ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္တြင္ ယာဥ္ကိုးစီး ဆက္တိုက္မႈျဖစ္ပြား

ယာဥ္တိုက္မႈျဖစ္ပြားၿပီးေနာက္ေတြ႕ရစဥ္ (ဓာတ္ပုံ-- ျမန္မာ့အလင္း)
(Zawgyi)⤵⤵⤵
    ရန္ကုန္၊ ဒီဇင္ဘာ ၂၄ ရက္(ဆင္ဟြာ)

    ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္တြင္ ယာဥ္ကိုးစီး ဆက္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ (၃၈) ရပ္ကြက္တြင္ ဒီဇင္ဘာ ၂၃ ရက္ ည ၉ နာရီခြဲအခ်ိန္ခန႔္က ျပည္ေထာင္စုလမ္းအတိုင္း၊ ေျမာက္မွေတာင္ (ဗိုလ္ဗထူးလမ္း ဘက္မွ အမွတ္(၂)လမ္းဘက္) သို႔ ျပည့္ၿဖိဳးေက်ာ္ (၂၈)ႏွစ္ (အမွတ္(၂/၁၃၉) တပင္ေ႐ႊထီးလမ္း၊ လႈိင္သာယာၿမိဳ႕နယ္ေနသူ YGN 7J-5683 HINO ေမာင္းႏွင္လာေသာ အျပာေရာင္ကြန္တိန္နာ အဌားယာဥ္သည္ ျပည္ေထာင္စုလမ္းႏွင့္ မင္းရဲေက်ာ္စြာမီးပြိဳင့္အေရာက္ အရွိန္လြန္ကာ ၎ေရွ႕ရွိ ယာဥ္ေမာင္းေက်ာ္ႏိုင္ဦး(၅၅)ႏွစ္ အမွတ္(၄၃၅) ေအာင္ရတနာလမ္း၊ (၇) ရပ္ကြက္၊ ဒဂုံအေရွ႕ ၿမိဳ႕နယ္ေနသူ ေမာင္းႏွင္ေသာ YGN AA-8069 PROBOX အဌားယာဥ္အား ဝင္တိုက္မိၿပီး တိုက္မိ သည့္အရွိန္ျဖင့္ တစ္ဖက္ယာဥ္ေၾကာသို႔ ေရာက္ရွိကာ မ်က္ႏွာခ်င္းဆိုင္မွ ယာဥ္ေမာင္း ကိုထက္ႏိုင္ဦး(၂၉)ႏွစ္၊ အမွတ္(၁၆၃၅)၊ စိႏၲာမဏိလမ္း၊ (၄၀)ရပ္ကြက္၊ ဒဂုံေျမာက္ ၿမိို႔နယ္ ေနထိုင္သူ ေမာင္းႏွင္လာေသာ YGN 4N-8035 DUMP TRUCK အျဖဴေရာင္ကားအား ထပ္မံ တိုက္မိခဲ့ေၾကာင္း၊ အဆိုပါကားမွ အတိုက္ခံရသည့္ အရွိန္ျဖင့္ ျပည္ေထာင္စုလမ္းအတိုင္း ေတာင္မွ ေျမာက္သို႔ ယာဥ္ေမာင္း ကိုေအာင္ကိုဦး၊ (၃၉)ႏွစ္၊ အမွတ္(၉၀၀/ခ)၊ ငုဝါလမ္း(၅၁)ရပ္ကြက္၊ ဒဂုံေျမာက္ၿမိဳ႕နယ္ေနသူ ေမာင္းႏွင္လာသည့္ YGN DD-2495 COROLLA အျဖဴေရာင္ အငွားယာဥ္၊ မ်က္ႏွာခ်င္းဆိုင္ ဝဲဘက္လမ္းအစပ္တြင္ ေမာင္းသူမဲ့ ရပ္တန႔္ထားေသာ YGN 7E-4987 MARK -II အျဖဴေရာင္(ပိုင္)ယာဥ္ႏွင့္ MON 3N-7336 SUZUKI PICKUP အျဖဴေရာင္(ပိုင္)ယာဥ္တို႔အား အဆင့္ဆင့္ တိုက္မိသြားခဲ့ၿပီး YGN 7J-5683 HINO အျပာေရာင္ကြန္တိန္နာ အဌားယာဥ္မွာ YGN 4N-8035 DUMP TRUCK အျဖဴေရာင္အငွားယာဥ္ျဖင့္ တိုက္မိသည့္ အရွိန္ျဖင့္ ၎ယာဥ္၏ ဝဲဘက္တြင္ မီးနီ၍ ရပ္တန႔္ထားေသာ ဦးသိန္းထြန္း(၆၃)ႏွစ္၊ အမွတ္(၄၃၈)၊ မိုးမခလမ္း၊ (၄၆)ရပ္ကြက္ ဒဂုံေျမာက္ ၿမိဳ႕နယ္ေနသူ ေမာင္းႏွင္ေသာ YGN 11-8903 HONDA FIT အျပာေရာင္ ယာဥ္၊ ယာဥ္ေမာင္းကိုစည္သူေအာင္(၃၅)ႏွစ္၊ တိုက္(E-1)၊ အခန္း(၁၀၂)၊ ေတာ့စတားအိမ္ရာ၊ (၆၅)ရပ္ကြက္ ဒဂုံေတာင္ၿမိဳ႕နယ္ေနသူ ေမာင္းႏွင္လာေသာ YGN 2H-5457 SUZUKI CARRY အျဖဴေရာင္(ပိုင္)ယာဥ္ေပၚသို႔ တိမ္းေမွာက္သြားခဲ့သည္။


အဆိုပါယာဥ္သည္ တိမ္းေမွာက္သြားၿပီး ဆက္လက္၍ ရပ္တန႔္ထားေသာ ကိုဟန္လင္းေအာင္ (၃၃)ႏွစ္၊(၇၀)ရပ္ကြက္၊ ဒဂုံေတာင္ၿမိဳ႕နယ္ေနသူ ေမာင္းႏွင္ေသာ YGN 8K-7346 TOWNACE အျဖဴေရာင္ (ပိုင္)ယာဥ္အားထပ္မံထိမိခဲ့သျဖင့္ ယာဥ္(၉)စီး ဆက္တိုက္မိၿပီး စုစုေပါင္းတန္ဖိုးေငြ (၁၂၄)သိန္း ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း၊ ယာဥ္တိုက္ မႈေၾကာင့္ အမ်ိဳးသမီးတစ္ဦး၊ ရင္ဘက္နာက်င္၊ ဦးေခါင္းေနာက္ေစ့ဝဲဘက္၊ နဖူးတို႔ ဖူးေရာင္ဒဏ္ရာ၊ အမ်ိဳးသားႏွစ္ဦးပြန္းျခစ္ဒဏ္ရာႏွင့္ ဝဲမ်က္ခုံး စုတ္ၿပဲဒဏ္ရာမ်ားရရွိကာ ေျမာက္ဥကၠလာပေဆး႐ုံတြင္ ျပင္ပလူနာ (မစိုးရိမ္ရ)မ်ား အျဖစ္ တင္ပို႔ကုသထားၿပီး ယာဥ္မဆင္မျခင္ေမာင္းႏွင္သူ ျပည့္ၿဖိဳးေက်ာ္အား ယာဥ္မႈစစ္မွ ဥပေဒအရ အေရးယူေဆာင္႐ြက္လ်က္ ရွိေၾကာင္းျမန္မာ့အလင္းသတင္းစာတြင္ပါရွိသည္။

(Xinhua)
http://www.xinhuamyanmar.com
------
(Unicode)⤵⤵⤵
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယာဉ်ကိုးစီး ဆက်တိုက်မှုဖြစ်ပွား


ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာ့အလင်း)
    ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ)

    ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယာဉ်ကိုးစီး ဆက်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈) ရပ်ကွက်တွင် ဒီဇင်ဘာ ၂၃ ရက် ည ၉ နာရီခွဲအချိန်ခန့်က ပြည်ထောင်စုလမ်းအတိုင်း၊ မြောက်မှတောင် (ဗိုလ်ဗထူးလမ်း ဘက်မှ အမှတ်(၂)လမ်းဘက်) သို့ ပြည့်ဖြိုးကျော် (၂၈)နှစ် (အမှတ်(၂/၁၃၉) တပင်ရွှေထီးလမ်း၊ လှိုင်သာယာမြို့နယ်နေသူ YGN 7J-5683 HINO မောင်းနှင်လာသော အပြာရောင်ကွန်တိန်နာ အဌားယာဉ်သည် ပြည်ထောင်စုလမ်းနှင့် မင်းရဲကျော်စွာမီးပွိုင့်အရောက် အရှိန်လွန်ကာ ၎င်းရှေ့ရှိ ယာဉ်မောင်းကျော်နိုင်ဦး(၅၅)နှစ် အမှတ်(၄၃၅) အောင်ရတနာလမ်း၊ (၇) ရပ်ကွက်၊ ဒဂုံအရှေ့ မြို့နယ်နေသူ မောင်းနှင်သော YGN AA-8069 PROBOX အဌားယာဉ်အား ဝင်တိုက်မိပြီး တိုက်မိ သည့်အရှိန်ဖြင့် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း ကိုထက်နိုင်ဦး(၂၉)နှစ်၊ အမှတ်(၁၆၃၅)၊ စိန္တာမဏိလမ်း၊ (၄၀)ရပ်ကွက်၊ ဒဂုံမြောက် မြို့နယ် နေထိုင်သူ မောင်းနှင်လာသော YGN 4N-8035 DUMP TRUCK အဖြူရောင်ကားအား ထပ်မံ တိုက်မိခဲ့ကြောင်း၊ အဆိုပါကားမှ အတိုက်ခံရသည့် အရှိန်ဖြင့် ပြည်ထောင်စုလမ်းအတိုင်း တောင်မှ မြောက်သို့ ယာဉ်မောင်း ကိုအောင်ကိုဦး၊ (၃၉)နှစ်၊ အမှတ်(၉၀၀/ခ)၊ ငုဝါလမ်း(၅၁)ရပ်ကွက်၊ ဒဂုံမြောက်မြို့နယ်နေသူ မောင်းနှင်လာသည့် YGN DD-2495 COROLLA အဖြူရောင် အငှားယာဉ်၊ မျက်နှာချင်းဆိုင် ဝဲဘက်လမ်းအစပ်တွင် မောင်းသူမဲ့ ရပ်တန့်ထားသော YGN 7E-4987 MARK -II အဖြူရောင်(ပိုင်)ယာဉ်နှင့် MON 3N-7336 SUZUKI PICKUP အဖြူရောင်(ပိုင်)ယာဉ်တို့အား အဆင့်ဆင့် တိုက်မိသွားခဲ့ပြီး YGN 7J-5683 HINO အပြာရောင်ကွန်တိန်နာ အဌားယာဉ်မှာ YGN 4N-8035 DUMP TRUCK အဖြူရောင်အငှားယာဉ်ဖြင့် တိုက်မိသည့် အရှိန်ဖြင့် ၎င်းယာဉ်၏ ဝဲဘက်တွင် မီးနီ၍ ရပ်တန့်ထားသော ဦးသိန်းထွန်း(၆၃)နှစ်၊ အမှတ်(၄၃၈)၊ မိုးမခလမ်း၊ (၄၆)ရပ်ကွက် ဒဂုံမြောက် မြို့နယ်နေသူ မောင်းနှင်သော YGN 11-8903 HONDA FIT အပြာရောင် ယာဉ်၊ ယာဉ်မောင်းကိုစည်သူအောင်(၃၅)နှစ်၊ တိုက်(E-1)၊ အခန်း(၁၀၂)၊ တော့စတားအိမ်ရာ၊ (၆၅)ရပ်ကွက် ဒဂုံတောင်မြို့နယ်နေသူ မောင်းနှင်လာသော YGN 2H-5457 SUZUKI CARRY အဖြူရောင်(ပိုင်)ယာဉ်ပေါ်သို့ တိမ်းမှောက်သွားခဲ့သည်။

အဆိုပါယာဉ်သည် တိမ်းမှောက်သွားပြီး ဆက်လက်၍ ရပ်တန့်ထားသော ကိုဟန်လင်းအောင် (၃၃)နှစ်၊(၇၀)ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်နေသူ မောင်းနှင်သော YGN 8K-7346 TOWNACE အဖြူရောင် (ပိုင်)ယာဉ်အားထပ်မံထိမိခဲ့သဖြင့် ယာဉ်(၉)စီး ဆက်တိုက်မိပြီး စုစုပေါင်းတန်ဖိုးငွေ (၁၂၄)သိန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ယာဉ်တိုက် မှုကြောင့် အမျိုးသမီးတစ်ဦး၊ ရင်ဘက်နာကျင်၊ ဦးခေါင်းနောက်စေ့ဝဲဘက်၊ နဖူးတို့ ဖူးရောင်ဒဏ်ရာ၊ အမျိုးသားနှစ်ဦးပွန်းခြစ်ဒဏ်ရာနှင့် ဝဲမျက်ခုံး စုတ်ပြဲဒဏ်ရာများရရှိကာ မြောက်ဥက္ကလာပဆေးရုံတွင် ပြင်ပလူနာ (မစိုးရိမ်ရ)များ အဖြစ် တင်ပို့ကုသထားပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ ပြည့်ဖြိုးကျော်အား ယာဉ်မှုစစ်မှ ဥပဒေအရ အရေးယူဆောင်ရွက်လျက် ရှိကြောင်းမြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္တြင္ ယာဥ္ကိုးစီး ဆက္တိုက္မႈျဖစ္ပြား ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္တြင္ ယာဥ္ကိုးစီး ဆက္တိုက္မႈျဖစ္ပြား Reviewed by THITHTOOLWIN on 00:04 Rating: 5
Powered by Blogger.