကို ကိုယ္အေလးခ်ိန္ တစ္ေပါင္က်ႏိုင္ပါတယ္။ အမ်ိဳးသားတစ္ေယာက္ဆို ပ်မ္းမွ် ကယ္လိုရီ ၂၅၀၀ လိုအပ္ၿပီး ကယ္လိုရီ ၂၀၀၀ ဆို တစ္ပတ္ကို တစ္ေပါင္က်ႏိုင္ပါတယ္။

ဒါေပမယ့္ အသက္အ႐ြယ္၊ လႈပ္ရွားမႈအနည္းအမ်ား၊ ကယ္လိုရီေလာင္ကြၽမ္းမႈပမာဏ၊ လက္ရွိကိုယ္အေလးခ်ိန္၊ စတဲ့အခ်က္ေတြက လူတစ္ေယာက္နဲ႔ တစ္ေယာက္မတူညီႏိုင္လို႔ လိုအပ္တဲ့ကယ္လိုရီပမာဏလည္း မတူႏိုင္ပါဘူး။

ကာဗိုဟိုက္ဒရိတ္၊ ပ႐ိုတင္း၊ အဆီနဲ႔ အယ္ကိုေဟာေတြမွာ ကယ္လိုရီဘယ္ေလာက္ပါလဲ

တခ်ိဳ႕အစားအစာေတြက ကယ္လိုရီပိုမ်ားေနတယ္ဆိုတာ သူတို႔မွာပါဝင္တဲ့ macronutrient အာဟာရဓါတ္ ပမာဏအေပၚမွာ မူတည္ေနပါတယ္။ အမ်ားအားျဖင့္ အစားအစာေတြဟာ ကာဗိုဟိုက္ဒရိတ္၊ပ႐ိုတင္း၊ အဆီဓါတ္ေတြပါဝင္ဖြဲ႕စည္းထားတာျဖစ္ၿပီး အဲဒီဓါတ္ေတြတစ္ခုခ်င္းစီမွာ မတူညီတဲ့ကယ္လိုရီပမာဏေတြ ပါဝင္ေနပါတယ္ –

ကာဗိုဟိုက္ဒရိတ္‌ေတြက ၁ ဂရမ္ကို ၄ ကယ္လိုရီ

ပ႐ိုတင္း ၁ ဂရမ္ကို ၄ ကယ္လိုရီ

အဆီဓါတ္က ၁ ဂရမ္ကို ၉ ကယ္လိုရီရွိပါတယ္။

အယ္ကိုေဟာကေတာ့ ၁ ဂရမ္ကို ၇ ကယ္လိုရီရွိတယ္လို႔ သိရပါတယ္။

Empty calories ဆိုတာ

Empty calories ဆိုတာ အာဟာရတန္ဖိုးအရမ္းနည္းၿပီး ဝေစတဲ့ သၾကားနဲ႔ အဆီဓါတ္ေတြပဲပါတဲ့ အစားအစာေတြကိုေခၚတာပါ။Empty caloriesျဖစ္ေနတဲ့ အစားအစာေတြမွာ အမွ်င္ဓါတ္၊ အမိုင္ႏိုအက္စစ္၊ ဓါတ္တိုးဆန႔္က်င္ပစၥည္းေတြ၊ ဗီတာမင္နဲ႔သတၱဳဓါတ္ေတြ မပါသေလာက္နီးနီး ျဖစ္ပါတယ္။ ဥပမာ –

အဆီခဲနဲ႔ သၾကားထည့္သြင္းျပဳလုပ္ထားတဲ့

ေရခဲမုန႔္

ဒိုးနတ္

ကြတ္ကီး

ကိတ္မုန႔္

အဆီမ်ားတဲ့

ဝက္သားနဲ႔လုပ္တဲ့စားစရာေတြ

ေဟာ့ေဒါ့

ဝက္အူေခ်ာင္း

ခ်ိစ္

ပီဇာ

အခ်ိဳထပ္ကဲထားတဲ့

အသီးအခ်ိဳရည္ေတြ

ေရဓါတ္ျဖည့္အခ်ိဳရည္

အားျဖည့္အခ်ိဳရည္

ဆိုဒါ

ဒီအစားအေသာက္ေတြဟာ ခႏၶါကိုယ္အတြက္ အာဟာရဓါတ္ျပည့္ဝတာမ်ိဳးေတြမပါဘဲ ဝေစၿပီး က်န္းမာေရးဆိုးက်ိဳးေတြသာ ျဖစ္ေစႏိုင္ပါတယ္။

ကယ္လိုရီေလွ်ာ့ခ်ျခင္း

ကယ္လိုရီေလွ်ာ့ခ်တယ္ဆိုတာ အေလ့အက်င့္ေျပာင္းလဲဖို႔ လိုတယ္ဆိုေပမယ့္ အရမ္းခက္ခဲတာေတာ့ မဟုတ္ပါဘူး။

ကယ္လိုရီမ်ားၿပီး အာဟာရဓါတ္နည္းတာေတြကိုေရွာင္တာ၊

ကယ္လိုရီမ်ားတဲ့စားစရာေတြအစား ကယ္လိုရီနည္းတဲ့အရာေတြကို ေျပာင္းလဲစားသုံးတာ၊

စားသုံးတဲ့အခ်ိဳးအဆကိုေလွ်ာ့တာ ပဲလိုတာပါ။

အခ်ိဳးအဆ ေလွ်ာ့ခ်စားသုံးၿပီး ကယ္လိုရီေလွ်ာ့ခ်တဲ့ေနရာမွာ ဒီအခ်က္ေတြကို လုပ္ၾကည့္ပါ –

ပမာဏနည္းနည္းခ်င္းနဲ႔ အႀကိမ္ေရခြဲၿပီးစားပါ။

ဘူးေတြ၊ ပန္းကန္လုံးေတြ၊ဇလုံေတြနဲ႔မစားဘဲ ထမင္းစားပန္းကန္ျပားနဲ႔ပဲ ပုံမွန္စားပါ။

အစားအစာမွာပါတဲ့ labelေတြကိုေသခ်ာဖတ္ပါ။(ကယ္လိုရီပါဝင္မႈေဖာ္ျပခ်က္)

ကယ္လိုရီတြက္ခ်က္ပါ။

စားသမွ်ကယ္လိုရီအားလုံးကိုေလာင္ကြၽမ္းေအာင္မလုပ္ႏိုင္ရင္ ကိုယ္အေလးခ်ိန္တက္လာမယ္လို႔ တခ်ိဳ႕ကအထင္မွားေနၾကပါတယ္။ ဒီေလာက္ေတာ့မလိုပါဘူး။ အားကစားနည္းနည္းလုပ္တာ၊ စက္ဘီးစီးတာ၊ လမ္းေလွ်ာက္တာလိုမ်ိဳး ကိုယ္လက္လႈပ္ရွားမႈ ပုံမွန္ရွိေနမယ္၊ ကယ္လိုရီမလြန္ကဲေအာင္ တြက္ၿပီးစားမယ္ဆိုရင္ က်န္းမာတဲ့ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းႏိုင္မွာပါ။

ေရးသားသူ Yun Sandi Nan Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-----------
(Unicode)⤵⤵⤵
သိထားသင့်တဲ့ ကယ်လိုရီ ဗဟုသုတ တချို့

ကယ်လိုရီဆိုတာ

ကယ်လိုရီဆိုတာ ခန္ဓာကိုယ်အတွက် ခွန်အားဖြစ်စေတဲ့ လောင်စာတွေပါ။ လူ့ခန္ဓာကိုယ်မှာ အမြဲမပြတ်အားပြည့်နေဖို့ လိုအပ်နေတာဖြစ်ပြီး လုပ်ဆောင်ချက်တွေ ဆက်ပြီးလည်ပတ်နိုင်ဖို့ အစားအသောက်တွေကနေရရှိတဲ့ ကယ်လိုရီကို သုံးရပါတယ်။ ဒါ့ကြောင့် ဘာပဲလုပ်လုပ် ကယ်လိုရီကြောင့် လှုပ်ရှားဖို့အားရှိနေတာဆိုတာ သိထားသင့်ပါတယ်။

ကာဗိုဟိုက်ဒရိတ်၊ အဆီဓါတ်တွေနဲ့ ပရိုတင်းတွေက ကယ်လိုရီပါဝင်တဲ့ အာဟာရဓါတ်အမျိုးအစားတွေဖြစ်ပြီး ခန္ဓာကိုယ်အတွက် အဓိကခွန်အားအရင်းအမြစ်တွေဖြစ်ပါတယ်။ ဘယ်အစားအသောက်ကနေပဲရရ ကိုယ်စားလိုက်တဲ့ကယ်လိုရီတွေက ခွန်အားအဖြစ် သို့မဟုတ် ခန္ဓာကိုယ်ထဲမှာ အဆီအဖြစ် ပြောင်းလဲသွားတာပဲဖြစ်ပါတယ်။

ခွန်အားအဖြစ်မလောင်ကျွမ်းသွားတဲ့ ကယ်လိုရီတွေက ခန္ဓါကိုယ်ထဲမှာ အဆီပိုအဖြစ်ကျန်ရစ်မှာဖြစ်လို့ ကယ်လိုရီလွန်ကဲအောင်မစားသုံးဖို့ ဒါမှမဟုတ် ကယ်လိုရီတွေ ပိုပြီးလောင်ကျွမ်းအောင် လှုပ်ရှားမှုပိုလုပ်သင့်ပါတယ်။

ကယ်လိုရီဘယ်လောက်စားသုံးသင့်သလဲ

ကိုယ်စားလေ့ရှိတဲ့ အစားအသောက်တွေရဲ့ ကယ်လိုရီပါဝင်မှုပမာဏကို သိထားမယ်ဆိုရင် တစ်နေ့တာစားသုံးသင့်တဲ့ အတိုင်းအတာနဲ့ နှိုင်းဆချင့်ချိန်လို့ ရနိုင်ပါတယ်။ ကိုယ်အလေးချိန် အတက်အကျအတွက်က ရှင်းပါတယ်။ ကယ်လိုရီစားတာများပြီး လောင်ကျွမ်းတာနည်းရင် ဝိတ်တက်လာမယ်၊ ကယ်လိုရီလျှော့စားပြီး ကိုယ်လက်လှုပ်ရှားမှုနဲ့ ပိုလောင်ကျွမ်းစေရင် ဝိတ်ကျမယ်။

အမျိုးသမီးတစ်ယောက်ဟာ တစ်နေ့ကို ပျမ်းမျှ ကယ်လိုရီ ၂၀၀၀ လောက် စားသုံးဖို့လိုအပ်ပြီး ကယ်လိုရီ ၁၅၀၀ ထက်မကျော်အောင် စားသုံးရင်တစ်ပတ်ကို ကိုယ်အလေးချိန် တစ်ပေါင်ကျနိုင်ပါတယ်။ အမျိုးသားတစ်ယောက်ဆို ပျမ်းမျှ ကယ်လိုရီ ၂၅၀၀ လိုအပ်ပြီး ကယ်လိုရီ ၂၀၀၀ ဆို တစ်ပတ်ကို တစ်ပေါင်ကျနိုင်ပါတယ်။

ဒါပေမယ့် အသက်အရွယ်၊ လှုပ်ရှားမှုအနည်းအများ၊ ကယ်လိုရီလောင်ကျွမ်းမှုပမာဏ၊ လက်ရှိကိုယ်အလေးချိန်၊ စတဲ့အချက်တွေက လူတစ်ယောက်နဲ့ တစ်ယောက်မတူညီနိုင်လို့ လိုအပ်တဲ့ကယ်လိုရီပမာဏလည်း မတူနိုင်ပါဘူး။

ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီနဲ့ အယ်ကိုဟောတွေမှာ ကယ်လိုရီဘယ်လောက်ပါလဲ

တချို့အစားအစာတွေက ကယ်လိုရီပိုများနေတယ်ဆိုတာ သူတို့မှာပါဝင်တဲ့ macronutrient အာဟာရဓါတ် ပမာဏအပေါ်မှာ မူတည်နေပါတယ်။ အများအားဖြင့် အစားအစာတွေဟာ ကာဗိုဟိုက်ဒရိတ်၊ပရိုတင်း၊ အဆီဓါတ်တွေပါဝင်ဖွဲ့စည်းထားတာဖြစ်ပြီး အဲဒီဓါတ်တွေတစ်ခုချင်းစီမှာ မတူညီတဲ့ကယ်လိုရီပမာဏတွေ ပါဝင်နေပါတယ် –

ကာဗိုဟိုက်ဒရိတ်‌တွေက ၁ ဂရမ်ကို ၄ ကယ်လိုရီ

ပရိုတင်း ၁ ဂရမ်ကို ၄ ကယ်လိုရီ

အဆီဓါတ်က ၁ ဂရမ်ကို ၉ ကယ်လိုရီရှိပါတယ်။

အယ်ကိုဟောကတော့ ၁ ဂရမ်ကို ၇ ကယ်လိုရီရှိတယ်လို့ သိရပါတယ်။

Empty calories ဆိုတာ

Empty calories ဆိုတာ အာဟာရတန်ဖိုးအရမ်းနည်းပြီး ဝစေတဲ့ သကြားနဲ့ အဆီဓါတ်တွေပဲပါတဲ့ အစားအစာတွေကိုခေါ်တာပါ။Empty caloriesဖြစ်နေတဲ့ အစားအစာတွေမှာ အမျှင်ဓါတ်၊ အမိုင်နိုအက်စစ်၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင်နဲ့သတ္တုဓါတ်တွေ မပါသလောက်နီးနီး ဖြစ်ပါတယ်။ ဥပမာ –

အဆီခဲနဲ့ သကြားထည့်သွင်းပြုလုပ်ထားတဲ့

ရေခဲမုန့်

ဒိုးနတ်

ကွတ်ကီး

ကိတ်မုန့်

အဆီများတဲ့

ဝက်သားနဲ့လုပ်တဲ့စားစရာတွေ

ဟော့ဒေါ့

ဝက်အူချောင်း

ချိစ်

ပီဇာ

အချိုထပ်ကဲထားတဲ့

အသီးအချိုရည်တွေ

ရေဓါတ်ဖြည့်အချိုရည်

အားဖြည့်အချိုရည်

ဆိုဒါ

ဒီအစားအသောက်တွေဟာ ခန္ဓါကိုယ်အတွက် အာဟာရဓါတ်ပြည့်ဝတာမျိုးတွေမပါဘဲ ဝစေပြီး ကျန်းမာရေးဆိုးကျိုးတွေသာ ဖြစ်စေနိုင်ပါတယ်။

ကယ်လိုရီလျှော့ချခြင်း

ကယ်လိုရီလျှော့ချတယ်ဆိုတာ အလေ့အကျင့်ပြောင်းလဲဖို့ လိုတယ်ဆိုပေမယ့် အရမ်းခက်ခဲတာတော့ မဟုတ်ပါဘူး။

ကယ်လိုရီများပြီး အာဟာရဓါတ်နည်းတာတွေကိုရှောင်တာ၊

ကယ်လိုရီများတဲ့စားစရာတွေအစား ကယ်လိုရီနည်းတဲ့အရာတွေကို ပြောင်းလဲစားသုံးတာ၊

စားသုံးတဲ့အချိုးအဆကိုလျှော့တာ ပဲလိုတာပါ။

အချိုးအဆ လျှော့ချစားသုံးပြီး ကယ်လိုရီလျှော့ချတဲ့နေရာမှာ ဒီအချက်တွေကို လုပ်ကြည့်ပါ –

ပမာဏနည်းနည်းချင်းနဲ့ အကြိမ်ရေခွဲပြီးစားပါ။

ဘူးတွေ၊ ပန်းကန်လုံးတွေ၊ဇလုံတွေနဲ့မစားဘဲ ထမင်းစားပန်းကန်ပြားနဲ့ပဲ ပုံမှန်စားပါ။

အစားအစာမှာပါတဲ့ labelတွေကိုသေချာဖတ်ပါ။(ကယ်လိုရီပါဝင်မှုဖော်ပြချက်)

ကယ်လိုရီတွက်ချက်ပါ။

စားသမျှကယ်လိုရီအားလုံးကိုလောင်ကျွမ်းအောင်မလုပ်နိုင်ရင် ကိုယ်အလေးချိန်တက်လာမယ်လို့ တချို့ကအထင်မှားနေကြပါတယ်။ ဒီလောက်တော့မလိုပါဘူး။ အားကစားနည်းနည်းလုပ်တာ၊ စက်ဘီးစီးတာ၊ လမ်းလျှောက်တာလိုမျိုး ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ရှိနေမယ်၊ ကယ်လိုရီမလွန်ကဲအောင် တွက်ပြီးစားမယ်ဆိုရင် ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်မှာပါ။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
သိထားသင့္တဲ့ ကယ္လိုရီ ဗဟုသုတ တခ်ိဳ႕ သိထားသင့္တဲ့ ကယ္လိုရီ ဗဟုသုတ တခ်ိဳ႕ Reviewed by THITHTOOLWIN on 01:28 Rating: 5
Powered by Blogger.