အိႏၵိယႏိုင္ငံေဒလီၿမိဳ႕ မီးေလာင္မႈအတြင္း ေသဆုံးသူ ၄၃ ဦးထိ ရွိလာ

အိႏၵိယႏိုင္ငံေဒလီၿမိဳ႕၌ ယေန႔နံနက္ မီးေလာင္မႈျဖစ္ပြားေသာ အေဆာက္အဦအားေတြ႕ရစဥ္ (ဓါတ္ပုံ-အင္တာနက္)
(Zawgyi)⤵⤵⤵
နယူးေဒလီ ၊ ဒီဇင္ဘာ ၈ ရက္(ဆင္ဟြာ)

အိႏၵိယႏိုင္ငံ ေဒလီၿမိဳ႕၌ ယေန႔(ဒီဇင္ဘာ ၈ ရက္) နံနက္ပိုင္းတြင္ ျဖစ္ပြားခဲ့ေသာ မီးေလာင္မႈအတြင္း ေသဆုံးသူ ၄၃ ဦးထိ ေရာက္ရွိသြားၿပီျဖစ္ေၾကာင္း ေဒလီၿမိဳ႕မီးသတ္တပ္ဖြဲ႕(DFS) ၏ သတင္းအရင္းအျမစ္မ်ား အရ သိရသည္။

အဆိုပါ မီးေလာင္မႈသည္ ေဒလီၿမိဳ႕ေျမာက္ဘက္ ႐ုပ္ရွင္႐ိုက္ကြင္းေနရာတစ္ခုရွိ ေလးထပ္အေဆာက္အဦတစ္လုံး၏ အတြင္းပိုင္းမွ စတင္ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။ေသဆုံးသူအမ်ားစုမွာ ဘီဟာျပည္နယ္မွာ ေ႐ႊ႕ေျပာင္း အေျခစိုက္ လုပ္သားမ်ားျဖစ္ေၾကာင္း ၊ ေက်ာင္းလြယ္အိတ္ ႏွင့္ ပါကင္ေသတၱာပုံးစက္႐ုံမွ အလုပ္သမားမ်ားျဖစ္ေၾကာင္း ၊ အဆိုပါ အေဆာက္အဦကို အျပင္မွ ေသာ့ခတ္ထားခဲ့ေၾကာင္း ႏွင့္ ၎တို႔သည္ မီးေလာင္မႈ ျဖစ္ပြားခ်ိန္တြင္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနၾကေၾကာင္း သိရသည္။ မီးေလာင္မႈ ျဖစ္ပြားရသည့္ အေသးစိတ္အေၾကာင္းအရာကို မသိရေသးေပ။
အိႏၵိယႏိုင္ငံေဒလီၿမိဳ႕၌ ယေန႔နံနက္ မီးေလာင္မႈျဖစ္ပြားေသာ အေဆာက္အဦအားေတြ႕ရစဥ္ (ဓါတ္ပုံ-အင္တာနက္)
ေသဆုံးသူအမ်ားစုသည္ မီးခိုမႊန္၍ ေသဆုံးရျခင္းျဖစ္ေၾကာင္း ေဒလီမီးသတ္တပ္ဖြဲ႕(DFS) မွ အရာရွိတစ္ဦးက အတည္ျပဳေျပာၾကားခဲ့သည္။DFS ထိန္းခ်ဳပ္ခန္းမွ သတင္းအရင္းအျမစ္မ်ားအရ မီးေလာင္မႈျဖစ္ပြားေသာ အေဆာက္အဦးအတြင္း အနည္းဆုံး လူ ၄၅ ဦးထိခိုက္ဒဏ္ရာရခဲ့ေၾကာင္းႏွင့္ ၎တို႔အား အနီးအနားရွိ ေဆး႐ုံမ်ားသို႔ အသီးသီးပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။အခ်င္းျဖစ္ေနရာသို႔ မီးသတ္ကား ၃၅ စီးခန႔္ေရာက္ရွိ၍ မီးၿငိွမ္းသတ္ေပးခဲ့ရသည္။ ေနာက္ဆုံးသတင္းမ်ားအရ ယခုအခါ မီးလုံးဝၿငိမ္းသြားၿပီျဖစ္ေၾကာင္း ႏွင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
---------------
(Unicode)⤵⤵⤵
အိန္ဒိယနိုင်ငံဒေလီမြို့ မီးလောင်မှုအတွင်း သေဆုံးသူ ၄၃ ဦးထိ ရှိလာ

အိန္ဒိယနိုင်ငံဒေလီမြို့၌ ယနေ့နံနက် မီးလောင်မှုဖြစ်ပွားသော အဆောက်အဦအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
 နယူးဒေလီ ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဒေလီမြို့၌ ယနေ့(ဒီဇင်ဘာ ၈ ရက်) နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုအတွင်း သေဆုံးသူ ၄၃ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေလီမြို့မီးသတ်တပ်ဖွဲ့(DFS) ၏ သတင်းအရင်းအမြစ်များ အရ သိရသည်။

အဆိုပါ မီးလောင်မှုသည် ဒေလီမြို့မြောက်ဘက် ရုပ်ရှင်ရိုက်ကွင်းနေရာတစ်ခုရှိ လေးထပ်အဆောက်အဦတစ်လုံး၏ အတွင်းပိုင်းမှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။သေဆုံးသူအများစုမှာ ဘီဟာပြည်နယ်မှာ ရွှေ့ပြောင်း အခြေစိုက် လုပ်သားများဖြစ်ကြောင်း ၊ ကျောင်းလွယ်အိတ် နှင့် ပါကင်သေတ္တာပုံးစက်ရုံမှ အလုပ်သမားများဖြစ်ကြောင်း ၊ အဆိုပါ အဆောက်အဦကို အပြင်မှ သော့ခတ်ထားခဲ့ကြောင်း နှင့် ၎င်းတို့သည် မီးလောင်မှု ဖြစ်ပွားချိန်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေကြကြောင်း သိရသည်။ မီးလောင်မှု ဖြစ်ပွားရသည့် အသေးစိတ်အကြောင်းအရာကို မသိရသေးပေ။

 အိန္ဒိယနိုင်ငံဒေလီမြို့၌ ယနေ့နံနက် မီးလောင်မှုဖြစ်ပွားသော အဆောက်အဦအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

သေဆုံးသူအများစုသည် မီးခိုမွှန်၍ သေဆုံးရခြင်းဖြစ်ကြောင်း ဒေလီမီးသတ်တပ်ဖွဲ့(DFS) မှ အရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။DFS ထိန်းချုပ်ခန်းမှ သတင်းအရင်းအမြစ်များအရ မီးလောင်မှုဖြစ်ပွားသော အဆောက်အဦးအတွင်း အနည်းဆုံး လူ ၄၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းနှင့် ၎င်းတို့အား အနီးအနားရှိ ဆေးရုံများသို့ အသီးသီးပို့ဆောင်ပေးထားကြောင်း သိရသည်။အချင်းဖြစ်နေရာသို့ မီးသတ်ကား ၃၅ စီးခန့်ရောက်ရှိ၍ မီးငြှိမ်းသတ်ပေးခဲ့ရသည်။ နောက်ဆုံးသတင်းများအရ ယခုအခါ မီးလုံးဝငြိမ်းသွားပြီဖြစ်ကြောင်း နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အိႏၵိယႏိုင္ငံေဒလီၿမိဳ႕ မီးေလာင္မႈအတြင္း ေသဆုံးသူ ၄၃ ဦးထိ ရွိလာ အိႏၵိယႏိုင္ငံေဒလီၿမိဳ႕ မီးေလာင္မႈအတြင္း ေသဆုံးသူ ၄၃ ဦးထိ ရွိလာ Reviewed by THITHTOOLWIN on 03:16 Rating: 5
Powered by Blogger.