ရတနာပုံတကၠသိုလ္ေက်ာင္းသား လုယက္အသတ္ခံရမႈ က်ဴးလြန္သူကို ေထာင္ဒဏ္ ႏွစ္ ၃၀ ခ်မွတ္

အမိန႔္ခ်တဲ့ေန႔မွာ တိုင္းအစိုးရ႐ုံးေရွ႕ ဆႏၵေဖာ္ထုတ္ခဲ့ၾကသူမ်ား
(Zawgyi)⤵⤵⤵
မႏၲေလးတိုင္း အမရပူရၿမိဳ႕နယ္ ေတာင္သမာန္ကန္ပတ္လမ္းမွာ ရတနာပုံတကၠသိုလ္ ကုန္ထုတ္ဓာတုေက်ာင္းသား ကိုစိုးမိုးဟိန္းကို လုယက္ သတ္ျဖတ္ခဲ့တဲ့ တရားခံကို လူသတ္မႈပုဒ္မ ၃၀၂၊ လုယက္မႈပုဒ္မ ၃၉၄ တို႔နဲ႔ မႏၲေလးခ႐ိုင္တရား႐ုံးက ဒီဇင္ဘာ ၂၃ ရက္ေန႔မွာ ေထာင္ဒဏ္ အႏွစ္ ၃၀ ခ်မွတ္လိုက္တယ္လို႔ အမရပူရၿမိဳ႕နယ္ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

" အမွန္တကယ္ က်ဴးလြန္ခဲ့တဲ့ တရားခံကို အမိန႔္ခ်လိုက္တာပါ၊ လူသတ္မႈနဲ႔ ေထာင္ဒဏ္ အႏွစ္ (၂၀)၊ လုယက္မႈက ေထာင္ဒဏ္ ၁၀ ႏွစ္" လို႔ အမရပူရၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉး ေက်ာ္ႏိုင္က ေျပာပါတယ္။

တရား႐ုံးအမိန႔္ဟာ ကိုစိုးမိုးဟိန္း အသတ္ခံရၿပီး ၁ ႏွစ္ေလာက္ၾကာမွ က်ဴးလြန္တဲ့ တရားခံကို တရား႐ုံးက အမိန႔္ခ်တာလည္း ျဖစ္ပါတယ္။

ရတနာပုံတကၠသိုလ္က ကုန္ထုတ္ဓာတုေဗဒ ေနာက္ဆုံးႏွစ္ေက်ာင္းသား ကိုစိုးမိုးဟိန္းဟာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ ၂၅ ရက္ေန႔တုန္းက ရတနာပုံတကၠသိုလ္အနီး ေတာင္သမာန္ကန္ပတ္လမ္းမွာ ရည္းစားျဖစ္သူနဲ႔ အတူထိုင္ေနတုန္း အမည္မသိ လူတစ္စုက ဆိုင္ကယ္ ၂ စီးနဲ႔ ေရာက္လာၿပီး ပိုက္ဆံအိတ္ကို လုယူ ၿပီးေနာက္ ကိုစိုးမိုးဟိန္းကိုလည္း ဓားနဲ႔ထိုးခဲ့လို႔ အသက္ဆုံးရႈံးခဲ့ရတာ ျဖစ္ပါတယ္။
 သတ္ျဖတ္ခံခဲ့ရတဲ့ ေက်ာင္းသား ကိုစိုးမိုးဟိန္း

အမိန႔္ခ်တဲ့ေန႔မွာ ရတနာပုံတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢက ေက်ာင္းသား ေက်ာင္းသူ အေယာက္ ၅၀ ေလာက္ဟာ တိုင္းအစိုးရ အဖြဲ႕႐ုံးေရွ႕နဲ႔ တရား႐ုံးေရွ႕ ဆိုင္းဘုတ္ေတြကိုင္ၿပီး လာေရာက္ ဆႏၵေဖာ္ထုတ္ခဲ့ၾကပါတယ္။

အမႈျဖစ္စဥ္မွာ တရားခံ ၁ ေယာက္ပဲ ရဲတပ္ဖြဲ႕က ဖမ္းဆီးႏိုင္ၿပီး က်န္တဲ့ တရားခံ ၃ ဦးကို မဖမ္းဆီး ႏိုင္ေသးတဲ့အေပၚ ေက်ာင္းသားမ်ားသမဂၢကလည္း ကန႔္ကြက္စာ ထုတ္ျပန္ခဲ့ပါတယ္။

ရဲတပ္ဖြဲ႕ကေတာ့ ဒီအမႈမွာ က်ဴးလြန္သူက ၃ ဦးပဲ ရွိၿပီး အခု အမိန႔္ခ်တာကလည္း ဓားနဲ႔ထိုးခဲ့တဲ့ တရားခံကို ခ်မွတ္လိုက္တာလို႔ ေျပာပါတယ္။

" ၄ ဦးဆိုတာက ပထမတုန္းက ေကာင္မေလးက ဘယ္ႏွစ္ဦးမွန္း မသိဘူး၊ ဒါေၾကာင့္ သူက မွန္းၿပီးထြက္ဆိုတာ၊ ကြၽန္ေတာ္တို႔ စစ္ေဆးေပၚေပါက္ခ်က္အရ ၃ ဦးပဲ၊ အခု အမိန႔္ခ်တဲ့သူက အဓိက က်ဴးလြန္သူ၊ သူကလည္း တရား႐ုံးမွာ ေျဖာင့္ခ်က္ေပးတယ္၊ အမွန္တကယ္ ၃ ေယာက္ပဲ ပါတာ" လို႔ အမရပူရၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉး ေက်ာ္ႏိုင္က ေျပာပါတယ္။

ရတနာပုံ ေက်ာင္းသားမ်ားသမဂၢကေတာ့ ဒီအမႈမွာ က်န္ရွိေနတဲ့ တရားခံေတြ အျမန္ဆုံးဖမ္းဆီးေပးပါ ဆိုၿပီးေတာ့လည္း တရား႐ုံးေရွ႕မွာ ေတာင္းဆိုခဲ့ၾကပါတယ္။

ဒီအေပၚ အမရပူရၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉး ေက်ာ္ႏိုင္က "လြတ္ေျမာက္ေနဆဲ က်န္တဲ့ ၂ ေယာက္ကိုလည္း တရားခံေျပးအေနနဲ႔ ဝရမ္းထုတ္ထားၿပီး ၂ ဦးလုံးကိုလည္း လူသတ္မႈ၊ လုယက္မႈ ပုဒ္မ ၂ ခုနဲ႔ စြဲခ်က္ထားတယ္" လို႔ ေျပာပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
ရတနာပုံတက္ကသိုလ်ကျောင်းသား လုယက်အသတ်ခံရမှု ကျူးလွန်သူကို ထောင်ဒဏ် နှစ် ၃၀ ချမှတ်

ဓာတ်ပုံ မူပိုင် Ba Chit
Image caption အမိန့်ချတဲ့နေ့မှာ တိုင်းအစိုးရရုံးရှေ့ ဆန္ဒဖော်ထုတ်ခဲ့ကြသူများ

မန္တလေးတိုင်း အမရပူရမြို့နယ် တောင်သမာန်ကန်ပတ်လမ်းမှာ ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓာတုကျောင်းသား ကိုစိုးမိုးဟိန်းကို လုယက် သတ်ဖြတ်ခဲ့တဲ့ တရားခံကို လူသတ်မှုပုဒ်မ ၃၀၂၊ လုယက်မှုပုဒ်မ ၃၉၄ တို့နဲ့ မန္တလေးခရိုင်တရားရုံးက ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ထောင်ဒဏ် အနှစ် ၃၀ ချမှတ်လိုက်တယ်လို့ အမရပူရမြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

" အမှန်တကယ် ကျူးလွန်ခဲ့တဲ့ တရားခံကို အမိန့်ချလိုက်တာပါ၊ လူသတ်မှုနဲ့ ထောင်ဒဏ် အနှစ် (၂၀)၊ လုယက်မှုက ထောင်ဒဏ် ၁၀ နှစ်" လို့ အမရပူရမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်နိုင်က ပြောပါတယ်။

တရားရုံးအမိန့်ဟာ ကိုစိုးမိုးဟိန်း အသတ်ခံရပြီး ၁ နှစ်လောက်ကြာမှ ကျူးလွန်တဲ့ တရားခံကို တရားရုံးက အမိန့်ချတာလည်း ဖြစ်ပါတယ်။

ရတနာပုံတက္ကသိုလ်က ကုန်ထုတ်ဓာတုဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်းဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တုန်းက ရတနာပုံတက္ကသိုလ်အနီး တောင်သမာန်ကန်ပတ်လမ်းမှာ ရည်းစားဖြစ်သူနဲ့ အတူထိုင်နေတုန်း အမည်မသိ လူတစ်စုက ဆိုင်ကယ် ၂ စီးနဲ့ ရောက်လာပြီး ပိုက်ဆံအိတ်ကို လုယူ ပြီးနောက် ကိုစိုးမိုးဟိန်းကိုလည်း ဓားနဲ့ထိုးခဲ့လို့ အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် SOE PAING
Image caption သတ်ဖြတ်ခံခဲ့ရတဲ့ ကျောင်းသား ကိုစိုးမိုးဟိန်း

အမိန့်ချတဲ့နေ့မှာ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကျောင်းသား ကျောင်းသူ အယောက် ၅၀ လောက်ဟာ တိုင်းအစိုးရ အဖွဲ့ရုံးရှေ့နဲ့ တရားရုံးရှေ့ ဆိုင်းဘုတ်တွေကိုင်ပြီး လာရောက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အမှုဖြစ်စဉ်မှာ တရားခံ ၁ ယောက်ပဲ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ပြီး ကျန်တဲ့ တရားခံ ၃ ဦးကို မဖမ်းဆီး နိုင်သေးတဲ့အပေါ် ကျောင်းသားများသမဂ္ဂကလည်း ကန့်ကွက်စာ ထုတ်ပြန်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဒီအမှုမှာ ကျူးလွန်သူက ၃ ဦးပဲ ရှိပြီး အခု အမိန့်ချတာကလည်း ဓားနဲ့ထိုးခဲ့တဲ့ တရားခံကို ချမှတ်လိုက်တာလို့ ပြောပါတယ်။

    တိုင်းဝန်ကြီးချုပ်ပုံ မီးရှို့မှုနဲ့ ရတနာပုံကျောင်းသား ငါးဦး ဝရမ်းထုတ်

" ၄ ဦးဆိုတာက ပထမတုန်းက ကောင်မလေးက ဘယ်နှစ်ဦးမှန်း မသိဘူး၊ ဒါကြောင့် သူက မှန်းပြီးထွက်ဆိုတာ၊ ကျွန်တော်တို့ စစ်ဆေးပေါ်ပေါက်ချက်အရ ၃ ဦးပဲ၊ အခု အမိန့်ချတဲ့သူက အဓိက ကျူးလွန်သူ၊ သူကလည်း တရားရုံးမှာ ဖြောင့်ချက်ပေးတယ်၊ အမှန်တကယ် ၃ ယောက်ပဲ ပါတာ" လို့ အမရပူရမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်နိုင်က ပြောပါတယ်။

ရတနာပုံ ကျောင်းသားများသမဂ္ဂကတော့ ဒီအမှုမှာ ကျန်ရှိနေတဲ့ တရားခံတွေ အမြန်ဆုံးဖမ်းဆီးပေးပါ ဆိုပြီးတော့လည်း တရားရုံးရှေ့မှာ တောင်းဆိုခဲ့ကြပါတယ်။

ဒီအပေါ် အမရပူရမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်နိုင်က "လွတ်မြောက်နေဆဲ ကျန်တဲ့ ၂ ယောက်ကိုလည်း တရားခံပြေးအနေနဲ့ ဝရမ်းထုတ်ထားပြီး ၂ ဦးလုံးကိုလည်း လူသတ်မှု၊ လုယက်မှု ပုဒ်မ ၂ ခုနဲ့ စွဲချက်ထားတယ်" လို့ ပြောပါတယ်။

BBC Burmese
https://www.bbc.com
ရတနာပုံတကၠသိုလ္ေက်ာင္းသား လုယက္အသတ္ခံရမႈ က်ဴးလြန္သူကို ေထာင္ဒဏ္ ႏွစ္ ၃၀ ခ်မွတ္ ရတနာပုံတကၠသိုလ္ေက်ာင္းသား လုယက္အသတ္ခံရမႈ က်ဴးလြန္သူကို ေထာင္ဒဏ္ ႏွစ္ ၃၀ ခ်မွတ္ Reviewed by THITHTOOLWIN on 05:46 Rating: 5
Powered by Blogger.