ဘယ္ေလာက္စားစား ဗိုက္မဝဘဲ အၿမဲဆာေနတာ ဘာလို႔လဲ

(Zawgyi)⤵⤵⤵
ဗိုက္ဆာတယ္ဆိုတဲ့ ခံစားခ်က္ဟာ တစ္နည္းအားျဖင့္ ကိုယ္ခႏၶာကေန အစာလိုအပ္ေနတယ္ဆိုတာကို ေဖာ္ျပေနတဲ့ လကၡဏာတစ္ခုပါပဲ။ လူက ဗိုက္ဆာလာၿပီဆိုရင္ ဝမ္းဗိုက္ကထဲကေန ဂြီဂြီနဲ႔ အသံေတြ ထြက္ေနမယ္၊ စိတ္တိုေဒါသျဖစ္မယ္၊ ဘာကိုမွ အာ႐ုံစုစည္းလို႔မရေတာ့ဘဲ ေခါင္းကိုက္ေနမွာေပါ့။

ပုံမွန္လူတစ္ေယာက္က အစာစားၿပီး ေနာက္တစ္ႀကိမ္ ထပ္မစားခင္အထိ နာရီေတာ္ေတာ္မ်ားမ်ား ေနႏိုင္တယ္ဆိုေပမဲ့ တခ်ိဳ႕လူေတြမွာေတာ့ ဘယ္ေလာက္ပဲစားစား ဗိုက္ကဝသြားတယ္လို႔ကို မခံစားရဘဲ တစ္ခုမဟုတ္တစ္ခု ေရခဲေသတၱာထဲကေန လိုက္ရွာၿပီး ပါးစပ္ထဲထည့္ဝါးလိုက္ရမွ ေက်နပ္တဲ့သူ ေတြလည္း ရွိပါတယ္။ ဒီေန႔ေဆာင္းပါးမွာေတာ့ ဘယ္လိုအေၾကာင္းရင္းေတြေၾကာင့္ ခဏခဏ ဗိုက္ဆာတတ္တာလဲဆိုတာနဲ႔ ပတ္သက္ၿပီး ေျပာျပေပးခ်င္ပါတယ္။

၁။ ပ႐ိုတင္းဓာတ္ လုံေလာက္စြာ မစားသုံးျခင္း

ပ႐ိုတင္းဓာတ္လို႔ေခၚတဲ့ အသားဓာတ္ဟာ လူတစ္ေယာက္ရဲ႕ ကိုယ္ခႏၶာႂကြက္သားထု တည္ေဆာက္ျခင္းနဲ႔ ကိုယ္ခံအားစနစ္၊ အစာေျခစနစ္၊ တစ္ေန႔တာ ကုန္ဆုံးသြားတဲ့ အားအင္ေတြကို ျပန္လည္ျဖည့္ဆည္ေပးဖို႔အတြက္ လိုအပ္ပါတယ္။ ဒါ့အျပင္ ပ႐ိုတင္းဓာတ္ဟာ ဗိုက္ကိုျပည့္ဝေစၿပီး အစာခဏခဏ စားခ်င္စိတ္ကို ျဖစ္ေစတဲ့ ေဟာ္မုန္းေတြကို ေလ်ာ့နည္းေစပါတယ္။ ဒါေၾကာင့္ ပ႐ိုတင္းဓာတ္ပါဝင္မႈမ်ားတဲ့ အသား၊ ငါး၊ ပဲ၊ ႏြားႏို႔၊ ဥေတြကို အစားနည္းတဲ့သူေတြမွာ အစာစားၿပီးတိုင္းလည္း ဗိုက္သိပ္ဝသလို မခံစားရဘဲ ခဏေလးနဲ႔ ဗိုက္ျပန္ဆာတတ္ပါတယ္။

၂။ အိပ္ေရးမဝျခင္း

အိပ္ခ်ိန္သည္ လူတစ္ေယာက္ရဲ႕ က်န္းမာေရးအတြက္ အလြန္အေရးႀကီးပါတယ္။ တစ္ေန႔တာလိုအပ္တဲ့ အိပ္ခ်ိန္ကို မရရွိတဲ့အခါ ဦးေႏွာက္က ေကာင္းစြာ အလုပ္မလုပ္ႏိုင္ပါဘူး။ ဒါ့အျပင္ အစာစားခ်င္စိတ္ကို လႈံ႕ေဆာ္ေပးေနတဲ့ ဂရီလင္ေဟာ္မုန္းေတြကို တိုးေစလို႔ မၾကာခဏ အိပ္ေရးပ်က္တဲ့သူေတြမွာ တျခားသူေတြထက္ အစာပိုစားတတ္ၾကတယ္လို႔ ဆိုထားပါတယ္။ ဒါေၾကာင့္ ညအိပ္ခ်ိန္ကို တစ္ရက္လွ်င္ ၇ နာရီခန္႔ရွိဖို႔ လိုအပ္ပါတယ္ေနာ္။

၃။ ေရမ်ားမ်ား မေသာက္ျခင္း

ေရကို တစ္ေန႔ ၂ လီတာထက္ နည္းၿပီး ေသာက္တဲ့သူေတြမွာ တျခားသူေတြထက္ ေရဓာတ္ ခမ္းေျခာက္ျခင္းကို ပိုျဖစ္ေစပါတယ္။ ကိုယ္ခႏၶာက ေရဓာတ္နည္းတဲ့အခါ အစာေျခစနစ္က ေကာင္းစြာ အလုပ္မလုပ္ႏိုင္သလို အာဟာရဓာတ္ စုပ္ယူမႈအားလည္း ေႏွးေကြးသြားပါတယ္။ အဲ့လို အစာေခ်ဖ်က္ျခင္း ေႏွးသြားတဲ့အခါ ဗိုက္ထဲ အစာေရာက္သြားရင္ေတာင္ ဗိုက္ဝသြားတယ္လို႔ မခံစားမိဘဲ ဆက္တိုက္စားျဖစ္ရင္းကေန ဗိုက္တင္းကားတဲ့အထိ စားမိတတ္ပါတယ္။ ဒါေၾကာင့္ ထမင္းမစားခင္ အနည္းဆုံး နာရီဝက္ေလာက္ႀကိဳတင္ၿပီး ေရလီတာဝက္ေလာက္ ေသာက္ထားသင့္ပါတယ္။ တစ္ေန႔လုံးစာအတြက္ ေရကို အနည္းဆုံး ၃ လီတာေလာက္ေတာ့ ရေအာင္ေသာက္ေပးပါ။

၄။ အမွ်င္ဓာတ္နည္းျခင္း

အမွ်င္ဓာတ္ကို ဟင္းသီးဟင္း႐ြက္၊ အသီးအႏွံကေန အမ်ားဆုံးရရွိၿပီး အစာေျခစနစ္ကို အေထာက္အကူ ေပးပါတယ္။ ဒီလိုဟင္းသီးဟင္း႐ြက္ေတြကို နည္းနည္းပဲစားၿပီး အသားေတြပဲ စားတဲ့အခါ အစာအိမ္က အစာေခ်ဖ်က္ႏႈန္း ေႏွးသြားေစတဲ့အတြက္ ဗိုက္မဝေသးဘူးအထင္နဲ႔ ထပ္ကာတလဲလဲ အစာေတြ စားမိတတ္ပါတယ္။

၅။ အစားကို အာ႐ုံစိုက္မစားျခင္း

အစာစားေနတဲ့အခ်ိန္ ႐ုပ္ရွင္ၾကည့္တာ၊ ဖုန္းသုံးတာေတြ လုပ္ေနရင္ ကိုယ္စားေနတဲ့အစာကို ေသခ်ာအာ႐ုံစိုက္ၿပီး မဝါးႏိုင္ဘဲ ဒီအတိုင္းမ်ိဳခ်တတ္တာမ်ိဳး လုပ္ဖူးၾကမွာပါ။ အဲ့လိုမ်ိဳး ကိုယ္စားတဲ့ အစားအစာကို စိတ္အာ႐ုံႏွစ္ၿပီး မစားဘူးဆိုရင္လည္း ခဏလည္း ဗိုက္ျပန္ျပန္ဆာတာ၊ စားၿပီး ဗိုက္မဝတာမ်ိဳး ျဖစ္တတ္ပါတယ္။

၆။ ေလ့က်င့္ခန္းလုပ္လြန္းလို႔

ေလ့က်င့္ခန္း၊ အားကစား အျပင္းအထန္လုပ္တဲ့သူေတြမွာ ကယ္လိုရီေလာင္ကြၽမ္းမႈနဲ႔ ဇီဝကမၼ ေျပာင္းလဲမႈျဖစ္စဥ္ ပိုမ်ားပါတယ္။ တစ္ကိုယ္လုံးမွာရွိတဲ့ ႂကြက္သားေတြက ပိုၿပီးအလုပ္လုပ္ရတဲ့အတြက္ အားအင္ကုန္ခမ္းၿပီး ေရဓာတ္ဆုံးရႈံးမႈ ပိုမ်ားပါတယ္။ အဲ့လို ကုန္ဆုံးသြားတဲ့အားအင္ေတြကို ျပန္လည္ ျဖည့္တင္းေပးဖို႔အတြက္ ကိုယ္ခႏၶာက ပုံမွန္ထက္ပိုၿပီး အစာစားခ်င္စိတ္ကို ျဖစ္ေပၚေစပါတယ္။

၇။ အရက္ေသာက္ေနက်မို႔လို႔

ညဆိုရင္ တစ္ခြက္တစ္ဖလား ေမာ့ၿပီးမွ အိပ္တတ္တဲ့အက်င့္ရွိသူေတြမွာ ပုံမွန္ထက္ အစားပိုစားတတ္ၿပီး စားၿပီးတိုင္းလည္း ဗိုက္က ျပည့္ဝသြားတယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးမရဘဲ တစ္ခုမဟုတ္တစ္ခု ဗိုက္ထဲထည့္ေနရမွ ေက်နပ္ေနတတ္ပါတယ္။

၈။ စိတ္ဖိစီးမႈမ်ားေနလို႔

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စိတ္ဖိစီးမႈမ်ားတဲ့သူေတြမွာ ခံတြင္းပ်က္ၿပီး ဘာမွမစားႏိုင္ မေသာက္ႏိုင္တာမ်ိဳးလည္း ရွိသလို မ်က္စိထဲျမင္တာ အကုန္ေလွ်ာက္ရွာၿပီး ပါးစပ္ထဲ ထည့္တတ္တဲ့ အက်င့္ေတြလည္း ျဖစ္လာႏိုင္ပါတယ္။ အဓိကကေတာ့ စိတ္ဖိစီးမႈကို ေျပေလ်ာ့သြားေစဖို႔ စိတ္က အစားဘက္ကို အာ႐ုံလႊဲေျပာင္းေပးလိုက္တဲ့ သေဘာပါပဲ။

၉။ အစာစားတာ အရမ္းျမန္လို႔

အစားကို ျဖည္းျဖည္းနဲ႔ မွန္မွန္ဝါးၿပီး မစားဘူး။ တစ္လုပ္ၿပီး တစ္လုပ္ ပါးစပ္ထဲထည့္၊ ေက်ညက္ေအာင္ မဝါးဘဲ မ်ိဳခ်တယ္၊ အစားကိုလည္း ခဏေလးနဲ႔ ကုန္ေအာင္စားတတ္တဲ့ အက်င့္ရွိသူေတြမွာ ေတာ္႐ုံနဲ႔ ဗိုက္ဝတယ္ဆိုတဲ့ ခံစားခ်က္မျဖစ္သလို မၾကာခဏ ဆာေလာင္ေနတတ္ပါတယ္။

ပုံမွန္အားျဖင့္ေတာ့ ကိုယ့္ရဲ႕ တစ္ေန႔တာေနထိုင္စားေသာက္မႈပုံစံေၾကာင့္ အစားကို ပုံမွန္ထက္ ပိုစားတတ္တဲ့ အက်င့္ျဖစ္လာတာပါ။ ေဟာ္မုန္းအေျပာင္းအလဲရွိသူေတြ၊ တခ်ိဳ႕ေသာ ေရာဂါေပ်ာက္ေဆး ေသာက္ေနရသူေတြမွာလည္း ေနာက္ဆက္တြဲဆိုးက်ိဳးအေနနဲ႔ အစားအလြန္အမင္းစားခ်င္စိတ္ေတြ ျဖစ္တတ္ပါတယ္။ အဓိက ကိုယ့္ရဲ႕ ေနထိုင္စားေသာက္မႈပုံစံကို ျပင္လိုက္ရင္ေတာ့ အဆင္ေျပသြားမွာပါ။

အားလုံးပဲ က်န္းမာေပ်ာ္႐ႊင္ၿပီး စိတ္ခ်မ္းသာစရာေန႔ရက္ေတြကို ပိုင္ဆိုင္ရပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
--------------------
(Unicode)⤵⤵⤵
ဘယ်လောက်စားစား ဗိုက်မဝဘဲ အမြဲဆာနေတာ ဘာလို့လဲ

ဗိုက်ဆာတယ်ဆိုတဲ့ ခံစားချက်ဟာ တစ်နည်းအားဖြင့် ကိုယ်ခန္ဓာကနေ အစာလိုအပ်နေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတစ်ခုပါပဲ။ လူက ဗိုက်ဆာလာပြီဆိုရင် ဝမ်းဗိုက်ကထဲကနေ ဂွီဂွီနဲ့ အသံတွေ ထွက်နေမယ်၊ စိတ်တိုဒေါသဖြစ်မယ်၊ ဘာကိုမှ အာရုံစုစည်းလို့မရတော့ဘဲ ခေါင်းကိုက်နေမှာပေါ့။

ပုံမှန်လူတစ်ယောက်က အစာစားပြီး နောက်တစ်ကြိမ် ထပ်မစားခင်အထိ နာရီတော်တော်များများ နေနိုင်တယ်ဆိုပေမဲ့ တချို့လူတွေမှာတော့ ဘယ်လောက်ပဲစားစား ဗိုက်ကဝသွားတယ်လို့ကို မခံစားရဘဲ တစ်ခုမဟုတ်တစ်ခု ရေခဲသေတ္တာထဲကနေ လိုက်ရှာပြီး ပါးစပ်ထဲထည့်ဝါးလိုက်ရမှ ကျေနပ်တဲ့သူ တွေလည်း ရှိပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ဘယ်လိုအကြောင်းရင်းတွေကြောင့် ခဏခဏ ဗိုက်ဆာတတ်တာလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

၁။ ပရိုတင်းဓာတ် လုံလောက်စွာ မစားသုံးခြင်း

ပရိုတင်းဓာတ်လို့ခေါ်တဲ့ အသားဓာတ်ဟာ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာကြွက်သားထု တည်ဆောက်ခြင်းနဲ့ ကိုယ်ခံအားစနစ်၊ အစာခြေစနစ်၊ တစ်နေ့တာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်ဆည်ပေးဖို့အတွက် လိုအပ်ပါတယ်။ ဒါ့အပြင် ပရိုတင်းဓာတ်ဟာ ဗိုက်ကိုပြည့်ဝစေပြီး အစာခဏခဏ စားချင်စိတ်ကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို လျော့နည်းစေပါတယ်။ ဒါကြောင့် ပရိုတင်းဓာတ်ပါဝင်မှုများတဲ့ အသား၊ ငါး၊ ပဲ၊ နွားနို့၊ ဥတွေကို အစားနည်းတဲ့သူတွေမှာ အစာစားပြီးတိုင်းလည်း ဗိုက်သိပ်ဝသလို မခံစားရဘဲ ခဏလေးနဲ့ ဗိုက်ပြန်ဆာတတ်ပါတယ်။

၂။ အိပ်ရေးမဝခြင်း

အိပ်ချိန်သည် လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ တစ်နေ့တာလိုအပ်တဲ့ အိပ်ချိန်ကို မရရှိတဲ့အခါ ဦးနှောက်က ကောင်းစွာ အလုပ်မလုပ်နိုင်ပါဘူး။ ဒါ့အပြင် အစာစားချင်စိတ်ကို လှုံ့ဆော်ပေးနေတဲ့ ဂရီလင်ဟော်မုန်းတွေကို တိုးစေလို့ မကြာခဏ အိပ်ရေးပျက်တဲ့သူတွေမှာ တခြားသူတွေထက် အစာပိုစားတတ်ကြတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ညအိပ်ချိန်ကို တစ်ရက်လျှင် ၇ နာရီခန့်ရှိဖို့ လိုအပ်ပါတယ်နော်။

၃။ ရေများများ မသောက်ခြင်း

ရေကို တစ်နေ့ ၂ လီတာထက် နည်းပြီး သောက်တဲ့သူတွေမှာ တခြားသူတွေထက် ရေဓာတ် ခမ်းခြောက်ခြင်းကို ပိုဖြစ်စေပါတယ်။ ကိုယ်ခန္ဓာက ရေဓာတ်နည်းတဲ့အခါ အစာခြေစနစ်က ကောင်းစွာ အလုပ်မလုပ်နိုင်သလို အာဟာရဓာတ် စုပ်ယူမှုအားလည်း နှေးကွေးသွားပါတယ်။ အဲ့လို အစာချေဖျက်ခြင်း နှေးသွားတဲ့အခါ ဗိုက်ထဲ အစာရောက်သွားရင်တောင် ဗိုက်ဝသွားတယ်လို့ မခံစားမိဘဲ ဆက်တိုက်စားဖြစ်ရင်းကနေ ဗိုက်တင်းကားတဲ့အထိ စားမိတတ်ပါတယ်။ ဒါကြောင့် ထမင်းမစားခင် အနည်းဆုံး နာရီဝက်လောက်ကြိုတင်ပြီး ရေလီတာဝက်လောက် သောက်ထားသင့်ပါတယ်။ တစ်နေ့လုံးစာအတွက် ရေကို အနည်းဆုံး ၃ လီတာလောက်တော့ ရအောင်သောက်ပေးပါ။

၄။ အမျှင်ဓာတ်နည်းခြင်း

အမျှင်ဓာတ်ကို ဟင်းသီးဟင်းရွက်၊ အသီးအနှံကနေ အများဆုံးရရှိပြီး အစာခြေစနစ်ကို အထောက်အကူ ပေးပါတယ်။ ဒီလိုဟင်းသီးဟင်းရွက်တွေကို နည်းနည်းပဲစားပြီး အသားတွေပဲ စားတဲ့အခါ အစာအိမ်က အစာချေဖျက်နှုန်း နှေးသွားစေတဲ့အတွက် ဗိုက်မဝသေးဘူးအထင်နဲ့ ထပ်ကာတလဲလဲ အစာတွေ စားမိတတ်ပါတယ်။

၅။ အစားကို အာရုံစိုက်မစားခြင်း

အစာစားနေတဲ့အချိန် ရုပ်ရှင်ကြည့်တာ၊ ဖုန်းသုံးတာတွေ လုပ်နေရင် ကိုယ်စားနေတဲ့အစာကို သေချာအာရုံစိုက်ပြီး မဝါးနိုင်ဘဲ ဒီအတိုင်းမျိုချတတ်တာမျိုး လုပ်ဖူးကြမှာပါ။ အဲ့လိုမျိုး ကိုယ်စားတဲ့ အစားအစာကို စိတ်အာရုံနှစ်ပြီး မစားဘူးဆိုရင်လည်း ခဏလည်း ဗိုက်ပြန်ပြန်ဆာတာ၊ စားပြီး ဗိုက်မဝတာမျိုး ဖြစ်တတ်ပါတယ်။

၆။ လေ့ကျင့်ခန်းလုပ်လွန်းလို့

လေ့ကျင့်ခန်း၊ အားကစား အပြင်းအထန်လုပ်တဲ့သူတွေမှာ ကယ်လိုရီလောင်ကျွမ်းမှုနဲ့ ဇီဝကမ္မ ပြောင်းလဲမှုဖြစ်စဉ် ပိုများပါတယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေက ပိုပြီးအလုပ်လုပ်ရတဲ့အတွက် အားအင်ကုန်ခမ်းပြီး ရေဓာတ်ဆုံးရှုံးမှု ပိုများပါတယ်။ အဲ့လို ကုန်ဆုံးသွားတဲ့အားအင်တွေကို ပြန်လည် ဖြည့်တင်းပေးဖို့အတွက် ကိုယ်ခန္ဓာက ပုံမှန်ထက်ပိုပြီး အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။

၇။ အရက်သောက်နေကျမို့လို့

ညဆိုရင် တစ်ခွက်တစ်ဖလား မော့ပြီးမှ အိပ်တတ်တဲ့အကျင့်ရှိသူတွေမှာ ပုံမှန်ထက် အစားပိုစားတတ်ပြီး စားပြီးတိုင်းလည်း ဗိုက်က ပြည့်ဝသွားတယ်ဆိုတဲ့ ခံစားချက်မျိုးမရဘဲ တစ်ခုမဟုတ်တစ်ခု ဗိုက်ထဲထည့်နေရမှ ကျေနပ်နေတတ်ပါတယ်။

၈။ စိတ်ဖိစီးမှုများနေလို့

အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုများတဲ့သူတွေမှာ ခံတွင်းပျက်ပြီး ဘာမှမစားနိုင် မသောက်နိုင်တာမျိုးလည်း ရှိသလို မျက်စိထဲမြင်တာ အကုန်လျှောက်ရှာပြီး ပါးစပ်ထဲ ထည့်တတ်တဲ့ အကျင့်တွေလည်း ဖြစ်လာနိုင်ပါတယ်။ အဓိကကတော့ စိတ်ဖိစီးမှုကို ပြေလျော့သွားစေဖို့ စိတ်က အစားဘက်ကို အာရုံလွှဲပြောင်းပေးလိုက်တဲ့ သဘောပါပဲ။

၉။ အစာစားတာ အရမ်းမြန်လို့

အစားကို ဖြည်းဖြည်းနဲ့ မှန်မှန်ဝါးပြီး မစားဘူး။ တစ်လုပ်ပြီး တစ်လုပ် ပါးစပ်ထဲထည့်၊ ကျေညက်အောင် မဝါးဘဲ မျိုချတယ်၊ အစားကိုလည်း ခဏလေးနဲ့ ကုန်အောင်စားတတ်တဲ့ အကျင့်ရှိသူတွေမှာ တော်ရုံနဲ့ ဗိုက်ဝတယ်ဆိုတဲ့ ခံစားချက်မဖြစ်သလို မကြာခဏ ဆာလောင်နေတတ်ပါတယ်။

ပုံမှန်အားဖြင့်တော့ ကိုယ့်ရဲ့ တစ်နေ့တာနေထိုင်စားသောက်မှုပုံစံကြောင့် အစားကို ပုံမှန်ထက် ပိုစားတတ်တဲ့ အကျင့်ဖြစ်လာတာပါ။ ဟော်မုန်းအပြောင်းအလဲရှိသူတွေ၊ တချို့သော ရောဂါပျောက်ဆေး သောက်နေရသူတွေမှာလည်း နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အစားအလွန်အမင်းစားချင်စိတ်တွေ ဖြစ်တတ်ပါတယ်။ အဓိက ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြင်လိုက်ရင်တော့ အဆင်ပြေသွားမှာပါ။

အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ဘယ္ေလာက္စားစား ဗိုက္မဝဘဲ အၿမဲဆာေနတာ ဘာလို႔လဲ ဘယ္ေလာက္စားစား ဗိုက္မဝဘဲ အၿမဲဆာေနတာ ဘာလို႔လဲ Reviewed by THITHTOOLWIN on 03:22 Rating: 5
Powered by Blogger.