မကၠဆီကိုႏိုင္ငံ သမၼတအိမ္ေတာ္အနီး ပစ္ခတ္မႈျဖစ္ပြား ၊ ၄ ဦးေသဆုံး

မကၠဆီကိုႏိုင္ငံ သမၼတအိမ္ေတာ္အနီး ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ ေတြ႕ရစဥ္(ဓာတ္ပုံ-အင္တာနက္)
(Zawgyi)⤵⤵⤵
မကၠဆီကိုစီးတီး ၊ ဒီဇင္ဘာ ၈ ရက္(ဆင္ဟြာ)

မကၠဆီကိုႏိုင္ငံသမၼတအိမ္ေတာ္အနီး၌ ဒီဇင္ဘာ ၇ ရက္တြင္ ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့ရာ အနည္းဆုံး လူ ၄ ဦးေသဆုံးၿပီး အျခားလူ အမ်ားအျပားထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း ျပည္တြင္းမီဒီယာမ်ားက သတင္းေဖာ္ျပခဲ့သည္။

ျဖစ္စဥ္မွာ ေသနတ္ကိုင္ေဆာင္ထားေသာ အမ်ိဳးသားတစ္ဦးသည္ အေပါ့သြားရန္ဟန္ျပဳ၍ သမၼတအိမ္ေတာ္အနီးရွိ အေဆာက္အဦတစ္လုံးအတြင္းသို႔ခ်ဥ္းကပ္ဝင္ေရာက္ခဲ့ၿပီးေနာက္ အေဆာက္အဦအတြင္း ေနထိုင္သူမ်ားႏွင့္ ထိပ္တိုက္ရင္ဆိုင္မႈျဖစ္ပြားခဲ့သည္။ ယင္းေနာက္တြင္ ၎အမ်ိဳးသားသည္ ပစၥတိုေသနတ္ကို ဆြဲထုတ္၍ စတင္ပစ္ခတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕၏ ေျပာၾကားခ်က္ကို ကိုးကား၍ သတင္းမ်ားတြင္ ေဖာ္ျပထားသည္။

မကၠဆီကိုႏိုင္ငံ သမၼတအိမ္ေတာ္အား ေတြ႕ရစဥ္(ဓာတ္ပုံ-အင္တာနက္)

ပစ္ခတ္မႈေၾကာင့္ အေဆာက္အဦအတြင္း ေနထိုင္သူ ၃ ဦးေသဆုံးၿပီး ေသနတ္သမားကိုယ္တိုင္လည္း အခ်င္းျဖစ္ေနရာ၌ ရဲတပ္ဖြဲ႕၏ ပစ္ခတ္မႈေၾကာင့္ ေသဆုံးသြားေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။မကၠဆီကိုႏိုင္ငံသမၼတ Andres Manuel Lopez Obrador သည္ ပစ္ခတ္မႈျဖစ္ပြားခ်ိန္တြင္ သမၼတအိမ္ေတာ္အတြင္း ရွိမေနခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
------------------
(Unicode)⤵⤵⤵
မက္ကဆီကိုနိုင်ငံ သမ္မတအိမ်တော်အနီး ပစ်ခတ်မှုဖြစ်ပွား ၊ ၄ ဦးသေဆုံး

မက္ကဆီကိုနိုင်ငံ သမ္မတအိမ်တော်အနီး ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်) North America
မက္ကဆီကိုစီးတီး ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံသမ္မတအိမ်တော်အနီး၌ ဒီဇင်ဘာ ၇ ရက်တွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး အခြားလူ အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းမီဒီယာများက သတင်းဖော်ပြခဲ့သည်။

ဖြစ်စဉ်မှာ သေနတ်ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးသည် အပေါ့သွားရန်ဟန်ပြု၍ သမ္မတအိမ်တော်အနီးရှိ အဆောက်အဦတစ်လုံးအတွင်းသို့ချဉ်းကပ်ဝင်ရောက်ခဲ့ပြီးနောက် အဆောက်အဦအတွင်း နေထိုင်သူများနှင့် ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားခဲ့သည်။ ယင်းနောက်တွင် ၎င်းအမျိုးသားသည် ပစ္စတိုသေနတ်ကို ဆွဲထုတ်၍ စတင်ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ သတင်းများတွင် ဖော်ပြထားသည်။

မက္ကဆီကိုနိုင်ငံ သမ္မတအိမ်တော်အား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပစ်ခတ်မှုကြောင့် အဆောက်အဦအတွင်း နေထိုင်သူ ၃ ဦးသေဆုံးပြီး သေနတ်သမားကိုယ်တိုင်လည်း အချင်းဖြစ်နေရာ၌ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။မက္ကဆီကိုနိုင်ငံသမ္မတ Andres Manuel Lopez Obrador သည် ပစ်ခတ်မှုဖြစ်ပွားချိန်တွင် သမ္မတအိမ်တော်အတွင်း ရှိမနေခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
မကၠဆီကိုႏိုင္ငံ သမၼတအိမ္ေတာ္အနီး ပစ္ခတ္မႈျဖစ္ပြား ၊ ၄ ဦးေသဆုံး မကၠဆီကိုႏိုင္ငံ သမၼတအိမ္ေတာ္အနီး ပစ္ခတ္မႈျဖစ္ပြား ၊ ၄ ဦးေသဆုံး Reviewed by THITHTOOLWIN on 02:52 Rating: 5
Powered by Blogger.