တပ္မေတာ္သား ကိုယ္စားလွယ္ေတြရဲ႕ ကြင္းဆင္းျခင္း ကိစၥ

ႏိုင္ငံသားေတြ အခြင့္အေရးကို ပိုမို သိရွိႏိုင္ဖို႔အတြက္ ကြင္းဆင္းတာလို႔ေျပာ
(Zawgyi)⤵⤵⤵
ဒီဇင္ဘာလ ၁၉ရက္ေန႔က ျပည္ေထာင္စု လႊတ္ေတာ္မွာ အေျခခံဥပေဒ ျပင္ဆင္ေရးေတြနဲ႔ အလုပ္ရႈပ္ေနတဲ့အခ်ိန္ ျပည္သူ႔လႊတ္ေတာ္မွာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာ ေမးခြန္းတစ္ခု ျပည္သူ႔လႊတ္ေတာ္ အစည္းေဝး လ်ာထားအစီအစဥ္မွာ ေတြ႕လိုက္ရပါတယ္။

ဒါေပမယ့္ တကယ္တမ္း ျပည္သူ႔လႊတ္ေတာ္မွာ ဒီဇင္ဘာလ ၁၉ရက္ေန႔ ေမးခြန္းေမးတဲ့အစီအစဥ္ မွာေတာ့ အဲဒီေမးခြန္း ပါမလာခဲ့ပါဘူး။

ဒီေမးခြန္းကေတာ့ ၿပီးခဲ့တဲ့ လပိုင္းေတြက တပ္မေတာ္သားကိုယ္စားလွယ္ေတြဟာ အခ်ိဳ႕ေဒသေတြမွာ မိမိတို႔ မဲဆႏၵနယ္လို႔ ရည္ၫႊန္းၿပီး လူထုနဲ႔ေတြ႕ဆုံဖို႔ ကြင္းဆင္းၾကတဲ့ကိစၥ ျဖစ္ပါတယ္။

ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ က သူ႔လုပ္ပိုင္ခြင့္ကေန ဒီေမးခြန္းကို ပယ္ဖ်က္ခဲ့တာျဖစ္ပါတယ္။ လႊတ္ေတာ္ ဥကၠ႒ဟာ လိုအပ္ရင္ လိုအပ္သလို လႊတ္ေတာ္အစီစဥ္နဲ႔ ပတ္သက္ၿပီး ပယ္ဖ်က္ႏိုင္ခြင့္ ရွိၿပီး ဘာေၾကာင့္ ပယ္ဖ်က္တယ္ ဆိုတာ မသိေၾကာင္းလည္း ျပည္သူ႔လႊတ္ေတာ္ အခြင့္အေရးေကာ္မတီ အတြင္းေရးမႉး ေဒါက္တာ လွမိုးက ဘီဘီစီကို ေျပာပါတယ္။
 လူထုနဲ႔ ကြင္းဆင္းေတြ႕ဆုံေန ျခင္းဟာ အျငင္းပြားဖြယ္ ျဖစ္ေန။

ဒီအဆိုကို လႊတ္ေတာ္မွာ ေမးခြန္းေမးဖို႔ အဆို တင္သူကေတာ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ေညာင္ေ႐ႊၿမိဳ႕နယ္ ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနမ်ိဳးျဖစ္ပါတယ္။

သူေမးထားတာက အခုလို တပ္မေတာ္သားကိုယ္စားလွယ္ေတြ မဲဆႏၵနယ္ထဲမွာ ဝင္ေရာက္ကြင္းဆင္း စစ္ေဆးတာဟာ ေ႐ြးေကာက္ပြဲဥပေဒနဲ႔ ညီၫြတ္ျခင္းရွိမရွိ၊ ျပည္ေထာင္စု လႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္ အမ်ိဳးသားလႊတ္ေတာ္ ဥပေဒေတြနဲ႔ ကိုက္ညီျခင္းရွိ မရွိ၊ ဆိုၿပီးေမးျမန္းထားတဲ့ ေမးခြန္းျဖစ္ပါတယ္။

ကိုယ္စားျပဳ လႊတ္ေတာ္ကိုယ္စားလွယ္ရွိေနတဲ့ မဲဆႏၵနယ္အခ်ိဳ႕မွာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြက သက္ဆိုင္ရာ လႊတ္ေတာ္ကိုယ္ စားလွယ္ကို အသိေပးျခင္းမရွိဘဲ လူထုနဲ႔ ကြင္းဆင္းေတြ႕ဆုံေနျခင္းဟာ အျငင္းပြားဖြယ္ျဖစ္ေနတယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ အခ်ိဳ႕ကေျပာပါတယ္။

မႏၲေလးတိုင္းထဲ မွာလည္း ေနရာ အခ်ိဳ႕မွာ တပ္မေတာ္သားကိုယ္စားလွယ္ေတြ ကြင္းဆင္းတာေတြ ေတြ႕ရတယ္လို႔ မႏၲေလးတိုင္း ေအာင္ေျမသာစံၿမိဳ႕နယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာလွမိုးကေျပာပါတယ္။
 ျပည္သူလူထုအတြက္ ဘာမ်ားနစ္နာသြားတာရွိလဲ လို႔ေမးခြန္းထုတ္
ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၂၆ ရက္က သတင္းစာရွင္းလင္းပြဲမွာေတာ့ တပ္မေတာ္သားကိုယ္စားလွယ္ေတြ ကြင္းဆင္းတာဟာ ျပည္သူလူထုအတြက္ ဘာမ်ားနစ္နာသြားတာရွိလဲလို႔ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးေကာ္မတီ က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေျပာခဲ့ပါတယ္။

ဒါအျပင္ သူက ျပည္သူ႔လႊတ္ေတာ္ဆိုင္ရာ ဥပေဒ၊ နည္းဥပေဒေတြအရ တပ္မေတာ္က ခန႔္တာလည္း လႊတ္ေတာ္ကိုယ္စားလွယ္၊ ေ႐ြးေကာက္ခံကိုယ္စားလွယ္ကလည္း လႊတ္ေတာ္ကိုယ္စားလွယ္ ျဖစ္ၿပီးေတာ့ ဘယ္ဟာကို မွ လႊတ္ေတာ္ကိုယ္စားလွယ္ ေခၚရမယ္လို႔ ဥပေဒအရ ပိုင္းျခားသတ္မွတ္ထားတာ မရွိေၾကာင္းလည္း သူကေျပာပါတယ္။

ဒါအျပင္ အခုလို ကြင္းဆင္းတာေတြဟာ ႏိုင္ငံသားေတြ အခြင့္အေရးကို ပိုမို သိရွိႏိုင္ဖို႔အတြက္ ကြင္းဆင္းတာျဖစ္ၿပီး သက္ဆိုင္ရာ အာဏာပိုင္ေတြနဲ႔ ညႇိ ၿပီးမွ ဆင္းတာ၊ တျခား ရည္႐ြယ္ခ်က္ မရွိဘူးလို႔လည္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာခဲ့ပါတယ္။

တပ္မေတာ္ သားကိုယ္စားလွယ္ေတြကို ေနျပည္ေတာ္လို တစ္ေနရာထဲကေန ခန႔္အပ္တာမဟုတ္ေၾကာင္း၊ ေဒသအလိုက္ ေ႐ြးၿပီးခန႔္တာျဖစ္ေၾကာင္း၊ သူနဲ႔ဆိုင္တဲ့ ေဒသဖြံ႕ၿဖိဳးေရးကို ဘာလိုလည္းဆိုတာ လိုက္ၿပီး ကြက္လပ္ ျဖည့္တာ ျဖစ္တယ္လို႔ လည္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာခဲ့ပါတယ္။
အေျခခံဥပေဒျပင္ဆင္ေရးလမ္းေၾကာင္းကလည္း ရႈပ္ေထြးေန
လႊတ္ေတာ္ မွာ အဲဒီေန႔ အစီအစဥ္မွာ ပယ္ဖ်က္လိုက္ေပမယ့္ ေမးခြန္းဟာ တည္ရွိေနတာျဖစ္ေၾကာင္းနဲ႔ အစီအစဥ္တစ္ရပ္ရပ္မွာ ျပန္ပါလာႏိုင္စရာ ရွိတယ္လို႔္လည္း ေဒါက္တာ လွမိုးက ေျပာပါတယ္။

တပ္မေတာ္ သားကိုယ္စားလွယ္ေတြ ကြင္းဆင္းတဲ့ကိစၥ အေပၚ ေမးခြန္းေမးတာနဲ႔ ပတ္သက္လို႔ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ နဲ႔ လႊတ္ေတာ္ကို ေမးတာျဖစ္ၿပီး သက္ဆိုင္ရာ နည္းဥပေဒေတြ လုပ္ထုံးလုပ္နည္းေတြနဲ႔ ကိုက္မကိုက္ ေမးတာျဖစ္တယ္လို႔ လည္း သူကရွင္းျပပါတယ္ ။

"၂၀၀၈ အေျခခံဥပေဒမွာ ပါၿပီးသား ျဖစ္ပါတယ္၊ ျပည္သူလႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ဆိုၿပီး တစ္ၿမိဳ႕နယ္ကို ၄ ဦးစီ ရွိပါတယ္။ တပ္မေတာ္သားကိုယ္စားလွယ္ကေတာ့ ေ႐ႊးေကာက္ခံ မဟုတ္တဲ့ အတြက္ မဲဆႏၵနယ္ေျမမရွိပါဘူး" လို႔ ေဒါက္တာလွမိုးကေျပာပါတယ္။

ဒါ့အျပင္ က်င့္ဝတ္အရကိုက သက္ဆိုင္ရာမဲဆႏၵနယ္ မွာ ကိုယ္စားလွယ္ေလးဦး ရွိၿပီးသားကို တပ္မေတာ္သားကိုယ္စားလွယ္ေတြက ဝင္ေရာက္ေဆာင္႐ႊက္တဲ့အတြက္ က်င့္ဝတ္အရ မသင့္ေတာ္ဘူးလို႔လည္း ေဒါက္တာလွမိုးက သူ႔အျမင္ကို ေျပာပါတယ္။
တပ္မေတာ္သားကိုယ္စားလွယ္ေတြ ဟာ ကြင္းဆင္းတာ မေတြ႕ ရေတာ့
ဒီကီစၥဟာ လႊတ္ေတာ္မွာ ေမးခြန္းမေရာက္လာခင္ ကတည္းကပဲ အျမင္ေတြကြဲျပားေနၿပီး အေျခခံ ဥပေဒျပင္ဆင္ေရးကိစၥၿပီးရင္ လႊတ္ေတာ္မွာ စိတ္ဝင္တစား ေဆြးေႏြးဖြယ္ရာ ေခါင္းစဥ္ ျဖစ္လာႏိုင္တယ္လို႔ ခန္႔မွန္းမႈေတြ ရွိပါတယ္။

တပ္မေတာ္သားကိုယ္စားလွယ္ေတြဟာ အခုရက္ပိုင္း အေျခခံဥပေဒျပင္ဆင္ေရးေကာ္မတီကို ေဝဖန္တာရွိသလို သူတို႔ေကာ္မတီက ႏုတ္ထြက္ႏိုင္တယ္ဆိုတဲ့ ေျပာဆိုမႈေတြ ရွိေပမယ့္ ဒီေမးခြန္းပယ္ဖ်က္တာဟာ ဒီအေၾကာင္းရာေတြနဲ႔ သက္ဆိုင္တယ္လို႔ မထင္ေၾကာင္း ေဒါက္တာလွမိုးကေျပာပါတယ္။

အခုရက္ပိုင္းမွာေတာ့ တပ္မေတာ္သားကိုယ္စားလွယ္ေတြ ကြင္းဆင္းတာ မေတြ႕ရေတာ့ေၾကာင္းလည္း အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္က လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕ကေျပာပါတယ္ ။

တပ္မေတာ္သား ကိုယ္စားလွယ္ေတြ ကြင္းဆင္းျခင္းကိစၥနဲ႔ ပတ္သက္ၿပီး နည္းဥပေဒေတြမွာ တိတိက်က် ျပ႒ာန္းထားျခင္း မရွိဘဲ လုပ္ပိုင္ခြင့္ ရွိ မရွိကလည္း ကြဲကြဲျပားျပား မသိတဲ့အတြက္ ဒီလို ေမးခြန္းမ်ိဳး ဟာ ေမးသင့္ေမးထိုက္တဲ့ ေမးခြန္းတစ္ခုျဖစ္ၿပီးေတာ့ အေျဖတစ္ခု ရွိသင့္တယ္လို႔လည္း တိုင္းရင္းသားပါတီ လႊတ္ေတာ္ ကိုယ္စားလွယ္ အခ်ိဳ႕ကေျပာၾကပါတယ္။

BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ကွင်းဆင်းခြင်း ကိစ္စ

ဓာတ်ပုံ မူပိုင် U Min Thu FB
Image caption နိုင်ငံသားတွေ အခွင့်အရေးကို ပိုမို သိရှိနိုင်ဖို့အတွက် ကွင်းဆင်းတာလို့ပြော

ဒီဇင်ဘာလ ၁၉ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးတွေနဲ့ အလုပ်ရှုပ်နေတဲ့အချိန် ပြည်သူ့လွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ မေးခွန်းတစ်ခု ပြည်သူ့လွှတ်တော် အစည်းဝေး လျာထားအစီအစဉ်မှာ တွေ့လိုက်ရပါတယ်။

ဒါပေမယ့် တကယ်တမ်း ပြည်သူ့လွှတ်တော်မှာ ဒီဇင်ဘာလ ၁၉ရက်နေ့ မေးခွန်းမေးတဲ့အစီအစဉ် မှာတော့ အဲဒီမေးခွန်း ပါမလာခဲ့ပါဘူး။

ဒီမေးခွန်းကတော့ ပြီးခဲ့တဲ့ လပိုင်းတွေက တပ်မတော်သားကိုယ်စားလှယ်တွေဟာ အချို့ဒေသတွေမှာ မိမိတို့ မဲဆန္ဒနယ်လို့ ရည်ညွှန်းပြီး လူထုနဲ့တွေ့ဆုံဖို့ ကွင်းဆင်းကြတဲ့ကိစ္စ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က သူ့လုပ်ပိုင်ခွင့်ကနေ ဒီမေးခွန်းကို ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌဟာ လိုအပ်ရင် လိုအပ်သလို လွှတ်တော်အစီစဉ်နဲ့ ပတ်သက်ပြီး ပယ်ဖျက်နိုင်ခွင့် ရှိပြီး ဘာကြောင့် ပယ်ဖျက်တယ် ဆိုတာ မသိကြောင်းလည်း ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ လှမိုးက ဘီဘီစီကို ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption လူထုနဲ့ ကွင်းဆင်းတွေ့ဆုံနေ ခြင်းဟာ အငြင်းပွားဖွယ် ဖြစ်နေ။

ဒီအဆိုကို လွှတ်တော်မှာ မေးခွန်းမေးဖို့ အဆို တင်သူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ညောင်ရွှေမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးဖြစ်ပါတယ်။

သူမေးထားတာက အခုလို တပ်မတော်သားကိုယ်စားလှယ်တွေ မဲဆန္ဒနယ်ထဲမှာ ဝင်ရောက်ကွင်းဆင်း စစ်ဆေးတာဟာ ရွေးကောက်ပွဲဥပဒေနဲ့ ညီညွတ်ခြင်းရှိမရှိ၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ဥပဒေတွေနဲ့ ကိုက်ညီခြင်းရှိ မရှိ၊ ဆိုပြီးမေးမြန်းထားတဲ့ မေးခွန်းဖြစ်ပါတယ်။

ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ရှိနေတဲ့ မဲဆန္ဒနယ်အချို့မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက သက်ဆိုင်ရာ လွှတ်တော်ကိုယ် စားလှယ်ကို အသိပေးခြင်းမရှိဘဲ လူထုနဲ့ ကွင်းဆင်းတွေ့ဆုံနေခြင်းဟာ အငြင်းပွားဖွယ်ဖြစ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် အချို့ကပြောပါတယ်။

မန္တလေးတိုင်းထဲ မှာလည်း နေရာ အချို့မှာ တပ်မတော်သားကိုယ်စားလှယ်တွေ ကွင်းဆင်းတာတွေ တွေ့ရတယ်လို့ မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးကပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ပြည်သူလူထုအတွက် ဘာများနစ်နာသွားတာရှိလဲ လို့မေးခွန်းထုတ်

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်က သတင်းစာရှင်းလင်းပွဲမှာတော့ တပ်မတော်သားကိုယ်စားလှယ်တွေ ကွင်းဆင်းတာဟာ ပြည်သူလူထုအတွက် ဘာများနစ်နာသွားတာရှိလဲလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးကော်မတီ က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောခဲ့ပါတယ်။

ဒါအပြင် သူက ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ တပ်မတော်က ခန့်တာလည်း လွှတ်တော်ကိုယ်စားလှယ်၊ ရွေးကောက်ခံကိုယ်စားလှယ်ကလည်း လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီးတော့ ဘယ်ဟာကို မှ လွှတ်တော်ကိုယ်စားလှယ် ခေါ်ရမယ်လို့ ဥပဒေအရ ပိုင်းခြားသတ်မှတ်ထားတာ မရှိကြောင်းလည်း သူကပြောပါတယ်။

ဒါအပြင် အခုလို ကွင်းဆင်းတာတွေဟာ နိုင်ငံသားတွေ အခွင့်အရေးကို ပိုမို သိရှိနိုင်ဖို့အတွက် ကွင်းဆင်းတာဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိ ပြီးမှ ဆင်းတာ၊ တခြား ရည်ရွယ်ချက် မရှိဘူးလို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

တပ်မတော် သားကိုယ်စားလှယ်တွေကို နေပြည်တော်လို တစ်နေရာထဲကနေ ခန့်အပ်တာမဟုတ်ကြောင်း၊ ဒေသအလိုက် ရွေးပြီးခန့်တာဖြစ်ကြောင်း၊ သူနဲ့ဆိုင်တဲ့ ဒေသဖွံ့ဖြိုးရေးကို ဘာလိုလည်းဆိုတာ လိုက်ပြီး ကွက်လပ် ဖြည့်တာ ဖြစ်တယ်လို့ လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Pyihtaungsuhlutaw
Image caption အခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းကလည်း ရှုပ်ထွေးနေ

လွှတ်တော် မှာ အဲဒီနေ့ အစီအစဉ်မှာ ပယ်ဖျက်လိုက်ပေမယ့် မေးခွန်းဟာ တည်ရှိနေတာဖြစ်ကြောင်းနဲ့ အစီအစဉ်တစ်ရပ်ရပ်မှာ ပြန်ပါလာနိုင်စရာ ရှိတယ်လို့်လည်း ဒေါက်တာ လှမိုးက ပြောပါတယ်။

တပ်မတော် သားကိုယ်စားလှယ်တွေ ကွင်းဆင်းတဲ့ကိစ္စ အပေါ် မေးခွန်းမေးတာနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင် နဲ့ လွှတ်တော်ကို မေးတာဖြစ်ပြီး သက်ဆိုင်ရာ နည်းဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်မကိုက် မေးတာဖြစ်တယ်လို့ လည်း သူကရှင်းပြပါတယ် ။

"၂၀၀၈ အခြေခံဥပဒေမှာ ပါပြီးသား ဖြစ်ပါတယ်၊ ပြည်သူလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဆိုပြီး တစ်မြို့နယ်ကို ၄ ဦးစီ ရှိပါတယ်။ တပ်မတော်သားကိုယ်စားလှယ်ကတော့ ရွှေးကောက်ခံ မဟုတ်တဲ့ အတွက် မဲဆန္ဒနယ်မြေမရှိပါဘူး" လို့ ဒေါက်တာလှမိုးကပြောပါတယ်။

ဒါ့အပြင် ကျင့်ဝတ်အရကိုက သက်ဆိုင်ရာမဲဆန္ဒနယ် မှာ ကိုယ်စားလှယ်လေးဦး ရှိပြီးသားကို တပ်မတော်သားကိုယ်စားလှယ်တွေက ဝင်ရောက်ဆောင်ရွှက်တဲ့အတွက် ကျင့်ဝတ်အရ မသင့်တော်ဘူးလို့လည်း ဒေါက်တာလှမိုးက သူ့အမြင်ကို ပြောပါတယ်။
ဓာတ်ပုံ မူပိုင် U Min Thu FB
Image caption တပ်မတော်သားကိုယ်စားလှယ်တွေ ဟာ ကွင်းဆင်းတာ မတွေ့ ရတော့

ဒီကီစ္စဟာ လွှတ်တော်မှာ မေးခွန်းမရောက်လာခင် ကတည်းကပဲ အမြင်တွေကွဲပြားနေပြီး အခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စပြီးရင် လွှတ်တော်မှာ စိတ်ဝင်တစား ဆွေးနွေးဖွယ်ရာ ခေါင်းစဉ် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေဟာ အခုရက်ပိုင်း အခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို ဝေဖန်တာရှိသလို သူတို့ကော်မတီက နုတ်ထွက်နိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိပေမယ့် ဒီမေးခွန်းပယ်ဖျက်တာဟာ ဒီအကြောင်းရာတွေနဲ့ သက်ဆိုင်တယ်လို့ မထင်ကြောင်း ဒေါက်တာလှမိုးကပြောပါတယ်။

အခုရက်ပိုင်းမှာတော့ တပ်မတော်သားကိုယ်စားလှယ်တွေ ကွင်းဆင်းတာ မတွေ့ရတော့ကြောင်းလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောပါတယ် ။

တပ်မတော်သား ကိုယ်စားလှယ်တွေ ကွင်းဆင်းခြင်းကိစ္စနဲ့ ပတ်သက်ပြီး နည်းဥပဒေတွေမှာ တိတိကျကျ ပြဋ္ဌာန်းထားခြင်း မရှိဘဲ လုပ်ပိုင်ခွင့် ရှိ မရှိကလည်း ကွဲကွဲပြားပြား မသိတဲ့အတွက် ဒီလို မေးခွန်းမျိုး ဟာ မေးသင့်မေးထိုက်တဲ့ မေးခွန်းတစ်ခုဖြစ်ပြီးတော့ အဖြေတစ်ခု ရှိသင့်တယ်လို့လည်း တိုင်းရင်းသားပါတီ လွှတ်တော် ကိုယ်စားလှယ် အချို့ကပြောကြပါတယ်။

BBC Burmese
https://www.bbc.com
တပ္မေတာ္သား ကိုယ္စားလွယ္ေတြရဲ႕ ကြင္းဆင္းျခင္း ကိစၥ တပ္မေတာ္သား ကိုယ္စားလွယ္ေတြရဲ႕ ကြင္းဆင္းျခင္း ကိစၥ Reviewed by THITHTOOLWIN on 05:51 Rating: 5
Powered by Blogger.