ဘဏ္မွာ ေငြဝင္လုၿပီး ေပ်ာ္႐ႊင္ဖြယ္ ခရစၥမတ္လို႔ ေအာ္ၿပီး ႀကဲခ်သူ

 ေပ်ာ္႐ႊင္ဖြယ္ ခရစၥမတ္လို႔ ေအာ္ၿပီး ေငြေတြ ႀကဲခ်သူ
(Zawgyi)⤵⤵⤵
အေမရိကန္က ဘဏ္တစ္ခုကို ခရစၥမတ္မတိုင္ခင္ ႏွစ္ရက္အလိုမွာ မုတ္ဆိတ္ျဖဴနဲ႔ အမ်ိဳးသားႀကီးတစ္ေယာက္က ေငြေတြ ဝင္လုခဲ့ပါတယ္။ အဲဒီေနာက္ လမ္းမေပၚထြက္ကာ ပိုက္ဆံေတြကို ႀကဲခ်လိုက္ၿပီး ျဖတ္သြားျဖတ္လာေတြကို ေပ်ာ္႐ႊင္ဖြယ္ ခရစၥမတ္ ျဖစ္ပါေစဆိုၿပီး လႈိက္လႈိက္လွဲလွဲ ဆုေတြ ေတာင္းေပးခဲ့တယ္လို႔ မ်က္ျမင္ေတြက ေျပာပါတယ္။

အဲဒီလို ဘဏ္က ေငြေတြ ဝင္လုတာ ေကာ္လိုရာဒို ျပည္နယ္က အကယ္ဒမီဘဏ္မွာ ျဖစ္ခဲ့ၿပီး အသက္ႀကီးႀကီး လူျဖဴ အမ်ိဳးသားတစ္ေယာက္က ဝင္လုခဲ့တယ္လို႔ ရဲက ေျပာပါတယ္။

"သူက ဘဏ္ကို ဝင္ၿပီး ေငြလုတယ္၊ ျပန္ထြက္လာတယ္။ ေနာက္ပိုက္ဆံေတြ ေလွ်ာက္ႀကဲခဲ့တယ္" လို႔ မ်က္ျမင္သက္ေသတစ္ေယာက္က Colorado's 11 News ကို ေျပာပါတယ္။

ပိုက္ဆံေတြကို အိတ္ထဲကထုတ္ ႀကဲခ်လိုက္ၿပီး ေပ်ာ္႐ႊင္ဖြယ္ ခရစၥမတ္ပါလို႔ သူက ဆုေတြေတာင္းေပးခဲ့တာလို႔ ေျပာပါတယ္။

ေနာက္ေတာ့ အဲဒီအမ်ိဳးသားက အနီးအနားက စတားဘတ္ေကာ္ဖီဆိုင္ထဲဝင္သြားၿပီး သူ႔ကို ရဲေတြ လာဖမ္းတာကို ထိုင္ေစာင့္ေနခဲ့တယ္လို႔ မ်က္ျမင္ေတြက ေျပာပါတယ္။

သူခရစၥမတ္လက္ေဆာင္အျဖစ္ေပးတဲ့ ပိုက္ဆံေတြကိုေတာ့ ျဖတ္သြားျဖတ္လာေတြက လမ္းေပၚကေန သိမ္းႀကဳံးေကာက္ၿပီး ဘဏ္ကို ျပန္သြားေပးခဲ့ၾကပါတယ္။

အဲဒီလို ေငြေတြႀကဲခ်သူဟာ အသက္ ၆၅ ႏွစ္အ႐ြယ္ ေဒးဗစ္ ဝိန္း ေအာ္လစ္ဗာ ျဖစ္တယ္လို႔ ရဲေတြက ေျပာပါတယ္။

ဒီအမႈမွာ သူ႔နဲ႔အတူ ႀကံရာပါေတြ ရွိပုံမရဘူးလို႔လည္း ယူဆရပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဘဏ်မှာ ငွေဝင်လုပြီး ပျော်ရွှင်ဖွယ် ခရစ္စမတ်လို့ အော်ပြီး ကြဲချသူ

Image caption ပျော်ရွှင်ဖွယ် ခရစ္စမတ်လို့ အော်ပြီး ငွေတွေ ကြဲချသူ

အမေရိကန်က ဘဏ်တစ်ခုကို ခရစ္စမတ်မတိုင်ခင် နှစ်ရက်အလိုမှာ မုတ်ဆိတ်ဖြူနဲ့ အမျိုးသားကြီးတစ်ယောက်က ငွေတွေ ဝင်လုခဲ့ပါတယ်။ အဲဒီနောက် လမ်းမပေါ်ထွက်ကာ ပိုက်ဆံတွေကို ကြဲချလိုက်ပြီး ဖြတ်သွားဖြတ်လာတွေကို ပျော်ရွှင်ဖွယ် ခရစ္စမတ် ဖြစ်ပါစေဆိုပြီး လှိုက်လှိုက်လှဲလှဲ ဆုတွေ တောင်းပေးခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အဲဒီလို ဘဏ်က ငွေတွေ ဝင်လုတာ ကော်လိုရာဒို ပြည်နယ်က အကယ်ဒမီဘဏ်မှာ ဖြစ်ခဲ့ပြီး အသက်ကြီးကြီး လူဖြူ အမျိုးသားတစ်ယောက်က ဝင်လုခဲ့တယ်လို့ ရဲက ပြောပါတယ်။

"သူက ဘဏ်ကို ဝင်ပြီး ငွေလုတယ်၊ ပြန်ထွက်လာတယ်။ နောက်ပိုက်ဆံတွေ လျှောက်ကြဲခဲ့တယ်" လို့ မျက်မြင်သက်သေတစ်ယောက်က Colorado's 11 News ကို ပြောပါတယ်။

ပိုက်ဆံတွေကို အိတ်ထဲကထုတ် ကြဲချလိုက်ပြီး ပျော်ရွှင်ဖွယ် ခရစ္စမတ်ပါလို့ သူက ဆုတွေတောင်းပေးခဲ့တာလို့ ပြောပါတယ်။

နောက်တော့ အဲဒီအမျိုးသားက အနီးအနားက စတားဘတ်ကော်ဖီဆိုင်ထဲဝင်သွားပြီး သူ့ကို ရဲတွေ လာဖမ်းတာကို ထိုင်စောင့်နေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

သူခရစ္စမတ်လက်ဆောင်အဖြစ်ပေးတဲ့ ပိုက်ဆံတွေကိုတော့ ဖြတ်သွားဖြတ်လာတွေက လမ်းပေါ်ကနေ သိမ်းကြုံးကောက်ပြီး ဘဏ်ကို ပြန်သွားပေးခဲ့ကြပါတယ်။

အဲဒီလို ငွေတွေကြဲချသူဟာ အသက် ၆၅ နှစ်အရွယ် ဒေးဗစ် ဝိန်း အော်လစ်ဗာ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။

ဒီအမှုမှာ သူ့နဲ့အတူ ကြံရာပါတွေ ရှိပုံမရဘူးလို့လည်း ယူဆရပါတယ်။

BBC Burmese
https://www.bbc.com
ဘဏ္မွာ ေငြဝင္လုၿပီး ေပ်ာ္႐ႊင္ဖြယ္ ခရစၥမတ္လို႔ ေအာ္ၿပီး ႀကဲခ်သူ ဘဏ္မွာ ေငြဝင္လုၿပီး ေပ်ာ္႐ႊင္ဖြယ္ ခရစၥမတ္လို႔ ေအာ္ၿပီး ႀကဲခ်သူ Reviewed by THITHTOOLWIN on 03:45 Rating: 5
Powered by Blogger.