ဧရာဝတီတိုင္းေဒသႀကီး ငပုေတာၿမိဳ႕နယ္၌ လူ ၁၂၀ ဦး အစာအဆိပ္သင့္မႈျဖစ္ပြား

ငပုေတာၿမိဳ႕အဝင္ ဆိုင္းဘုတ္အားေတြ႕ရစဥ္(အင္တာနက္)
(Zawgyi)⤵⤵⤵
    ရန္ကုန္၊ ဒီဇင္ဘာ ၂၄ ရက္ (ဆင္ဟြာ)

    ဧရာဝတီတိုင္းေဒသႀကီး ငပုေတာၿမိဳ႕နယ္၌ လူ ၁၂၀ ဦး အစာအဆိပ္သင့္မႈျဖစ္ပြားခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ဒီဇင္ဘာ ၂၃ ရက္က ထုတ္ျပန္ေသာ သတင္းအရ သိရသည္။

ပုသိမ္ခ႐ိုင္၊ ငပုေတာၿမိဳ႕နယ္၊ အုတ္ရွစ္ ကေလးေက်း႐ြာရွိ  ေနအိမ္တစ္အိမ္၌  ဒီဇင္ဘာလ ၂၂ ရက္ နံနက္ ၁၀နာရီဝန္းက်င္က ဝတ္ျပဳဆုေတာင္းပြဲ၌ ေကြၽးေမြး လႉဒါန္းသည့္ ၾကက္သား၊ ေဂၚဖီ၊ မုန္လာဥတို႔ျဖင့္ ေရာေႏွာထားေသာ ေခါက္ဆြဲေၾကာ္အား စားသုံးသူ ၁၂၀ ဦး အစာအဆိပ္သင့္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေက်း႐ြာသူ အမ်ိဳးသား ၆၀ ဦးႏွင့္ အမ်ိဴးသမီး ၆၀ ဦးတို႔သည္ ေအာ့အန္မႈမ်ားျဖစ္ပြားခဲ့သျဖင့္  ငပုေတာၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကုသခဲ့ေၾကာင္း သိရသည္။

" စျဖစ္တဲ့ေန႔ထဲက တစ္ခ်ိဳ႕တစ္ဝက္ေတာ့ ေဆး႐ုံကဆင္းသြားတယ္၊ခုလဲ ဆင္းကုန္ၾကပါၿပီ၊ မစိုးရိမ္ရပါဘူး ေအာ့အန္တာျဖစ္႐ုံပါပဲ၊ ပိုးသတ္ေဆးေၾကာင့္ျဖစ္တာပါ"ဟု  ငပုေတာၿမိဳ႕ျပည္သူ႔ေဆး႐ုံမွ ဆရာဝန္တစ္ဦးက ေျပာသည္။

 ေအာ့အန္ျခင္းျဖစ္ပြားရသည့္ အဓိကအေၾကာင္းရင္းမွာ ၎တို႔သည္ ပိုးသတ္ေဆး အလြန္ အကြၽံသုံးစြဲထားသည့္ ေဂၚဖီထုပ္အား ေရစင္ၾကယ္ေအာင္မေဆးဘဲ ခ်က္ျပဳတ္စားသုံးမိ၍ အစာ အဆိပ္သင့္ျခင္းျဖစ္ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
-----------
(Unicode)⤵⤵⤵
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၌ လူ ၁၂၀ ဦး အစာအဆိပ်သင့်မှုဖြစ်ပွား

ငပုတောမြို့အဝင် ဆိုင်းဘုတ်အားတွေ့ရစဉ်(အင်တာနက်)

    ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

    ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၌ လူ ၁၂၀ ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အုတ်ရှစ် ကလေးကျေးရွာရှိ  နေအိမ်တစ်အိမ်၌  ဒီဇင်ဘာလ ၂၂ ရက် နံနက် ၁၀နာရီဝန်းကျင်က ဝတ်ပြုဆုတောင်းပွဲ၌ ကျွေးမွေး လှူဒါန်းသည့် ကြက်သား၊ ဂေါ်ဖီ၊ မုန်လာဥတို့ဖြင့် ရောနှောထားသော ခေါက်ဆွဲကြော်အား စားသုံးသူ ၁၂၀ ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာသူ အမျိုးသား ၆၀ ဦးနှင့် အမျိူးသမီး ၆၀ ဦးတို့သည် အော့အန်မှုများဖြစ်ပွားခဲ့သဖြင့်  ငပုတောမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်း သိရသည်။

" စဖြစ်တဲ့နေ့ထဲက တစ်ချို့တစ်ဝက်တော့ ဆေးရုံကဆင်းသွားတယ်၊ခုလဲ ဆင်းကုန်ကြပါပြီ၊ မစိုးရိမ်ရပါဘူး အော့အန်တာဖြစ်ရုံပါပဲ၊ ပိုးသတ်ဆေးကြောင့်ဖြစ်တာပါ"ဟု  ငပုတောမြို့ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောသည်။

 အော့အန်ခြင်းဖြစ်ပွားရသည့် အဓိကအကြောင်းရင်းမှာ ၎င်းတို့သည် ပိုးသတ်ဆေး အလွန် အကျွံသုံးစွဲထားသည့် ဂေါ်ဖီထုပ်အား ရေစင်ကြယ်အောင်မဆေးဘဲ ချက်ပြုတ်စားသုံးမိ၍ အစာ အဆိပ်သင့်ခြင်းဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဧရာဝတီတိုင္းေဒသႀကီး ငပုေတာၿမိဳ႕နယ္၌ လူ ၁၂၀ ဦး အစာအဆိပ္သင့္မႈျဖစ္ပြား ဧရာဝတီတိုင္းေဒသႀကီး ငပုေတာၿမိဳ႕နယ္၌ လူ ၁၂၀ ဦး အစာအဆိပ္သင့္မႈျဖစ္ပြား Reviewed by THITHTOOLWIN on 00:00 Rating: 5
Powered by Blogger.