ကာဇက္စတန္ ေလယာဥ္ပ်က္က်မႈတြင္ ေသဆုံးသူအေရအတြက္ ၁၄ ဦးအထိရွိလာ

ကာဇက္စတန္ႏိုင္ငံရွိ Bek Air ေလေၾကာင္းလိုင္းမွ ေလယာဥ္တစ္စင္း အယ္လ္မတ္တီၿမိဳ႕အနီးတြင္ ဒီဇင္ဘာ ၂၇ ရက္ အေစာပိုင္း၌ ပ်က္က်ခဲ့သည္ကို ေတြ႕ရစဥ္ (ဓာတ္ပုံ-အင္တာနက္)
(Zawgyi)⤵⤵⤵
    နာ-စူလ္တန္၊ ဒီဇင္ဘာ ၂၇ ရက္ (ဆင္ဟြာ)

    ကာဇက္စတန္ႏိုင္ငံ၏ အႀကီးဆုံးၿမိဳ႕ျဖစ္ေသာ အယ္လ္မတ္တီၿမိဳ႕အနီးတြင္ ဒီဇင္ဘာ ၂၇ ရက္ အေစာပိုင္း၌  လူ ၁၀၀ ခန႔္တင္ေဆာင္လာေသာ Bek Air ေလေၾကာင္းလိုင္းမွ ေလယာဥ္တစ္စင္း ပ်က္က်မႈတြင္ ေသဆုံးသူ အေရအတြက္မွာ ၁၄ ဦးထက္မနည္း ရွိလာခဲ့ေၾကာင္း ေဒသခံတာဝန္ရွိသူမ်ားက ေျပာခဲ့သည္။

အဆိုပါ ေလယာဥ္သည္ ေလဆိပ္မွ ပ်ံတက္ၿပီး ခဏအၾကာတြင္ ပ်က္က်ခဲ့ျခင္းျဖစ္ေၾကာင္း အယ္လ္မတ္တီ အျပည္ျပည္ဆိုင္ရာေလဆိပ္၏ ေၾကညာခ်က္အရ သိရသည္။ ေလယာဥ္ပ်က္က်ရာေနရာတြင္ ကယ္ဆယ္ေရးလုပ္ငန္းႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားလည္း လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း သိရသည္။

၎ေလယာဥ္သည္ အယ္လ္မတ္တီၿမိဳ႕မွ ၿမိဳ႕ေတာ္ နာ-စူလ္တန္သို႔ ပ်ံသန္းေနျခင္းျဖစ္သည္။ ယင္းေလယာဥ္သည္ ေဒသစံေတာ္ခ်ိန္ နံနက္ ၇:၀၅ နာရီတြင္ ေလဆိပ္မွပ်ံတက္သြားခဲ့ၿပီး နံနက္ ၇:၂၂ နာရီတြင္ ႐ုတ္တရက္ အဆက္အသြယ္ျပတ္ေတာက္သြားခဲ့ေၾကာင္း ေလဆိပ္က ေျပာခဲ့သည္။

အယ္လ္မတ္တီၿမိဳ႕ အစိုးရ၏ ေဖာ္ျပခ်က္အရ ေလယာဥ္ပ်က္က်မႈေၾကာင့္ လူ ၁၄ ဦး ေသဆုံးၿပီး အျခားသူ ၂၀ ဦးလည္း စိုးရိမ္ဖြယ္အေျခအေနျဖင့္ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။

Bek Air ေလေၾကာင္းလိုင္း ခရီးစဥ္အမွတ္ Z9-2100 သည္ ခရီးသည္ ၉၅ ဦးႏွင့္ ေလယာဥ္ဝန္ထမ္း ၅ ဦးကို တင္ေဆာင္ကာ ပ်ံသန္းထြက္ခြာလာခဲ့ျခင္းျဖစ္သည္။ ယင္းေလယာဥ္သည္ ကြန္ကရစ္နံရံတစ္ခုကို တိုက္မိခဲ့ၿပီး ႏွစ္ထပ္အေဆာက္အအုံတစ္ခု ပ်က္စီးသြားခဲ့ကာ မီးေလာင္ကြၽမ္းမႈမရွိခဲ့ေၾကာင္း သိရသည္။

ေလယာဥ္ပ်က္က်မႈအား စုံစမ္းစစ္ေဆးေရး ေကာ္မရွင္ဖြဲ႕ရန္ ကာဇက္စတန္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ အက္စ္ကာ မာမင္ (Askar Mamin)  ၫႊန္ၾကားခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
------------
(Unicode)⤵⤵⤵
ကာဇက်စတန် လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူအရေအတွက် ၁၄ ဦးအထိရှိလာ

ကာဇက်စတန်နိုင်ငံရှိ Bek Air လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း အယ်လ်မတ်တီမြို့အနီးတွင် ဒီဇင်ဘာ ၂၇ ရက် အစောပိုင်း၌ ပျက်ကျခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

    နာ-စူလ်တန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

    ကာဇက်စတန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အယ်လ်မတ်တီမြို့အနီးတွင် ဒီဇင်ဘာ ၂၇ ရက် အစောပိုင်း၌  လူ ၁၀၀ ခန့်တင်ဆောင်လာသော Bek Air လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ပျက်ကျမှုတွင် သေဆုံးသူ အရေအတွက်မှာ ၁၄ ဦးထက်မနည်း ရှိလာခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက ပြောခဲ့သည်။

အဆိုပါ လေယာဉ်သည် လေဆိပ်မှ ပျံတက်ပြီး ခဏအကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အယ်လ်မတ်တီ အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ကြေညာချက်အရ သိရသည်။ လေယာဉ်ပျက်ကျရာနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းနှင့် ကျန်းမာရေးဝန်ထမ်းများလည်း လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

၎င်းလေယာဉ်သည် အယ်လ်မတ်တီမြို့မှ မြို့တော် နာ-စူလ်တန်သို့ ပျံသန်းနေခြင်းဖြစ်သည်။ ယင်းလေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၇:၀၅ နာရီတွင် လေဆိပ်မှပျံတက်သွားခဲ့ပြီး နံနက် ၇:၂၂ နာရီတွင် ရုတ်တရက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း လေဆိပ်က ပြောခဲ့သည်။

အယ်လ်မတ်တီမြို့ အစိုးရ၏ ဖော်ပြချက်အရ လေယာဉ်ပျက်ကျမှုကြောင့် လူ ၁၄ ဦး သေဆုံးပြီး အခြားသူ ၂၀ ဦးလည်း စိုးရိမ်ဖွယ်အခြေအနေဖြင့် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

Bek Air လေကြောင်းလိုင်း ခရီးစဉ်အမှတ် Z9-2100 သည် ခရီးသည် ၉၅ ဦးနှင့် လေယာဉ်ဝန်ထမ်း ၅ ဦးကို တင်ဆောင်ကာ ပျံသန်းထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ ယင်းလေယာဉ်သည် ကွန်ကရစ်နံရံတစ်ခုကို တိုက်မိခဲ့ပြီး နှစ်ထပ်အဆောက်အအုံတစ်ခု ပျက်စီးသွားခဲ့ကာ မီးလောင်ကျွမ်းမှုမရှိခဲ့ကြောင်း သိရသည်။

လေယာဉ်ပျက်ကျမှုအား စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရန် ကာဇက်စတန်နိုင်ငံ ဝန်ကြီးချုပ် အက်စ်ကာ မာမင် (Askar Mamin)  ညွှန်ကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ကာဇက္စတန္ ေလယာဥ္ပ်က္က်မႈတြင္ ေသဆုံးသူအေရအတြက္ ၁၄ ဦးအထိရွိလာ ကာဇက္စတန္ ေလယာဥ္ပ်က္က်မႈတြင္ ေသဆုံးသူအေရအတြက္ ၁၄ ဦးအထိရွိလာ Reviewed by THITHTOOLWIN on 01:12 Rating: 5
Powered by Blogger.