ျမန္မာၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးေရး ဂ်ပန္က ေဒၚလာ သန္း ၄၀၀ ကူညီမယ္လို႔ေျပာ

အစိုးရနဲ႔ တိုင္းရင္းသားအဖြဲ႕ေတြ ေဆာင္႐ြက္ေနတဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္နဲ႔ ဖြံ႕ၿဖိဳးေရး စီမံကိန္းေတြကို ေထာက္ပံ့တာလို႔ဆို
(Zawgyi)⤵⤵⤵
ျမန္မာၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ ဖြံ႕ၿဖိဳးေရးအတြက္ ဂ်ပန္အစိုးရ အေနနဲ႔ အေမရိကန္ေဒၚလာသန္း ၄၀၀ ပံ့ပိုးကူညီေဆာင္႐ြက္မယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္က ေျပာလိုက္ပါတယ္။

ဒါ့အျပင္ ဂ်ပန္အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ နိပြန္ေဖာင္ေဒးရွင္းကလည္း ကခ်င္ စစ္ေဘးေရွာင္ေတြ ျပန္လည္ေနရာခ်ထားရာမွာ အသုံးျပဳဖို႔ ေငြေရးေၾကးေရး ကူညီေထာက္ပံ့မယ္လို႔ ဆိုပါတယ္။

ျမန္မာအစိုးရနဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြ ေဆာင္႐ြက္ေနတဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္နဲ႔ ဖြံ႕ၿဖိဳးေရး စီမံကိန္းေတြကို ကူညီေဆာင္႐ြက္ရာမွာ ဂ်ပန္အစိုးရအေနနဲ႔ အဲဒီေငြေတြကို ေထာက္ပံ့ကူညီမယ္လို႔ ဒီဇင္ဘာလ ၂၁ ရက္ေန႔က ျမစ္ႀကီးနားမွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဂ်ပန္သံအမတ္ မစၥတာ အိခ်ီ႐ို မာ႐ူရာမက ေျပာတာပါ။

"ျမန္မာႏိုင္ငံ စီးပြားေရး ဖြံ႕ၿဖိဳးဖို႔အတြက္ ဂ်ပန္အစိုးရ အေနနဲ႔ အစြမ္းကုန္ အကူအညီေပးပါမယ္။ ၿငိမ္းခ်မ္းေရး က႑မွာ ဂ်ပန္အစိုးရ အထူးကိုယ္စားလွယ္ မစၥတာ ဆာဆာကာဝါ ရွိပါတယ္။ အေမရိကန္ ေဒၚလာ သန္း ၄၀၀ ကို အကူအညီေပးမယ္ဆိုတာ ကတိျပဳပါတယ္"

ဒါ့အျပင္ ကခ်င္စစ္ေဘးေရွာင္ေတြ ျပန္လည္ေနရာခ်ေပးတဲ့အခါမွာ အသုံးျပဳဖို႔အတြက္ ကခ်င္ႏွစ္ျခင္း ခရစ္ယာန္ အဖြဲ႕ခ်ဳပ္ (KBC) ကို ဂ်ပန္နိပြန္ေဖာင္ေဒးရွင္းက အေမရိကန္ေဒၚလာ ၅သန္း ပံ့ပိုးကူညီမယ့္အေၾကာင္းကိုလည္း ဂ်ပန္အဖြဲ႕အစည္းျဖစ္တဲ့ နိပြန္ေဖာင္ေဒးရွင္းရဲ႕ ဥကၠ႒ မစၥတာ ဆာဆာကာဝါက ဘာသာျပန္ကတဆင့္ အခုလို ေျပာပါတယ္။

"ကြၽန္ေတာ္တို႔ အေနနဲ႔ ပထမဦးဆုံး ကူညီပံ့ပိုးသြားမယ့္ ကနဦး ကူညီပံ့ပိုးမႈမွာ ဆိုလို႔ရွိရင္ အိမ္ေျခ ၅၀၀၊ လူဦးေရ စုစုေပါင္း ၃၀၀၀ အတြက္ပါ။ သူတို႔ရဲ႕ မူလေနထိုင္ခဲ့တဲ့ ႐ြာမွာ ျပန္ေနဖို႔ပါ။

ေနထိုင္ဖို႔ရန္အတြက္ ေနအိမ္ေတြ ေဆာက္လုပ္ဖို႔ရန္ အတြက္ ကြၽန္ေတာ္တို႔အေနနဲ႔ ကူညီပံ့ပိုးေပးသြားမွာ ျဖစ္ပါတယ္"

"႐ြာသူ႐ြာသားေတြ၊ တိုက္ပြဲေရွာင္ျပည္သူေတြဟာ ဆိုလို႔ရွိရင္ ကိုယ့္ရဲ႕ေနရပ္ေဒသ၊ ကိုယ့္ရဲ႕႐ြာကို ျပန္ေနဖို႔ပါ။ အနာဂတ္ေကာင္းမြန္ဖို႔အတြက္ဆိုရင္ သူတို႔ေနထိုင္ဖို႔ရန္အတြက္ ပထမဆုံးေသာ ကူညီပံ့ပိုးမႈ ေျခလွမ္းတစ္ရပ္အေနနဲ႔ နီပြန္ေဖာင္ေဒးရွင္း ကေနၿပီးေတာ့ KBC နဲ႔ ပူးေပါင္းေဆာင္႐ြက္ၿပီးေတာ့ ေဒၚလာ ငါးသန္း ပံ့ပိုးသြားမွာ ျဖစ္ပါတယ္"

နိပြန္ေဖာင္ေဒးရွင္းဟာ ကခ်င္ျပည္နယ္အျပင္ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္ေတြမွာလည္း စစ္ေဘးေရွာင္ေတြအတြက္ အိမ္ေဆာက္ေပးတာ၊ ဆန္ေတြကူညီေထာက္ပံ့ေနတာေတြလည္း ေဆာင္႐ြက္ေနပါတယ္။

ကခ်င္စစ္ေဘးေရွာင္ေတြအတြက္ ေဒၚလာ ငါးသန္း ကို ကခ်င္ျပည္နယ္ အတြင္းက တာေလာႀကီး၊ ေက်ာက္စခန္းနဲ႔ ေ႐ႊေညာင္ပင္ စတဲ့ ႐ြာေတြကေန ေ႐ႊ႕ေျပာင္းေနထိုင္ေနရသူေတြကို ျပန္လည္ေနရာခ်ထားေပးေရးရာမွာ အသုံးျပဳမယ္လို႔ KBC က ဆိုပါတယ္။

ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ ေကအိုင္ေအဟာ တႏိုင္ငံလုံးပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ အန္စီေအ လက္မွတ္ေရးထိုးမထားေပမဲ့ ႐ြာသားေတြဟာ တခ်ိဴ႕႐ြာေတြမွာ ျပန္ေနလို႔ရတယ္လို႔ KBC ရဲ႕ လူမႈဝန္ထမ္းျခင္းနဲ႔ ဖြံၿဖိဳးေရးဌာန တာဝန္ခံ ဦးခါးလီက ေျပာပါတယ္။

စစ္ေဘးေရွာင္ေတြကို ေနရပ္ျပန္လည္ေနရာခ်ထားတဲ့ေနရာေတြမွာ ေဆး႐ုံနဲ႔ ေက်ာင္းေတြအျပင္ အသက္ေမြးဝမ္းေက်ာင္းဖို႔အတြက္ လယ္ယာေတြ ျပန္ေဖာ္ထုတ္တာေတြ၊ လက္မႈပညာ အတတ္သင္ေပးတာေတြကိုလည္း စီစဥ္ေဆာင္႐ြက္ဖို႔ KBC က ျပင္ဆင္ထားတယ္လို႔ ဆိုပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
မြန်မာငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ဂျပန်က ဒေါ်လာ သန်း ၄၀၀ ကူညီမယ်လို့ပြော

Image caption အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို ထောက်ပံ့တာလို့ဆို

မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဖွံ့ဖြိုးရေးအတွက် ဂျပန်အစိုးရ အနေနဲ့ အမေရိကန်ဒေါ်လာသန်း ၄၀၀ ပံ့ပိုးကူညီဆောင်ရွက်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်က ပြောလိုက်ပါတယ်။

ဒါ့အပြင် ဂျပန်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ နိပွန်ဖောင်ဒေးရှင်းကလည်း ကချင် စစ်ဘေးရှောင်တွေ ပြန်လည်နေရာချထားရာမှာ အသုံးပြုဖို့ ငွေရေးကြေးရေး ကူညီထောက်ပံ့မယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို ကူညီဆောင်ရွက်ရာမှာ ဂျပန်အစိုးရအနေနဲ့ အဲဒီငွေတွေကို ထောက်ပံ့ကူညီမယ်လို့ ဒီဇင်ဘာလ ၂၁ ရက်နေ့က မြစ်ကြီးနားမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန်သံအမတ် မစ္စတာ အိချီရို မာရူရာမက ပြောတာပါ။

"မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် ဂျပန်အစိုးရ အနေနဲ့ အစွမ်းကုန် အကူအညီပေးပါမယ်။ ငြိမ်းချမ်းရေး ကဏ္ဍမှာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ ရှိပါတယ်။ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကို အကူအညီပေးမယ်ဆိုတာ ကတိပြုပါတယ်"

ဒါ့အပြင် ကချင်စစ်ဘေးရှောင်တွေ ပြန်လည်နေရာချပေးတဲ့အခါမှာ အသုံးပြုဖို့အတွက် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ကို ဂျပန်နိပွန်ဖောင်ဒေးရှင်းက အမေရိကန်ဒေါ်လာ ၅သန်း ပံ့ပိုးကူညီမယ့်အကြောင်းကိုလည်း ဂျပန်အဖွဲ့အစည်းဖြစ်တဲ့ နိပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ဘာသာပြန်ကတဆင့် အခုလို ပြောပါတယ်။

"ကျွန်တော်တို့ အနေနဲ့ ပထမဦးဆုံး ကူညီပံ့ပိုးသွားမယ့် ကနဦး ကူညီပံ့ပိုးမှုမှာ ဆိုလို့ရှိရင် အိမ်ခြေ ၅၀၀၊ လူဦးရေ စုစုပေါင်း ၃၀၀၀ အတွက်ပါ။ သူတို့ရဲ့ မူလနေထိုင်ခဲ့တဲ့ ရွာမှာ ပြန်နေဖို့ပါ။

နေထိုင်ဖို့ရန်အတွက် နေအိမ်တွေ ဆောက်လုပ်ဖို့ရန် အတွက် ကျွန်တော်တို့အနေနဲ့ ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်"

"ရွာသူရွာသားတွေ၊ တိုက်ပွဲရှောင်ပြည်သူတွေဟာ ဆိုလို့ရှိရင် ကိုယ့်ရဲ့နေရပ်ဒေသ၊ ကိုယ့်ရဲ့ရွာကို ပြန်နေဖို့ပါ။ အနာဂတ်ကောင်းမွန်ဖို့အတွက်ဆိုရင် သူတို့နေထိုင်ဖို့ရန်အတွက် ပထမဆုံးသော ကူညီပံ့ပိုးမှု ခြေလှမ်းတစ်ရပ်အနေနဲ့ နီပွန်ဖောင်ဒေးရှင်း ကနေပြီးတော့ KBC နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒေါ်လာ ငါးသန်း ပံ့ပိုးသွားမှာ ဖြစ်ပါတယ်"

နိပွန်ဖောင်ဒေးရှင်းဟာ ကချင်ပြည်နယ်အပြင် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာလည်း စစ်ဘေးရှောင်တွေအတွက် အိမ်ဆောက်ပေးတာ၊ ဆန်တွေကူညီထောက်ပံ့နေတာတွေလည်း ဆောင်ရွက်နေပါတယ်။

ကချင်စစ်ဘေးရှောင်တွေအတွက် ဒေါ်လာ ငါးသန်း ကို ကချင်ပြည်နယ် အတွင်းက တာလောကြီး၊ ကျောက်စခန်းနဲ့ ရွှေညောင်ပင် စတဲ့ ရွာတွေကနေ ရွှေ့ပြောင်းနေထိုင်နေရသူတွေကို ပြန်လည်နေရာချထားပေးရေးရာမှာ အသုံးပြုမယ်လို့ KBC က ဆိုပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေဟာ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အန်စီအေ လက်မှတ်ရေးထိုးမထားပေမဲ့ ရွာသားတွေဟာ တချိူ့ရွာတွေမှာ ပြန်နေလို့ရတယ်လို့ KBC ရဲ့ လူမှုဝန်ထမ်းခြင်းနဲ့ ဖွံဖြိုးရေးဌာန တာဝန်ခံ ဦးခါးလီက ပြောပါတယ်။

စစ်ဘေးရှောင်တွေကို နေရပ်ပြန်လည်နေရာချထားတဲ့နေရာတွေမှာ ဆေးရုံနဲ့ ကျောင်းတွေအပြင် အသက်မွေးဝမ်းကျောင်းဖို့အတွက် လယ်ယာတွေ ပြန်ဖော်ထုတ်တာတွေ၊ လက်မှုပညာ အတတ်သင်ပေးတာတွေကိုလည်း စီစဉ်ဆောင်ရွက်ဖို့ KBC က ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

BBC Burmese
https://www.bbc.com
ျမန္မာၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးေရး ဂ်ပန္က ေဒၚလာ သန္း ၄၀၀ ကူညီမယ္လို႔ေျပာ ျမန္မာၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးေရး ဂ်ပန္က ေဒၚလာ သန္း ၄၀၀ ကူညီမယ္လို႔ေျပာ Reviewed by THITHTOOLWIN on 03:48 Rating: 5
Powered by Blogger.