ေရႊတူးေဖာ္မႈေၾကာင့္ နားဟုိင္းလံုရြာသားတခ်ဳိ့ ေနအိမ္ေျပာင္းေရႊ႕ရ

(Zawgyi)⤵⤵⤵
ဒီဇင္ဘာ ၄ ရက္ ၂၀၁၉

သွ်မ္းျပည္ အေရွ႕ပိုင္း တာခ်ီလိတ္ခရုိင္ နားဟိုင္းလံုေက်းရြာ တြင္ ေဒသခံရြာသားတခ်ဳိ႕ ေနအိမ္ မ်ားေျပာင္းေရႊ႕ေနရေၾကာင္း သတင္းရရွိသည္။

တာေလျမိဳ႕နယ္ခြဲ နားဟုိင္းလံု ေက်းရြာတြင္ ေရႊဆက္လက္တူးေဖာ္ေနမႈေၾကာင့္ သဲႏွဳန္းမ်ားျမစ္ေခ်ာင္းအင္းအုိင္နွင့္ လယ္ေျမမ်ားအတြင္းေသာင္ထြန္းကာ မိုးရြာသြန္းပါက ရုတ္ခ်ည္းေရႀကီး ေရလွ်ံမႈ ျဖစ္ေပၚသျဖင့္ ျမစ္ေခ်ာင္းေဘး ေနထိုင္သည့္ ေနအိမ္တခ်ိဳ႕ ရြာအျပင္ဘက္သို႔ ေျပာင္းေရႊ႕ေနထိုင္ရေၾကာင္း နားဟုိင္းလံု ေဒသခံ စိုင္းလ်ဳိးက သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ မိုးရြာတဲ့အခ်ိန္ေရႀကီးေတာ့ ျမစ္ေဘးမွာေနထိုင္တဲ့သူေတြ က အဆင္မေျပဘူး။ အိမ္ေတြ ေရလွ်ံတယ္။ ဒါေၾကာင့္ သူတုိ႔ရြာျပင္ ေျပာင္းေနရတာ” ဟု စိုင္းလ်ဳိးက ေျပာသည္။

ေနအိမ္ေျပာင္းေရႊ႕ ရသည့္ရြာသားမ်ားသည္ လက္ရွိတြင္အခက္အခဲမ်ားစြာ ရင္ဆုိင္ေနရေၾကာင္း၊ ထုိသို႔ေျပာင္းေရႊ႕ ရသည့္တုိင္ သက္ဆုိင္ရာမွ လာေရာက္ ၾကည့္ရႈေပးျခင္းမရွိေၾကာင္း လည္း နားဟုိင္းလံု ေဒသခံမ်ားက ေျပာသည္။

“ ရြာထဲမွာ အိမ္ရွိတယ္။ လယ္ရွိတယ္။ ေနရာကေတာ့ ကိုယ့္အစီအစဥ္နဲ႔ ေျပာင္းရတယ္။ ေန႔လည္ဆိုရင္ လယ္လုပ္ဖို႔ ရြာဘက္လာရတယ္။ ေရႊတူးေဖာ္မႈ ျပသနာ က တေန႔ထက္ တေန႔ ဆုိးလာတယ္” ဟု ေနအိမ္ေျပာင္းေရႊ႕ရသည့္ အမ်ိဳးသား တဦး က ေျပာသည္။

နားဟုိင္းလံု ေက်းရြာ အနီး ေရႊတူးေဖာ္ေနမႈမ်ားရပ္တန္႔ရန္ အတြက္ ေဒသခံမ်ား ေခတ္အဆက္ဆက္ေတာင္းဆုိလာခဲ့ေသာ္လည္း ကုမၼဏီနွင့္ ေဒသတြင္းအာဏာပုိင္မ်ား အေလးထားေဆာင္ရြက္ေပးျခင္းမ်ဳိးမရွိဘဲ ဆက္လက္တူးေဖာ္ေနေၾကာင္း နားဟုိင္းလံု ေဒသခံမ်ားက ေျပာဆုိလုိက္သည္။

“ေရႊတူးတာေတြ ရပ္ေပးဖုိ႔ က်ေနာ္တုိ႔ေတာင္းတယ္။ဒီကိစၥေတြေၾကာင့္ က်ေနာ့္ အေဖလည္း အသက္ေပးခဲ့ရျပီ။ ဒါေပမယ့္ ဘယ္အစိုးရ တက္တက္ က်ေနာ္တို႔ကို ၾကည့္ေပးတဲ့သူ မရွိဘူး” ဟု စိုင္းလ်ဳိး က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ တာေလျမိဳ႕နယ္ခြဲအတြင္း ေရႊမ်ားကုို ၂၀၀၇ ခုနွစ္ကတည္းက စတင္ တူးေဖာ္ လာခဲ့ၾကသည္။

ေရႊတူးေဖာ္မႈ စီမံကိန္းေၾကာင့္ လယ္ယာေျမမ်ား ဧကေပါင္း ရာႏွင့္ခ်ီ ပ်က္စီး ခဲ့ျပီး၊ သဘာဝပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးျခင္း၊ ျမစ္ေခ်ာင္းမ်ား ေပ်ာက္ကြယ္ျခင္း၊ အဆုိးရြားဆုံးမွာ ေဒသခံလူထုတုိ့ အသက္ေပးရသည္အထိျဖစ္ေနျခင္းတုိ႔ ေၾကာင့္ ၄င္းအားေဒသခံမ်ား အလုိမရွိေၾကာင္း ဆန့္က်င္ကန့္ကြက္ခဲ့ၾကေသာ္လည္း ကုမၼဏီမ်ား ယေန့တုိင္ဆက္လက္တူးေဖာ္ေနဆဲျဖစ္ေၾကာင္းသိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
-----------------
(Unicode)⤵⤵⤵
ရွှေတူးဖော်မှုကြောင့် နားဟိုင်းလုံရွာသားတချို့ နေအိမ်ပြောင်းရွှေ့ရ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်
ဒီဇင်ဘာ ၄ ရက် ၂၀၁၉

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်ခရိုင် နားဟိုင်းလုံကျေးရွာ တွင် ဒေသခံရွာသားတချို့ နေအိမ် များပြောင်းရွှေ့နေရကြောင်း သတင်းရရှိသည်။

တာလေမြို့နယ်ခွဲ နားဟိုင်းလုံ ကျေးရွာတွင် ရွှေဆက်လက်တူးဖော်နေမှုကြောင့် သဲနှုန်းများမြစ်ချောင်းအင်းအိုင်နှင့် လယ်မြေများအတွင်းသောင်ထွန်းကာ မိုးရွာသွန်းပါက ရုတ်ချည်းရေကြီး ရေလျှံမှု ဖြစ်ပေါ်သဖြင့် မြစ်ချောင်းဘေး နေထိုင်သည့် နေအိမ်တချို့ ရွာအပြင်ဘက်သို့ ပြောင်းရွှေ့နေထိုင်ရကြောင်း နားဟိုင်းလုံ ဒေသခံ စိုင်းလျိုးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ မိုးရွာတဲ့အချိန်ရေကြီးတော့ မြစ်ဘေးမှာနေထိုင်တဲ့သူတွေ က အဆင်မပြေဘူး။ အိမ်တွေ ရေလျှံတယ်။ ဒါကြောင့် သူတို့ရွာပြင် ပြောင်းနေရတာ” ဟု စိုင်းလျိုးက ပြောသည်။

နေအိမ်ပြောင်းရွှေ့ ရသည့်ရွာသားများသည် လက်ရှိတွင်အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း၊ ထိုသို့ပြောင်းရွှေ့ ရသည့်တိုင် သက်ဆိုင်ရာမှ လာရောက် ကြည့်ရှုပေးခြင်းမရှိကြောင်း လည်း နားဟိုင်းလုံ ဒေသခံများက ပြောသည်။

“ ရွာထဲမှာ အိမ်ရှိတယ်။ လယ်ရှိတယ်။ နေရာကတော့ ကိုယ့်အစီအစဉ်နဲ့ ပြောင်းရတယ်။ နေ့လည်ဆိုရင် လယ်လုပ်ဖို့ ရွာဘက်လာရတယ်။ ရွှေတူးဖော်မှု ပြသနာ က တနေ့ထက် တနေ့ ဆိုးလာတယ်” ဟု နေအိမ်ပြောင်းရွှေ့ရသည့် အမျိုးသား တဦး က ပြောသည်။

နားဟိုင်းလုံ ကျေးရွာ အနီး ရွှေတူးဖော်နေမှုများရပ်တန့်ရန် အတွက် ဒေသခံများ ခေတ်အဆက်ဆက်တောင်းဆိုလာခဲ့သော်လည်း ကုမ္မဏီနှင့် ဒေသတွင်းအာဏာပိုင်များ အလေးထားဆောင်ရွက်ပေးခြင်းမျိုးမရှိဘဲ ဆက်လက်တူးဖော်နေကြောင်း နားဟိုင်းလုံ ဒေသခံများက ပြောဆိုလိုက်သည်။

“ရွှေတူးတာတွေ ရပ်ပေးဖို့ ကျနော်တို့တောင်းတယ်။ဒီကိစ္စတွေကြောင့် ကျနော့် အဖေလည်း အသက်ပေးခဲ့ရပြီ။ ဒါပေမယ့် ဘယ်အစိုးရ တက်တက် ကျနော်တို့ကို ကြည့်ပေးတဲ့သူ မရှိဘူး” ဟု စိုင်းလျိုး က ပြောသည်။

တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲအတွင်း ရွှေများကို ၂၀၀၇ ခုနှစ်ကတည်းက စတင် တူးဖော် လာခဲ့ကြသည်။

ရွှေတူးဖော်မှု စီမံကိန်းကြောင့် လယ်ယာမြေများ ဧကပေါင်း ရာနှင့်ချီ ပျက်စီး ခဲ့ပြီး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ မြစ်ချောင်းများ ပျောက်ကွယ်ခြင်း၊ အဆိုးရွားဆုံးမှာ ဒေသခံလူထုတို့ အသက်ပေးရသည်အထိဖြစ်နေခြင်းတို့ ကြောင့် ၎င်းအားဒေသခံများ အလိုမရှိကြောင်း ဆန့်ကျင်ကန့်ကွက်ခဲ့ကြသော်လည်း ကုမ္မဏီများ ယနေ့တိုင်ဆက်လက်တူးဖော်နေဆဲဖြစ်ကြောင်းသိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ေရႊတူးေဖာ္မႈေၾကာင့္ နားဟုိင္းလံုရြာသားတခ်ဳိ့ ေနအိမ္ေျပာင္းေရႊ႕ရ ေရႊတူးေဖာ္မႈေၾကာင့္ နားဟုိင္းလံုရြာသားတခ်ဳိ့ ေနအိမ္ေျပာင္းေရႊ႕ရ Reviewed by THITHTOOLWIN on 03:53 Rating: 5
Powered by Blogger.