မူဆယ္တြင္ ပစ္ခတ္မႈျဖစ္ တဦးေသ ၂ဦးဒဏ္ရာရ

(Zawgyi)⤵⤵⤵
ဒီဇင္ဘာ ၂၅၊၂၀၁၉

သွ်မ္းျပည္ ေျမာက္ပိုင္း မူဆယ္တြင္ ပစ္ခတ္မႈ ျဖစ္ပြားကာ တဦးေသဆံုး ၂ဦး ဒဏ္ရာရခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဒီဇင္ဘာ ၂၃ရက္ ည ၈နာရီဝန္းက်င္တြင္ မူဆယ္ၿမိဳ႕ ေတာ္ရြက္ေက်းရြာ အနီးတြင္ ျပန္ေပးဆြဲရန္ ႀကိဳးစားရာမွ ပစ္ခတ္မႈ ျဖစ္ပြားၿပီး တဦးပြဲခ်င္းၿပီး ေသဆံုးကာ၊ ၂ဦး ဒဏ္ရာရခဲ့ေၾကာင္း မူဆယ္ၿမိဳ႕ ဂ႐ုဏာလူမႈကယ္ဆယ္ေရး အသင္းမွ ဦးေသာင္းထြန္း က ေျပာသည္။

“ ျပန္ေပးဆြဲ ရာကေန ပစ္ခတ္မႈ ျဖစ္တယ္လို႔ၾကားရတယ္။ ျပန္ေပးဆြဲ ဘက္ကေတာ့ တေယာက္ေသတယ္၊ တေယာက္ ဒဏ္ရာရတယ္။ ေဒသခံ တဦးကိုလည္းထိတယ္” ဟု ဦးေသာင္းထြန္း က ေျပာသည္။

ပစ္ခတ္မႈ ေၾကာင့္ ဒဏ္ရာရသည့္ တဦးသည္ စိုးရိမ္စရာရွိၿပီး၊ တဦးမွာ စိုးရိမ္စရာမရွိေသာ္လည္း ဒဏ္ရာရသူ မ်ားကို လားရႈိးေဆး႐ံုသို႔ ပို႔ေဆာင္ထားေၾကာင္း ဦးေသာင္းထြန္း က ဆုိသည္။

ထိုျပန္ေပးဆြဲရန္ ႀကိဳးစားၿပီး ပစ္ခတ္မႈသည္ မည္သည့္အဖြဲ႔အစည္းျဖစ္သည္ကို မသိရွိေသးေၾကာင္းလည္း မူဆယ္ၿမိဳ႕မ ရဲစခန္းမွ တာဝန္က်သည့္ ရဲ တဦးက သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ ပစ္ခတ္မႈ က ဘယ္အဖြဲ႔ဆိုတာ စံုစမ္းေနပါတယ္။ တေယာက္ေသၿပီး ၂ဦးဒဏ္ရာရတယ္” ဟု ၎ တာဝန္က် ရဲ တဦးက ေျပာသည္။


ထို႔ ျပင္ မူဆယ္ၿမိဳ႕ မဂၤလာမူဆယ္ ႏွင့္ ေတာ္ရြက္ ေက်းရြာ အနီး ပစ္ခတ္မႈသည္ စီးပြားေရး ျပႆနာေၾကာင့္ ပစ္ခတ္မႈ ျဖစ္ေၾကာင္း ႏွင့္ ထိုပစ္ခတ္မႈတြင္ ျပည္သူ႔စစ္ အဖြဲ႔ တဖြဲ႔ ႏွင့္ အမည္မသိ အဖြဲ႔ က ပစ္ခတ္မႈသည္ ဟု မ်က္ျမင္သည့္ ေဒသခံ စိုင္းဆမ္ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ အစက ယာဥ္တုိက္မႈ ျဖစ္တာ။ ေနာက္ ကားေပၚ ကေန ေဗ်ာက္ေဖာက္တယ္ပဲထင္တာ။ က်ေနာ္ ကားေရွ႕ ေရာက္မွ သူတုိ႔ပစ္ေနတာ သိတာ။ က်ေနာ္ကို မထိတာကံေကာင္းတယ္။ ေဘးပတ္ဝန္းက်င္ က အိမ္ေတြေတာ့ က်ည္ထိတယ္” ဟု စုိင္းဆမ္ က ဆုိသည္။

သွ်မ္းျပည္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕သည္ တရုတ္နယ္စပ္ စီးပြားေရး ၿမိဳ႕ျဖစ္ၿပီး၊ လက္နက္ကိုင္ ျပည္သူ႔စစ္မ်ား သြားလာ လႈပ္ရွားသည့္ ေနရာျဖစ္ၿပီ၊ မၾကာခဏ ပစ္ခတ္မႈ ျဖစ္ပြားသည့္ ေနရာျဖစ္သည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
----------
(Unicode)⤵⤵⤵
မူဆယ်တွင် ပစ်ခတ်မှုဖြစ် တဦးသေ ၂ဦးဒဏ်ရာရ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဒီဇင်ဘာ ၂၅၊၂၀၁၉

သျှမ်းပြည် မြောက်ပိုင်း မူဆယ်တွင် ပစ်ခတ်မှု ဖြစ်ပွားကာ တဦးသေဆုံး ၂ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၃ရက် ည ၈နာရီဝန်းကျင်တွင် မူဆယ်မြို့ တော်ရွက်ကျေးရွာ အနီးတွင် ပြန်ပေးဆွဲရန် ကြိုးစားရာမှ ပစ်ခတ်မှု ဖြစ်ပွားပြီး တဦးပွဲချင်းပြီး သေဆုံးကာ၊ ၂ဦး ဒဏ်ရာရခဲ့ကြောင်း မူဆယ်မြို့ ဂရုဏာလူမှုကယ်ဆယ်ရေး အသင်းမှ ဦးသောင်းထွန်း က ပြောသည်။

“ ပြန်ပေးဆွဲ ရာကနေ ပစ်ခတ်မှု ဖြစ်တယ်လို့ကြားရတယ်။ ပြန်ပေးဆွဲ ဘက်ကတော့ တယောက်သေတယ်၊ တယောက် ဒဏ်ရာရတယ်။ ဒေသခံ တဦးကိုလည်းထိတယ်” ဟု ဦးသောင်းထွန်း က ပြောသည်။

ပစ်ခတ်မှု ကြောင့် ဒဏ်ရာရသည့် တဦးသည် စိုးရိမ်စရာရှိပြီး၊ တဦးမှာ စိုးရိမ်စရာမရှိသော်လည်း ဒဏ်ရာရသူ များကို လားရှိုးဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဦးသောင်းထွန်း က ဆိုသည်။

ထိုပြန်ပေးဆွဲရန် ကြိုးစားပြီး ပစ်ခတ်မှုသည် မည်သည့်အဖွဲ့အစည်းဖြစ်သည်ကို မသိရှိသေးကြောင်းလည်း မူဆယ်မြို့မ ရဲစခန်းမှ တာဝန်ကျသည့် ရဲ တဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ပစ်ခတ်မှု က ဘယ်အဖွဲ့ဆိုတာ စုံစမ်းနေပါတယ်။ တယောက်သေပြီး ၂ဦးဒဏ်ရာရတယ်” ဟု ၎င်း တာဝန်ကျ ရဲ တဦးက ပြောသည်။


ထို့ ပြင် မူဆယ်မြို့ မင်္ဂလာမူဆယ် နှင့် တော်ရွက် ကျေးရွာ အနီး ပစ်ခတ်မှုသည် စီးပွားရေး ပြဿနာကြောင့် ပစ်ခတ်မှု ဖြစ်ကြောင်း နှင့် ထိုပစ်ခတ်မှုတွင် ပြည်သူ့စစ် အဖွဲ့ တဖွဲ့ နှင့် အမည်မသိ အဖွဲ့ က ပစ်ခတ်မှုသည် ဟု မျက်မြင်သည့် ဒေသခံ စိုင်းဆမ် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ အစက ယာဉ်တိုက်မှု ဖြစ်တာ။ နောက် ကားပေါ် ကနေ ဗျောက်ဖောက်တယ်ပဲထင်တာ။ ကျနော် ကားရှေ့ ရောက်မှ သူတို့ပစ်နေတာ သိတာ။ ကျနော်ကို မထိတာကံကောင်းတယ်။ ဘေးပတ်ဝန်းကျင် က အိမ်တွေတော့ ကျည်ထိတယ်” ဟု စိုင်းဆမ် က ဆိုသည်။

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့သည် တရုတ်နယ်စပ် စီးပွားရေး မြို့ဖြစ်ပြီး၊ လက်နက်ကိုင် ပြည်သူ့စစ်များ သွားလာ လှုပ်ရှားသည့် နေရာဖြစ်ပြီ၊ မကြာခဏ ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာဖြစ်သည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
မူဆယ္တြင္ ပစ္ခတ္မႈျဖစ္ တဦးေသ ၂ဦးဒဏ္ရာရ မူဆယ္တြင္ ပစ္ခတ္မႈျဖစ္ တဦးေသ ၂ဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 03:36 Rating: 5
Powered by Blogger.