တပ္ေျမထဲေရာက္ေနတယ္ဆိုတဲ့ လားရႈိးက အိမ္တစ္လုံး ၿဖိဳဖ်က္ခံရ

လားရႈိးၿမိဳ႕နယ္ ေခးခမ္း႐ြာမွာ တပ္ေျမနဲ႔မလြတ္လို႔ဆိုၿပီး အဖ်က္ခံရတဲ့အိမ္တစ္လုံးကို ၂၀၁၉ ဒီဇင္ဘာ ၂၄ ရက္ေန႔ကေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕နယ္ ေခးခမ္းေက်း႐ြာမွာ အမွတ္ ၇ ဆက္သြယ္ေရးအလုပ္႐ုံ တပ္ေျမနဲ႔မလြတ္ လို႔ဆိုၿပီး ေနအိမ္တစ္လုံးနဲ႔ ၿခံဝန္းအုတ္တံတိုင္းအခ်ိဳ႕ကို ဆက္သြယ္ေရးတပ္တာဝန္ရွိသူက လာေရာက္ၿဖိဳဖ်က္ ခဲ့ပါတယ္။

ေနအိမ္ေတြလာေရာက္ဖယ္ရွားခိုင္းတဲ့ ဆက္သြယ္ေရးတပ္အရာရွိဆိုသူကေတာ့ သူတို႔အေနနဲ႔အိမ္ရွင္ကို ေနအိမ္ ေဆာက္ကတည္းက တပ္ေျမနဲ႔မလြတ္လို႔ ဆက္မလုပ္ဖို႔ ႏႈတ္နဲ႔ေကာ စာနဲ႔ပါတားျမစ္ခဲ့တယ္ လို႔ေျပာပါတယ္။

ဒါ့အျပင္ ေနအိမ္ပိုင္ရွင္နဲ႔ေဒသခံေတြ ေျပာဆိုမႈဟာလည္း မမွန္ကန္ဘူးလို႔သူကေျပာပါတယ္။ တားျမစ္မႈကို လက္မခံဘဲ ေနအိမ္ဆက္ေဆာက္ခဲ့တဲ့ ေဒၚခင္ၾကဴကိုလည္း တရာစြဲဆိုထားတယ္လို႔ေျပာပါတယ္။

လက္ရွိမွာ တပ္ေျမဧရိယာကို ျပန္လည္တိုင္းတာရာမွာ တပ္ေျမနဲ႔ မလြတ္ကင္းတဲ့ေျမ ၁၆ ကြက္ေလာက္ပါဝင္ေနၿပီး အားလုံးဖယ္ေပးရမွာျဖစ္တယ္လို႔ဆိုပါတယ္။

သူတို႔အေနနဲ႔ ေနအိမ္အဖ်က္ခံရတဲ့ ေဒၚခင္ၾကဴအတြက္ ေျမအစားထိုးေပးဖို႔ေျပာထားၿပီးျဖစ္သလို ေနအိမ္ကို ဆုံးရႈံးမႈနည္းေစဖို႔ ကိုယ္တိုင္ဖ်က္ၿပီး ဖယ္ရွားေပးဖို႔ ေျပာဆိုထားၿပီးျဖစ္တယ္လို႔ေျပာပါတယ္။

RFA က ဆက္သြယ္ေရးတပ္ကအရာရွိကို ႐ုပ္သံအင္တာဗ်ဴးေျဖေပးဖို႔ ေတာင္းဆိုေပမယ့္ သူ႔အေနနဲ႔ မေျဖၾကားလိုေၾကာင္းေျပာပါတယ္။

လက္ရွိေျမယာအျငင္းပြားမႈျဖစ္ေနတဲ့ေနရာဟာ ေခးနင္႐ြာထိပ္မွာရွိတဲ့ အမွတ္(၇)ဆက္သြယ္ေရးအလုပ္႐ုံ တပ္ေနရာနဲ႔ ယခင္ ၆၀၀၇ သံခ်ပ္ကာတပ္ေနရာၾကားမွာျဖစ္ပါတယ္။ ယခင္ဆက္သြယ္ေရး တပ္တာဝန္ရွိသူေတြ က ေဒသခံေတြကို တပ္ေျမေနရာကို မက်ဴးေက်ာ္ဖို႔ ေနရာသတ္မွတ္ေပးခဲ့တာလို႔ ေဒသခံ မျမင့္ျမင့္သန္း ကေျပာပါတယ္။

လားရႈိးၿမိဳ႕နယ္အမွတ္ (၉)ရပ္ကြက္ နဲ႔အမွတ္(၁၂)ရပ္ကြက္ၾကားက ေခးခမ္းေက်း႐ြာ၊ ေခးနင္း႐ြာစတဲ့ေက်း႐ြာေတြ အနီးမွာ လြန္ခဲ့တဲ့ႏွစ္ေပါင္းသုံးဆယ္ေလာက္က တပ္မေတာ္စစ္တပ္ေတြ လာေရာက္တည္ၿပီးကတည္းက ေဒသခံေတြ ေတာင္သူေတြနဲ႔ တပ္ေတြၾကားမွာ မၾကာခဏ ေျမယာအျငင္းပြားမႈေတြရွိေနတာပါ။

ဒီအတြက္ၿပီးခဲ့တဲ့ ဧၿပီလ ၅ ရက္ေန႔ကလည္း ေခးနင္း၊ ေခးခမ္းက ေတာင္သူေတြဟာ တပ္ေျမကိစၥနဲ႔ ပတ္သက္ၿပီး ဆႏၵျပခဲ့ၾကပါေသးတယ္။ အဲဒီေနာက္ပိုင္းမွာတပ္မေတာ္ဘက္က တာဝန္ရွိသူေတြက ေက်း႐ြာေျမယာေကာ္မ တီေတြကို ေခၚယူၿပီး တပ္သိမ္းေျမကိစၥအတြက္ ညႇိႏႈိင္းေပးခဲ့တာရွိတယ္လို႔ ညႇိဳႏႈိင္းမႈမွာ ကိုယ္တိုင္ပါဝင္တဲ့ ရွမ္းလူငယ္အဖြဲ႕ ကိုစိုင္းဟန္ ကေျပာပါတယ္။

RFA Burmese
https://www.rfa.org
---------
(Unicode)⤵⤵⤵
တပ်မြေထဲရောက်နေတယ်ဆိုတဲ့ လားရှိုးက အိမ်တစ်လုံး ဖြိုဖျက်ခံရ

လားရှိုးမြို့နယ် ခေးခမ်းရွာမှာ တပ်မြေနဲ့မလွတ်လို့ဆိုပြီး အဖျက်ခံရတဲ့အိမ်တစ်လုံးကို ၂၀၁၉ ဒီဇင်ဘာ ၂၄ ရက်နေ့ကတွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ခေးခမ်းကျေးရွာမှာ အမှတ် ၇ ဆက်သွယ်ရေးအလုပ်ရုံ တပ်မြေနဲ့မလွတ် လို့ဆိုပြီး နေအိမ်တစ်လုံးနဲ့ ခြံဝန်းအုတ်တံတိုင်းအချို့ကို ဆက်သွယ်ရေးတပ်တာဝန်ရှိသူက လာရောက်ဖြိုဖျက် ခဲ့ပါတယ်။

နေအိမ်တွေလာရောက်ဖယ်ရှားခိုင်းတဲ့ ဆက်သွယ်ရေးတပ်အရာရှိဆိုသူကတော့ သူတို့အနေနဲ့အိမ်ရှင်ကို နေအိမ် ဆောက်ကတည်းက တပ်မြေနဲ့မလွတ်လို့ ဆက်မလုပ်ဖို့ နှုတ်နဲ့ကော စာနဲ့ပါတားမြစ်ခဲ့တယ် လို့ပြောပါတယ်။

ဒါ့အပြင် နေအိမ်ပိုင်ရှင်နဲ့ဒေသခံတွေ ပြောဆိုမှုဟာလည်း မမှန်ကန်ဘူးလို့သူကပြောပါတယ်။ တားမြစ်မှုကို လက်မခံဘဲ နေအိမ်ဆက်ဆောက်ခဲ့တဲ့ ဒေါ်ခင်ကြူကိုလည်း တရာစွဲဆိုထားတယ်လို့ပြောပါတယ်။

လက်ရှိမှာ တပ်မြေဧရိယာကို ပြန်လည်တိုင်းတာရာမှာ တပ်မြေနဲ့ မလွတ်ကင်းတဲ့မြေ ၁၆ ကွက်လောက်ပါဝင်နေပြီး အားလုံးဖယ်ပေးရမှာဖြစ်တယ်လို့ဆိုပါတယ်။

သူတို့အနေနဲ့ နေအိမ်အဖျက်ခံရတဲ့ ဒေါ်ခင်ကြူအတွက် မြေအစားထိုးပေးဖို့ပြောထားပြီးဖြစ်သလို နေအိမ်ကို ဆုံးရှုံးမှုနည်းစေဖို့ ကိုယ်တိုင်ဖျက်ပြီး ဖယ်ရှားပေးဖို့ ပြောဆိုထားပြီးဖြစ်တယ်လို့ပြောပါတယ်။

RFA က ဆက်သွယ်ရေးတပ်ကအရာရှိကို ရုပ်သံအင်တာဗျူးဖြေပေးဖို့ တောင်းဆိုပေမယ့် သူ့အနေနဲ့ မဖြေကြားလိုကြောင်းပြောပါတယ်။

လက်ရှိမြေယာအငြင်းပွားမှုဖြစ်နေတဲ့နေရာဟာ ခေးနင်ရွာထိပ်မှာရှိတဲ့ အမှတ်(၇)ဆက်သွယ်ရေးအလုပ်ရုံ တပ်နေရာနဲ့ ယခင် ၆၀၀၇ သံချပ်ကာတပ်နေရာကြားမှာဖြစ်ပါတယ်။ ယခင်ဆက်သွယ်ရေး တပ်တာဝန်ရှိသူတွေ က ဒေသခံတွေကို တပ်မြေနေရာကို မကျူးကျော်ဖို့ နေရာသတ်မှတ်ပေးခဲ့တာလို့ ဒေသခံ မမြင့်မြင့်သန်း ကပြောပါတယ်။

လားရှိုးမြို့နယ်အမှတ် (၉)ရပ်ကွက် နဲ့အမှတ်(၁၂)ရပ်ကွက်ကြားက ခေးခမ်းကျေးရွာ၊ ခေးနင်းရွာစတဲ့ကျေးရွာတွေ အနီးမှာ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်လောက်က တပ်မတော်စစ်တပ်တွေ လာရောက်တည်ပြီးကတည်းက ဒေသခံတွေ တောင်သူတွေနဲ့ တပ်တွေကြားမှာ မကြာခဏ မြေယာအငြင်းပွားမှုတွေရှိနေတာပါ။

ဒီအတွက်ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကလည်း ခေးနင်း၊ ခေးခမ်းက တောင်သူတွေဟာ တပ်မြေကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပါသေးတယ်။ အဲဒီနောက်ပိုင်းမှာတပ်မတော်ဘက်က တာဝန်ရှိသူတွေက ကျေးရွာမြေယာကော်မ တီတွေကို ခေါ်ယူပြီး တပ်သိမ်းမြေကိစ္စအတွက် ညှိနှိုင်းပေးခဲ့တာရှိတယ်လို့ ညှိုနှိုင်းမှုမှာ ကိုယ်တိုင်ပါဝင်တဲ့ ရှမ်းလူငယ်အဖွဲ့ ကိုစိုင်းဟန် ကပြောပါတယ်။

RFA Burmese
https://www.rfa.org
တပ္ေျမထဲေရာက္ေနတယ္ဆိုတဲ့ လားရႈိးက အိမ္တစ္လုံး ၿဖိဳဖ်က္ခံရ တပ္ေျမထဲေရာက္ေနတယ္ဆိုတဲ့ လားရႈိးက အိမ္တစ္လုံး ၿဖိဳဖ်က္ခံရ Reviewed by THITHTOOLWIN on 00:07 Rating: 5
Powered by Blogger.