ရဲစခန္းေထာက္ခံစာ ျငင္းပယ္တဲ့အထိ ရဲကို ယုံၾကည္မႈက်ဆင္းလာ

ေနျပည္ေတာ္မွာ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ၂၀၁၉ ဒီဇင္ဘာ ၁၉ ရက္ေန႔က သတင္းစာရွင္းလင္းစဥ္ / Photo: Thet Su Aung/RFA
(Zawgyi)⤵⤵⤵
လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ခံရတဲ့ အသက္ ၃ ႏွစ္အ႐ြယ္ ကေလးငယ္ေလး ဗစ္တိုးရီးယားအမႈနဲ႔ ပတ္သက္ၿပီး မေန႔က က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ အရာရွိႀကီးေတြက ကေလးငယ္ေလးရဲ႕ နာမည္ကို ထုတ္ေျပာခဲ့ၾကလို႔ ေဝဖန္ခံေနရပါတယ္။

အဲဒီေနာက္ပိုင္းမွာ လုပ္ငန္းရွင္တခ်ိဳ႕က ရဲတပ္ဖြဲ႕ကို မယုံၾကည္တဲ့အတြက္ ဝန္ထမ္းအသစ္ေတြ ေခၚတဲ့ေနရာမွာ ရဲစခန္းရဲ႕ ေထာက္ခံခ်က္ေတြ မလိုဘူးဆိုၿပီး လူမႈကြန္ရက္မွာ ေျပာလာၾကပါတယ္။

မေန႔က ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ကလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ လိင္အၾကမ္းဖက္ခံရတဲ့ ကေလး ငယ္ေလးရဲ႕ နာမည္၊ မိဘနာမည္ေတြကို ရဲအရာရွိေတြက ထုတ္ေဖာ္ေျပာဆိုခဲ့တဲ့အျပင္ လိပ္စာေတြနဲ႔ အလုပ္အကိုင္ေတြ၊ တိုင္ၾကားစာေတြကိုပါ ရဲဇာနည္ဆိုတဲ့ လူမႈကြန္ရက္စာမ်က္ႏွာမွာ တင္ခဲ့ၾကပါ တယ္။

ဒီလိုလိင္ပိုင္းဆိုင္ရာ က်ဳးလြန္ခံရတဲ့ ကေလးတစ္ေယာက္ရဲ႕ သတင္းအခ်က္လက္ေတြကို ကာကြယ္ ေပးရမယ့္အစား အခုလို ထုတ္ေဖာ္လိုက္တာကို ေဝဖန္ၾကတာပါ။

လုပ္ငန္းရွင္ တခ်ိဳ႕ကလည္း ဒီကိစၥေပၚမွာ အေျခတည္ၿပီး ရဲတပ္ဖြဲ႕ကို အယုံအၾကည္ ကင္းမဲ့သြားသလို သူတို႔ရဲ႕ ေထာက္ခံခ်က္ေတြကိုလည္း လုံးဝလက္မခံေတာ့ဘူးဆိုၿပီး ထုတ္ေဖာ္ေျပာၾကားလာ ၾကပါတယ္။

ျမန္မာႏိုင္ငံက လုပ္ငန္းအမ်ားစုဟာ ဝန္ထမ္းအသစ္ေခၚတဲ့အခါ လိုအပ္တဲ့ အေထာက္ထားအေနနဲ႔ ရဲစခန္း ေထာက္ခံခ်က္ကို အလုပ္လာေလွ်ာက္တဲ့အခါမွာ ေတာင္းၾကပါတယ္။

လူအခြင့္အေရးရလည္း မလုပ္သင့္တာကို လုပ္ခဲ့တဲ့အတြက္ ရဲတပ္ဖြဲ႕ကို မေက်နပ္လို႔ အခုလို လုပ္တာ လို႔ IVY အသက္ေမြးဝမ္းေၾကာင္း ပညာဒါနေက်ာင္းက မန္ေနဂ်ာ ဦးစိုးသန္းဟန္က ေျပာပါတယ္။

“အဓိကကေတာ့ ကေလးရဲ႕နာမည္ကို ထုတ္ေျပာတာကို မေက်နပ္ဘူးေပါ့ေနာ္။ လူ႔အခြင့္အေရးအရလည္း လုံးဝမေျပာသင့္တဲ့ကိစၥလို႔ ယူဆတယ္ခင္ဗ်ာ။ သတင္းမီဒီယာေတြအေနနဲ႔ေတာင္ ဒါေတြကို ျဖဳတ္ခ်ထားတဲ့ ကိစၥမွာ ေနာက္တစ္နာရီေလာက္ အၾကာ မွာ ဒါကိုတင္တယ္ဆိုေတာ့ သိပ္အဆင္မေျပလို႔ပါ။”

ဒီအမႈ ျဖစ္စဥ္တေလွ်ာက္လုံးမွာ ကေလးငယ္ေလးနဲ႔ မိသားစုကို စာနာသူေတြ၊ အမွန္တရားလိုလား သူေတြ၊ တရားမွ်တမႈကို ေတာင္းဆိုသူေတြက ကေလးငယ္ေလးနဲ႔ ပတ္သက္တဲ့ အခ်က္လက္ေတြ ကို ေမးျမန္းတာေတြကို  ေရွာင္ရွားခဲ့ၾကပါတယ္။

အဲဒီလိုပဲ ကေလးငယ္အတြက္ အမႈလိုက္ေပးတဲ့ ေရွ႕ေနေတြ၊ ဝန္းရံသူေတြအပါအဝင္ သတင္းမီဒီ ယာေတြကလည္း ထုတ္ေဖာ္ေျပာဆိုတာ မရွိခဲ့ပါဘူး။

ဒါေပမဲ့ မတရားျပဳက်င့္ခံရသူကို ကာကြယ္ေပးဖို႔ အဓိကတာဝန္ရွိတဲ့ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ကေန အခုလို လူသိထင္ရွား ထုတ္ေျပာခဲ့တဲ့အတြက္ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဝဖန္တာေတြ ျဖစ္လာခဲ့ပါတယ္။

အခုဆိုရင္ ယုံၾကည္မႈ အေတာ္မဲ့သြားတာေၾကာင့္ အခုလို ေထာက္ခံခ်က္ေတြကို မယူေတာ့တာလို႔ မုံ႐ြာၿမိဳ႕ ယုယုယယေဘာ္ဒါက ဆရာတစ္ေယာက္ျဖစ္သူ ဦးေမာင္ေမာင္ေဌးက ေျပာပါတယ္။

“ က်ေနာ္တို႔ေလာက္ေတာင္မွ ႐ိုးသားမႈမရွိတဲ့ အဖြဲ႕အစည္းလို႔ ျမင္လို႔ပါ။ သာမန္ျပည္သူေလာက္ေတာင္ ႐ိုးသားမႈမရွိဘူး ၊ အဓိပၸာယ္မရွိဘူးလို႔ ယူဆလို႔ပါ။ လူေတြရဲ႕ ယုံၾကည္မႈက မဲ့သြားၿပီ ေတာ္ေတာ္ေလးကို။ အခုဟာက ပိုဆိုးသြားတာေပါ့ေနာ္။ ဗစ္တိုးရီးယားအမႈမွာ ေစာင့္ထိန္းရမယ့္ က်င့္ဝတ္လည္း မေစာင့္ထိန္းဘူး။ တရားခံ မဟုတ္တဲ့သူက တရားခံျဖစ္။ ေဘးကၾကည့္တဲ့သူေတာင္ ယူႀကဳံးမရဘူး။ တကယ္ခံရတဲ့သူေတြ ဘယ္လိုေနမလဲမသိဘူး။ ”

ရဲစခန္းေထာက္ခံခ်က္အတြက္ နယ္ျပန္စရာမလိုဘဲ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကေန အက်င့္စာရိတၱ  ေကာင္းမြန္ေၾကာင္း အေထာက္ထားျပၿပီး ရခဲ့ၾကတယ္လို႔ လုပ္ငန္းခြင္ဝင္တဲ့ အလုပ္သမားေတြ ဆီကေန သိရပါတယ္။

ပဲခူးတိုင္းကေန  ရန္ကုန္တိုင္း သကၤန္းကြၽန္းၿမိဳ႕နယ္ မွာ  ေထာက္ခံခ်က္ယူခဲ့တဲ့ မႏွင္းသီတာသိမ့္က အခုလိုေျပာပါတယ္။

“ေထာက္ခံစာ သြားလုပ္တုန္းက ရဲစခန္းကဦးေလးႀကီးက မိတၱဴဖိုးေလး ေပးခဲ့ပါဦးတဲ့။ ငါးရာေပးခဲ့တယ္။ ရပ္ကြက္ေထာက္ခံစာျပၿပီး လုပ္ခဲ့တာ။ ”

ဒါ့ေၾကာင့္ ရဲစခန္း ေထာက္ခံခ်က္ ဆိုတာကလည္း အလုပ္ေလွ်ာက္တဲ့အခါ အလုပ္ရွင္အမ်ားစုက  ေတာင္းတဲ့ အခ်က္လက္တစ္ခုသာျဖစ္ေပမယ့္ အလုပ္သမားရဲ႕ အက်င့္စာရိတၱေကာင္းမြန္မႈ၊ ျပစ္မႈကင္းရွင္းမႈကို အာမခံခ်က္ မေပးႏိုင္ဘူးလို႔လည္း ေျပာၾကပါတယ္။

တခ်ိဳ႕ လုပ္ငန္းခြင္ေတြမွာေတာ့ ရဲစခန္းေထာက္ခံစာကို မေတာင္းတာေတြလည္း ရွိပါတယ္။

ေက်ာက္စိမ္းအထည္ခ်ဳပ္စက္႐ုံ လူ႔စြမ္းအားအရင္းအျမစ္ မန္ေနဂ်ာ ကိုေဇာ္ေဇာ္ေအာင္က ရဲစခန္းေထာက္ခံစာဟာ အလုပ္အတြက္ အေထာက္ပံ့မျဖစ္ႏိုင္တဲ့အတြက္ အေရးမႀကီးဘူးလို႔  ေျပာပါတယ္။

“တကယ္တမ္းေျပာရရင္ ရဲစခန္းေထာက္ခံစာက က်ေနာ္တို႔အတြက္ အေထာက္ပံ့ မျဖစ္ပါဘူး။ နယ္ကလာတဲ့ သူေတြျဖစ္ေတာ့ ေရာက္တဲ့ေနရာမွာပဲ ေထာက္ခံစာယူရတာကိုး ။ ျပစ္မႈကင္းရွင္းေၾကာင္းေလ။ ဒီစာ႐ြက္က ဒီဝန္ထမ္းတစ္ေယာက္ တကယ္ျပစ္မႈကင္းရွင္းတယ္၊ မကင္းရွင္းဘူးဆိုတာ ရဲစခန္းေထာက္ခံစာ တစ္ခုတည္းနဲ႔ ဘယ္လိုမွမျဖစ္ႏိုင္ဘူးလို႔ ယူဆတယ္။ အဲဒါေၾကာင့္ ရဲစခန္းေထာက္ခံစာကို အေရးႀကီးတဲ့ စာ႐ြက္စာတမ္းမွာ ထည့္မထားဘူး။ ေထာက္ခံစာနဲ႔ ပတ္သက္ၿပီး ေလးေလးနက္နက္ ယုံၾကည္တဲ့အထဲမွာ ထည့္မထားဘူး။”

ရဲတပ္ဖြဲ႕ဝင္ တစ္ေယာက္ခ်င္းစီတိုင္းက ျပည္သူအေပၚ ထားရွိရမယ့္ က်င့္ဝတ္ေတြထဲမွာ ျပည္သူလူထု ရဲ႕ ယုံၾကည္ကိုးစားမႈကို ရယူပါ၊ ျပည္သူလူထုအတြက္ တရားဥပေဒနဲ႔အညီ အခြင့္အေရးေတြကို ကာကြယ္ ေစာင့္ေရွာက္ပါ၊ လုပ္ပိုင္ခြင့္အာဏာကို အခြင့္ေကာင္းယူၿပီး ျပည္သူလူထုအေပၚ အႏိုင္မက်င့္မိေအာင္ သတိျပဳပါ အပါအဝင္ က်င့္ဝတ္ ၁၀ ခုရွိပါတယ္။

အခုလို လိင္အၾကမ္းဖက္ခံရတဲ့ ကေလးငယ္ ဗစ္တိုးရီးယားရဲ႕ အခ်က္လက္ေတြ အမ်ားျပည္သူ ျမင္ေအာင္ ျဖန႔္ေဝလိုက္တာဟာ လူ႔က်င့္ဝတ္၊ လူ႔အခြင့္အေရး၊ ကေလးသူငယ္ အခြင့္အေရးေတြအေပၚ က်ဳးလြန္ရာ ေရာက္တဲ့အတြက္ အခုလို လုပ္ငန္းရွင္ တခ်ိဳ႕အေနနဲ႔လည္း တဖက္တလမ္းကေန ကန႔္ကြက္ဆန႔္က်င္ၾကတာပဲ ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
----------
(Unicode)⤵⤵⤵

ရဲစခန်းထောက်ခံစာ ငြင်းပယ်တဲ့အထိ ရဲကို ယုံကြည်မှုကျဆင်းလာ

နေပြည်တော်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၂၀၁၉ ဒီဇင်ဘာ ၁၉ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Thet Su Aung/RFA

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်လေး ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိကြီးတွေက ကလေးငယ်လေးရဲ့ နာမည်ကို ထုတ်ပြောခဲ့ကြလို့ ဝေဖန်ခံနေရပါတယ်။

အဲဒီနောက်ပိုင်းမှာ လုပ်ငန်းရှင်တချို့က ရဲတပ်ဖွဲ့ကို မယုံကြည်တဲ့အတွက် ဝန်ထမ်းအသစ်တွေ ခေါ်တဲ့နေရာမှာ ရဲစခန်းရဲ့ ထောက်ခံချက်တွေ မလိုဘူးဆိုပြီး လူမှုကွန်ရက်မှာ ပြောလာကြပါတယ်။

မနေ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လိင်အကြမ်းဖက်ခံရတဲ့ ကလေး ငယ်လေးရဲ့ နာမည်၊ မိဘနာမည်တွေကို ရဲအရာရှိတွေက ထုတ်ဖော်ပြောဆိုခဲ့တဲ့အပြင် လိပ်စာတွေနဲ့ အလုပ်အကိုင်တွေ၊ တိုင်ကြားစာတွေကိုပါ ရဲဇာနည်ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့ကြပါ တယ်။

ဒီလိုလိင်ပိုင်းဆိုင်ရာ ကျုးလွန်ခံရတဲ့ ကလေးတစ်ယောက်ရဲ့ သတင်းအချက်လက်တွေကို ကာကွယ် ပေးရမယ့်အစား အခုလို ထုတ်ဖော်လိုက်တာကို ဝေဖန်ကြတာပါ။

လုပ်ငန်းရှင် တချို့ကလည်း ဒီကိစ္စပေါ်မှာ အခြေတည်ပြီး ရဲတပ်ဖွဲ့ကို အယုံအကြည် ကင်းမဲ့သွားသလို သူတို့ရဲ့ ထောက်ခံချက်တွေကိုလည်း လုံးဝလက်မခံတော့ဘူးဆိုပြီး ထုတ်ဖော်ပြောကြားလာ ကြပါတယ်။

မြန်မာနိုင်ငံက လုပ်ငန်းအများစုဟာ ဝန်ထမ်းအသစ်ခေါ်တဲ့အခါ လိုအပ်တဲ့ အထောက်ထားအနေနဲ့ ရဲစခန်း ထောက်ခံချက်ကို အလုပ်လာလျှောက်တဲ့အခါမှာ တောင်းကြပါတယ်။

လူအခွင့်အရေးရလည်း မလုပ်သင့်တာကို လုပ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ကို မကျေနပ်လို့ အခုလို လုပ်တာ လို့ IVY အသက်မွေးဝမ်းကြောင်း ပညာဒါနကျောင်းက မန်နေဂျာ ဦးစိုးသန်းဟန်က ပြောပါတယ်။

“အဓိကကတော့ ကလေးရဲ့နာမည်ကို ထုတ်ပြောတာကို မကျေနပ်ဘူးပေါ့နော်။ လူ့အခွင့်အရေးအရလည်း လုံးဝမပြောသင့်တဲ့ကိစ္စလို့ ယူဆတယ်ခင်ဗျာ။ သတင်းမီဒီယာတွေအနေနဲ့တောင် ဒါတွေကို ဖြုတ်ချထားတဲ့ ကိစ္စမှာ နောက်တစ်နာရီလောက် အကြာ မှာ ဒါကိုတင်တယ်ဆိုတော့ သိပ်အဆင်မပြေလို့ပါ။”

ဒီအမှု ဖြစ်စဉ်တလျှောက်လုံးမှာ ကလေးငယ်လေးနဲ့ မိသားစုကို စာနာသူတွေ၊ အမှန်တရားလိုလား သူတွေ၊ တရားမျှတမှုကို တောင်းဆိုသူတွေက ကလေးငယ်လေးနဲ့ ပတ်သက်တဲ့ အချက်လက်တွေ ကို မေးမြန်းတာတွေကို  ရှောင်ရှားခဲ့ကြပါတယ်။

အဲဒီလိုပဲ ကလေးငယ်အတွက် အမှုလိုက်ပေးတဲ့ ရှေ့နေတွေ၊ ဝန်းရံသူတွေအပါအဝင် သတင်းမီဒီ ယာတွေကလည်း ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။

ဒါပေမဲ့ မတရားပြုကျင့်ခံရသူကို ကာကွယ်ပေးဖို့ အဓိကတာဝန်ရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ အခုလို လူသိထင်ရှား ထုတ်ပြောခဲ့တဲ့အတွက် လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်တာတွေ ဖြစ်လာခဲ့ပါတယ်။

အခုဆိုရင် ယုံကြည်မှု အတော်မဲ့သွားတာကြောင့် အခုလို ထောက်ခံချက်တွေကို မယူတော့တာလို့ မုံရွာမြို့ ယုယုယယဘော်ဒါက ဆရာတစ်ယောက်ဖြစ်သူ ဦးမောင်မောင်ဌေးက ပြောပါတယ်။

“ ကျနော်တို့လောက်တောင်မှ ရိုးသားမှုမရှိတဲ့ အဖွဲ့အစည်းလို့ မြင်လို့ပါ။ သာမန်ပြည်သူလောက်တောင် ရိုးသားမှုမရှိဘူး ၊ အဓိပ္ပာယ်မရှိဘူးလို့ ယူဆလို့ပါ။ လူတွေရဲ့ ယုံကြည်မှုက မဲ့သွားပြီ တော်တော်လေးကို။ အခုဟာက ပိုဆိုးသွားတာပေါ့နော်။ ဗစ်တိုးရီးယားအမှုမှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်လည်း မစောင့်ထိန်းဘူး။ တရားခံ မဟုတ်တဲ့သူက တရားခံဖြစ်။ ဘေးကကြည့်တဲ့သူတောင် ယူကြုံးမရဘူး။ တကယ်ခံရတဲ့သူတွေ ဘယ်လိုနေမလဲမသိဘူး။ ”

ရဲစခန်းထောက်ခံချက်အတွက် နယ်ပြန်စရာမလိုဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ အကျင့်စာရိတ္တ  ကောင်းမွန်ကြောင်း အထောက်ထားပြပြီး ရခဲ့ကြတယ်လို့ လုပ်ငန်းခွင်ဝင်တဲ့ အလုပ်သမားတွေ ဆီကနေ သိရပါတယ်။

ပဲခူးတိုင်းကနေ  ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် မှာ  ထောက်ခံချက်ယူခဲ့တဲ့ မနှင်းသီတာသိမ့်က အခုလိုပြောပါတယ်။

“ထောက်ခံစာ သွားလုပ်တုန်းက ရဲစခန်းကဦးလေးကြီးက မိတ္တူဖိုးလေး ပေးခဲ့ပါဦးတဲ့။ ငါးရာပေးခဲ့တယ်။ ရပ်ကွက်ထောက်ခံစာပြပြီး လုပ်ခဲ့တာ။ ”

ဒါ့ကြောင့် ရဲစခန်း ထောက်ခံချက် ဆိုတာကလည်း အလုပ်လျှောက်တဲ့အခါ အလုပ်ရှင်အများစုက  တောင်းတဲ့ အချက်လက်တစ်ခုသာဖြစ်ပေမယ့် အလုပ်သမားရဲ့ အကျင့်စာရိတ္တကောင်းမွန်မှု၊ ပြစ်မှုကင်းရှင်းမှုကို အာမခံချက် မပေးနိုင်ဘူးလို့လည်း ပြောကြပါတယ်။

တချို့ လုပ်ငန်းခွင်တွေမှာတော့ ရဲစခန်းထောက်ခံစာကို မတောင်းတာတွေလည်း ရှိပါတယ်။

ကျောက်စိမ်းအထည်ချုပ်စက်ရုံ လူ့စွမ်းအားအရင်းအမြစ် မန်နေဂျာ ကိုဇော်ဇော်အောင်က ရဲစခန်းထောက်ခံစာဟာ အလုပ်အတွက် အထောက်ပံ့မဖြစ်နိုင်တဲ့အတွက် အရေးမကြီးဘူးလို့  ပြောပါတယ်။

“တကယ်တမ်းပြောရရင် ရဲစခန်းထောက်ခံစာက ကျနော်တို့အတွက် အထောက်ပံ့ မဖြစ်ပါဘူး။ နယ်ကလာတဲ့ သူတွေဖြစ်တော့ ရောက်တဲ့နေရာမှာပဲ ထောက်ခံစာယူရတာကိုး ။ ပြစ်မှုကင်းရှင်းကြောင်းလေ။ ဒီစာရွက်က ဒီဝန်ထမ်းတစ်ယောက် တကယ်ပြစ်မှုကင်းရှင်းတယ်၊ မကင်းရှင်းဘူးဆိုတာ ရဲစခန်းထောက်ခံစာ တစ်ခုတည်းနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ယူဆတယ်။ အဲဒါကြောင့် ရဲစခန်းထောက်ခံစာကို အရေးကြီးတဲ့ စာရွက်စာတမ်းမှာ ထည့်မထားဘူး။ ထောက်ခံစာနဲ့ ပတ်သက်ပြီး လေးလေးနက်နက် ယုံကြည်တဲ့အထဲမှာ ထည့်မထားဘူး။”

ရဲတပ်ဖွဲ့ဝင် တစ်ယောက်ချင်းစီတိုင်းက ပြည်သူအပေါ် ထားရှိရမယ့် ကျင့်ဝတ်တွေထဲမှာ ပြည်သူလူထု ရဲ့ ယုံကြည်ကိုးစားမှုကို ရယူပါ၊ ပြည်သူလူထုအတွက် တရားဥပဒေနဲ့အညီ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ပါ၊ လုပ်ပိုင်ခွင့်အာဏာကို အခွင့်ကောင်းယူပြီး ပြည်သူလူထုအပေါ် အနိုင်မကျင့်မိအောင် သတိပြုပါ အပါအဝင် ကျင့်ဝတ် ၁၀ ခုရှိပါတယ်။

အခုလို လိင်အကြမ်းဖက်ခံရတဲ့ ကလေးငယ် ဗစ်တိုးရီးယားရဲ့ အချက်လက်တွေ အများပြည်သူ မြင်အောင် ဖြန့်ဝေလိုက်တာဟာ လူ့ကျင့်ဝတ်၊ လူ့အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးတွေအပေါ် ကျုးလွန်ရာ ရောက်တဲ့အတွက် အခုလို လုပ်ငန်းရှင် တချို့အနေနဲ့လည်း တဖက်တလမ်းကနေ ကန့်ကွက်ဆန့်ကျင်ကြတာပဲ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ရဲစခန္းေထာက္ခံစာ ျငင္းပယ္တဲ့အထိ ရဲကို ယုံၾကည္မႈက်ဆင္းလာ ရဲစခန္းေထာက္ခံစာ ျငင္းပယ္တဲ့အထိ ရဲကို ယုံၾကည္မႈက်ဆင္းလာ Reviewed by THITHTOOLWIN on 01:25 Rating: 5
Powered by Blogger.